အားလုံးကို တစ်ကြိမ်တည်းပြန်လွှတ်ဖို့နဲ့ အချိန်(၅)နှစ်ကြာ အပစ်အခတ်ရပ်စဲရေးကို ဟားမက်လက်နက်ကိုင်အဖွဲ့ အဆိုပြု

112

Pika (NP News) - ဧပြီ ၂၇
ကျန်ရှိနေတဲ့ ဓါးစာခံတွေအားလုံးကို တစ်ကြိမ်တည်းပြန်လွှတ်ဖို့နဲ့ အချိန်(၅)နှစ်ကြာ အပစ်အခတ်ရပ်စဲရေးတို့ပါဝင်တဲ့ ဂါဇာစစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်တစ်ရပ်ကို ဟားမက်လက်နက်ကိုင်အဖွဲ့က အဆိုပြုခဲ့တယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့အရာရှိက "တစ်ကြိမ်တည်းမှာပဲ အကျဉ်းသားတွေကို အပြန်အလှန်လဲလှယ်ဖို့နဲ့ (၅)နှစ်ကြာ အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်ဖို့ ဟားမက်လက်နက်ကိုင်အဖွဲ့က အဆင်သင့်ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဟာ စစ်ပွဲကိုအဆုံးသတ်ဖို့၊ ဂါဇာကနေ အစ္စရေးတပ်ဖွဲ့တွေ အပြည့်အဝရုတ်သိမ်းဖို့၊ အကျဉ်းသားလဲလှယ်ဖို့ နဲ့ ဂါဇာကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ချက်ချင်းဝင်ရောက်ခွင့်ရရှိစေဖို့ကို ဦးတည်ရမယ့လို့ ဟားမက်လက်နက်ကိုင်အဖွဲ့က အကြိမ်ကြိမ်တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။
အစ္စရေးဘက်ကလည်း ကျန်ရှိနေတဲ့ဓါးစာခံတွေအားလုံးကို ပြန်လွှတ်ပေးဖို့၊ ဂါဇာကမ်းမြောင်ဒေသမှာ ရှိတဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေကို စစ်လက်နက်ပစ္စည်းဖျက်သိမ်းမှုတွေလုပ်ဆောင်ဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ကြားဝင်စေ့စပ်ပေးတဲ့အဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ဆောင်ခင်မှာ ဟားမက်လက်နက်ကိုင်အဖွဲ့အရာရှိတစ်ဦးရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
Zawgyi Version:
က်န္ရွိေနတဲ့ ဓါးစာခံေတြအားလုံးကို တစ္ႀကိမ္တည္းျပန္လႊတ္ဖို႔နဲ႔ အခ်ိန္(၅)ႏွစ္ၾကာ အပစ္အခတ္ရပ္စဲေရးကို ဟားမက္လက္နက္ကိုင္အဖြဲ႕ အဆိုျပဳ
Pika (NP News) - ဧၿပီ ၂၇
က်န္ရွိေနတဲ့ ဓါးစာခံေတြအားလုံးကို တစ္ႀကိမ္တည္းျပန္လႊတ္ဖို႔နဲ႔ အခ်ိန္(၅)ႏွစ္ၾကာ အပစ္အခတ္ရပ္စဲေရးတို႔ပါဝင္တဲ့ ဂါဇာစစ္ပြဲအဆုံးသတ္ေရး သေဘာတူညီခ်က္တစ္ရပ္ကို ဟားမက္လက္နက္ကိုင္အဖြဲ႕က အဆိုျပဳခဲ့တယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
အမည္မေဖာ္လိုတဲ့ ဟားမက္လက္နက္ကိုင္အဖြဲ႕အရာရွိက "တစ္ႀကိမ္တည္းမွာပဲ အက်ဥ္းသားေတြကို အျပန္အလွန္လဲလွယ္ဖို႔နဲ႔ (၅)ႏွစ္ၾကာ အပစ္အခတ္ရပ္စဲေရးကို လုပ္ေဆာင္ဖို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕က အဆင္သင့္ရွိပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ဟာ စစ္ပြဲကိုအဆုံးသတ္ဖို႔၊ ဂါဇာကေန အစၥေရးတပ္ဖြဲ႕ေတြ အျပည့္အဝ႐ုတ္သိမ္းဖို႔၊ အက်ဥ္းသားလဲလွယ္ဖို႔ နဲ႔ ဂါဇာကို လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီေတြ ခ်က္ခ်င္းဝင္ေရာက္ခြင့္ရရွိေစဖို႔ကို ဦးတည္ရမယ့လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕က အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့တာလည္းျဖစ္ပါတယ္။
အစၥေရးဘက္ကလည္း က်န္ရွိေနတဲ့ဓါးစာခံေတြအားလုံးကို ျပန္လႊတ္ေပးဖို႔၊ ဂါဇာကမ္းေျမာင္ေဒသမွာ ရွိတဲ့ ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ အျခားလက္နက္ကိုင္အဖြဲ႕ေတြကို စစ္လက္နက္ပစၥည္းဖ်က္သိမ္းမႈေတြလုပ္ေဆာင္ဖို႔ ေတာင္းဆိုထားတယ္လို႔လည္း သိရပါတယ္။
ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕ကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕က အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕မွာ ၾကားဝင္ေစ့စပ္ေပးတဲ့အဖြဲ႕ေတြနဲ႔ေတြ႕ဆုံေဆြးေႏြးမႈေတြ မလုပ္ေဆာင္ခင္မွာ ဟားမက္လက္နက္ကိုင္အဖြဲ႕အရာရွိတစ္ဦးရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။