ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေအားလုံးအတွက် အီရန်က တာဝန်ယူရမယ်လို့ အမေရိကန်သမ္မတပြော

435

Pika
ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ နောက်ထပ်တိုက်ခိုက်မှုတွေအတွက် အီရန်က တာဝန်ယူရမှာဖြစ်ပြီး ဆိုးရွားတဲ့အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါတယ်။
ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ ကုန်တင်သင်္ဘောတွေအပေါ် တိုက်ခိုက်မှုတွေကို တားဆီးဖို့ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးတစ်ရပ်ကို အမေရိကန်က စတင်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ ဒေါ်နယ်ထရမ့်က ယခုလိုသတိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က”ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ နောက်ထပ်တိုက်ခိုက်မှုတွေအားလုံးအတွက် အီရန်က တာဝန်ယူရပါလိမ့်မယ်။ပြီးတော့ အီရန်ဟာ နောက်ဆက်တွဲအကျိုးဆက်တွေကို တာဝန်ယူရမှာလည်းဖြစ်ပြီး ဒီအကျိုးဆက်တွေက အလွန်ဆိုးရွားပါလိမ့်မယ်။ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေအားလုံးမှာ အီရန်ရဲ့ကျောထောက်နောက်ခံပြုမှုတွေပါဝင်ပါတယ်။”လို့ သတိပေးပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ဟူသီလက်နက်ကိုင်အဖွဲ့ကို စစ်လက်နက်ပစ္စည်းပေးပို့တာတွေ၊ငွေကြေးထောက်ပံ့တာတွေနဲ့ ထောက်လှမ်းရေးအချက်အလက်တွေပေးပို့တာအားလုံးကို အီရန်က လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန်စစ်တပ်ဟာ ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့ကို လေကြောင်းကနေတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ယခုလိုသတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။

Zawgyi Version:
ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ တိုက္ခိုက္မႈေတြအားလုံးအတြက္ အီရန္က တာဝန္ယူရမယ္လို႔ အေမရိကန္သမၼတေျပာ
Pika
ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ ေနာက္ထပ္တိုက္ခိုက္မႈေတြအတြက္ အီရန္က တာဝန္ယူရမွာျဖစ္ၿပီး ဆိုး႐ြားတဲ့အက်ိဳးဆက္ေတြကို ရင္ဆိုင္ရလိမ့္မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ပါတယ္။ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ ကုန္တင္သေဘၤာေတြအေပၚ တိုက္ခိုက္မႈေတြကို တားဆီးဖို႔ႀကိဳးပမ္းမႈတစ္စိတ္တစ္ပိုင္းအေနနဲ႔ စစ္ဘက္ဆိုင္ရာစစ္ဆင္ေရးတစ္ရပ္ကို အေမရိကန္က စတင္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ေဒၚနယ္ထရမ့္က ယခုလိုသတိေပးေျပာဆိုခဲ့တာျဖစ္ပါတယ္။ေဒၚနယ္ထရမ့္က”ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ ေနာက္ထပ္တိုက္ခိုက္မႈေတြအားလုံးအတြက္ အီရန္က တာဝန္ယူရပါလိမ့္မယ္။ၿပီးေတာ့ အီရန္ဟာ ေနာက္ဆက္တြဲအက်ိဳးဆက္ေတြကို တာဝန္ယူရမွာလည္းျဖစ္ၿပီး ဒီအက်ိဳးဆက္ေတြက အလြန္ဆိုး႐ြားပါလိမ့္မယ္။ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ တိုက္ခိုက္မႈေတြအားလုံးမွာ အီရန္ရဲ႕ေက်ာေထာက္ေနာက္ခံျပဳမႈေတြပါဝင္ပါတယ္။”လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ဟူသီလက္နက္ကိုင္အဖြဲ႕ကို စစ္လက္နက္ပစၥည္းေပးပို႔တာေတြ၊ေငြေၾကးေထာက္ပံ့တာေတြနဲ႔ ေထာက္လွမ္းေရးအခ်က္အလက္ေတြေပးပို႔တာအားလုံးကို အီရန္က လုပ္ေဆာင္ေနတာျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္က စြပ္စြဲေျပာဆိုခဲ့ပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အေမရိကန္စစ္တပ္ဟာ ယီမင္အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕ကို ေလေၾကာင္းကေနတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္က ယခုလိုသတိေပးေျပာဆိုလိုက္တာျဖစ္ပါတယ္။