တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှုမှ ဒဏ်ကြေးငွေကျပ်(၄)ဘီလျံနီးပါးရရှိခဲ့ရာ စက်မှုလုပ်ငန်းများက အများဆုံးဖြစ်

 6658

ယွန်း (NP News)- မတ် ၁၈

ယခုဘဏ္ဍာနှစ်(၂၀၂၄-၂၀၂၅) အတွင်း တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုမှ ဒဏ်ကြေးငွေကျပ်(၄)ဘီလျံနီးပါးရရှိခဲ့ရာ စက်မှုလုပ်ငန်းများက အများဆုံး ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ NP News ထံ ဖြေကြားချက်အရ သိရသည်။

ဝန်ကြီးဌာနအနေဖြင့် တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုများ မဖြစ်ပေါ်စေရေးအတွက် အဖွဲ့များ ဖွဲ့ စည်း၍ရှောင်တခင်စစ်ဆေးခြင်းများကို ပုံမှန်ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ယခုကာလတွင် တရားမဝင်သုံးစွဲမှု များ လျော့နည်းပပျောက်စေရေးအတွက် စီမံချက်များ ထပ်မံရေးဆွဲကာ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ ကို ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် Spot/Surprise Check အဖွဲ့များဖွဲ့စည်း၍ ထရန်စဖော်မာများ၊ မီတာ များမှ တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှု ရှိ/မရှိ၊ ဓာတ်အားလိုင်းမှ တိုက်ရိုက်ခိုးယူသုံးစွဲခြင်း ရှိ/မရှိ၊ ဆင့်ပွားမီးသွယ်တန်းခြင်း ရှိ/မရှိ၊ အိမ်တွင်းသုံးပါဝါ မီတာဖြင့် တရားမဝင်လုပ်ငန်းလုပ်ကိုင်ခြင်းရှိ/မရှိ၊ မီတာဖတ်ရှုမှု မှန်ကန်ခြင်းရှိ/မရှိ၊ သုံးစွဲပမာဏနှင့် ပေးသွင်းပမာဏကိုက်ညီမှု ရှိ/မရှိတို့အား လစဉ်မြေပြင်ကွင်းဆင်း၍ ရှောင်တခင်စစ်ဆေးခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် (၂၀၂၄ -၂၀၂၅)ဘဏ္ဍာနှစ်အတွင်း တရားမဝင်ဓာတ်အား ခိုးယူသုံးစွဲမှု (၁၁၃၇) မှု ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း သိရသည်။" (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွင်း တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှု (၁၁၃၇) မှု ဖော်ထုတ် အရေးယူနိုင်ခဲ့ပြီး ဒဏ်ကြေးငွေ ကျပ် (၃ ဒသမ ၉၅၉) ဘီလျံရရှိခဲ့ပါတယ်။ စစ်ဆေးမှုတွေအရ ရန်ကုန်တိုင်း ဒေသကြီးတွင် တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှု (၅၅၈) မှု ဒဏ်ကြေးငွေ ကျပ် (၁ ဒသမ ၂၆၈) ဘီလျံ ရရှိခဲ့ပြီး၊ မန္တလေးတိုင်းတွင် (၂၉၂) မှု ဒဏ်ကြေးငွေ ကျပ် (၁ ဒသမ ၉၀၂ ) ဘီလျံနှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် (၂၈၇) မှု၊ ဒဏ်ကြေးငွေ ကျပ် (ဝ ဒသမ ၇၈၈) ဘီလျံရရှိခဲ့ပါတယ်"ဟု လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုများအား သုံးစွဲမှုပုံသဏ္ဌာန်အလိုက် စိစစ်ရာတွင် စက်မှု လုပ်ငန်းသုံးမှ တရားမဝင်သုံးစွဲမှု အများဆုံး တွေ့ရှိရ ကြောင်း သိရသည်။ တရားမဝင်ဓာတ်အားခိုးယူ သုံးစွဲ မှုများအား ဌာနမှဝန်ထမ်းဟောင်းများနှင့် Disloyalty Civil Servant(DSC) များမှ ပါဝင်ဆောင်ရွက်ခဲ့သည်ကို အများစုတွေ့ရပြီး အမှု ဖွင့်အပြစ်ပေး အရေးယူမှုများ‌ဆောင်ရွက်ခဲ ကြောင်း ဝန်ကြီးဌာနမှ ဆိုထားသည်။ ထို့ပြင် သက်ဆိုင်ရာဌာန တွင်းမှ ဝန်ထမ်းများကိုလည်း အပြစ်ပေးအရေးယူမှုများ၊ ဌာနမှ ထုတ်ပယ်အရေးယူခြင်းများဆောင်ရွက် ခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အသိပေးထားသည်။

zawgyi version
တရားမဝင္ ဓာတ္အားခိုးယူသုံးစြဲမႈမွ ဒဏ္ေၾကးေငြက်ပ္(၄)ဘီလ်ံနီးပါးရရွိခဲ့ရာ စက္မႈလုပ္ငန္းမ်ားက အမ်ားဆုံးျဖစ္
ယြန္း (NP News)- မတ္ ၁၈

ယခုဘ႑ာႏွစ္(၂၀၂၄-၂၀၂၅) အတြင္း တရားမဝင္ဓာတ္အားခိုးယူသုံးစြဲမႈမွ ဒဏ္ေၾကးေငြက်ပ္(၄)ဘီလ်ံနီးပါးရရွိခဲ့ရာ စက္မႈလုပ္ငန္းမ်ားက အမ်ားဆုံး ျဖစ္ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၏ NP News ထံ ေျဖၾကားခ်က္အရ သိရသည္။

ဝန္ႀကီးဌာနအေနျဖင့္ တရားမဝင္ဓာတ္အားခိုးယူသုံးစြဲမႈမ်ား မျဖစ္ေပၚေစေရးအတြက္ အဖြဲ႕မ်ား ဖြဲ႕ စည္း၍ေရွာင္တခင္စစ္ေဆးျခင္းမ်ားကို ပုံမွန္ျပဳလုပ္ေဆာင္႐ြက္ခဲ့ၿပီး ယခုကာလတြင္ တရားမဝင္သုံးစြဲမႈ မ်ား ေလ်ာ့နည္းပေပ်ာက္ေစေရးအတြက္ စီမံခ်က္မ်ား ထပ္မံေရးဆြဲကာ ေျမျပင္ကြင္းဆင္း စစ္ေဆးျခင္းမ်ား ကို ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ထိုသို႔စစ္ေဆးရာတြင္ Spot/Surprise Check အဖြဲ႕မ်ားဖြဲ႕စည္း၍ ထရန္စေဖာ္မာမ်ား၊ မီတာ မ်ားမွ တရားမဝင္ဓာတ္အားခိုးယူသုံးစြဲမႈ ရွိ/မရွိ၊ ဓာတ္အားလိုင္းမွ တိုက္႐ိုက္ခိုးယူသုံးစြဲျခင္း ရွိ/မရွိ၊ ဆင့္ပြားမီးသြယ္တန္းျခင္း ရွိ/မရွိ၊ အိမ္တြင္းသုံးပါဝါ မီတာျဖင့္ တရားမဝင္လုပ္ငန္းလုပ္ကိုင္ျခင္းရွိ/မရွိ၊ မီတာဖတ္ရႈမႈ မွန္ကန္ျခင္းရွိ/မရွိ၊ သုံးစြဲပမာဏႏွင့္ ေပးသြင္းပမာဏကိုက္ညီမႈ ရွိ/မရွိတို႔အား လစဥ္ေျမျပင္ကြင္းဆင္း၍ ေရွာင္တခင္စစ္ေဆးျခင္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေနျဖင့္ (၂၀၂၄ -၂၀၂၅)ဘ႑ာႏွစ္အတြင္း တရားမဝင္ဓာတ္အား ခိုးယူသုံးစြဲမႈ (၁၁၃၇) မႈ ေဖာ္ထုတ္အေရးယူႏိုင္ခဲ့ေၾကာင္း သိရသည္။" (၂၀၂၄-၂၀၂၅) ဘ႑ာႏွစ္အတြင္း တရားမဝင္ ဓာတ္အားခိုးယူသုံးစြဲမႈ (၁၁၃၇) မႈ ေဖာ္ထုတ္ အေရးယူႏိုင္ခဲ့ၿပီး ဒဏ္ေၾကးေငြ က်ပ္ (၃ ဒသမ ၉၅၉) ဘီလ်ံရရွိခဲ့ပါတယ္။ စစ္ေဆးမႈေတြအရ ရန္ကုန္တိုင္း ေဒသႀကီးတြင္ တရားမဝင္ဓာတ္အားခိုးယူသုံးစြဲမႈ (၅၅၈) မႈ ဒဏ္ေၾကးေငြ က်ပ္ (၁ ဒသမ ၂၆၈) ဘီလ်ံ ရရွိခဲ့ၿပီး၊ မႏၲေလးတိုင္းတြင္ (၂၉၂) မႈ ဒဏ္ေၾကးေငြ က်ပ္ (၁ ဒသမ ၉၀၂ ) ဘီလ်ံႏွင့္ က်န္တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္မ်ားတြင္ (၂၈၇) မႈ၊ ဒဏ္ေၾကးေငြ က်ပ္ (ဝ ဒသမ ၇၈၈) ဘီလ်ံရရွိခဲ့ပါတယ္"ဟု လွ်ပ္စစ္ စြမ္းအားဝန္ႀကီးဌာနမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ တရားမဝင္ဓာတ္အားခိုးယူသုံးစြဲမႈမ်ားအား သုံးစြဲမႈပုံသဏၭာန္အလိုက္ စိစစ္ရာတြင္ စက္မႈ လုပ္ငန္းသုံးမွ တရားမဝင္သုံးစြဲမႈ အမ်ားဆုံး ေတြ႕ရွိရ ေၾကာင္း သိရသည္။ တရားမဝင္ဓာတ္အားခိုးယူ သုံးစြဲ မႈမ်ားအား ဌာနမွဝန္ထမ္းေဟာင္းမ်ားႏွင့္ Disloyalty Civil Servant(DSC) မ်ားမွ ပါဝင္ေဆာင္႐ြက္ခဲ့သည္ကို အမ်ားစုေတြ႕ရၿပီး အမႈ ဖြင့္အျပစ္ေပး အေရးယူမႈမ်ား‌ေဆာင္႐ြက္ခဲ ေၾကာင္း ဝန္ႀကီးဌာနမွ ဆိုထားသည္။ ထို႔ျပင္ သက္ဆိုင္ရာဌာန တြင္းမွ ဝန္ထမ္းမ်ားကိုလည္း အျပစ္ေပးအေရးယူမႈမ်ား၊ ဌာနမွ ထုတ္ပယ္အေရးယူျခင္းမ်ားေဆာင္႐ြက္ ခဲ့ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ အသိေပးထားသည္။

Related news

© 2021. All rights reserved.