မြိုင်မြို့နယ်မှ ပြည်သူ့ စစ်ရွာနှင့် ဒေသခံပြောစကား

 1128

Pearl (NPNews)- မတ် ၁၈

မကွေးတိုင်းဒေသကြီးအတွင်းမှ မြိုင်မြို့နယ်သည် PDF အဖွဲ့ပေါင်းစုံ ကြီးစိုးရာနေရာတစ်ခု ဖြစ်လာနေပြီး ၎င်းတို့အတွက်ပိုက်ဆံရှာရာ ငွေတွင်းကြီးတစ်ခုအဖြစ်သို့ တစ်စတစ်စပြောင်းလဲခဲ့ပြီဖြစ် သည်။ ယင်းဒေသမှပြည်သူများသည် လက်နက်ကိုင်တို့၏ လက်ညှိုးထောင် ခေါင်းငြိမ့်ဘဝဖြင့် ရှင်သန်၊ လုပ်ကိုင်စားသောက်နေကြရသည်။ အထက်ပါဒေသတွင် ပြည်သူ့စစ်ရွာအချို့ရှိသော်လည်း လက်နက် ကိုင်များကြားတွင် မိမိရပ်ရွာကာကွယ်ရေးအတွက် ကြုံလာသမျှအခက်အခဲတိုင်းကို အံတုကျော် လွှားနေရသည်။ အထက်ပါ အခြေအနေများနှင့်ပတ်သက်၍ မြိုင်ဒေသခံတစ်ဦးကို NP News မှ ဆက်သွယ်မေးမြန်းထားသည်များအား ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - မြိုင်မြို့နယ်ထဲမှာ ကျေးရွာစုစုပေါင်း ဘယ် လောက်ရှိလဲ။ (၂၀၂၁) မတိုင်ခင် မြိုင်မြို့နယ်ထဲ မှာရှိတဲ့ ဒေသခံတွေရဲ့အခြေအနေက ဘယ်လို မျိုးရှိခဲ့လဲ။ (၂၀၂၁)နောက်ပိုင်းမှာကော ဒေသခံ တွေအနေနဲ့ ဘာတွေခက်ခဲသွားလဲ။
ဖြေ - မြိုင်မြို့နယ်ထဲ ကျေးရွာက(၃၃၀)ကျော် လောက်ရှိတယ်။ စီးပွားရေးအခြေအနေက မြိုင်ရဲ့ မြောက်ဘက်နယ်ကတော့ များသောအားဖြင့် လယ် ယာစီးပွားရေးပေါ့၊ မြိုင်ရဲ့အနောက်ဘက်တို့ အ နောက်တောင်တို့ကတော့ ရေနံကိုအဓိကလုပ်တယ် ပေါ့။ တောင်ဘက်ဆိုလည်း လယ်ယာစိုက်ပျိုးရေး ပဲဖြစ်မှာ။ တော်‌တော်များများကတော့ (၂၀၂၁)ကနေပြီးတော့ ပြီးခဲ့တဲ့ (၂၀၂၃)လောက်အထိ တော် တော်လေး ခက်ခဲတယ်။ (၂၀၂၄) နဲ့ အခု နှစ်ပိုင်းကတော့ဆိုးဆိုးရွားရွားမရှိဘူး။ ဘယ်နေရာမှာဆိုးလဲ ဆိုတော့ ပြည်သူ့စစ်ရွာတွေကတော့ တော်တော်ဆိုး တယ်။ ပြည်သူ့စစ်ရွာက မြိုင်နယ်မှာ (၅)ရွာလောက် ရှိတာကိုး။ ပြည်သူစစ်ရွာတွေကတော့ပတ်ပတ်လည် မြိုင်နယ်တစ်နယ်လုံးက PDF တွေ ကြီးစိုးထားတဲ့ အခါကျတော့ ပြည်သူ့စစ်ရွာတွေကို ဖြတ်လေးဖြတ် လို့ခေါ်မှာပေါ့။ ရွာတွေကို ရိက္ခာရော ဘာရော၊ ညာရော အဝင်အထွက် ဘာမှပေးမလုပ်တော့ဘူး။ ပေးမလုပ်တဲ့အခါကျတော့ အစိုးရစစ်ကြောင်းတွေ လာပြီးတော့ ရိက္ခာပို့မှပဲ အဆင်ပြေတာ။ ရိက္ခာ မပေးနိုင်ဘူးဆိုရင် တော်တော်လေးကိုဒုက္ခတွေ ရောက်ကြတယ်။ တချို့ဆိုရင် ဆန်ပြုတ်သောက်ရတဲ့ ကာလတွေတောင်ကြုံခဲ့တယ်။ အခုတော့ အဆင် ပြေသွားပြီလို့ ပြောတယ်။ ကျန်တဲ့ရွာတွေကတော့ ပုံမှန်ပဲ။ မြိုင်မြို့နယ်ပတ်ပတ်လည် မြိုင်မြို့နဲ့အနီး ဆုံးနေရာတွေ၊ မြိုင်မြို့ပေါ်ကတော့ တော်‌တော်လေး ခက်ခဲတယ်။ အခုချိန်ထိပေါ့နော်။ လုပ်ရကိုင်ရတာ သိပ်အဆင်မပြေကြဘူး။ PDF တွေကလည်း လုပ် ပိုင်ခွင့်မပေးဘူး။ မြိုင်မြို့ကို အဝင်အထွက် လုပ်ခွင့် မပေးဘူးပေါ့နော်။ မြိုင်မြို့ပေါ်ကိုဈေးသွားရောင်းတာ။ ပြီးတော့ မြိုင်မြို့နယ်ကိုတက်ပြီးတော့ ဈေးဝယ် တာတွေပေါ့။ မြို့ပေါ်မှာလည်း ဆိုင်တွေက သိပ်မရှိ တော့ဘူးပေါ့နော်။ အခုချိန်ထိပေါ့။ မြိုင်မြို့နဲ့ဝေးတဲ့ နေရာတော်တော်များများကတော့ ပုံမှန်လည်ပတ်နေ တယ်။ ပုံမှန်လည်ပတ်နေတယ်ဆိုတာက ကျောင်း ကတော့ NUG ကဖွင့်ပေးတဲ့ကျောင်းတွေမှာပဲ တတ်ရတယ်။ ပြည်သူ့စစ်ရွာက လွဲပြီး တခြားရွာတွေ ကပေါ့နော်။ စီးပွားရေးကတော့ ပုံမှန်တောင်သူလယ် ယာအလုပ်တွေကို မြိုင်နဲ့ဝေးတဲ့နေရာတွေပေါ့နော်။ လုပ်လို့ရတယ်။ ။ သူတို့ကလည်း တော်လှန်ရေး ရန်ပုံ ငွေအဖြစ်နဲ့ ပုံမှန်ထည့်နေရတာပေါ့နော်။ စစ်ကြောင်း ထိုးတဲ့အချိန်မှာ သူတို့ရှောင်ဆိုရှောင်လိုက်တယ်။ ကျန်တဲ့အချိန်ကတော့ သူတို့ ညွှန်ကြားတဲ့အတိုင်းပဲ ပေါ့။ သူတို့ဆိုတာ PDF ညွှန်ကြားတဲ့အတိုင်းပဲပေါ့။ ပုံမှန်လေးတော့ နေလို့ရတာပေါ့။ အရမ်းဆိုးဆိုးရွား ရွားတော့မရှိဘူး။ ပြည်သူ့စစ် (၅)ရွာကတော့ ကန်နီရွာ၊ သရက်ခွ၊ ဝက်ပုတ်၊ နှမ်းဆီကန်၊ တွင်းမရွာ။ အဲဒီထဲမှာ ဝက်ပုတ်ကကျတော့ ပြီးခဲ့တဲ့ (၂၀၂၄)ထဲမှာ အင်အားလည်းနည်းတော့ PDF တွေ ဝိုင်းတိုက်လို့ တော်တော်များများပြုတ်ပြီးတော့ ရွာပါမီးရှို့ခံရတယ်။ သရက်ခွကလည်း အင်အားနည်းတယ်။ မြိုင်မြို့ပေါ်မှာ သွားပေါင်းထားတယ်။ အခုလောလောဆယ်က ကန်နီ၊ နှင်းဆီကန်ရယ်၊ တွင်းမရယ်ပေါ့။

မေး - ခုနကပြောတဲ့ မြို့နဲ့နီးတဲ့ရွာတွေက ပြည်သူ့စစ်ရွာတွေလား။
ဖြေ - မြို့နဲ့နီးတဲ့ရွာတွေက ပြည်သူ့စစ်ရွာတွေ မဟုတ်ဘူး။ ပြည်သူ့စစ်ရွာတွေက အခု ကန်နီဆို တဲ့ရွာဆိုရင် ပြည်သူ့စစ်ရွာ။ မြိုင်နဲ့ဆို (၄၊ ၅၊ ၆)မိုင်လောက် ဝေးမယ်။ တခြားရွာတွေလည်း အဲဒီ အတိုင်းပါပဲ။ သရက်တို့ဘာတို့။ တခြားရွာတွေက အင်အားသိပ်မတောင့်ဘူး။ ကန်နီရွာကတော့ ပြည်သူ့စစ်က တော်တော်လေးအင်အားတောင့်တယ်။ မြိုင်မြို့နဲ့ နီးစပ်တဲ့ ရွာတွေရဲ့ အခက်အခဲက ဘယ်လို လဲဆိုတော့ PDF တွေက မြိုင်မြို့ကိုခဏခဏ ရှော့ တိုက်ဒုံးနဲ့ပစ်တယ်။Drop Bomb တွေ ဘာတွေ သွားသွားချတယ်။ ချတော့မြိုင်ပတ်ပတ်လည်မှာရှိတဲ့ ရွာတွေရဲ့ ဒေသခံ PDF တွေက ညစ်တာပေါ့လေ။ ရွာသားအချင်းချင်းကို ညစ်ပြီးတော့ ယာခင်းတွေထဲမှာ မိုင်းထောင်ထားတယ်။ မိုင်းကွဲရင် တာဝန်မယူဘူးတို့ ဘာညာ ခြိမ်းခြောက်ပြီးတော့လေ တချို့ဆိုရင် ယာတွေ ဘာတွေကောင်းကောင်းလုပ်လို့မရဘူး။ အဲဒီအနေအထားတွေပေါ့။

မေး - ဒါဆိုရင် မြိုင်မြို့နဲ့နီးတဲ့ရွာရော ပြည်သူ့စစ် ရွာရောဆို စုစုပေါင်း ဘယ်နှရွာလောက်ခက်ခဲကြ တယ်လို့ပြောလို့ရလဲ။
ဖြေ - မြိုင်နယ်ကတော့ စားဝတ်နေရေးကတော့ အရမ်းကြီးဆိုးနေတယ်လို့မထင်ဘူး။ မြိုင်နဲ့ နီးစပ်တဲ့ နေရာရယ် မြိုင်မြို့ပေါ်ရယ် ပြည်သူ့စစ်ရွာရယ် အဲဒါလောက်ပဲဆိုးမယ်။ ကျန်တာတွေက ပုံမှန်ပဲ။ ဥပမာ- ပဲ၊ နှမ်းစိုက်တဲ့ ပြည်သူတွေကလည်း ပဲ၊ နှမ်း ဒေသထွက်သီးနှံတွေ စိုက်လို့ပျိုးလို့ရတယ်။ နောက် ပြီးတော့ ပခုက္ကူနဲ့နီးတဲ့ဘက်က ပခုက္ကူတက် ရောင်းတယ်။ မုံရွာနဲ့နီးတဲ့ ဘက်က မုံရွာတက်ရောင်း တယ်။ မန္တလေးနဲ့ နီးတဲ့လူတွေက မန္တလေးပေါ့။ ပုံမှန်တက်ရောင်းလို့ရနေတာပေါ့။ သူတို့တောင်းတဲ့ ပိုက်ဆံတော့ ပုံမှန်ထည့်နေရတာပေါ့။ ပုံမှန်လည်း လုပ်ကိုင်စားသောက်လို့ရတယ်။ ပြည်သူ့စစ်ရွာတွေက အခုမှ နည်းနည်းလေး အဆင်ပြေသွားတာ ။ အရင်က တော်တော်လေး ဆိုးတယ်။ ဆန်ပြုတ်တောင် တော် တော်လေး ခက်ခဲတဲ့အနေအထားမျိုးတွေရောက် သွားသေးတယ်တဲ့။ စစ်ကြောင်းလည်း တော်တော်နဲ့ မထိုးနိုင်ဘူး။ မထိုးနိုင်တော့ တချို့ဆိုရင် (၄၊ ၅) လလောက်မှ တစ်ခါထိုးတဲ့အခါကျတော့ တော်တော် လေး အဆင်မပြေဘူး။

မေး - ပြည်သူ့စစ်ရွာတွေဆိုတာကကော ဘယ်လို ဖြစ်ပြီး ပြည်သူ့စစ်ရွာဆိုပြီးဖြစ်လာတာလဲ။ နည်းနည်း လောက်ရှင်းပြပေးပါလား။
ဖြေ - ပြည်သူ့စစ်ရွာကတော့ ကန်နီကို အခြေခံ ပြောရတာကတော့ နယ်ချင်းလည်းနီးလို့ပေါ့နော်။ သူတို့က (၂၀၂၁) နောက် ပြည်သူ့စစ် ဘာညာကတော့ ကိုယ့်ရွာကိုယ် ကာကွယ်ဖို့ရာအတွက် စပြီးတော့ သန္ဓေတည်ကတည်းက စစချင်းလုပ်ခဲ့တာ။ အဲဒီတုန်း က (၂၅)၊ (၃၀) လောက်နဲ့စခဲ့တာပေါ့နော်။ အခုတော့ ရာဂဏန်းလောက်ရှိတယ်လို့ပြောတယ်။ ဒါပေမဲ့ ရွာ ထဲမှာကိုကတည်းက အိမ်ခြေ(၄၊ ၅၊ ၆) ရာလောက် ရှိတာပေါ့နော်။ အဲဒီလောက်ရှိတဲ့ အနေအထားမျိုးမှာ အစကတည်းကိုက အရောင်၊ ကာလာအနေ နဲ့ပြောမယ်ဆိုရင် အနီနဲ့ အစိမ်းနဲ့က သူမသာ၊ ကိုယ် မသာ ဖြစ်တဲ့အနေအထားပေါ့နော်။ အဲဒီအနေအထား မျိုးမှာ နည်းနည်းလေးကတော့ အစိမ်းကတော့ သာ သလိုရှိတာပေါ့။ သာသလိုရှိတဲ့အခါကျတော့ ဒီလိုမျိုးပြဿနာတွေ စတက်တဲ့အချိန်မှာ အရင်ဦးဆုံး ကို ပြည်သူ့စစ်ခေါင်းဆောင်တွေက နည်းနည်းလေး တော့ ပြောရတာရှည်တာပေါ့နော်။ စတာတော့ အ ကုန်လုံး (၅)ရွာလုံးကနေစစချင်းတင် နောက်ပိုင်းမှာ မဟုတ်ဘဲပေါ့နော်။ ကိုယ့်ရွာကိုယ်ကာကွယ်လို့ရ တယ်ဆိုတဲ့ ပြည်သူ့စစ်လုပ်လို့ရတယ်ဆိုတဲ့ သတင်း ကြားကြားချင်းလုပ်ကြတာ။

မေး - ပြည်သူ့စစ်ထဲမှာ ဘယ်လိုလူမျိုးတွေ တာဝန် ထမ်းဆောင်လဲ။ ဘယ်လိုပုံစံမျိုးနဲ့ တာဝန်ထမ်း‌ ဆောင်ကြတာလဲ။
ဖြေ - ရွာသားတွေပဲ အခြေခံပြီးတော့ပေါ့။ ရပ်ရေး ရွာရေးရော နောက်တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေ အခြေခံပြီးတော့ စတာပါ။ လူငယ်တွေ လူလတ် တွေပေါ့။ ကန်နီရွာမှာဆို တပ်ကလည်းပဲ ပါတယ်။ ရဲဘက်ကလည်းပါတယ်။ အဲဒီမှာ တွဲပြီးချထားတာပေါ့။ ဒါပေမဲ့ တစ်ခုရှိတာက အင်အားဘယ်လောက်ပဲ များနေနေ ဘေးကိုထွက်ပြီးတော့ တခြားရွာတွေ၊ တခြားနေရာမျိုးတွေကို ထွက်တိုက်တာမရှိဘူး။ အဲဒီ လိုမျိုးခွင့်မပြုဘူးပေါ့။ အခုချိန်ထိရွာကိုပဲ ကာကွယ် ခိုင်းတာ။ လက်နက်ကတော့ အစိုးရကပဲ စီမံပေးတာ။ သင်တန်းတွေ ဘာတွေလည်း အစိုးရဆီမှာ တတ်ကြတာ။

မေး - ပြည်သူ့စစ်ဖွဲ့ပြီးနောက်ပိုင်းမှာ PDF တွေ လာတိုက်ခိုက်တာမျိုးတွေရှိလား။ ဘယ်လိုပုံစံမျိုးနဲ့ လာတိုက်ခိုက်ကြလဲ။
ဖြေ - PDF တွေကတော့ တိုက်တာတော့တော်တော် ပြင်းပြန်းထန်ထန်ကိုတိုက်တာ။ (၂၀၂၄)ထဲမှာ လည်းပဲ တိုက်တယ်။ (၂၀၂၄) ကုန်ခါနီးမှာလည်း တော်တော်ပြင်းပြင်းထန်ထန်လည်း ဖြစ်ကြသေး တယ်။ ရိက္ခာလာပို့တဲ့စစ်ကြောင်းလာတိုင်းလည်း ဖြစ်တယ်။ အရင်တုန်းကလည်း တော်တော်ပြင်းပြင်း ထန်ထန်ဖြစ်တယ်။ လာတိုက်ရင် ရာနဲ့ ထောင်နဲ့ချီပြီး တော့ ။ အဲဒီနားက ဘာနဲ့နီးလဲဆိုရင် ပုလဲနဲ့နီးတယ်။ ပုလဲရယ်၊ မြိုင်ရယ်၊ ရေစကြိုရယ် နောက် ချင်းနဲ့ နယ်စပ်တဲ့ ပေါက်တို့၊ ဆောတို့၊ ယောတို့ပေါ့နော်။ အဲဒါတွေကတော့ အကုန်လုံးစုနေတဲ့အခါကျတော့ တစ်နေရာကို တိုက်ကွက်ဖော်မယ်ဆိုရင် မြိုင်နယ်လို့ ပြောပေမယ့်လို့ ကန်နီကို တိုက်မယ်ဆိုရင် ရေစကြို PDF ပါမယ်။ ပုလဲပါမယ်၊ ရေစကြိုပါတယ်၊ ဆား လင်းကြီး ပါမယ်၊ နောက် မြိုင် PDFပေါ့နော်။ နောက် ချင်းတွေလည်း နည်းနည်းပါးပါး ပါတယ်လို့ထင်တယ်။ အဲဒီလို ဝိုင်းလုပ်တဲ့အခါကျတော့ အနည်းဆုံးတော့ ထောင်ဂဏန်းဝန်းကျင်တွေပဲ လာတိုက်ခံရတာ။ သွားတိုက်လည်းပဲ ရွာကိုစီးနိုင်လောက်တဲ့အခြေ အနေတော့မရှိဘူး။ ရွာကလည်း ကွင်းပြင်ပုံစံမျိုးဆို‌ တော့ ။ တောတွေ တောင်တွေထဲလည်း မဟုတ်တော့။ ခံစစ်ကလည်း သေသေချာချာ ရွာသားတွေက မဟုတ်ဘဲနဲ့ တပ်နဲ့ရဲနဲ့ရော ကွပ်ကဲထားတော့ လူ ဘယ်လောက်များများနဲ့ သွားလုပ်လုပ် လုပ်တိုင်းအထိ နာပြီးတော့ ပြန်ပြန်သွားကြတာ။ အခုတော့ တော် တော် အင်အားတောင့်တောင့်တင်းတင်းရှိနေပြီလို့ ပြောတယ်။ အရင်က အရမ်းလည်း အင်အားလည်း သိပ်မတောင့်သေးဘူး။ လူအင်အားကလည်း နည်းတဲ့အခါကျတော့ တစ်ဖက်ကလည်း အရမ်းဖိ အားပေးပြီး မခံချင်စိတ်နဲ့အကြိမ်ရေ တော်တော်များ တယ်။ လာပြီးတော့ တိုက်ကြတာ။ ရှော့တိုက်ဒုံး တွေနဲ့ပစ်တယ်။ အိမ်တွေပေါ်မှာကျတယ်။ တဲတွေ ပေါ်မှာကျတယ်။ ထွက်တာကတော့ တစ်ရွာလုံး ဘယ်မှ ထွက်လို့မရဘူး။ ယာလည်း လုပ်လို့မရဘူး။ ဘေးမှာ သူတို့ကလည်းစောင့်နေတာဆိုတော့။ အဆင်မပြေကြဘူးပေါ့နော်။ ပြဿနာစဖြစ်ကတည်း က။ လူဦးရေဆို အနည်းဆုံး (၁၅၀ဝ)၊ (၂၀ဝဝ) ရှိမှာ။ အကုန်လုံးက ဒီလိုနဲ့ပဲသူတို့ရှိတာလေးတွေ ဝေမျှ စားသောက်နေရင်း စစ်တပ်ကစစ်ကြောင်းနဲ့ ရိက္ခာ လာပို့ရင် အဲဒါလေးကို ဝေမျှစားလိုက်ပြီးရင် ပြတ် သွားရင် ဒီလိုပဲနေလိုက်ဆိုတော့ အစောပိုင်းကတော့ တော်တော်လေး ခက်ခဲတယ်လို့ ပြောတယ်။ အခု တော့နည်းနည်းအဆင်ပြေနေပြီ။

မေး - ခုနက ပြောတဲ့အထဲ ဖြတ်လေးဖြတ်နဲ့ဖြတ်တယ်၊ ယာတွေထဲ မိုင်းတွေ ထောင်ထားတယ်လို့ကြားတယ်။ အဲဒါကျတော့ သူတို့ ဘယ်လိုတွေဖြတ်တောက် ထားတာလဲ။ မိုင်းတွေကကော ဘယ်လောက်တောင် များလဲ။
ဖြေ - ဖြတ်လေးဖြတ်ကျတော့ ဒီရွာကို စောင့်နေ တာပေါ့နော်။ ပတ်ပတ်လည်ကလည်း PDF ရွာတွေချည်းပဲ။ အခုခေတ်က ဖုန်းတွေကလည်း သုံး နေတဲ့အခါကျတော့ သိတာပေါ့။ အဲဒီ ပြည်သူ့စစ်ရွာ တွေကလည်း အပြင်ထွက်လို့မရဘူး။ အပြင်ကလူက လည်း ပြည်သူ့စစ်ရွာထဲကို ဈေးရောင်းတာ ဘာညာ ကအစ ဘာဆိုဘာမှလုပ်လို့မရဘူး။ ကားအဝင် အထွက်လည်း ဘယ်လိုမှလုပ်လို့မရဘူး။ မီးဆိုရင် တကယ်တမ်းက အဲဒီရွာတွေက လျှပ်စစ်မီးရတယ်။ ရတယ်ဆိုပေမယ့် သူတို့ကသိတဲ့အတိုင်းပဲလေ ဓာတ် ကြိုးတွေ တာဝါတိုင်တွေဖျက်ထားရင် ဘာမှ လုပ်လို့ မရဘူး။ အဲဒီလို အနေအထားမျိုးတွေ။ မြိုင်မြို့ပေါ်က လူတွေကပိုဆိုးတယ်။ မြိုင်မြို့ပေါ်မှာကျစောင့် ရှောက်တဲ့ လုံခြုံရေးအဖွဲ့ကနည်းတယ်။ ပြီးတော့ မြိုင်မြို့ပေါ်က တောမြို့ဆိုတော့ ကြိုက်တဲ့နေရာက ဝင်လို့ထွက်လို့ရတယ်။ PDF ကလည်း တခြားက မဟုတ်ဘဲ နယ်ခံတွေချည်းပဲဆိုတဲ့အခါကျတော့ မြိုင်မြို့ပေါ်က လူတွေကတော်တော်လေး ချောက် ချောက်ချားချားနေနေရတယ်။ ပြည်သူ့စစ်ရွာတွေနဲ့ မတူဘူး။ တော်တော်ဆိုးတယ်။ မြို့ပေါ်မှာလည်း လူကတော့ မရှိသ‌လောက်ပါပဲ။

မေး - မြို့ပေါ်မှာ ဒေသခံ ဘယ်လောက်လောက်ပဲ ကျန်လဲ။
ဖြေ - ဒေသခံကတော့ ကာလာအနေနဲ့ပြောမယ်ဆိုရင် ဝန်ထမ်းတွေဆိုရင်လည်း ထွေအုပ်ရုံးထဲနဲ့ ရဲစခန်း ထဲမှာနဲ့ပဲ ရှိတော့တယ်။ ကျန်တဲ့လူတွေကတော့ PDF နဲ့ မကင်းရာ မကင်းကြောင်းတွေပေါ့။ တစ်နည်း နည်းနဲ့ နွယ်တဲ့လူတွေပဲ ရှိတော့တယ်။ ကျန်တဲ့လူတွေ ကတော့ လုံးဝမရှိတော့ဘူး။

မေး - ကုန်စည်လည်ပတ်တာတွေ၊ ရိက္ခာတွေကျ တော့ကော။
ဖြေ - သူတို့ စစ်ကြောင်းကိုပဲ စောင့်ရတာ။ စစ် ကြောင်းမလာရင်တော့ ပြီးရော။

မေး - စာသင်ကျောင်းတွေကော ဖွင့်လို့ရလား။
ဖြေ - စာသင်ကျောင်းက ကန်နီမှာလည်းဖွင့်တယ်။ ဒါပေမဲ့လည်း စာဖြေဌာနက မရှိတဲ့အခါ အဲဒီကလေး တွေ စာဖြေဖို့က အခက်အခဲလည်းရှိတယ်။ မြိုင်မြို့ ပေါ်လည်းပဲ ဖွင့်တယ်လို့ မဟုတ်ဘူး။ မဟုတ်ပေမယ့် လူနည်းနည်းလေးရှိတယ်ထင်တယ်။ မြိုင်မြို့ပေါ် ကတော့ စာသင်ကျောင်းထဲမသင်ဘဲ ထွေအုပ်ရုံးထဲ သင်တာထင်တယ်။

မေး-ကျန်းမာရေးအတွက်ကော ဘယ်လိုဖြေရှင်းနေ ရလဲ။
ဖြေ - ကျန်းမာရေးအတွက်ကတော့ တော်တော် ခက်ခက်ခဲခဲပဲ။ ကန်နီမှာတော့ တပ်ကလည်းပဲ ထားမလားမသိ။ စစ်ကြောင်းတွေကလည်း နည်းနည်း ရှိတော့။ အဲဒီအတွက်ကတော့ တပ်ဘက်ကလူတော့ ရှိကောင်းရှိနိုင်တယ်။ သေချာတော့ မေးမကြည့်ဖြစ် ဘူး။ မြိုင်မြို့ပေါ်ကတော့ တော်တော်ခက်ခဲတယ်။ ဆေးဝါး ဘာညာကအစ။ သူတို့ကတော့ စစ်ကြောင်း ကိုပဲ မှီခိုနေရတာ ။ စစ်ကြောင်းမလာရင်တော့ တော် တော် ဒုက္ခရောက်တယ်။ စစ်ကြောင်းမလာရင်တော့ အစောပိုင်းက လေယာဉ်တွေ ဘာတွေနဲ့ ရိက္ခာပို့တယ် လို့ပြောတယ်။

မေး - စစ်ကြောင်းက ဘယ်နှလတစ်ခါလောက် လာလဲ။ လေယာဉ်ကကော ဘယ်လိုမျိုးချပေးလဲ။
ဖြေ - စစ်ကြောင်းကတော့ စောစောပိုင်းကတော့ (၆)လ ၊ (၁)နှစ်တို့ တော်တော်လေး ကြာလိုက်တယ်။ တော်တော်လေး အဆင်မပြေဖြစ်သွားတယ်။ မြိုင်မြို့ နဲ့ မန္တလေးနဲ့လည်း ကားတွေကထွက်နေတယ်။ မြိုင်မြို့ပေါ်တော့ မဟုတ်ဘူး မြိုင်မြို့နားအထိပေါ့နော်။မြို့ပေါ်ကို ရိက္ခာတွေ လုံးဝပေးမသယ်တာပေါ့နော်။ အဓိကကတော့ PDF က‌ ပေးမသွင်းတာပေါ့နော်။ PDF ကပဲဖြတ်တာ အဲဒါမျိုးတွေ။ မြို့ပေါ်နဲ့ ပြည်သူ့ စစ်တွေက တော်တော်လေး အဆင်မပြေတာပေါ့နော်။ စားရေးသောက်ရေးရော။ စီးပွားရေးဆိုတာကတော့ လုံးဝကို စားဖို့သောက်ဖို့တောင် အဆင်မပြေဘူးဆို တော့ စီးပွားရေးကတော့ လုံးဝပဲ။

မေး - ၂၀၂၁ မတိုင်ခင်ကာလနဲ့ အခု ဖြတ်သန်း နေရတဲ့ကာလတွေကို နှိုင်းယှဉ်ကြည့်ရင် ဘာတွေ ကွာခြားသွားတယ်လို့ပြောလို့ရလဲ။
ဖြေ - ဘာတွေ ကွာခြားလဲဆိုတော့ အဓိကကတော့ လုံးဝသနားစရာအကောင်းဆုံးကတော့ ကလေးတွေ ပေါ့။ ကျောင်းမနေရတာပေါ့။ ပြဿနာပေါ့။ အရည်မရ အဖက်မရ ဘာမှလည်းမဟုတ်ဘဲနဲ့ ဝါဒဖြန့်တဲ့ သဘောမျိုးနဲ့ NUG ဖွင့်ထားတဲ့ ကျောင်းတွေ၊ ဒါကလည်းပဲ ဘယ်သူမှလည်း မတက်ချင်ဘူး။ ရွာထဲမှာဆိုတော့ ကလေးပေါက်စတွေကလည်း ဘယ်မှလည်းထွက်လို့မရ။ အဲဒီကလေးတွေကိုပဲ ရွာထဲမှာရှိတဲ့ (၄၊ ၅) တန်းသမားက (၁)တန်း (၂) တန်း သင် (၇)တန်း (၈)တန်းသမားက (၄)တန်း(၅)တန်းသင် အဲဒီလိုပုံစံနဲ့ပဲ ဖွင့်ထားတဲ့ကျောင်းတွေပဲ ဆိုတော့ ကလေးတွေရဲ့ပညာရေးကတော့ တော် တော်ရင်နာဖို့ကောင်းပါတယ်။ ဒါနံပါတ် (၁)ပေါ့။ နံပါတ်(၂)ကတော့ မုန်းတီးစိတ်တွေ ပိုပြီးတော့များ လာတော့ပေါ့နော်။ စီးပွားရေးအနေနဲ့ကတော့ မြိုင်နဲ့‌ဝေး‌ဝေးပေါ့နော်၊ ပြည်သူ့စစ်ရွာမဟုတ်တဲ့ရွာ တွေ မြိုင်နဲ့ဝေးတဲ့နေရာတွေတော့ အရမ်းမဆိုးဘူး။ဘာဖြစ်လို့လဲဆိုတော့ သီးနှံတွေ ဥပမာ ပဲစင်းငုံပေါ့။ နှမ်းတို့၊ မြေပဲတို့ ဒေသကထွက်တဲ့ဟာ။ အဲဒါတွေ တော်တော်များများက ဒီဘက်ပိုင်းတွေမှာ အရမ်းဈေး တွေကမြောက်တာ။ (၂၀၂၁)မတိုင်ခင်မှာ (၂)သောင်းဝန်းကျင်ပဲရှိတယ်ဆိုရင် အခုကျတော့ သိန်း ကျော်တွေဆိုတဲ့အခါကျတော့ တောင်သူတွေကလည်း ပုံမှန်လုပ်လို့ရတယ်။ သူတို့တောင်းတာတော့ပေး ရတယ်။ သူတို့စည်းမျဉ်းစည်းကမ်းအောက်မှာပဲ နေကြရတာ တစ်ခုပဲဆိုပေမယ့် သီးနှံဈေးကောင်းတဲ့ အခါကျတော့ မြို့နဲ့ဝေးပြီးတော့ တောင်သူပုံမှန်လုပ် လို့ရတာတွေတော့ မဆိုးကြဘူးလို့ထင်တယ်။ အမြင် ကိုပြောပြတာပါ။ ‌တော်တော်များများတော့ လုပ်ခွင့် မရတာတော့ များတယ်။ လုပ်ခွင့်မရတာက ဘယ်လို လဲဆိုတော့ လူငယ်လူရွယ်တွေက မနေရဲကြဘူးပေါ့ နော်။ မနေရဲတော့ မြို့တွေမှာ သွားကြလာကြ ရှောင် တိမ်းကြတာပေါ့။ ဘယ်လိုမှ နေလို့မရ၊ ဒါတွေကို ပစ်ခဲ့လို့မရတဲ့လူတွေကျတော့ သေကာမှ သေရောဆိုပြီး တော့ နေကြတာပဲ။ သူတို့စည်းမျဉ်းစည်းကမ်းနဲ့နေ နေရတာပေါ့။ ‌တော်လှန်ရေးရန်ပုံငွေအတွက် ဘယ် လောက်ပေးဆိုလည်း ပေးလိုက်တာပေါ့ အဲဒီလိုပုံစံမျိုးနဲ့နေနေတဲ့လူတွေကတော့ သူဟာနဲ့သူတော့ နေလို့ထိုင်လို့ရတဲ့သ‌ဘောပေါ့။ ကျန်တဲ့တော်တော် များများက မနေရဲကြတော့ ရှောင်လို့ရတဲ့လူတွေက တော့ ရှောင်နေရတာပေါ့။ မြိုင်နယ်ရဲ့ မြောက်ဘက်မှာ အိမ်ခြေထောင်ချီရှိတဲ့ မြိုင်မြို့လောက်ရှိတဲ့ရွာကြီးရှိတယ်။ ရန်ကုန်နဲ့ဆိုရင် ကားတွေ နေ့စဉ် (၃)စီး၊ (၄)စီးလောက်ရှိတယ် အရင်တုန်းက ကောင်းတုန်းက‌ပေါ့။ အဲဒီမှာ အထက်တန်းကျောင်းတွေ ၊ ဆေးရုံတွေ ရှိတယ်။ အဲဒီရွာဆိုရင် လူဦးရေက လက်ချိုးရေလို့ ရတယ်။ သူတို့နဲ့ ပတ်သက်တဲ့ လူနေ‌တွေလောက်ပဲ ကျန်ခဲ့တာ။ ကျန်တဲ့လူတွေက ဘယ်သူမှမနေရဲဘူး။ PDF တော်တော်များများက ပညာမတတ်တဲ့ ရွာ ရွာမြို့မြို့ပေါ့နော်။ တော်‌တော်များများက ဟိုတုန်းက လူမသုံးတဲ့လူတွေက လက်နက်ကိုင်ပြီးတော့ ဒီလို မျိုးဗိုလ်လုပ်ကြတာများတယ်။ များတဲ့အခါကျတော့ နဂိုကတည်းက အမြင်မကြည်တဲ့အခါကျတော့ လူ တွေ ကောင်းကောင်းအလုပ်မရဘူးဆိုတဲ့ ခြိမ်းခြောက် ပြီးတော့ အလုပ်မလုပ်ရဲအောင်လုပ်ကြတာပါပဲ တကယ်တမ်းကျတော့။ အခုတော်လှန်ရေးသမားတွေ ခွင်တည့်သွားတာတော့ ရေနံမြေပေါ့နော်။ ကျောက်ခွက်တို့ ဘာတို့ဆိုတာ မြိုင်နယ်ထဲက မြိုင်နဲ့ပေါက်နဲ့ အစပ်ပေါ့နော်။ ပေါက်မြို့နယ်ဆိုတာလည်း မကွေး တိုင်းထဲကပေါ့။ အစပ်မှာ ရေနံတွေ တအားထွက် တဲ့နေရာရှိတယ်။ ကျောက်ခွက်ဆိုတာက အစိုးရရဲ့ သတ်မှတ်ထားတဲ့ ပုဂ္ဂလိကတွေ တူးခွင့်မရှိတဲ့နေရာ။ တကယ်အစိုးရ စီးပွားဖြစ်တူးလို့ရတဲ့နေရာပေါ့။ အခု ကျတော့ ဘယ်သူမှလည်း လုံခြုံရေး မရှိတဲ့အခါကျ တော့ PDF ခေါင်းဆောင်တွေ၊ PDF နဲ့ ပတ်သက်တဲ့ လူတွေချည်းပဲ ရေနံတူးတဲ့အခါကျတော့ တစ်နေ့ တစ်နေ့ကို နည်းတာမဟုတ်ဘူး။ သိန်းကိုပဲ ထောင် ဂဏန်း သောင်းဂဏန်းရှိတယ်။ လည်ပတ်နေတာ။ PDF တွေလည်းပဲ ဘာတော်လှန်ရေးမှလည်း မလုပ်တော့ဘူး။ စီးပွားရေးပဲလုပ်နေကြတာ။ သူတို့ လည်း သိတယ်။ တိုက်လို့လည်း မရတော့ဘူးဆို တာလည်းသိတယ်။ NUG ကိုလည်း မယုံဘူး။ တပ် ကိုလည်း တိုက်လို့ မနိုင်ဘူးဆိုတာ သိတဲ့အခါကျတော့ စီးပွားရေးပဲလုပ်ကြတော့တာ။ ရေနံတူးတဲ့ကောင်က တူးတယ်။ ရွာတွေမှာ တော်လှန်ရေးအကြောင်းပြပြီး တော့ ပိုက်ဆံတွေ တောင်းပြီးတော့ ရန်ပုံငွေ တောင်း ပြီးစုတဲ့ကောင်စုတယ်။ နည်းမျိုးစုံနဲ့ပဲ စီးပွားရေး လုပ်နေကြတယ် အခုနောက်ပိုင်း။ ကျောင်းတက် တဲ့လူတွေလည်း အရင်တုန်းက ရွာကနေ မြို့တတ်ပြီး ကျောင်းတက်ရင် ပြန်ခေါ်ခိုင်းတာ။ တက်ခွင့်မပေးဘူး ပေါ့နော်။ ဘယ်မှ တက်လို့မရဘူး။ ကျောင်းတက် တယ်ကြားရင် ပြန်ခေါ်တာ။ ပြန်မလာရင် ကျန်တဲ့ လူကို ဘာလုပ်မယ် ညာလုပ်မယ်ဆိုတော့ မြို့တောင် သွားမတတ်ရဲကြဘူး။ အခုကျတော့ ဘာဖြစ်လဲဆို တော့ မသိချင်ယောင်ဆောင်နေရတာပေါ့။ တရားဝင် ခွင့်ပြုတယ်လို့တော့မဟုတ်ဘူး။ မြို့တက်ချင်လည်း သွားတက်တဲ့လူကို သိပ်ပြဿနာမရှာတော့ဘူးပေါ့ နော်။ နောက်ဆုံးတော့ အကုန်လုံးစီးပွားရေးပဲ လုပ် နေကြတာပဲ။

မေး - ‌တော်လှန်ရေးရန်ပုံငွေကောက်တယ်လို့ကြားတယ်။ ကောက်တယ်ဆိုတော့ သူတို့သတ်မှတ်ထားတဲ့ ပမာဏရှိလား။ ဆက်ကြေးကောက်တဲ့သဘောကိုပေါ့။
ဖြေ - အဲဒါက တစ်ရွာနဲ့တစ်ရွာမတူဘူး။ တချို့ ရွာကျတော့လည်း ကောက်တယ်။ ကောက်တဲ့နေရာမှာ လည်း အဲဒီရွာမှာရှိတဲ့ PDF ရဲ့ သဘောထားပဲ။ တစ်လကို (၅)သောင်း၊ (၆)သောင်း၊ (၂)သောင်း၊ (၃)သောင်းပေါ့။ ဘယ်လောက်ပဲ ပိုက်ဆံ မရှိ၊ မရှိ ကင်းလွတ်တယ်တော့မရှိဘူး။ အနည်းဆုံး(၂)သောင်း၊ (၃)သောင်း ထည့်ရတယ်။ နောက်ဆုံး တစ်သုတ်ခွဲတုန်းကဆိုရင် တစ်သိန်း ၊ (၂)သိန်း ၊ (၃)သိန်း ဆိုပြီးတော့ (၃)စားခွဲတယ်။ အဲဒီလိုခွဲတော့ တချို့တဝက်လည်း ထည့်ပြီးပြီ။ ထည့်ပြီးတဲ့အနေ အထားမျိုးမှာ အဲဒါ (၂၀၂၄) ထဲမှာဖြစ်တာပေါ့နော်။ အရင်တုန်းတည်းက ခွဲလာပြီးတော့ (၂၀၂၄) ထဲမှာ ဒါနောက်ဆုံးပဲ ဆိုပြီးတော့တောင်းလိုက်တာ တစ် သိန်း ၊ (၂)သိန်း၊ (၃)သိန်း ဆိုပြီးတော့ခွဲတယ်။ တချို့က မကျေနပ်တော့ နည်းနည်းပါးပါးလျော့ တယ်လို့လည်းကြားတယ်။ ရွာတိုင်းရွာတိုင်းမှာ ကျန် တဲ့နေရာတွေသာ မီးပျက်ချင်ပျက်မယ်။ မြိုင်နယ်က တော့ မပျက်ဘူး။ ရွာတွေအကုန်လုံးကလေ။ ပျက် ရင်တောင် အချိန်ကတော့ ‌တော်တော်မှန်မှန်ကိုလာ တယ်။ အဲဒါတွေကလည်း အစိုးရက မီတာတွေ လာမကောက်နိုင်တဲ့အခါကျတော့ PDF တွေကပဲ ကောက်သုံးနေတာပေါ့။ နောက် ရပ်ရွာတွေတိုင်းမှာ ရေမီတာတွေ တပ်ထားတာရှိတယ်။ ကိုယ်ထူကိုယ်ထ စနစ်နဲ့။ အဲဒါတွေလည်းပဲ အရင်တုန်းကတော့ တစ်ယူနစ်ကို (၂၀ဝ၊ ၃၀ဝ)လောက် ပုံမှန် လည်ပတ်နေတာနဲ့ အခုကျတော့ တစ်ယူနစ်ကို (၁၀ဝဝ၊ ၂၀ဝဝ) တောင်းပြီးတော့ သူတို့ ရန်ပုံငွေဆိုပြီး သုံးနေကြတာရှိတယ်။ လုံးဝမကောက်တဲ့ ရွာတော့ မရှိဘူး ‌သူတို့ရန်ပုံငွေဆိုတာက။ ပြည်သူတွေကတော့ အသက်ကြီးတဲ့လူတွေကတော့ အဝေးကို ရှောင်ဖို့က ခဲယဉ်းတယ်။ မိသားစုလိုက်ရှောင်ဖို့က မလွယ်ဘူး လေ။ လူ(၁၀ဝ)မှာ တစ်မိသားစုရှောင်ဖို့က မလွယ် ဘူးလေ။ ဘယ်လိုလူမျိုးတွေက ရှောင်လဲဆိုတော့ PDF ထဲကိုမဝင်တဲ့ လူငယ်လူရွယ်တွေ မှန်သမျှက တော့ ရွာတိုင်းရွာတိုင်း ဘယ်သူမှမရှိတော့ဘူးပေါ့။ မိန်းကလေး ယောကျာ်းလေးအကုန်လုံး မြို့တွေကို ရှောင်ကြတာပေါ့။

မေး - PDF အနေနဲ့ကော ယောကျာ်းလေးတွေကို သူတို့ထဲကို အတင်းသွင်းတာမျိုးတွေရှိလား။
ဖြေ - အဲဒီလိုတော့ မကြားမိဘူး။ သူတို့နဲ့ သဘော ထားချင်းတူတဲ့လူတွေပဲ ဝင်ကြတာများပါတယ်။ သူစိမ်းကလည်း မဝင်ဘူး။ ဝင်မယ်ပြောရင်လည်း သူတို့က အယုံအကြည်မရှိဘူး။ အဲဒီတစ်ခုတော့ ရှိတယ်။

အခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်ရှင်။

zawgyi version
ၿမိဳင္ၿမိဳ႕နယ္မွ ျပည္သူ႔ စစ္႐ြာႏွင့္ ေဒသခံေျပာစကား
Pearl (NPNews)- မတ္ ၁၈

မေကြးတိုင္းေဒသႀကီးအတြင္းမွ ၿမိဳင္ၿမိဳ႕နယ္သည္ PDF အဖြဲ႕ေပါင္းစုံ ႀကီးစိုးရာေနရာတစ္ခု ျဖစ္လာေနၿပီး ၎တို႔အတြက္ပိုက္ဆံရွာရာ ေငြတြင္းႀကီးတစ္ခုအျဖစ္သို႔ တစ္စတစ္စေျပာင္းလဲခဲ့ၿပီျဖစ္ သည္။ ယင္းေဒသမွျပည္သူမ်ားသည္ လက္နက္ကိုင္တို႔၏ လက္ညႇိဳးေထာင္ ေခါင္းၿငိမ့္ဘဝျဖင့္ ရွင္သန္၊ လုပ္ကိုင္စားေသာက္ေနၾကရသည္။ အထက္ပါေဒသတြင္ ျပည္သူ႔စစ္႐ြာအခ်ိဳ႕ရွိေသာ္လည္း လက္နက္ ကိုင္မ်ားၾကားတြင္ မိမိရပ္႐ြာကာကြယ္ေရးအတြက္ ႀကဳံလာသမွ်အခက္အခဲတိုင္းကို အံတုေက်ာ္ လႊားေနရသည္။ အထက္ပါ အေျခအေနမ်ားႏွင့္ပတ္သက္၍ ၿမိဳင္ေဒသခံတစ္ဦးကို NP News မွ ဆက္သြယ္ေမးျမန္းထားသည္မ်ားအား ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - ၿမိဳင္ၿမိဳ႕နယ္ထဲမွာ ေက်း႐ြာစုစုေပါင္း ဘယ္ ေလာက္ရွိလဲ။ (၂၀၂၁) မတိုင္ခင္ ၿမိဳင္ၿမိဳ႕နယ္ထဲ မွာရွိတဲ့ ေဒသခံေတြရဲ႕အေျခအေနက ဘယ္လို မ်ိဳးရွိခဲ့လဲ။ (၂၀၂၁)ေနာက္ပိုင္းမွာေကာ ေဒသခံ ေတြအေနနဲ႔ ဘာေတြခက္ခဲသြားလဲ။
ေျဖ - ၿမိဳင္ၿမိဳ႕နယ္ထဲ ေက်း႐ြာက(၃၃၀)ေက်ာ္ ေလာက္ရွိတယ္။ စီးပြားေရးအေျခအေနက ၿမိဳင္ရဲ႕ ေျမာက္ဘက္နယ္ကေတာ့ မ်ားေသာအားျဖင့္ လယ္ ယာစီးပြားေရးေပါ့၊ ၿမိဳင္ရဲ႕အေနာက္ဘက္တို႔ အ ေနာက္ေတာင္တို႔ကေတာ့ ေရနံကိုအဓိကလုပ္တယ္ ေပါ့။ ေတာင္ဘက္ဆိုလည္း လယ္ယာစိုက္ပ်ိဳးေရး ပဲျဖစ္မွာ။ ေတာ္‌ေတာ္မ်ားမ်ားကေတာ့ (၂၀၂၁)ကေနၿပီးေတာ့ ၿပီးခဲ့တဲ့ (၂၀၂၃)ေလာက္အထိ ေတာ္ ေတာ္ေလး ခက္ခဲတယ္။ (၂၀၂၄) နဲ႔ အခု ႏွစ္ပိုင္းကေတာ့ဆိုးဆိုး႐ြား႐ြားမရွိဘူး။ ဘယ္ေနရာမွာဆိုးလဲ ဆိုေတာ့ ျပည္သူ႔စစ္႐ြာေတြကေတာ့ ေတာ္ေတာ္ဆိုး တယ္။ ျပည္သူ႔စစ္႐ြာက ၿမိဳင္နယ္မွာ (၅)႐ြာေလာက္ ရွိတာကိုး။ ျပည္သူစစ္႐ြာေတြကေတာ့ပတ္ပတ္လည္ ၿမိဳင္နယ္တစ္နယ္လုံးက PDF ေတြ ႀကီးစိုးထားတဲ့ အခါက်ေတာ့ ျပည္သူ႔စစ္႐ြာေတြကို ျဖတ္ေလးျဖတ္ လို႔ေခၚမွာေပါ့။ ႐ြာေတြကို ရိကၡာေရာ ဘာေရာ၊ ညာေရာ အဝင္အထြက္ ဘာမွေပးမလုပ္ေတာ့ဘူး။ ေပးမလုပ္တဲ့အခါက်ေတာ့ အစိုးရစစ္ေၾကာင္းေတြ လာၿပီးေတာ့ ရိကၡာပို႔မွပဲ အဆင္ေျပတာ။ ရိကၡာ မေပးႏိုင္ဘူးဆိုရင္ ေတာ္ေတာ္ေလးကိုဒုကၡေတြ ေရာက္ၾကတယ္။ တခ်ိဳ႕ဆိုရင္ ဆန္ျပဳတ္ေသာက္ရတဲ့ ကာလေတြေတာင္ႀကဳံခဲ့တယ္။ အခုေတာ့ အဆင္ ေျပသြားၿပီလို႔ ေျပာတယ္။ က်န္တဲ့႐ြာေတြကေတာ့ ပုံမွန္ပဲ။ ၿမိဳင္ၿမိဳ႕နယ္ပတ္ပတ္လည္ ၿမိဳင္ၿမိဳ႕နဲ႔အနီး ဆုံးေနရာေတြ၊ ၿမိဳင္ၿမိဳ႕ေပၚကေတာ့ ေတာ္‌ေတာ္ေလး ခက္ခဲတယ္။ အခုခ်ိန္ထိေပါ့ေနာ္။ လုပ္ရကိုင္ရတာ သိပ္အဆင္မေျပၾကဘူး။ PDF ေတြကလည္း လုပ္ ပိုင္ခြင့္မေပးဘူး။ ၿမိဳင္ၿမိဳ႕ကို အဝင္အထြက္ လုပ္ခြင့္ မေပးဘူးေပါ့ေနာ္။ ၿမိဳင္ၿမိဳ႕ေပၚကိုေဈးသြားေရာင္းတာ။ ၿပီးေတာ့ ၿမိဳင္ၿမိဳ႕နယ္ကိုတက္ၿပီးေတာ့ ေဈးဝယ္ တာေတြေပါ့။ ၿမိဳ႕ေပၚမွာလည္း ဆိုင္ေတြက သိပ္မရွိ ေတာ့ဘူးေပါ့ေနာ္။ အခုခ်ိန္ထိေပါ့။ ၿမိဳင္ၿမိဳ႕နဲ႔ေဝးတဲ့ ေနရာေတာ္ေတာ္မ်ားမ်ားကေတာ့ ပုံမွန္လည္ပတ္ေန တယ္။ ပုံမွန္လည္ပတ္ေနတယ္ဆိုတာက ေက်ာင္း ကေတာ့ NUG ကဖြင့္ေပးတဲ့ေက်ာင္းေတြမွာပဲ တတ္ရတယ္။ ျပည္သူ႔စစ္႐ြာက လြဲၿပီး တျခား႐ြာေတြ ကေပါ့ေနာ္။ စီးပြားေရးကေတာ့ ပုံမွန္ေတာင္သူလယ္ ယာအလုပ္ေတြကို ၿမိဳင္နဲ႔ေဝးတဲ့ေနရာေတြေပါ့ေနာ္။ လုပ္လို႔ရတယ္။ ။ သူတို႔ကလည္း ေတာ္လွန္ေရး ရန္ပုံ ေငြအျဖစ္နဲ႔ ပုံမွန္ထည့္ေနရတာေပါ့ေနာ္။ စစ္ေၾကာင္း ထိုးတဲ့အခ်ိန္မွာ သူတို႔ေရွာင္ဆိုေရွာင္လိုက္တယ္။ က်န္တဲ့အခ်ိန္ကေတာ့ သူတို႔ ၫႊန္ၾကားတဲ့အတိုင္းပဲ ေပါ့။ သူတို႔ဆိုတာ PDF ၫႊန္ၾကားတဲ့အတိုင္းပဲေပါ့။ ပုံမွန္ေလးေတာ့ ေနလို႔ရတာေပါ့။ အရမ္းဆိုးဆိုး႐ြား ႐ြားေတာ့မရွိဘူး။ ျပည္သူ႔စစ္ (၅)႐ြာကေတာ့ ကန္နီ႐ြာ၊ သရက္ခြ၊ ဝက္ပုတ္၊ ႏွမ္းဆီကန္၊ တြင္းမ႐ြာ။ အဲဒီထဲမွာ ဝက္ပုတ္ကက်ေတာ့ ၿပီးခဲ့တဲ့ (၂၀၂၄)ထဲမွာ အင္အားလည္းနည္းေတာ့ PDF ေတြ ဝိုင္းတိုက္လို႔ ေတာ္ေတာ္မ်ားမ်ားျပဳတ္ၿပီးေတာ့ ႐ြာပါမီးရႈိ႕ခံရတယ္။ သရက္ခြကလည္း အင္အားနည္းတယ္။ ၿမိဳင္ၿမိဳ႕ေပၚမွာ သြားေပါင္းထားတယ္။ အခုေလာေလာဆယ္က ကန္နီ၊ ႏွင္းဆီကန္ရယ္၊ တြင္းမရယ္ေပါ့။

ေမး - ခုနကေျပာတဲ့ ၿမိဳ႕နဲ႔နီးတဲ့႐ြာေတြက ျပည္သူ႔စစ္႐ြာေတြလား။
ေျဖ - ၿမိဳ႕နဲ႔နီးတဲ့႐ြာေတြက ျပည္သူ႔စစ္႐ြာေတြ မဟုတ္ဘူး။ ျပည္သူ႔စစ္႐ြာေတြက အခု ကန္နီဆို တဲ့႐ြာဆိုရင္ ျပည္သူ႔စစ္႐ြာ။ ၿမိဳင္နဲ႔ဆို (၄၊ ၅၊ ၆)မိုင္ေလာက္ ေဝးမယ္။ တျခား႐ြာေတြလည္း အဲဒီ အတိုင္းပါပဲ။ သရက္တို႔ဘာတို႔။ တျခား႐ြာေတြက အင္အားသိပ္မေတာင့္ဘူး။ ကန္နီ႐ြာကေတာ့ ျပည္သူ႔စစ္က ေတာ္ေတာ္ေလးအင္အားေတာင့္တယ္။ ၿမိဳင္ၿမိဳ႕နဲ႔ နီးစပ္တဲ့ ႐ြာေတြရဲ႕ အခက္အခဲက ဘယ္လို လဲဆိုေတာ့ PDF ေတြက ၿမိဳင္ၿမိဳ႕ကိုခဏခဏ ေရွာ့ တိုက္ဒုံးနဲ႔ပစ္တယ္။Drop Bomb ေတြ ဘာေတြ သြားသြားခ်တယ္။ ခ်ေတာ့ၿမိဳင္ပတ္ပတ္လည္မွာရွိတဲ့ ႐ြာေတြရဲ႕ ေဒသခံ PDF ေတြက ညစ္တာေပါ့ေလ။ ႐ြာသားအခ်င္းခ်င္းကို ညစ္ၿပီးေတာ့ ယာခင္းေတြထဲမွာ မိုင္းေထာင္ထားတယ္။ မိုင္းကြဲရင္ တာဝန္မယူဘူးတို႔ ဘာညာ ၿခိမ္းေျခာက္ၿပီးေတာ့ေလ တခ်ိဳ႕ဆိုရင္ ယာေတြ ဘာေတြေကာင္းေကာင္းလုပ္လို႔မရဘူး။ အဲဒီအေနအထားေတြေပါ့။

ေမး - ဒါဆိုရင္ ၿမိဳင္ၿမိဳ႕နဲ႔နီးတဲ့႐ြာေရာ ျပည္သူ႔စစ္ ႐ြာေရာဆို စုစုေပါင္း ဘယ္ႏွ႐ြာေလာက္ခက္ခဲၾက တယ္လို႔ေျပာလို႔ရလဲ။
ေျဖ - ၿမိဳင္နယ္ကေတာ့ စားဝတ္ေနေရးကေတာ့ အရမ္းႀကီးဆိုးေနတယ္လို႔မထင္ဘူး။ ၿမိဳင္နဲ႔ နီးစပ္တဲ့ ေနရာရယ္ ၿမိဳင္ၿမိဳ႕ေပၚရယ္ ျပည္သူ႔စစ္႐ြာရယ္ အဲဒါေလာက္ပဲဆိုးမယ္။ က်န္တာေတြက ပုံမွန္ပဲ။ ဥပမာ- ပဲ၊ ႏွမ္းစိုက္တဲ့ ျပည္သူေတြကလည္း ပဲ၊ ႏွမ္း ေဒသထြက္သီးႏွံေတြ စိုက္လို႔ပ်ိဳးလို႔ရတယ္။ ေနာက္ ၿပီးေတာ့ ပခုကၠဴနဲ႔နီးတဲ့ဘက္က ပခုကၠဴတက္ ေရာင္းတယ္။ မုံ႐ြာနဲ႔နီးတဲ့ ဘက္က မုံ႐ြာတက္ေရာင္း တယ္။ မႏၲေလးနဲ႔ နီးတဲ့လူေတြက မႏၲေလးေပါ့။ ပုံမွန္တက္ေရာင္းလို႔ရေနတာေပါ့။ သူတို႔ေတာင္းတဲ့ ပိုက္ဆံေတာ့ ပုံမွန္ထည့္ေနရတာေပါ့။ ပုံမွန္လည္း လုပ္ကိုင္စားေသာက္လို႔ရတယ္။ ျပည္သူ႔စစ္႐ြာေတြက အခုမွ နည္းနည္းေလး အဆင္ေျပသြားတာ ။ အရင္က ေတာ္ေတာ္ေလး ဆိုးတယ္။ ဆန္ျပဳတ္ေတာင္ ေတာ္ ေတာ္ေလး ခက္ခဲတဲ့အေနအထားမ်ိဳးေတြေရာက္ သြားေသးတယ္တဲ့။ စစ္ေၾကာင္းလည္း ေတာ္ေတာ္နဲ႔ မထိုးႏိုင္ဘူး။ မထိုးႏိုင္ေတာ့ တခ်ိဳ႕ဆိုရင္ (၄၊ ၅) လေလာက္မွ တစ္ခါထိုးတဲ့အခါက်ေတာ့ ေတာ္ေတာ္ ေလး အဆင္မေျပဘူး။

ေမး - ျပည္သူ႔စစ္႐ြာေတြဆိုတာကေကာ ဘယ္လို ျဖစ္ၿပီး ျပည္သူ႔စစ္႐ြာဆိုၿပီးျဖစ္လာတာလဲ။ နည္းနည္း ေလာက္ရွင္းျပေပးပါလား။
ေျဖ - ျပည္သူ႔စစ္႐ြာကေတာ့ ကန္နီကို အေျခခံ ေျပာရတာကေတာ့ နယ္ခ်င္းလည္းနီးလို႔ေပါ့ေနာ္။ သူတို႔က (၂၀၂၁) ေနာက္ ျပည္သူ႔စစ္ ဘာညာကေတာ့ ကိုယ့္႐ြာကိုယ္ ကာကြယ္ဖို႔ရာအတြက္ စၿပီးေတာ့ သေႏၶတည္ကတည္းက စစခ်င္းလုပ္ခဲ့တာ။ အဲဒီတုန္း က (၂၅)၊ (၃၀) ေလာက္နဲ႔စခဲ့တာေပါ့ေနာ္။ အခုေတာ့ ရာဂဏန္းေလာက္ရွိတယ္လို႔ေျပာတယ္။ ဒါေပမဲ့ ႐ြာ ထဲမွာကိုကတည္းက အိမ္ေျခ(၄၊ ၅၊ ၆) ရာေလာက္ ရွိတာေပါ့ေနာ္။ အဲဒီေလာက္ရွိတဲ့ အေနအထားမ်ိဳးမွာ အစကတည္းကိုက အေရာင္၊ ကာလာအေန နဲ႔ေျပာမယ္ဆိုရင္ အနီနဲ႔ အစိမ္းနဲ႔က သူမသာ၊ ကိုယ္ မသာ ျဖစ္တဲ့အေနအထားေပါ့ေနာ္။ အဲဒီအေနအထား မ်ိဳးမွာ နည္းနည္းေလးကေတာ့ အစိမ္းကေတာ့ သာ သလိုရွိတာေပါ့။ သာသလိုရွိတဲ့အခါက်ေတာ့ ဒီလိုမ်ိဳးျပႆနာေတြ စတက္တဲ့အခ်ိန္မွာ အရင္ဦးဆုံး ကို ျပည္သူ႔စစ္ေခါင္းေဆာင္ေတြက နည္းနည္းေလး ေတာ့ ေျပာရတာရွည္တာေပါ့ေနာ္။ စတာေတာ့ အ ကုန္လုံး (၅)႐ြာလုံးကေနစစခ်င္းတင္ ေနာက္ပိုင္းမွာ မဟုတ္ဘဲေပါ့ေနာ္။ ကိုယ့္႐ြာကိုယ္ကာကြယ္လို႔ရ တယ္ဆိုတဲ့ ျပည္သူ႔စစ္လုပ္လို႔ရတယ္ဆိုတဲ့ သတင္း ၾကားၾကားခ်င္းလုပ္ၾကတာ။

ေမး - ျပည္သူ႔စစ္ထဲမွာ ဘယ္လိုလူမ်ိဳးေတြ တာဝန္ ထမ္းေဆာင္လဲ။ ဘယ္လိုပုံစံမ်ိဳးနဲ႔ တာဝန္ထမ္း‌ ေဆာင္ၾကတာလဲ။
ေျဖ - ႐ြာသားေတြပဲ အေျခခံၿပီးေတာ့ေပါ့။ ရပ္ေရး ႐ြာေရးေရာ ေနာက္တက္ႂကြလႈပ္ရွားတဲ့ လူငယ္ေတြ အေျခခံၿပီးေတာ့ စတာပါ။ လူငယ္ေတြ လူလတ္ ေတြေပါ့။ ကန္နီ႐ြာမွာဆို တပ္ကလည္းပဲ ပါတယ္။ ရဲဘက္ကလည္းပါတယ္။ အဲဒီမွာ တြဲၿပီးခ်ထားတာေပါ့။ ဒါေပမဲ့ တစ္ခုရွိတာက အင္အားဘယ္ေလာက္ပဲ မ်ားေနေန ေဘးကိုထြက္ၿပီးေတာ့ တျခား႐ြာေတြ၊ တျခားေနရာမ်ိဳးေတြကို ထြက္တိုက္တာမရွိဘူး။ အဲဒီ လိုမ်ိဳးခြင့္မျပဳဘူးေပါ့။ အခုခ်ိန္ထိ႐ြာကိုပဲ ကာကြယ္ ခိုင္းတာ။ လက္နက္ကေတာ့ အစိုးရကပဲ စီမံေပးတာ။ သင္တန္းေတြ ဘာေတြလည္း အစိုးရဆီမွာ တတ္ၾကတာ။

ေမး - ျပည္သူ႔စစ္ဖြဲ႕ၿပီးေနာက္ပိုင္းမွာ PDF ေတြ လာတိုက္ခိုက္တာမ်ိဳးေတြရွိလား။ ဘယ္လိုပုံစံမ်ိဳးနဲ႔ လာတိုက္ခိုက္ၾကလဲ။
ေျဖ - PDF ေတြကေတာ့ တိုက္တာေတာ့ေတာ္ေတာ္ ျပင္းျပန္းထန္ထန္ကိုတိုက္တာ။ (၂၀၂၄)ထဲမွာ လည္းပဲ တိုက္တယ္။ (၂၀၂၄) ကုန္ခါနီးမွာလည္း ေတာ္ေတာ္ျပင္းျပင္းထန္ထန္လည္း ျဖစ္ၾကေသး တယ္။ ရိကၡာလာပို႔တဲ့စစ္ေၾကာင္းလာတိုင္းလည္း ျဖစ္တယ္။ အရင္တုန္းကလည္း ေတာ္ေတာ္ျပင္းျပင္း ထန္ထန္ျဖစ္တယ္။ လာတိုက္ရင္ ရာနဲ႔ ေထာင္နဲ႔ခ်ီၿပီး ေတာ့ ။ အဲဒီနားက ဘာနဲ႔နီးလဲဆိုရင္ ပုလဲနဲ႔နီးတယ္။ ပုလဲရယ္၊ ၿမိဳင္ရယ္၊ ေရစႀကိဳရယ္ ေနာက္ ခ်င္းနဲ႔ နယ္စပ္တဲ့ ေပါက္တို႔၊ ေဆာတို႔၊ ေယာတို႔ေပါ့ေနာ္။ အဲဒါေတြကေတာ့ အကုန္လုံးစုေနတဲ့အခါက်ေတာ့ တစ္ေနရာကို တိုက္ကြက္ေဖာ္မယ္ဆိုရင္ ၿမိဳင္နယ္လို႔ ေျပာေပမယ့္လို႔ ကန္နီကို တိုက္မယ္ဆိုရင္ ေရစႀကိဳ PDF ပါမယ္။ ပုလဲပါမယ္၊ ေရစႀကိဳပါတယ္၊ ဆား လင္းႀကီး ပါမယ္၊ ေနာက္ ၿမိဳင္ PDFေပါ့ေနာ္။ ေနာက္ ခ်င္းေတြလည္း နည္းနည္းပါးပါး ပါတယ္လို႔ထင္တယ္။ အဲဒီလို ဝိုင္းလုပ္တဲ့အခါက်ေတာ့ အနည္းဆုံးေတာ့ ေထာင္ဂဏန္းဝန္းက်င္ေတြပဲ လာတိုက္ခံရတာ။ သြားတိုက္လည္းပဲ ႐ြာကိုစီးႏိုင္ေလာက္တဲ့အေျခ အေနေတာ့မရွိဘူး။ ႐ြာကလည္း ကြင္းျပင္ပုံစံမ်ိဳးဆို‌ ေတာ့ ။ ေတာေတြ ေတာင္ေတြထဲလည္း မဟုတ္ေတာ့။ ခံစစ္ကလည္း ေသေသခ်ာခ်ာ ႐ြာသားေတြက မဟုတ္ဘဲနဲ႔ တပ္နဲ႔ရဲနဲ႔ေရာ ကြပ္ကဲထားေတာ့ လူ ဘယ္ေလာက္မ်ားမ်ားနဲ႔ သြားလုပ္လုပ္ လုပ္တိုင္းအထိ နာၿပီးေတာ့ ျပန္ျပန္သြားၾကတာ။ အခုေတာ့ ေတာ္ ေတာ္ အင္အားေတာင့္ေတာင့္တင္းတင္းရွိေနၿပီလို႔ ေျပာတယ္။ အရင္က အရမ္းလည္း အင္အားလည္း သိပ္မေတာင့္ေသးဘူး။ လူအင္အားကလည္း နည္းတဲ့အခါက်ေတာ့ တစ္ဖက္ကလည္း အရမ္းဖိ အားေပးၿပီး မခံခ်င္စိတ္နဲ႔အႀကိမ္ေရ ေတာ္ေတာ္မ်ား တယ္။ လာၿပီးေတာ့ တိုက္ၾကတာ။ ေရွာ့တိုက္ဒုံး ေတြနဲ႔ပစ္တယ္။ အိမ္ေတြေပၚမွာက်တယ္။ တဲေတြ ေပၚမွာက်တယ္။ ထြက္တာကေတာ့ တစ္႐ြာလုံး ဘယ္မွ ထြက္လို႔မရဘူး။ ယာလည္း လုပ္လို႔မရဘူး။ ေဘးမွာ သူတို႔ကလည္းေစာင့္ေနတာဆိုေတာ့။ အဆင္မေျပၾကဘူးေပါ့ေနာ္။ ျပႆနာစျဖစ္ကတည္း က။ လူဦးေရဆို အနည္းဆုံး (၁၅၀ဝ)၊ (၂၀ဝဝ) ရွိမွာ။ အကုန္လုံးက ဒီလိုနဲ႔ပဲသူတို႔ရွိတာေလးေတြ ေဝမွ် စားေသာက္ေနရင္း စစ္တပ္ကစစ္ေၾကာင္းနဲ႔ ရိကၡာ လာပို႔ရင္ အဲဒါေလးကို ေဝမွ်စားလိုက္ၿပီးရင္ ျပတ္ သြားရင္ ဒီလိုပဲေနလိုက္ဆိုေတာ့ အေစာပိုင္းကေတာ့ ေတာ္ေတာ္ေလး ခက္ခဲတယ္လို႔ ေျပာတယ္။ အခု ေတာ့နည္းနည္းအဆင္ေျပေနၿပီ။

ေမး - ခုနက ေျပာတဲ့အထဲ ျဖတ္ေလးျဖတ္နဲ႔ျဖတ္တယ္၊ ယာေတြထဲ မိုင္းေတြ ေထာင္ထားတယ္လို႔ၾကားတယ္။ အဲဒါက်ေတာ့ သူတို႔ ဘယ္လိုေတြျဖတ္ေတာက္ ထားတာလဲ။ မိုင္းေတြကေကာ ဘယ္ေလာက္ေတာင္ မ်ားလဲ။
ေျဖ - ျဖတ္ေလးျဖတ္က်ေတာ့ ဒီ႐ြာကို ေစာင့္ေန တာေပါ့ေနာ္။ ပတ္ပတ္လည္ကလည္း PDF ႐ြာေတြခ်ည္းပဲ။ အခုေခတ္က ဖုန္းေတြကလည္း သုံး ေနတဲ့အခါက်ေတာ့ သိတာေပါ့။ အဲဒီ ျပည္သူ႔စစ္႐ြာ ေတြကလည္း အျပင္ထြက္လို႔မရဘူး။ အျပင္ကလူက လည္း ျပည္သူ႔စစ္႐ြာထဲကို ေဈးေရာင္းတာ ဘာညာ ကအစ ဘာဆိုဘာမွလုပ္လို႔မရဘူး။ ကားအဝင္ အထြက္လည္း ဘယ္လိုမွလုပ္လို႔မရဘူး။ မီးဆိုရင္ တကယ္တမ္းက အဲဒီ႐ြာေတြက လွ်ပ္စစ္မီးရတယ္။ ရတယ္ဆိုေပမယ့္ သူတို႔ကသိတဲ့အတိုင္းပဲေလ ဓာတ္ ႀကိဳးေတြ တာဝါတိုင္ေတြဖ်က္ထားရင္ ဘာမွ လုပ္လို႔ မရဘူး။ အဲဒီလို အေနအထားမ်ိဳးေတြ။ ၿမိဳင္ၿမိဳ႕ေပၚက လူေတြကပိုဆိုးတယ္။ ၿမိဳင္ၿမိဳ႕ေပၚမွာက်ေစာင့္ ေရွာက္တဲ့ လုံၿခဳံေရးအဖြဲ႕ကနည္းတယ္။ ၿပီးေတာ့ ၿမိဳင္ၿမိဳ႕ေပၚက ေတာၿမိဳ႕ဆိုေတာ့ ႀကိဳက္တဲ့ေနရာက ဝင္လို႔ထြက္လို႔ရတယ္။ PDF ကလည္း တျခားက မဟုတ္ဘဲ နယ္ခံေတြခ်ည္းပဲဆိုတဲ့အခါက်ေတာ့ ၿမိဳင္ၿမိဳ႕ေပၚက လူေတြကေတာ္ေတာ္ေလး ေခ်ာက္ ေခ်ာက္ခ်ားခ်ားေနေနရတယ္။ ျပည္သူ႔စစ္႐ြာေတြနဲ႔ မတူဘူး။ ေတာ္ေတာ္ဆိုးတယ္။ ၿမိဳ႕ေပၚမွာလည္း လူကေတာ့ မရွိသ‌ေလာက္ပါပဲ။

ေမး - ၿမိဳ႕ေပၚမွာ ေဒသခံ ဘယ္ေလာက္ေလာက္ပဲ က်န္လဲ။
ေျဖ - ေဒသခံကေတာ့ ကာလာအေနနဲ႔ေျပာမယ္ဆိုရင္ ဝန္ထမ္းေတြဆိုရင္လည္း ေထြအုပ္႐ုံးထဲနဲ႔ ရဲစခန္း ထဲမွာနဲ႔ပဲ ရွိေတာ့တယ္။ က်န္တဲ့လူေတြကေတာ့ PDF နဲ႔ မကင္းရာ မကင္းေၾကာင္းေတြေပါ့။ တစ္နည္း နည္းနဲ႔ ႏြယ္တဲ့လူေတြပဲ ရွိေတာ့တယ္။ က်န္တဲ့လူေတြ ကေတာ့ လုံးဝမရွိေတာ့ဘူး။

ေမး - ကုန္စည္လည္ပတ္တာေတြ၊ ရိကၡာေတြက် ေတာ့ေကာ။
ေျဖ - သူတို႔ စစ္ေၾကာင္းကိုပဲ ေစာင့္ရတာ။ စစ္ ေၾကာင္းမလာရင္ေတာ့ ၿပီးေရာ။

ေမး - စာသင္ေက်ာင္းေတြေကာ ဖြင့္လို႔ရလား။
ေျဖ - စာသင္ေက်ာင္းက ကန္နီမွာလည္းဖြင့္တယ္။ ဒါေပမဲ့လည္း စာေျဖဌာနက မရွိတဲ့အခါ အဲဒီကေလး ေတြ စာေျဖဖို႔က အခက္အခဲလည္းရွိတယ္။ ၿမိဳင္ၿမိဳ႕ ေပၚလည္းပဲ ဖြင့္တယ္လို႔ မဟုတ္ဘူး။ မဟုတ္ေပမယ့္ လူနည္းနည္းေလးရွိတယ္ထင္တယ္။ ၿမိဳင္ၿမိဳ႕ေပၚ ကေတာ့ စာသင္ေက်ာင္းထဲမသင္ဘဲ ေထြအုပ္႐ုံးထဲ သင္တာထင္တယ္။

ေမး-က်န္းမာေရးအတြက္ေကာ ဘယ္လိုေျဖရွင္းေန ရလဲ။
ေျဖ - က်န္းမာေရးအတြက္ကေတာ့ ေတာ္ေတာ္ ခက္ခက္ခဲခဲပဲ။ ကန္နီမွာေတာ့ တပ္ကလည္းပဲ ထားမလားမသိ။ စစ္ေၾကာင္းေတြကလည္း နည္းနည္း ရွိေတာ့။ အဲဒီအတြက္ကေတာ့ တပ္ဘက္ကလူေတာ့ ရွိေကာင္းရွိႏိုင္တယ္။ ေသခ်ာေတာ့ ေမးမၾကည့္ျဖစ္ ဘူး။ ၿမိဳင္ၿမိဳ႕ေပၚကေတာ့ ေတာ္ေတာ္ခက္ခဲတယ္။ ေဆးဝါး ဘာညာကအစ။ သူတို႔ကေတာ့ စစ္ေၾကာင္း ကိုပဲ မွီခိုေနရတာ ။ စစ္ေၾကာင္းမလာရင္ေတာ့ ေတာ္ ေတာ္ ဒုကၡေရာက္တယ္။ စစ္ေၾကာင္းမလာရင္ေတာ့ အေစာပိုင္းက ေလယာဥ္ေတြ ဘာေတြနဲ႔ ရိကၡာပို႔တယ္ လို႔ေျပာတယ္။

ေမး - စစ္ေၾကာင္းက ဘယ္ႏွလတစ္ခါေလာက္ လာလဲ။ ေလယာဥ္ကေကာ ဘယ္လိုမ်ိဳးခ်ေပးလဲ။
ေျဖ - စစ္ေၾကာင္းကေတာ့ ေစာေစာပိုင္းကေတာ့ (၆)လ ၊ (၁)ႏွစ္တို႔ ေတာ္ေတာ္ေလး ၾကာလိုက္တယ္။ ေတာ္ေတာ္ေလး အဆင္မေျပျဖစ္သြားတယ္။ ၿမိဳင္ၿမိဳ႕ နဲ႔ မႏၲေလးနဲ႔လည္း ကားေတြကထြက္ေနတယ္။ ၿမိဳင္ၿမိဳ႕ေပၚေတာ့ မဟုတ္ဘူး ၿမိဳင္ၿမိဳ႕နားအထိေပါ့ေနာ္။ၿမိဳ႕ေပၚကို ရိကၡာေတြ လုံးဝေပးမသယ္တာေပါ့ေနာ္။ အဓိကကေတာ့ PDF က‌ ေပးမသြင္းတာေပါ့ေနာ္။ PDF ကပဲျဖတ္တာ အဲဒါမ်ိဳးေတြ။ ၿမိဳ႕ေပၚနဲ႔ ျပည္သူ႔ စစ္ေတြက ေတာ္ေတာ္ေလး အဆင္မေျပတာေပါ့ေနာ္။ စားေရးေသာက္ေရးေရာ။ စီးပြားေရးဆိုတာကေတာ့ လုံးဝကို စားဖို႔ေသာက္ဖို႔ေတာင္ အဆင္မေျပဘူးဆို ေတာ့ စီးပြားေရးကေတာ့ လုံးဝပဲ။

ေမး - ၂၀၂၁ မတိုင္ခင္ကာလနဲ႔ အခု ျဖတ္သန္း ေနရတဲ့ကာလေတြကို ႏႈိင္းယွဥ္ၾကည့္ရင္ ဘာေတြ ကြာျခားသြားတယ္လို႔ေျပာလို႔ရလဲ။
ေျဖ - ဘာေတြ ကြာျခားလဲဆိုေတာ့ အဓိကကေတာ့ လုံးဝသနားစရာအေကာင္းဆုံးကေတာ့ ကေလးေတြ ေပါ့။ ေက်ာင္းမေနရတာေပါ့။ ျပႆနာေပါ့။ အရည္မရ အဖက္မရ ဘာမွလည္းမဟုတ္ဘဲနဲ႔ ဝါဒျဖန႔္တဲ့ သေဘာမ်ိဳးနဲ႔ NUG ဖြင့္ထားတဲ့ ေက်ာင္းေတြ၊ ဒါကလည္းပဲ ဘယ္သူမွလည္း မတက္ခ်င္ဘူး။ ႐ြာထဲမွာဆိုေတာ့ ကေလးေပါက္စေတြကလည္း ဘယ္မွလည္းထြက္လို႔မရ။ အဲဒီကေလးေတြကိုပဲ ႐ြာထဲမွာရွိတဲ့ (၄၊ ၅) တန္းသမားက (၁)တန္း (၂) တန္း သင္ (၇)တန္း (၈)တန္းသမားက (၄)တန္း(၅)တန္းသင္ အဲဒီလိုပုံစံနဲ႔ပဲ ဖြင့္ထားတဲ့ေက်ာင္းေတြပဲ ဆိုေတာ့ ကေလးေတြရဲ႕ပညာေရးကေတာ့ ေတာ္ ေတာ္ရင္နာဖို႔ေကာင္းပါတယ္။ ဒါနံပါတ္ (၁)ေပါ့။ နံပါတ္(၂)ကေတာ့ မုန္းတီးစိတ္ေတြ ပိုၿပီးေတာ့မ်ား လာေတာ့ေပါ့ေနာ္။ စီးပြားေရးအေနနဲ႔ကေတာ့ ၿမိဳင္နဲ႔‌ေဝး‌ေဝးေပါ့ေနာ္၊ ျပည္သူ႔စစ္႐ြာမဟုတ္တဲ့႐ြာ ေတြ ၿမိဳင္နဲ႔ေဝးတဲ့ေနရာေတြေတာ့ အရမ္းမဆိုးဘူး။ဘာျဖစ္လို႔လဲဆိုေတာ့ သီးႏွံေတြ ဥပမာ ပဲစင္းငုံေပါ့။ ႏွမ္းတို႔၊ ေျမပဲတို႔ ေဒသကထြက္တဲ့ဟာ။ အဲဒါေတြ ေတာ္ေတာ္မ်ားမ်ားက ဒီဘက္ပိုင္းေတြမွာ အရမ္းေဈး ေတြကေျမာက္တာ။ (၂၀၂၁)မတိုင္ခင္မွာ (၂)ေသာင္းဝန္းက်င္ပဲရွိတယ္ဆိုရင္ အခုက်ေတာ့ သိန္း ေက်ာ္ေတြဆိုတဲ့အခါက်ေတာ့ ေတာင္သူေတြကလည္း ပုံမွန္လုပ္လို႔ရတယ္။ သူတို႔ေတာင္းတာေတာ့ေပး ရတယ္။ သူတို႔စည္းမ်ဥ္းစည္းကမ္းေအာက္မွာပဲ ေနၾကရတာ တစ္ခုပဲဆိုေပမယ့္ သီးႏွံေဈးေကာင္းတဲ့ အခါက်ေတာ့ ၿမိဳ႕နဲ႔ေဝးၿပီးေတာ့ ေတာင္သူပုံမွန္လုပ္ လို႔ရတာေတြေတာ့ မဆိုးၾကဘူးလို႔ထင္တယ္။ အျမင္ ကိုေျပာျပတာပါ။ ‌ေတာ္ေတာ္မ်ားမ်ားေတာ့ လုပ္ခြင့္ မရတာေတာ့ မ်ားတယ္။ လုပ္ခြင့္မရတာက ဘယ္လို လဲဆိုေတာ့ လူငယ္လူ႐ြယ္ေတြက မေနရဲၾကဘူးေပါ့ ေနာ္။ မေနရဲေတာ့ ၿမိဳ႕ေတြမွာ သြားၾကလာၾက ေရွာင္ တိမ္းၾကတာေပါ့။ ဘယ္လိုမွ ေနလို႔မရ၊ ဒါေတြကို ပစ္ခဲ့လို႔မရတဲ့လူေတြက်ေတာ့ ေသကာမွ ေသေရာဆိုၿပီး ေတာ့ ေနၾကတာပဲ။ သူတို႔စည္းမ်ဥ္းစည္းကမ္းနဲ႔ေန ေနရတာေပါ့။ ‌ေတာ္လွန္ေရးရန္ပုံေငြအတြက္ ဘယ္ ေလာက္ေပးဆိုလည္း ေပးလိုက္တာေပါ့ အဲဒီလိုပုံစံမ်ိဳးနဲ႔ေနေနတဲ့လူေတြကေတာ့ သူဟာနဲ႔သူေတာ့ ေနလို႔ထိုင္လို႔ရတဲ့သ‌ေဘာေပါ့။ က်န္တဲ့ေတာ္ေတာ္ မ်ားမ်ားက မေနရဲၾကေတာ့ ေရွာင္လို႔ရတဲ့လူေတြက ေတာ့ ေရွာင္ေနရတာေပါ့။ ၿမိဳင္နယ္ရဲ႕ ေျမာက္ဘက္မွာ အိမ္ေျခေထာင္ခ်ီရွိတဲ့ ၿမိဳင္ၿမိဳ႕ေလာက္ရွိတဲ့႐ြာႀကီးရွိတယ္။ ရန္ကုန္နဲ႔ဆိုရင္ ကားေတြ ေန႔စဥ္ (၃)စီး၊ (၄)စီးေလာက္ရွိတယ္ အရင္တုန္းက ေကာင္းတုန္းက‌ေပါ့။ အဲဒီမွာ အထက္တန္းေက်ာင္းေတြ ၊ ေဆး႐ုံေတြ ရွိတယ္။ အဲဒီ႐ြာဆိုရင္ လူဦးေရက လက္ခ်ိဳးေရလို႔ ရတယ္။ သူတို႔နဲ႔ ပတ္သက္တဲ့ လူေန‌ေတြေလာက္ပဲ က်န္ခဲ့တာ။ က်န္တဲ့လူေတြက ဘယ္သူမွမေနရဲဘူး။ PDF ေတာ္ေတာ္မ်ားမ်ားက ပညာမတတ္တဲ့ ႐ြာ ႐ြာၿမိဳ႕ၿမိဳ႕ေပါ့ေနာ္။ ေတာ္‌ေတာ္မ်ားမ်ားက ဟိုတုန္းက လူမသုံးတဲ့လူေတြက လက္နက္ကိုင္ၿပီးေတာ့ ဒီလို မ်ိဳးဗိုလ္လုပ္ၾကတာမ်ားတယ္။ မ်ားတဲ့အခါက်ေတာ့ နဂိုကတည္းက အျမင္မၾကည္တဲ့အခါက်ေတာ့ လူ ေတြ ေကာင္းေကာင္းအလုပ္မရဘူးဆိုတဲ့ ၿခိမ္းေျခာက္ ၿပီးေတာ့ အလုပ္မလုပ္ရဲေအာင္လုပ္ၾကတာပါပဲ တကယ္တမ္းက်ေတာ့။ အခုေတာ္လွန္ေရးသမားေတြ ခြင္တည့္သြားတာေတာ့ ေရနံေျမေပါ့ေနာ္။ ေက်ာက္ခြက္တို႔ ဘာတို႔ဆိုတာ ၿမိဳင္နယ္ထဲက ၿမိဳင္နဲ႔ေပါက္နဲ႔ အစပ္ေပါ့ေနာ္။ ေပါက္ၿမိဳ႕နယ္ဆိုတာလည္း မေကြး တိုင္းထဲကေပါ့။ အစပ္မွာ ေရနံေတြ တအားထြက္ တဲ့ေနရာရွိတယ္။ ေက်ာက္ခြက္ဆိုတာက အစိုးရရဲ႕ သတ္မွတ္ထားတဲ့ ပုဂၢလိကေတြ တူးခြင့္မရွိတဲ့ေနရာ။ တကယ္အစိုးရ စီးပြားျဖစ္တူးလို႔ရတဲ့ေနရာေပါ့။ အခု က်ေတာ့ ဘယ္သူမွလည္း လုံၿခဳံေရး မရွိတဲ့အခါက် ေတာ့ PDF ေခါင္းေဆာင္ေတြ၊ PDF နဲ႔ ပတ္သက္တဲ့ လူေတြခ်ည္းပဲ ေရနံတူးတဲ့အခါက်ေတာ့ တစ္ေန႔ တစ္ေန႔ကို နည္းတာမဟုတ္ဘူး။ သိန္းကိုပဲ ေထာင္ ဂဏန္း ေသာင္းဂဏန္းရွိတယ္။ လည္ပတ္ေနတာ။ PDF ေတြလည္းပဲ ဘာေတာ္လွန္ေရးမွလည္း မလုပ္ေတာ့ဘူး။ စီးပြားေရးပဲလုပ္ေနၾကတာ။ သူတို႔ လည္း သိတယ္။ တိုက္လို႔လည္း မရေတာ့ဘူးဆို တာလည္းသိတယ္။ NUG ကိုလည္း မယုံဘူး။ တပ္ ကိုလည္း တိုက္လို႔ မႏိုင္ဘူးဆိုတာ သိတဲ့အခါက်ေတာ့ စီးပြားေရးပဲလုပ္ၾကေတာ့တာ။ ေရနံတူးတဲ့ေကာင္က တူးတယ္။ ႐ြာေတြမွာ ေတာ္လွန္ေရးအေၾကာင္းျပၿပီး ေတာ့ ပိုက္ဆံေတြ ေတာင္းၿပီးေတာ့ ရန္ပုံေငြ ေတာင္း ၿပီးစုတဲ့ေကာင္စုတယ္။ နည္းမ်ိဳးစုံနဲ႔ပဲ စီးပြားေရး လုပ္ေနၾကတယ္ အခုေနာက္ပိုင္း။ ေက်ာင္းတက္ တဲ့လူေတြလည္း အရင္တုန္းက ႐ြာကေန ၿမိဳ႕တတ္ၿပီး ေက်ာင္းတက္ရင္ ျပန္ေခၚခိုင္းတာ။ တက္ခြင့္မေပးဘူး ေပါ့ေနာ္။ ဘယ္မွ တက္လို႔မရဘူး။ ေက်ာင္းတက္ တယ္ၾကားရင္ ျပန္ေခၚတာ။ ျပန္မလာရင္ က်န္တဲ့ လူကို ဘာလုပ္မယ္ ညာလုပ္မယ္ဆိုေတာ့ ၿမိဳ႕ေတာင္ သြားမတတ္ရဲၾကဘူး။ အခုက်ေတာ့ ဘာျဖစ္လဲဆို ေတာ့ မသိခ်င္ေယာင္ေဆာင္ေနရတာေပါ့။ တရားဝင္ ခြင့္ျပဳတယ္လို႔ေတာ့မဟုတ္ဘူး။ ၿမိဳ႕တက္ခ်င္လည္း သြားတက္တဲ့လူကို သိပ္ျပႆနာမရွာေတာ့ဘူးေပါ့ ေနာ္။ ေနာက္ဆုံးေတာ့ အကုန္လုံးစီးပြားေရးပဲ လုပ္ ေနၾကတာပဲ။

ေမး - ‌ေတာ္လွန္ေရးရန္ပုံေငြေကာက္တယ္လို႔ၾကားတယ္။ ေကာက္တယ္ဆိုေတာ့ သူတို႔သတ္မွတ္ထားတဲ့ ပမာဏရွိလား။ ဆက္ေၾကးေကာက္တဲ့သေဘာကိုေပါ့။
ေျဖ - အဲဒါက တစ္႐ြာနဲ႔တစ္႐ြာမတူဘူး။ တခ်ိဳ႕ ႐ြာက်ေတာ့လည္း ေကာက္တယ္။ ေကာက္တဲ့ေနရာမွာ လည္း အဲဒီ႐ြာမွာရွိတဲ့ PDF ရဲ႕ သေဘာထားပဲ။ တစ္လကို (၅)ေသာင္း၊ (၆)ေသာင္း၊ (၂)ေသာင္း၊ (၃)ေသာင္းေပါ့။ ဘယ္ေလာက္ပဲ ပိုက္ဆံ မရွိ၊ မရွိ ကင္းလြတ္တယ္ေတာ့မရွိဘူး။ အနည္းဆုံး(၂)ေသာင္း၊ (၃)ေသာင္း ထည့္ရတယ္။ ေနာက္ဆုံး တစ္သုတ္ခြဲတုန္းကဆိုရင္ တစ္သိန္း ၊ (၂)သိန္း ၊ (၃)သိန္း ဆိုၿပီးေတာ့ (၃)စားခြဲတယ္။ အဲဒီလိုခြဲေတာ့ တခ်ိဳ႕တဝက္လည္း ထည့္ၿပီးၿပီ။ ထည့္ၿပီးတဲ့အေန အထားမ်ိဳးမွာ အဲဒါ (၂၀၂၄) ထဲမွာျဖစ္တာေပါ့ေနာ္။ အရင္တုန္းတည္းက ခြဲလာၿပီးေတာ့ (၂၀၂၄) ထဲမွာ ဒါေနာက္ဆုံးပဲ ဆိုၿပီးေတာ့ေတာင္းလိုက္တာ တစ္ သိန္း ၊ (၂)သိန္း၊ (၃)သိန္း ဆိုၿပီးေတာ့ခြဲတယ္။ တခ်ိဳ႕က မေက်နပ္ေတာ့ နည္းနည္းပါးပါးေလ်ာ့ တယ္လို႔လည္းၾကားတယ္။ ႐ြာတိုင္း႐ြာတိုင္းမွာ က်န္ တဲ့ေနရာေတြသာ မီးပ်က္ခ်င္ပ်က္မယ္။ ၿမိဳင္နယ္က ေတာ့ မပ်က္ဘူး။ ႐ြာေတြအကုန္လုံးကေလ။ ပ်က္ ရင္ေတာင္ အခ်ိန္ကေတာ့ ‌ေတာ္ေတာ္မွန္မွန္ကိုလာ တယ္။ အဲဒါေတြကလည္း အစိုးရက မီတာေတြ လာမေကာက္ႏိုင္တဲ့အခါက်ေတာ့ PDF ေတြကပဲ ေကာက္သုံးေနတာေပါ့။ ေနာက္ ရပ္႐ြာေတြတိုင္းမွာ ေရမီတာေတြ တပ္ထားတာရွိတယ္။ ကိုယ္ထူကိုယ္ထ စနစ္နဲ႔။ အဲဒါေတြလည္းပဲ အရင္တုန္းကေတာ့ တစ္ယူနစ္ကို (၂၀ဝ၊ ၃၀ဝ)ေလာက္ ပုံမွန္ လည္ပတ္ေနတာနဲ႔ အခုက်ေတာ့ တစ္ယူနစ္ကို (၁၀ဝဝ၊ ၂၀ဝဝ) ေတာင္းၿပီးေတာ့ သူတို႔ ရန္ပုံေငြဆိုၿပီး သုံးေနၾကတာရွိတယ္။ လုံးဝမေကာက္တဲ့ ႐ြာေတာ့ မရွိဘူး ‌သူတို႔ရန္ပုံေငြဆိုတာက။ ျပည္သူေတြကေတာ့ အသက္ႀကီးတဲ့လူေတြကေတာ့ အေဝးကို ေရွာင္ဖို႔က ခဲယဥ္းတယ္။ မိသားစုလိုက္ေရွာင္ဖို႔က မလြယ္ဘူး ေလ။ လူ(၁၀ဝ)မွာ တစ္မိသားစုေရွာင္ဖို႔က မလြယ္ ဘူးေလ။ ဘယ္လိုလူမ်ိဳးေတြက ေရွာင္လဲဆိုေတာ့ PDF ထဲကိုမဝင္တဲ့ လူငယ္လူ႐ြယ္ေတြ မွန္သမွ်က ေတာ့ ႐ြာတိုင္း႐ြာတိုင္း ဘယ္သူမွမရွိေတာ့ဘူးေပါ့။ မိန္းကေလး ေယာက်ာ္းေလးအကုန္လုံး ၿမိဳ႕ေတြကို ေရွာင္ၾကတာေပါ့။

ေမး - PDF အေနနဲ႔ေကာ ေယာက်ာ္းေလးေတြကို သူတို႔ထဲကို အတင္းသြင္းတာမ်ိဳးေတြရွိလား။
ေျဖ - အဲဒီလိုေတာ့ မၾကားမိဘူး။ သူတို႔နဲ႔ သေဘာ ထားခ်င္းတူတဲ့လူေတြပဲ ဝင္ၾကတာမ်ားပါတယ္။ သူစိမ္းကလည္း မဝင္ဘူး။ ဝင္မယ္ေျပာရင္လည္း သူတို႔က အယုံအၾကည္မရွိဘူး။ အဲဒီတစ္ခုေတာ့ ရွိတယ္။

အခုလို ေျဖေပးတာ ေက်းဇူးတင္ပါတယ္ရွင္။

Related news

© 2021. All rights reserved.