ရုရှားနဲ့ ယူကရိန်းကြား အကျဉ်းသား(၁၇၅)ဦးစီ အပြန်အလှန်လဲလှယ်

 399

Pika (NP News) - မတ် ၂ဝ

ရုရှားနဲ့ ယူကရိန်းတို့ဟာ အကျဉ်းသား(၁၇၅)ဦးစီ အပြန်အလှန်လဲလှယ်ခဲ့ကြတယ်လို့ နှစ်ဘက်စလုံးရဲ့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့ကြား ဖုန်းခေါ်ဆိုမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုအကျဉ်းသား အပြန်အလှန်လဲလှယ်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါ့ပြင် ရုရှားအစိုးရဟာ ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားတဲ့ နောက်ထပ်ယူကရိန်းအကျဉ်းသား(၂၂)ဦးကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိထားတဲ့ ယူကရိန်း အကျဉ်းသား(၂၂)ဦးဟာ အရေးပေါ်ဆေးကုသမှုတွေကို လိုအပ်နေပြီး ချစ်ကြည်ရေးအမူအရာအနေနဲ့ ပြန်လည် ပေးအပ်ခဲ့တာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အဲဒီအကျဉ်းသားလဲလှယ်မှုဟာ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်း လုပ်ဆောင်ခဲ့တဲ့ အကျဉ်းသားလဲလှယ်မှုတွေအတွင်း ကြီးမားတဲ့အကျဉ်းသားလဲလှယ်မှုတစ်ခုဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဇီလန်စကီးက “ရုရှားဘက်က လွှဲပြောင်းပေးအပ်ခဲ့တဲ့ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားတဲ့ ယူကရိန်း စစ်သား(၂၂)ဦးဟာ ၎င်းတို့လိုအပ်တဲ့ဆေးဘက်ဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအကူအညီတွေကို ချက်ချင်းရရှိပါလိမ့် မယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
႐ုရွားနဲ႔ ယူကရိန္းၾကား အက်ဥ္းသား(၁၇၅)ဦးစီ အျပန္အလွန္လဲလွယ္
Pika (NP News) - မတ္ ၂ဝ

႐ုရွားနဲ႔ ယူကရိန္းတို႔ဟာ အက်ဥ္းသား(၁၇၅)ဦးစီ အျပန္အလွန္လဲလွယ္ခဲ့ၾကတယ္လို႔ ႏွစ္ဘက္စလုံးရဲ႕ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ႐ုရွားသမၼတပူတင္တို႔ၾကား ဖုန္းေခၚဆိုမႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုအက်ဥ္းသား အျပန္အလွန္လဲလွယ္မႈေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

ဒါ့ျပင္ ႐ုရွားအစိုးရဟာ ထိခိုက္ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိထားတဲ့ ေနာက္ထပ္ယူကရိန္းအက်ဥ္းသား(၂၂)ဦးကို လႊဲေျပာင္းေပးအပ္ခဲ့တယ္လို႔လည္း သိရပါတယ္။ ထိခိုက္ဒဏ္ရာ ျပင္းျပင္းထန္ထန္ရရွိထားတဲ့ ယူကရိန္း အက်ဥ္းသား(၂၂)ဦးဟာ အေရးေပၚေဆးကုသမႈေတြကို လိုအပ္ေနၿပီး ခ်စ္ၾကည္ေရးအမူအရာအေနနဲ႔ ျပန္လည္ ေပးအပ္ခဲ့တာျဖစ္တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အဲဒီအက်ဥ္းသားလဲလွယ္မႈဟာ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ပိုင္း လုပ္ေဆာင္ခဲ့တဲ့ အက်ဥ္းသားလဲလွယ္မႈေတြအတြင္း ႀကီးမားတဲ့အက်ဥ္းသားလဲလွယ္မႈတစ္ခုျဖစ္တယ္လို႔ ယူကရိန္းသမၼတ ဇီလန္စကီးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဇီလန္စကီးက “႐ုရွားဘက္က လႊဲေျပာင္းေပးအပ္ခဲ့တဲ့ထိခိုက္ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိထားတဲ့ ယူကရိန္း စစ္သား(၂၂)ဦးဟာ ၎တို႔လိုအပ္တဲ့ေဆးဘက္ဆိုင္ရာနဲ႔စိတ္ပိုင္းဆိုင္ရာအကူအညီေတြကို ခ်က္ခ်င္းရရွိပါလိမ့္ မယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.