သမ္မတ၏နိုင်ငံရေးပြိုင်ဘက်ဖြစ်သည့် မြို့တော်ဝန်ဖမ်းဆီးခံရခြင်းကို မကျေနပ်သည့်အတွက် တူရကီနိုင်ငံတွင် လူပေါင်းထောင်ချီဆန္ဒပြ

 353

ဂျန်ဇက် (NP News) - မတ် ၂၁

တူရကီနိုင်ငံ သမ္မတအာဒိုဂမ်၏ နိုင်ငံရေးပြိုင်ဘက်ဖြစ်သည့် အစ္စတန်ဘူလ်မြို့ မြို့တော်ဝန်ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး မတ်လ ၁၉ ရက်တွင် လူပေါင်းထောင်ချီ ဆန္ဒပြခဲ့ကြောင်း သိရသည်။ အစ္စတန်ဘူလ်မြို့တော် အကျင့်ပျက်လာဘ်စားမှု၊ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသည့် (PKK)ပါတီနှင့်ဆက်နွယ်မှုသည်ဆိုသော စွပ်စွဲချက်များကြောင့် ပြီးခဲ့သည့်ရက်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း သိရသည်။
မြို့တော်ဝန်ကို ဖမ်းဆီးခဲ့ပြီးနောက် တူရကီအာဏာပိုင်များကို ဆန္ဒပြခြင်းကို လေးရက်ကြာပိတ်ပင်သည့် စည်းကမ်းထုတ်ပြန်ခဲ့သော်လည်း လူပေါင်းထောင်ချီ၏ ဆန္ဒပြခြင်းကို တားဆီးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ တူရကီအာဏာပိုင်များသည် အစ္စတန်ဘူလ်မြို့တော်ဝန်ကို ဖမ်းဆီးခဲ့ပြီးနောက် ဆန္ဒပြခြင်းများကို ပိတ်ပင်ခဲ့သလို အစ္စတန်ဘူလ်မြို့လမ်းများကို ပိတ်ပင်ခြင်း၊ အင်တာနက်အသုံးပြုခွင့် ကန့်သတ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တူရကီအာဏာပိုင်များသည် ကန့်သတ်ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း ဆန္ဒပြခြင်းများကို တားဆီးနိုင်ခြင်းမရှိခဲ့ ကြောင်း သိရသည်။ လူပေါင်းထောင်ချီရှိသည့် လူအုပ်ကြီးသည် အစ္စတန်ဘူလ်မြို့ ရဲဌာနချုပ်၊ မြို့တော်ခန်းမ နှင့် Republican People’s Party (CHP) ပါတီရုံးရှေ့တွင် ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသော မြို့တော်ဝန်သည် တူရကီသမ္မတ၏ အဓိကအတိုက်ခံနိုင်ငံရေး ပြိုင်ဘက်တစ်ဦးဖြစ်ကြောင်း သိရသည်။ ဆန္ဒပြအုပ်စုများက အစိုးရဆန့်ကျင့်ရေးကြွေးကြော်သံများ၊ ကြွေးကြော်ဆန္ဒပြခဲ့ပြီး မြို့တော်ဝန်ကို ထောက်ခံ ကြောင်း၊ ဖမ်းဆီးခံရမှု ကတရားမျှတမှုမရှိကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။ မြို့တော်ဝန်သည် တူရကီနိုင်ငံတွင် လူကြိုက်များသည့် နိုင်ငံရေးသမားဖြစ်ပြီး ၎င်းအဖမ်းမခံရခင်အချိန်က ပြည်သူများ၏ ဆန္ဒကို ခြိမ်းခြောက်ခြင်း၊ ဥပဒေမဲ့လုပ်ဆောင်ခြင်းဖြင့် နုတ်ပိတ်စေရန် လုပ်ဆောင်လို့ မရနိုင်ကြောင်း အခြေခံအခွင့်အရေး နှင့် လွတ်လပ်ခွင့် အတွက် တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

Zawgyi Version:
သမၼတ၏ႏိုင္ငံေရးၿပိဳင္ဘက္ျဖစ္သည့္ ၿမိဳ႕ေတာ္ဝန္ဖမ္းဆီးခံရျခင္းကို မေက်နပ္သည့္အတြက္ တူရကီႏိုင္ငံတြင္ လူေပါင္းေထာင္ခ်ီဆႏၵျပ
ဂ်န္ဇက္ (NP News) - မတ္ ၂၁

တူရကီႏိုင္ငံ သမၼတအာဒိုဂမ္၏ ႏိုင္ငံေရးၿပိဳင္ဘက္ျဖစ္သည့္ အစၥတန္ဘူလ္ၿမိဳ႕ ၿမိဳ႕ေတာ္ဝန္ဖမ္းဆီးခံရျခင္းႏွင့္ ပတ္သက္ၿပီး မတ္လ ၁၉ ရက္တြင္ လူေပါင္းေထာင္ခ်ီ ဆႏၵျပခဲ့ေၾကာင္း သိရသည္။ အစၥတန္ဘူလ္ၿမိဳ႕ေတာ္ အက်င့္ပ်က္လာဘ္စားမႈ၊ အၾကမ္းဖက္အဖြဲ႕အျဖစ္သတ္မွတ္ထားသည့္ (PKK)ပါတီႏွင့္ဆက္ႏြယ္မႈသည္ဆိုေသာ စြပ္စြဲခ်က္မ်ားေၾကာင့္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ဖမ္းဆီးခံရေၾကာင္း သိရသည္။
ၿမိဳ႕ေတာ္ဝန္ကို ဖမ္းဆီးခဲ့ၿပီးေနာက္ တူရကီအာဏာပိုင္မ်ားကို ဆႏၵျပျခင္းကို ေလးရက္ၾကာပိတ္ပင္သည့္ စည္းကမ္းထုတ္ျပန္ခဲ့ေသာ္လည္း လူေပါင္းေထာင္ခ်ီ၏ ဆႏၵျပျခင္းကို တားဆီးႏိုင္ျခင္းမရွိခဲ့ေၾကာင္း သိရသည္။ တူရကီအာဏာပိုင္မ်ားသည္ အစၥတန္ဘူလ္ၿမိဳ႕ေတာ္ဝန္ကို ဖမ္းဆီးခဲ့ၿပီးေနာက္ ဆႏၵျပျခင္းမ်ားကို ပိတ္ပင္ခဲ့သလို အစၥတန္ဘူလ္ၿမိဳ႕လမ္းမ်ားကို ပိတ္ပင္ျခင္း၊ အင္တာနက္အသုံးျပဳခြင့္ ကန႔္သတ္ျခင္းမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

တူရကီအာဏာပိုင္မ်ားသည္ ကန႔္သတ္ျခင္းမ်ား လုပ္ေဆာင္ခဲ့ေသာ္လည္း ဆႏၵျပျခင္းမ်ားကို တားဆီးႏိုင္ျခင္းမရွိခဲ့ ေၾကာင္း သိရသည္။ လူေပါင္းေထာင္ခ်ီရွိသည့္ လူအုပ္ႀကီးသည္ အစၥတန္ဘူလ္ၿမိဳ႕ ရဲဌာနခ်ဳပ္၊ ၿမိဳ႕ေတာ္ခန္းမ ႏွင့္ Republican People’s Party (CHP) ပါတီ႐ုံးေရွ႕တြင္ ဆႏၵျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ဖမ္းဆီးခံရေသာ ၿမိဳ႕ေတာ္ဝန္သည္ တူရကီသမၼတ၏ အဓိကအတိုက္ခံႏိုင္ငံေရး ၿပိဳင္ဘက္တစ္ဦးျဖစ္ေၾကာင္း သိရသည္။ ဆႏၵျပအုပ္စုမ်ားက အစိုးရဆန႔္က်င့္ေရးေႂကြးေၾကာ္သံမ်ား၊ ေႂကြးေၾကာ္ဆႏၵျပခဲ့ၿပီး ၿမိဳ႕ေတာ္ဝန္ကို ေထာက္ခံ ေၾကာင္း၊ ဖမ္းဆီးခံရမႈ ကတရားမွ်တမႈမရွိေၾကာင္း ေဝဖန္ျပစ္တင္ခဲ့သည္။ ၿမိဳ႕ေတာ္ဝန္သည္ တူရကီႏိုင္ငံတြင္ လူႀကိဳက္မ်ားသည့္ ႏိုင္ငံေရးသမားျဖစ္ၿပီး ၎အဖမ္းမခံရခင္အခ်ိန္က ျပည္သူမ်ား၏ ဆႏၵကို ၿခိမ္းေျခာက္ျခင္း၊ ဥပေဒမဲ့လုပ္ေဆာင္ျခင္းျဖင့္ ႏုတ္ပိတ္ေစရန္ လုပ္ေဆာင္လို႔ မရႏိုင္ေၾကာင္း အေျခခံအခြင့္အေရး ႏွင့္ လြတ္လပ္ခြင့္ အတြက္ တိုက္ပြဲဝင္ရမည္ျဖစ္ေၾကာင္း လူမႈကြန္ရက္တြင္ ေရးသားခဲ့သည္။

Related news

© 2021. All rights reserved.