သုခဒဂုံအိမ်ရာအခန်းများ တဆင့်ငှားရမ်းမှုများဥပဒေနှင့်အညီအရေးယူမည်

2987

NP News - မတ်လ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံတောင်ပိုင်းမြို့နယ်၊ သုခဒဂုံပြည်သူ့အငှားအိမ်ရာ နေထိုင်ခွင့်များအား တစ်ဆင့် ငှားရမ်း၊ လွှဲပြောင်းတာတွေဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာချထားရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာ နေထိုင်ခွင့်အတွက် မက်လုံးပေးလိမ်လည်ခြင်းများရှိနေခြင်းကြောင်း ယခုကဲ့သို့ စိစစ်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
" ငှားရမ်း နေထိုင်ခွင့်ရရှိသူ တချို့မှာ ကိုယ်တိုင်နေထိုင်တာမပြုဘဲ တစ်ဆင့် ငှားရမ်းတာ၊ လွှဲပြောင်းတာတွေ ရှိတယ်ဆိုရင် အိမ်ခန်းငှားရမ်းခွင့်ကို ရုပ်သိမ်းပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ အလိမ်ခံရတာမရှိစေဖို့ အသိပေးပါတယ်” ဟု ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာချထားရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြောကြားသည်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ သည် နေရေးအခက်အခဲ ရှိသူများအား ၅ နှစ် ငှားရမ်းနေထိုင်ခွင့် ပြုထားပြီးဖြစ်ရာ မသမာသူ တချို့က အခန်းနေထိုင်ခွင့်ရမည်ဟု မက်လုံးပေးပြီး ငွေတောင်းခံ လိမ်လည်မှုများပေါ်ပေါက်လာကြောင်း သိရသည်။
မကြာမီ ထပ်မံပြီးစီးမယ့် တိုက် ၅ လုံးကို လည်း မဲနှိုက်နေရာချထားပေးသွားမှာဖြစ်ကြောင်း ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာချထားရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဆက်လက်အသိပေးပြောကြားသည်။

Zawgyi Version:
သုခဒဂုံအိမ္ရာအခန္းမ်ား တဆင့္ငွားရမ္းမႈမ်ားဥပေဒႏွင့္အညီအေရးယူမည္
NP News - မတ္လ ၁၉
ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံေတာင္ပိုင္းၿမိဳ႕နယ္၊ သုခဒဂုံျပည္သူ႔အငွားအိမ္ရာ ေနထိုင္ခြင့္မ်ားအား တစ္ဆင့္ ငွားရမ္း၊ လႊဲေျပာင္းတာေတြဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ျပည္သူ႔အငွားအိမ္ရာ အိမ္ခန္းေနရာခ်ထားေရးႏွင့္စည္းကမ္းထိန္းသိမ္းေရးေကာ္မတီထံမွ သိရသည္။
သုခဒဂုံျပည္သူ႔အငွားအိမ္ရာ ေနထိုင္ခြင့္အတြက္ မက္လုံးေပးလိမ္လည္ျခင္းမ်ားရွိေနျခင္းေၾကာင္း ယခုကဲ့သို႔ စိစစ္မႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းသိရသည္။
" ငွားရမ္း ေနထိုင္ခြင့္ရရွိသူ တခ်ိဳ႕မွာ ကိုယ္တိုင္ေနထိုင္တာမျပဳဘဲ တစ္ဆင့္ ငွားရမ္းတာ၊ လႊဲေျပာင္းတာေတြ ရွိတယ္ဆိုရင္ အိမ္ခန္းငွားရမ္းခြင့္ကို ႐ုပ္သိမ္းၿပီး ဥပေဒနဲ႔အညီ အေရးယူေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ ျပည္သူေတြအေနနဲ႔ အလိမ္ခံရတာမရွိေစဖို႔ အသိေပးပါတယ္” ဟု ျပည္သူ႔အငွားအိမ္ရာ အိမ္ခန္းေနရာခ်ထားေရးႏွင့္စည္းကမ္းထိန္းသိမ္းေရးေကာ္မတီက ေျပာၾကားသည္။
သုခဒဂုံ ျပည္သူ႔အငွားအိမ္ရာ သည္ ေနေရးအခက္အခဲ ရွိသူမ်ားအား ၅ ႏွစ္ ငွားရမ္းေနထိုင္ခြင့္ ျပဳထားၿပီးျဖစ္ရာ မသမာသူ တခ်ိဳ႕က အခန္းေနထိုင္ခြင့္ရမည္ဟု မက္လုံးေပးၿပီး ေငြေတာင္းခံ လိမ္လည္မႈမ်ားေပၚေပါက္လာေၾကာင္း သိရသည္။
မၾကာမီ ထပ္မံၿပီးစီးမယ့္ တိုက္ ၅ လုံးကို လည္း မဲႏႈိက္ေနရာခ်ထားေပးသြားမွာျဖစ္ေၾကာင္း ျပည္သူ႔အငွားအိမ္ရာ အိမ္ခန္းေနရာခ်ထားေရးႏွင့္စည္းကမ္းထိန္းသိမ္းေရးေကာ္မတီက ဆက္လက္အသိေပးေျပာၾကားသည္။