တောင်ကိုရီးယားနဲ့ယူကရိန်းတို့ကြား မြောက်ကိုရီးယားစစ်သုံ့ပန်းတွေကို ကိုင်တွယ်ဖြေရှင်းမှုနဲ့ပတ်သက်ပြီးဆွေးနွေး

414

Pika
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Cho Tae-yulဟာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrii Sybihaနဲ့ ဖုန်းခေါ်ဆိုမှုလုပ်ဆောင်စဉ်အချိန်အတွင်း မြောက်ကိုရီးယားစစ်သုံ့ပန်းတွေကို ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး ယူကရိန်းရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တောင်းဆိုခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးဖို့အတွက် ၎င်းရဲ့တပ်ဖွဲ့ဝင်ထောင်ချီကို စေလွှတ်ဖြန့်ကျက်ချထားတယ်လို့ အမေရိကန်၊တောင်ကိုရီးယားနဲ့ ယူကရိန်းတို့က စွပ်စွဲပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း အမေရိကန်၊တောင်ကိုရီးယားနဲ့ ယူကရိန်းတို့ရဲ့ စွပ်စွဲပြောဆိုချက်တွေကို ရုရှားနဲ့မြောက်ကိုရီးယားအစိုးရတို့က ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် ယူကရိန်းပြည်သူတွေကို ထောက်ခံဖို့အတွက် တောင်ကိုရီးယားရဲ့ ကြိုးပမ်းမှုတွေကို Cho Tae-yulက ထပ်မံအတည်ပြုပြောဆိုခဲ့ပြီး ယူကရိန်းမှာ ဖမ်းဆီးခံထားရတဲ့ မြောက်ကိုရီးယားစစ်သားအားလုံးဟာ တောင်ကိုရီးယားကိုလာဖို့ ဆန္ဒရှိတယ်ဆိုရင် လက်ခံသွားမယ်လို့လည်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။
(၂၀၂၅)ခုနှစ် ဇန်နဝါရီလအစောပိုင်းကနေစတင်ပြီး ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သား(၃၀၀၀)ကျော် သေဆုံး/ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းအစိုးရကပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားနဲ႔ယူကရိန္းတို႔ၾကား ေျမာက္ကိုရီးယားစစ္သုံ႔ပန္းေတြကို ကိုင္တြယ္ေျဖရွင္းမႈနဲ႔ပတ္သက္ၿပီးေဆြးေႏြး
Pika
ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီး Cho Tae-yulဟာ ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီး Andrii Sybihaနဲ႔ ဖုန္းေခၚဆိုမႈလုပ္ေဆာင္စဥ္အခ်ိန္အတြင္း ေျမာက္ကိုရီးယားစစ္သုံ႔ပန္းေတြကို ကိုင္တြယ္မႈနဲ႔ပတ္သက္ၿပီး ယူကရိန္းရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈေတြကို ေတာင္းဆိုခဲ့တယ္လို႔ ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
ေျမာက္ကိုရီးယားအစိုးရဟာ ႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားေနတဲ့စစ္ပြဲမွာ ႐ုရွားဘက္ကေန ပါဝင္တိုက္ခိုက္ေပးဖို႔အတြက္ ၎ရဲ႕တပ္ဖြဲ႕ဝင္ေထာင္ခ်ီကို ေစလႊတ္ျဖန႔္က်က္ခ်ထားတယ္လို႔ အေမရိကန္၊ေတာင္ကိုရီးယားနဲ႔ ယူကရိန္းတို႔က စြပ္စြဲေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
ဒါေပမယ့္လည္း အေမရိကန္၊ေတာင္ကိုရီးယားနဲ႔ ယူကရိန္းတို႔ရဲ႕ စြပ္စြဲေျပာဆိုခ်က္ေတြကို ႐ုရွားနဲ႔ေျမာက္ကိုရီးယားအစိုးရတို႔က ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ယူကရိန္းျပည္သူေတြကို ေထာက္ခံဖို႔အတြက္ ေတာင္ကိုရီးယားရဲ႕ ႀကိဳးပမ္းမႈေတြကို Cho Tae-yulက ထပ္မံအတည္ျပဳေျပာဆိုခဲ့ၿပီး ယူကရိန္းမွာ ဖမ္းဆီးခံထားရတဲ့ ေျမာက္ကိုရီးယားစစ္သားအားလုံးဟာ ေတာင္ကိုရီးယားကိုလာဖို႔ ဆႏၵရွိတယ္ဆိုရင္ လက္ခံသြားမယ္လို႔လည္း ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနကေျပာၾကားခဲ့ပါတယ္။
(၂၀၂၅)ခုႏွစ္ ဇန္နဝါရီလအေစာပိုင္းကေနစတင္ၿပီး ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲအတြင္း ေျမာက္ကိုရီးယားစစ္သား(၃၀၀၀)ေက်ာ္ ေသဆုံး/ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ယူကရိန္းအစိုးရကေျပာၾကားခဲ့ပါတယ္။