ပြည်တွင်း၌ တရားမဝင် အွန်လိုင်းဂိမ်းများ ခေတ်စားနေပြီး နိုင်ငံတော်နစ်နာနေ

 454

ပြည့်ဖြိုး (NP News) - မတ် ၁၉

ပြည်တွင်း၌ အခွန်ဆောင်ရန်မလိုအပ်သော အွန်လိုင်းဂိမ်း၊ စလော့ဂိမ်း၊ ငါးပစ်ဂိမ်း နှင့် မိုဘိုင်းဂိမ်း များတွင် ဆော့ကစားသူအများအပြားရှိနေသောကြောင့် နိုင်ငံတော်အတွက် အခွန်နစ်နာမှုများဖြစ် ပေါ်နေကြောင်း သိရသည်။

မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေမှုစနစ်များကို အသုံးပြုကာလောင်းကစားဆောင်ရွက်နေခြင်းဖြစ် ပြီး တရားဝင်လုပ်ငန်းအသိအမှတ်ပြုထားခြင်းမရှိ ကြောင်းလည်း သိရသည်။ “ K pay ၊ Wave pay တော်တော်များများ မိုဘိုင်းပိုက်ဆံနဲ့ကစားလို့ရတယ် တစ်ရက်ကိုသိန်းချီပြီးနိုင်တဲ့သူရှိသလို ၊ ရှုံးတဲ့သူတွေ လည်း ရှိပါတယ်။ ရန်ကုန်နဲ့မန္တလေးအပါအဝင်မြို့ တော်တော်များများက ကစားတဲ့သူ သောင်းချီပြီးရှိပါ တယ်၊ ငွေလွှဲစနစ်တွေကို ခြေရာခံလို့မရအောင် သေ ချာလုပ်ထားတာကြောင့် အလွယ်တကူဖမ်းဖို့ မလွယ် ပါဘူး။ ပြည်တွင်းမှာ အခုမှစပြီး အွန်လိုင်းလောင်းက စားတွင်ကျယ်လာတာ ပြည်ပမှာက အွန်လိုင်းလောင်း ကစားလုပ်ငန်းက တွင်ကျယ်နေတာကြာပြီ တရုတ် တွေခေါ်တာကတော့ ကျားဖျန့်လို့ ခေါ်ပါတယ်”ဟု မြဝတီမြို့နယ် ရွှေက္ကိုမြို့သစ်တွင် ကျားဖျန့်လုပ်ငန်း များ လုပ်ကိုင်ခဲ့ဖူးသူ မြန်မာလူမျိုး မန်နေဂျာတစ်ဦးက NP News သို့ပြောကြားသည်။

လတ်တလောတွင် မိုဘိုင်းဖုန်းအသုံးပြုကာ အလွယ်တကူ လောင်းကစားပြုလုပ်နိုင်ခြင်းကြောင့် ဆော့ကစားသူမြင့်တက်နေသော်လည်း သက်ဆိုင်ရာမှခွင့်ပြုထားခြင်းမရှိသောကြောင့် အခွန်အခများနစ် နာနေကြောင်း သိရသည်။

“ကစားတဲ့သူနိုင်ရင်လည်း အခွန်မရဘူး ရှုံးရင် လည်းခံရုံပဲ။ တကယ့်လက်ကြီးသမားဒိုင်တွေကတော့ အရမ်းချမ်းသာကုန်ကြပြီ။ အွန်လိုင်းစလော့ဂိမ်းကစား ပြီး ချမ်းသာလာတဲ့သူမတွေ့ဘူး၊ ရေရှည်ကစားရင်ကစားတဲ့သူဘက်ကရှုံးတာများတယ်၊ သက်ဆိုင်ရာက တရားမဝင် အွန်လိုင်းဂိမ်းတွေ ဖမ်းတယ်ဆိုပေမယ့် ဆော့တဲ့သူတွေကရှိနေတုန်းပဲ နိုင်ငံတော်လည်း အခွန်မရဘူး”ဟု ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက သုံးသပ်သည်။

အွန်လိုင်းလောင်းကစားလုပ်ငန်းအတွင်း နှစ်လုံး ထီ၊ သုံးလုံးထီနှင့်ဘောလုံးလောင်းကစားအပြင် အွန် လိုင်းစလော့းဂိမ်းများ လတ်တလော ကျယ်ပြန့်စွာလူထု အကြား ဆော့ကစားနေသော်လည်း သက်ဆိုင်ရာက တိကျသောစည်းမျဉ်းစည်းကမ်းမရှိသလို တရားမဝင်လောင်းကစားများအဖြစ် ရပ်တည်နေဆဲဖြစ်သည်။

zawgyi version
ျပည္တြင္း၌ တရားမဝင္ အြန္လိုင္းဂိမ္းမ်ား ေခတ္စားေနၿပီး ႏိုင္ငံေတာ္နစ္နာေန
ျပည့္ၿဖိဳး (NP News) - မတ္ ၁၉

ျပည္တြင္း၌ အခြန္ေဆာင္ရန္မလိုအပ္ေသာ အြန္လိုင္းဂိမ္း၊ စေလာ့ဂိမ္း၊ ငါးပစ္ဂိမ္း ႏွင့္ မိုဘိုင္းဂိမ္း မ်ားတြင္ ေဆာ့ကစားသူအမ်ားအျပားရွိေနေသာေၾကာင့္ ႏိုင္ငံေတာ္အတြက္ အခြန္နစ္နာမႈမ်ားျဖစ္ ေပၚေနေၾကာင္း သိရသည္။

မိုဘိုင္းဖုန္းမွတစ္ဆင့္ ေငြေပးေခ်မႈစနစ္မ်ားကို အသုံးျပဳကာေလာင္းကစားေဆာင္႐ြက္ေနျခင္းျဖစ္ ၿပီး တရားဝင္လုပ္ငန္းအသိအမွတ္ျပဳထားျခင္းမရွိ ေၾကာင္းလည္း သိရသည္။ “ K pay ၊ Wave pay ေတာ္ေတာ္မ်ားမ်ား မိုဘိုင္းပိုက္ဆံနဲ႔ကစားလို႔ရတယ္ တစ္ရက္ကိုသိန္းခ်ီၿပီးႏိုင္တဲ့သူရွိသလို ၊ ရႈံးတဲ့သူေတြ လည္း ရွိပါတယ္။ ရန္ကုန္နဲ႔မႏၲေလးအပါအဝင္ၿမိဳ႕ ေတာ္ေတာ္မ်ားမ်ားက ကစားတဲ့သူ ေသာင္းခ်ီၿပီးရွိပါ တယ္၊ ေငြလႊဲစနစ္ေတြကို ေျခရာခံလို႔မရေအာင္ ေသ ခ်ာလုပ္ထားတာေၾကာင့္ အလြယ္တကူဖမ္းဖို႔ မလြယ္ ပါဘူး။ ျပည္တြင္းမွာ အခုမွစၿပီး အြန္လိုင္းေလာင္းက စားတြင္က်ယ္လာတာ ျပည္ပမွာက အြန္လိုင္းေလာင္း ကစားလုပ္ငန္းက တြင္က်ယ္ေနတာၾကာၿပီ တ႐ုတ္ ေတြေခၚတာကေတာ့ က်ားဖ်န႔္လို႔ ေခၚပါတယ္”ဟု ျမဝတီၿမိဳ႕နယ္ ေ႐ႊကၠိဳၿမိဳ႕သစ္တြင္ က်ားဖ်န႔္လုပ္ငန္း မ်ား လုပ္ကိုင္ခဲ့ဖူးသူ ျမန္မာလူမ်ိဳး မန္ေနဂ်ာတစ္ဦးက NP News သို႔ေျပာၾကားသည္။

လတ္တေလာတြင္ မိုဘိုင္းဖုန္းအသုံးျပဳကာ အလြယ္တကူ ေလာင္းကစားျပဳလုပ္ႏိုင္ျခင္းေၾကာင့္ ေဆာ့ကစားသူျမင့္တက္ေနေသာ္လည္း သက္ဆိုင္ရာမွခြင့္ျပဳထားျခင္းမရွိေသာေၾကာင့္ အခြန္အခမ်ားနစ္ နာေနေၾကာင္း သိရသည္။

“ကစားတဲ့သူႏိုင္ရင္လည္း အခြန္မရဘူး ရႈံးရင္ လည္းခံ႐ုံပဲ။ တကယ့္လက္ႀကီးသမားဒိုင္ေတြကေတာ့ အရမ္းခ်မ္းသာကုန္ၾကၿပီ။ အြန္လိုင္းစေလာ့ဂိမ္းကစား ၿပီး ခ်မ္းသာလာတဲ့သူမေတြ႕ဘူး၊ ေရရွည္ကစားရင္ကစားတဲ့သူဘက္ကရႈံးတာမ်ားတယ္၊ သက္ဆိုင္ရာက တရားမဝင္ အြန္လိုင္းဂိမ္းေတြ ဖမ္းတယ္ဆိုေပမယ့္ ေဆာ့တဲ့သူေတြကရွိေနတုန္းပဲ ႏိုင္ငံေတာ္လည္း အခြန္မရဘူး”ဟု ရဲတပ္ဖြဲ႕ဝင္ေဟာင္းတစ္ဦးက သုံးသပ္သည္။

အြန္လိုင္းေလာင္းကစားလုပ္ငန္းအတြင္း ႏွစ္လုံး ထီ၊ သုံးလုံးထီႏွင့္ေဘာလုံးေလာင္းကစားအျပင္ အြန္ လိုင္းစေလာ့းဂိမ္းမ်ား လတ္တေလာ က်ယ္ျပန႔္စြာလူထု အၾကား ေဆာ့ကစားေနေသာ္လည္း သက္ဆိုင္ရာက တိက်ေသာစည္းမ်ဥ္းစည္းကမ္းမရွိသလို တရားမဝင္ေလာင္းကစားမ်ားအျဖစ္ ရပ္တည္ေနဆဲျဖစ္သည္။

Related news

© 2021. All rights reserved.