တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်အစည်အဝေးများကိုတစ်ပြိုင်နက်ကျင်းပကာ ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်

348

သန့်မင်းအိမ် (NP News) - မတ် ၂၀
မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အသီးသီး၏အစည်းဝေးများကို ယနေ့တွင် တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ပြီး လွှတ်တော်အသီးသီးအတွက် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများကို ရွေးချယ်တင်မြှောက်ခဲ့ကြကြောင်သိရသည်။
ထိုသို့ရွေးချယ်ရာတွင် ကချင်ပြည်နယ်၌ ဦးရာဝမ်ဂျုံးနှင့် ဦးသိန်းထွန်းအေး၊ ကယားပြည်နယ်၌ ဦးမော်ရယ်နှင့် ဦးစိုးရယ်၊ ကရင်ပြည်နယ်၌ ဦးစန်းကိုနှင့် ဦးအေးမင်းထွေး၊ ချင်းပြည်နယ်၌ ဦးကောလ်လျန်ထန်းနှင့် ဦးသန့်ဇင်ဦး တို့ကိုရွေးချယ်တင်မြှောက်ခဲ့ကြောင်းသိရသည်။
၎င်းအပြင် စစ်ကိုင်းတိုင်း၌ ဦးတင့်လှိုင်မြင့်နှင့် ဦးမျိုးသန့်၊ တနင်္သာရီတိုင်း၌ ဦးမြတ်ကိုနှင့် ဦးခင်မောင်မြင့်၊ ပဲခူးတိုင်း၌ ဦးအောင်ချိုဦးနှင့် ဦးကျော်ဌေး၊ မကွေးတိုင်း၌ ဒေါက်တာမောင်မောင်ဌေးနှင့် ဦးခင်မောင်ညို တို့ကိုရွေးချယ်တင်မြောက်ခဲ့ကြောင်းသိရသည်။
ထို့အတူ မန္တလေးတိုင်း၌ ဦးအောင်ကျော်မိုးနှင့် ဦးကျော်မြင့်၊ မွန်ပြည်နယ်၌ ဦးသက်ထွေးနှင့် ဦးမင်းအောင်မြင့်၊ ရခိုင်ပြည်နယ်၌ ဒေါက်တာစန်းရွှေနှင့် ဒေါက်တာထင်လင်းဦး၊ ရန်ကုန်တိုင်း၌ ဦးဌေးအောင်နှင့် ဦးကျော်ကျော်စိုး အားရွေးချယ်တင်မြှောက််ခဲ့ပြီး ရှမ်းပြည်နယ်၌ ဦးစိုင်းလုံးကျော်နှင့် ဦးစိုင်းထွန်းစိန်၊ ဧရာဝတီတိုင်း၌ ဦးသိန်းထွန်းနှင့် ဦးသက်နိုင်ဦးတို့ကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အထူးသဖြင့် ရခိုင်ပြည်နယ်လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူ ဒေါက်တာစန်းရွှေမှာ အရပ်ဘက်မှ ဆရာဝန်တစ်ဦးဖြစ်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူ ဒေါက်တာထင်လင်းဦးမှာလည်း ဆရာဝန်တစ်ဦးဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးစလုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖြစ်ကြောင်းလည်း သိရှိရသည်။
လွှတ်တော်ကျင်းပမှုနှင့်ပတ်သက်၍ လုံခြုံရေးကို အတွင်းစည်း၊ အပြင်စည်းများဖြင့် အပြည့်အဝတာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ “ဗျောက်သံတောင်မကြားရဘူး၊ အနားတောင်မကပ်နိုင်ဘူး။ အေးအေးဆေးဆေးပဲ ပြီးသွားတယ်” ဟု ကယားပြည်နယ်မှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ထို့ပြင်ကိုယ်စားလှယ်များတည်းခိုရာရိပ်သာများတွင်ည်းလျှပ်စစ်မီးအခက်အခဲမရှိစေရန် 100 kVA ဆိုလာစနစ်များ တပ်ဆင်ပေးထားကြောင်း သိရသည်။
“လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ လွှတ်တော်မှာ အခန်းတွေ ရှိတယ်၊ ရိပ်သာရှိတယ်။
အဲဒီ ရိပ်သာမှာလည်း ဒီမှာ လျှပ်စစ် မခဲယဉ်အောင် ဆိုပြီးတော့ 100 kVA ဆိုလာ တပ်ပေးထားတယ်။100 kVA ဆိုလာ တပ်ပေးထားတော့ နေ့ခင်း လွှတ်တော်အစည်းအဝေး၊ ညကျရင် လွှတ်တော်ရိပ်သာ လုံခြုံရေး မီး၊ အလင်းရောင် အကုန်ရအောင် စီစဉ်ထားတာပေါ့ နော်” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှအကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

Zawgyi Version:
တိုင္းေဒသႀကီးႏွင့္ျပည္နယ္လႊတ္ေတာ္မ်ား လႊတ္ေတာ္အစည္အေဝးမ်ားကိုတစ္ၿပိဳင္နက္က်င္းပကာ ဥကၠ႒ႏွင့္ ဒု-ဥကၠ႒မ်ား ေ႐ြးခ်ယ္တင္ေျမႇာက္
သန႔္မင္းအိမ္ (NP News)မတ္ ၂၀
ျမန္မာႏိုင္ငံတစ္ဝန္းရွိ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္အသီးသီး၏အစည္းေဝးမ်ားကို ယေန႔တြင္ တစ္ၿပိဳင္နက္တည္း က်င္းပျပဳလုပ္ခဲ့ၿပီး လႊတ္ေတာ္အသီးသီးအတြက္ ဥကၠ႒ႏွင့္ ဒုတိယဥကၠ႒မ်ားကို ေ႐ြးခ်ယ္တင္ေျမႇာက္ခဲ့ၾကေၾကာင္သိရသည္။
ထိုသို႔ေ႐ြးခ်ယ္ရာတြင္ ကခ်င္ျပည္နယ္၌ ဦးရာဝမ္ဂ်ဳံးႏွင့္ ဦးသိန္းထြန္းေအး၊ ကယားျပည္နယ္၌ ဦးေမာ္ရယ္ႏွင့္ ဦးစိုးရယ္၊ ကရင္ျပည္နယ္၌ ဦးစန္းကိုႏွင့္ ဦးေအးမင္းေထြး၊ ခ်င္းျပည္နယ္၌ ဦးေကာလ္လ်န္ထန္းႏွင့္ ဦးသန႔္ဇင္ဦး တို႔ကိုေ႐ြးခ်ယ္တင္ေျမႇာက္ခဲ့ေၾကာင္းသိရသည္။
၎အျပင္ စစ္ကိုင္းတိုင္း၌ ဦးတင့္လႈိင္ျမင့္ႏွင့္ ဦးမ်ိဳးသန႔္၊ တနသၤာရီတိုင္း၌ ဦးျမတ္ကိုႏွင့္ ဦးခင္ေမာင္ျမင့္၊ ပဲခူးတိုင္း၌ ဦးေအာင္ခ်ိဳဦးႏွင့္ ဦးေက်ာ္ေဌး၊ မေကြးတိုင္း၌ ေဒါက္တာေမာင္ေမာင္ေဌးႏွင့္ ဦးခင္ေမာင္ညိဳ တို႔ကိုေ႐ြးခ်ယ္တင္ေျမာက္ခဲ့ေၾကာင္းသိရသည္။
ထို႔အတူ မႏၲေလးတိုင္း၌ ဦးေအာင္ေက်ာ္မိုးႏွင့္ ဦးေက်ာ္ျမင့္၊ မြန္ျပည္နယ္၌ ဦးသက္ေထြးႏွင့္ ဦးမင္းေအာင္ျမင့္၊ ရခိုင္ျပည္နယ္၌ ေဒါက္တာစန္းေ႐ႊႏွင့္ ေဒါက္တာထင္လင္းဦး၊ ရန္ကုန္တိုင္း၌ ဦးေဌးေအာင္ႏွင့္ ဦးေက်ာ္ေက်ာ္စိုး အားေ႐ြးခ်ယ္တင္ေျမႇာက္္ခဲ့ၿပီး ရွမ္းျပည္နယ္၌ ဦးစိုင္းလုံးေက်ာ္ႏွင့္ ဦးစိုင္းထြန္းစိန္၊ ဧရာဝတီတိုင္း၌ ဦးသိန္းထြန္းႏွင့္ ဦးသက္ႏိုင္ဦးတို႔ကို တာဝန္ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အထူးသျဖင့္ ရခိုင္ျပည္နယ္လႊတ္ေတာ္တြင္ ဥကၠ႒အျဖစ္ ေ႐ြးခ်ယ္ခံရသူ ေဒါက္တာစန္းေ႐ႊမွာ အရပ္ဘက္မွ ဆရာဝန္တစ္ဦးျဖစ္ၿပီး ဒုတိယဥကၠ႒အျဖစ္ ေ႐ြးခ်ယ္ခံရသူ ေဒါက္တာထင္လင္းဦးမွာလည္း ဆရာဝန္တစ္ဦးျဖစ္ေၾကာင္း သိရသည္။ ၎တို႔ႏွစ္ဦးစလုံးမွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ျဖစ္ေၾကာင္းလည္း သိရွိရသည္။
လႊတ္ေတာ္က်င္းပမႈႏွင့္ပတ္သက္၍ လုံၿခဳံေရးကို အတြင္းစည္း၊ အျပင္စည္းမ်ားျဖင့္ အျပည့္အဝတာဝန္ယူေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။ “ေဗ်ာက္သံေတာင္မၾကားရဘူး၊ အနားေတာင္မကပ္ႏိုင္ဘူး။ ေအးေအးေဆးေဆးပဲ ၿပီးသြားတယ္” ဟု ကယားျပည္နယ္မွတာဝန္ရွိသူတစ္ဦးကေျပာၾကားခဲ့သည္။ထို႔ျပင္ကိုယ္စားလွယ္မ်ားတည္းခိုရာရိပ္သာမ်ားတြင္ည္းလွ်ပ္စစ္မီးအခက္အခဲမရွိေစရန္ 100 kVA ဆိုလာစနစ္မ်ား တပ္ဆင္ေပးထားေၾကာင္း သိရသည္။
“လႊတ္ေတာ္ကိုယ္စားလွယ္ေတြက သူတို႔ လႊတ္ေတာ္မွာ အခန္းေတြ ရွိတယ္၊ ရိပ္သာရွိတယ္။
အဲဒီ ရိပ္သာမွာလည္း ဒီမွာ လွ်ပ္စစ္ မခဲယဥ္ေအာင္ ဆိုၿပီးေတာ့ 100 kVA ဆိုလာ တပ္ေပးထားတယ္။100 kVA ဆိုလာ တပ္ေပးထားေတာ့ ေန႔ခင္း လႊတ္ေတာ္အစည္းအေဝး၊ ညက်ရင္ လႊတ္ေတာ္ရိပ္သာ လုံၿခဳံေရး မီး၊ အလင္းေရာင္ အကုန္ရေအာင္ စီစဥ္ထားတာေပါ့ ေနာ္”ဟု ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕မွအႀကီးတန္းအရာရွိတစ္ဦးကေျပားသည္။