ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံးလူ(၂၀၀)ကျော်သေဆုံး

 310

Pika
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံးလူ(၂၀၀)ကျော် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးအာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပါတယ်။မတ်လ(၁၈)ရက်နေ့အစောပိုင်းမှာ အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ဒေသက ပစ်မှတ်ပေါင်း ဒါဇင်ချီကို လေကြောင်းကနေတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အစ္စရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေနဲ့အတူ ဂါဇာကမ်းမြောင်ဒေမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သက်တမ်းတိုးဖို့ ကြိုးပမ်းမှုတွေအားလုံး အဆုံးသတ်သွားခဲ့တယ်လို့လည်း သိရပါတယ်။ဂါဇာမြောက်ပိုင်း၊ဂါဇာစီးတီး၊ Deir al-Balah၊ Khan Younis၊ရာဖဲလ်မြို့နဲ့ ဂါဇာတောင်ပိုင်းတို့မှာ တိုက်ခိုက်မှုအများအပြားကို အစီရင်ခံခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့တဲ့လူအများစုဟာ ကလေးငယ်တွေဖြစ်တယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ဂါဇာကမ်းမြောင်ဒေသအပေါ် တိုက်ခိုက်မှုတွေကို လိုအပ်တဲ့အချိန်အတိုင်းအတာအထိ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အစ္စရေးစစ်တပ်ကပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို သက်တမ်းတိုးဖို့ ကြိုးပမ်းမှုတွေရှိနေချိန်မှာပဲ အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
ဂါဇာကမ္းေျမာင္ေဒသအေပၚ အစၥေရးတပ္ဖြဲ႕ေတြရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ အနည္းဆုံးလူ(၂၀၀)ေက်ာ္ေသဆုံး
Pika
ဂါဇာကမ္းေျမာင္ေဒသမွာ အစၥေရးရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ အနည္းဆုံးလူ(၂၀၀)ေက်ာ္ ေသဆုံးခဲ့တယ္လို႔ ပါလက္စတိုင္းက်န္းမာေရးအာဏာပိုင္အဖြဲ႕က ေျပာၾကားခဲ့ပါတယ္။မတ္လ(၁၈)ရက္ေန႔အေစာပိုင္းမွာ အစၥေရးတပ္ဖြဲ႕ေတြဟာ ဂါဇာကမ္းေျမာင္ေဒသက ပစ္မွတ္ေပါင္း ဒါဇင္ခ်ီကို ေလေၾကာင္းကေနတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

အစၥေရးတပ္ဖြဲ႕ေတြရဲ႕ တိုက္ခိုက္မႈေတြနဲ႔အတူ ဂါဇာကမ္းေျမာင္ေဒမွာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို သက္တမ္းတိုးဖို႔ ႀကိဳးပမ္းမႈေတြအားလုံး အဆုံးသတ္သြားခဲ့တယ္လို႔လည္း သိရပါတယ္။ဂါဇာေျမာက္ပိုင္း၊ဂါဇာစီးတီး၊ Deir al-Balah၊ Khan Younis၊ရာဖဲလ္ၿမိဳ႕နဲ႔ ဂါဇာေတာင္ပိုင္းတို႔မွာ တိုက္ခိုက္မႈအမ်ားအျပားကို အစီရင္ခံခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ အဲ့ဒီတိုက္ခိုက္မႈေတြအတြင္း ေသဆုံးခဲ့တဲ့လူအမ်ားစုဟာ ကေလးငယ္ေတြျဖစ္တယ္လို႔ ပါလက္စတိုင္းက်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြကေျပာၾကားခဲ့ပါတယ္။ဂါဇာကမ္းေျမာင္ေဒသအေပၚ တိုက္ခိုက္မႈေတြကို လိုအပ္တဲ့အခ်ိန္အတိုင္းအတာအထိ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ အစၥေရးစစ္တပ္ကေျပာၾကားခဲ့ပါတယ္။

ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို သက္တမ္းတိုးဖို႔ ႀကိဳးပမ္းမႈေတြရွိေနခ်ိန္မွာပဲ အစၥေရးစစ္တပ္ရဲ႕ တိုက္ခိုက္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.