အီရန်နိုင်ငံရဲ့ကြီးမားတဲ့ဆိပ်ကမ်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူပေါင်း ၂၅ ဦး သေဆုံး

 193

ဂျန်ဇက် (NP News) - ဧပြီ ၂၇

အီရန်နိုင်ငံရဲ့အကြီးမားဆုံးဆိပ်ကမ်းမှာ ဧပြီ ၂၆ ရက်က ကြီးမားတဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၂၅ ဦးသေဆုံးခဲ့သလို ၁၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အီရန်နိုင်ငံတောင်ပိုင်း Shahid Rajaee ဆိပ်ကမ်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး မီးခိုးလုံးတွေ ကောင်းကင်ယံမှာ အများအပြားတွေ့မြင်ရတယ်လို့ မျက်မြင်တွေရှိသူတွေက ပြောပါတယ်။
ပေါက်ကွဲမှုဟာ ဒုံးပျံများအတွက် အစိုင်အခဲလောင်စာမှာ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ sodium perchlorate ဖြစ်တယ်လို့ ဆိုပါတယ်။ “မီးကို ထိန်းချုပ်နိုင်ပေမယ့် မငြိမ်းသေးဘူး” ဟု ပေါက်ကွဲမှုဖြစ်ပွားပြီး နာရီ ၂၀ ခန့်အကြာတွင် အဆိုပါနေရာမှ နိုင်ငံပိုင်ရုပ်မြင်သံကြားမှ သတင်းထောက်တစ်ဦးက ပြောပါတယ်။
နိုင်ငံပိုင်ရုပ်သံက ရာနဲ့ချီတဲ့ အသေအပျောက်များကို အနီးနားရှိ ဆေးဘက်ဆိုင်ရာဌာနများကို လွှဲပြောင်းပေးထားတယ်လို့ အီရန်အာဏာပိုင်တွေကပြောပါတယ်။ ပေါက်ကွဲမှုကို ကီလိုမီတာ ၅၀ အကွာကနေ ကြားသိရတယ်လို့ အီရန်နိုင်ငံပိုင်သတင်းဌာနတွေက ဖော်ပြထားပါတယ်။
အီရန်ပြည်ထဲရေးဝန်ကြီး မိုမိနီက ဆိပ်ကမ်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီးအခြေအနေတွေကို တည်ငြိမ်အောင်ထိန်းနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ ဆိပ်ကမ်းပေါက်ကွဲမှုအတွင်း အပျက်စီးအပိုင်းအစများကြားက ဒဏ်ရာရသူတွေကို ရှာဖွေကယ်ဆယ်နေပြီး အသက်ရှင်လွတ်မြောက်သူတွေဟာလည်း အခြားသူတစ်ဦးအကူအညီနဲ့လမ်းလျှောက်တာမျိုးတွေရှိနေပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေကြောင့် လေထုညစ်ညမ်းမှုတွေဖြစ်ကာ အသက်ရှုကြပ်တာတွေရှိခဲ့တဲ့အတွက် Bandar Abbas အရပ်ဒေသမှာကျောင်းတွေနဲ့ ရုံးတွေကို ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။

Zawgyi Version:
အီရန္ႏိုင္ငံရဲ႕ႀကီးမားတဲ့ဆိပ္ကမ္းမွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီးေနာက္ အနည္းဆုံး လူေပါင္း ၂၅ ဦး ေသဆုံး
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၇

အီရန္ႏိုင္ငံရဲ႕အႀကီးမားဆုံးဆိပ္ကမ္းမွာ ဧၿပီ ၂၆ ရက္က ႀကီးမားတဲ့ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ အနည္းဆုံး ၂၅ ဦးေသဆုံးခဲ့သလို ၁၀၀၀ ေက်ာ္ ဒဏ္ရာရခဲ့တယ္လို႔ သိရပါတယ္။ အီရန္ႏိုင္ငံေတာင္ပိုင္း Shahid Rajaee ဆိပ္ကမ္းမွာ ေပါက္ကြဲမႈျဖစ္ခဲ့တာျဖစ္ၿပီး မီးခိုးလုံးေတြ ေကာင္းကင္ယံမွာ အမ်ားအျပားေတြ႕ျမင္ရတယ္လို႔ မ်က္ျမင္ေတြရွိသူေတြက ေျပာပါတယ္။
ေပါက္ကြဲမႈဟာ ဒုံးပ်ံမ်ားအတြက္ အစိုင္အခဲေလာင္စာမွာ အဓိကပါဝင္ပစၥည္းျဖစ္တဲ့ sodium perchlorate ျဖစ္တယ္လို႔ ဆိုပါတယ္။ “မီးကို ထိန္းခ်ဳပ္ႏိုင္ေပမယ့္ မၿငိမ္းေသးဘူး” ဟု ေပါက္ကြဲမႈျဖစ္ပြားၿပီး နာရီ ၂၀ ခန႔္အၾကာတြင္ အဆိုပါေနရာမွ ႏိုင္ငံပိုင္႐ုပ္ျမင္သံၾကားမွ သတင္းေထာက္တစ္ဦးက ေျပာပါတယ္။
ႏိုင္ငံပိုင္႐ုပ္သံက ရာနဲ႔ခ်ီတဲ့ အေသအေပ်ာက္မ်ားကို အနီးနားရွိ ေဆးဘက္ဆိုင္ရာဌာနမ်ားကို လႊဲေျပာင္းေပးထားတယ္လို႔ အီရန္အာဏာပိုင္ေတြကေျပာပါတယ္။ ေပါက္ကြဲမႈကို ကီလိုမီတာ ၅၀ အကြာကေန ၾကားသိရတယ္လို႔ အီရန္ႏိုင္ငံပိုင္သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။
အီရန္ျပည္ထဲေရးဝန္ႀကီး မိုမိနီက ဆိပ္ကမ္းေပါက္ကြဲမႈနဲ႔ပတ္သက္ၿပီးအေျခအေနေတြကို တည္ၿငိမ္ေအာင္ထိန္းႏိုင္ခဲ့ၿပီလို႔ ဆိုပါတယ္။ ရွာေဖြကယ္ဆယ္ေရးသမားေတြဟာ ဆိပ္ကမ္းေပါက္ကြဲမႈအတြင္း အပ်က္စီးအပိုင္းအစမ်ားၾကားက ဒဏ္ရာရသူေတြကို ရွာေဖြကယ္ဆယ္ေနၿပီး အသက္ရွင္လြတ္ေျမာက္သူေတြဟာလည္း အျခားသူတစ္ဦးအကူအညီနဲ႔လမ္းေလွ်ာက္တာမ်ိဳးေတြရွိေနပါတယ္။

ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီးေနာက္ ထြက္ေပၚလာတဲ့ မီးခိုးေငြ႕ေတြေၾကာင့္ ေလထုညစ္ညမ္းမႈေတြျဖစ္ကာ အသက္ရႈၾကပ္တာေတြရွိခဲ့တဲ့အတြက္ Bandar Abbas အရပ္ေဒသမွာေက်ာင္းေတြနဲ႔ ႐ုံးေတြကို ပိတ္ထားခဲ့ရတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.