ဆန်စက်(၂၈)ခုတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ် (၄၁)မဂ္ဂါဝပ် ထုတ်လုပ်မည့်အစီအစဉ် ယခုနှစ်အတွင်း အပြီးလုပ်ဆောင်မည်

 2322

ချယ်ရီ ( NP News ) မတ်-၂၁
ဆန်စက်(၂၈)ခုတွင် ဆိုလာစနစ်တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အား စုစုပေါင်း (၄၁.၅) မဂ္ဂါဝပ် ထုတ်လုပ်မည့်အစီအစဉ်ကို ယခုနှစ်အတွင်း အပြီးဆောင်ရွက်ရန် လျာထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှသိရသည်။

အဆိုပါစနစ်ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် မွန်ပြည်နယ်ရှိ ဆန်စက်တို့၌ စတင် အကောင်အထည်ဖော်လျက်ရှိနေကြောင်း သိရသည်။

“ပထမ(၁၁)ခုက တပ်နေတာပဲ။ (၁၁)ခုကနေ တိုးရင်းနဲ့ (၄၁)မဂ္ဂါဝပ်ဖြစ်သွားတာ။ ပထမက (၃)ခုပဲ စလုပ်တာ။ သီလဝါရယ်၊ နေပြည်တော်ရယ်၊ ဧရာဝတီတိုင်းက လပွတ္တာမြို့ကနေမှ (၁၁)ခုဖြစ်သွားတယ်။ (၁၁)ခုကနေပြီးတော့မှ (၂၈)ခု ဖြစ်သွားတယ်။ ဒါတောင်မှ ဒီကြားထဲမှာ နောက်ထပ်(၂)ယောက်က လာဆွေးနွေးနေပါတယ်။ စားရင်းကတော့ မပြတ်သေးဘူး။ တိုးနေတာပေါ့” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News သို့ ပြောသည်။

အဆိုပါ (၄၁ ဒသမ ၅)မဂ္ဂါဝပ်ကို ရန်ကုန်တိုင်းအတွင်းရှိ ဆန်စက်(၁၁)ခုတွင် (၁၇) မဂ္ဂါဝပ်၊ ဧရာဝတီတိုင်းအတွင်းရှိ ဆန်စက်(၈)ခု၌ (၁၄)မဂ္ဂါဝပ်၊ ပဲခူးတိုင်းအတွင်းရှိ ဆန်စက်(၃)ခု၌ (၅) မဂ္ဂါဝပ်၊ မန္တလေးတိုင်းအတွင်းရှိ ဆန်စက်(၂)ခု၌ (၁ ဒသမ ၅) မဂ္ဂါဝပ်၊ နေပြည်တော်ရှိ ဆန်စက်(၁)ခု၌ (၃) မဂ္ဂါဝပ်နှင့် မွန်ပြည်နယ်ရှိ ဆန်စက်(၁)ခု၌ (၁) မဂ္ဂါဝပ် စသည်ဖြင့် ဆန်စက်(၂၈)ခုတွင် တပ်ဆင်သွားမည်ဖြစ်‌ကြောင်း သိရသည်။

“ဒီ(၄၁.၅)မဂ္ဂါဝပ်ကို ကျွန်တော်တို့ညှိထားတာ (၃)လအတွင်း အပြီးလုပ်ဖို့ Plan လုပ်ထားတာပေါ့နော်။ နောက်ဆုံး မပြီးဘူးဆိုရင်တောင်မှ မိုးတွင်းမှာ အပြီးလုပ်ဖို့ Plan လုပ်ထားတယ်။ လာမယ့်နွေရာသီမှာ အဆင်ချောအောင်လို့လေ။ ကျွန်တော်တို့အကြမ်းဖျင်းမှန်းတာတော့ အခုဒီသင်္ကြန်မတိုင်မီနဲ့ ဧပြီလနဲ့ မေလဆန်းလောက်အထိကတော့ တွက်ချက်တာတွေ၊ ဈေးနှုန်းညှိတာတွေ၊ အရောင်းအဝယ်ကိစ္စတွေ လုပ်မှာပေါ့နော်။ ပြီးတာနဲ့ မေလထဲမှာ မြန်မြန်ဖရိန်တွေ၊ ဘာတွေ တပ်နိုင်အောင် လုပ်ထားမယ်။ အောက်ပိုင်းမြို့တွေကတော့ မိုးရွာတော့ ဇွန်၊ ဇူလိုင်မိုးရွာတော့ မတပ်ဘဲထားပြီးတော့ ဩဂုတ်၊ စတင်ဘာမှာ အပြီးတပ်မှာ။ ဒီနှစ်(၂၀၂၅)အတွင်းမှာပဲ ပြီးအောင်လုပ်မှာပါ” ဟု ဦးရဲမင်းအောင်က ဆက်လက်ပြောသည်။

နည်းပညာပိုင်းဆိုင်ရာ လုပ်ဆောင်ရာတွင်လည်း MOU လက်မှတ်ထိုးထားသော ဆိုလာကုမ္ပဏီ(၇)ခုသာမက ထပ်မံ၍ လုပ်ဆောင်လိုသည့်ကုမ္ပဏီများမှ လာရောက်ကမ်းလှမ်းလာပါက ၎င်းတို့အနေဖြင့် MOUလက်မှတ် ဆက်ထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီကုမ္ပဏီ(၇)ခုက ဆန်စက်တွေအကုန်လုံးကို ကွင်းဆင်းပြီး တိုင်းတာ၊ တွက်ချက်ပြီးတော့မှ နည်းပညာပိုင်းနဲ့ပတ်သက်တဲ့ အကူအညီတွေပေးဖို့ပေါ့နော်။ အဲဒီထဲမှာမပါတဲ့ ကုမ္ပဏီတွေနဲ့ သူတို့လုပ်ချင်လည်း ရတယ်။ ကျွန်တော်တို့ကတော့ လုပ်တာကိုင်တာတွေ မှားမှာစိုးတာရယ်၊ နောက်ပြီး ကုမ္ပဏီ(၇)ခုက နိုင်ငံတော်ရဲ့ စီမံကိန်းတွေမှာ လုပ်ခဲ့တဲ့ ကုမ္ပဏီတွေချည်းပဲ။ အဓိက ကတော့ နည်းပညာပူးပေါင်း ဆောင်ရွက်ရေးအတွက်ပဲ။ အဲဒီတော့ကုမ္ပဏီက (၇၊၈၊၉)ခုလည်း ဖြစ်မယ်။ အခုတော့ ဒီကုမ္ပဏီ(၇)ခုက စပြီးတော့ သွားပြီး ဆန်စက်တွေကို ကွင်းဆင်းနေပြီ” ဟု ဆန်စပါး အသင်းချုပ်က ဆိုသည်။

Zawgyi Version:
ဆန္စက္(၂၈)ခုတြင္ ဆိုလာစနစ္ျဖင့္ လွ်ပ္စစ္ (၄၁)မဂၢါဝပ္ ထုတ္လုပ္မည့္အစီအစဥ္ ယခုႏွစ္အတြင္း အၿပီးလုပ္ေဆာင္မည္
ခ်ယ္ရီ ( NP News ) မတ္-၂၁
ဆန္စက္(၂၈)ခုတြင္ ဆိုလာစနစ္တပ္ဆင္ၿပီး လွ်ပ္စစ္ဓာတ္အား စုစုေပါင္း (၄၁.၅) မဂၢါဝပ္ ထုတ္လုပ္မည့္အစီအစဥ္ကို ယခုႏွစ္အတြင္း အၿပီးေဆာင္႐ြက္ရန္ လ်ာထားေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ထံမွသိရသည္။

အဆိုပါစနစ္ကို ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္တြင္ စတင္ျပင္ဆင္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ ပဲခူးတိုင္း၊ မႏၲေလးတိုင္းႏွင့္ မြန္ျပည္နယ္ရွိ ဆန္စက္တို႔၌ စတင္ အေကာင္အထည္ေဖာ္လ်က္ရွိေနေၾကာင္း သိရသည္။

“ပထမ(၁၁)ခုက တပ္ေနတာပဲ။ (၁၁)ခုကေန တိုးရင္းနဲ႔ (၄၁)မဂၢါဝပ္ျဖစ္သြားတာ။ ပထမက (၃)ခုပဲ စလုပ္တာ။ သီလဝါရယ္၊ ေနျပည္ေတာ္ရယ္၊ ဧရာဝတီတိုင္းက လပြတၱာၿမိဳ႕ကေနမွ (၁၁)ခုျဖစ္သြားတယ္။ (၁၁)ခုကေနၿပီးေတာ့မွ (၂၈)ခု ျဖစ္သြားတယ္။ ဒါေတာင္မွ ဒီၾကားထဲမွာ ေနာက္ထပ္(၂)ေယာက္က လာေဆြးေႏြးေနပါတယ္။ စားရင္းကေတာ့ မျပတ္ေသးဘူး။ တိုးေနတာေပါ့” ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္က NP News သို႔ ေျပာသည္။

အဆိုပါ (၄၁ ဒသမ ၅)မဂၢါဝပ္ကို ရန္ကုန္တိုင္းအတြင္းရွိ ဆန္စက္(၁၁)ခုတြင္ (၁၇) မဂၢါဝပ္၊ ဧရာဝတီတိုင္းအတြင္းရွိ ဆန္စက္(၈)ခု၌ (၁၄)မဂၢါဝပ္၊ ပဲခူးတိုင္းအတြင္းရွိ ဆန္စက္(၃)ခု၌ (၅) မဂၢါဝပ္၊ မႏၲေလးတိုင္းအတြင္းရွိ ဆန္စက္(၂)ခု၌ (၁ ဒသမ ၅) မဂၢါဝပ္၊ ေနျပည္ေတာ္ရွိ ဆန္စက္(၁)ခု၌ (၃) မဂၢါဝပ္ႏွင့္ မြန္ျပည္နယ္ရွိ ဆန္စက္(၁)ခု၌ (၁) မဂၢါဝပ္ စသည္ျဖင့္ ဆန္စက္(၂၈)ခုတြင္ တပ္ဆင္သြားမည္ျဖစ္‌ေၾကာင္း သိရသည္။

“ဒီ(၄၁.၅)မဂၢါဝပ္ကို ကြၽန္ေတာ္တို႔ညႇိထားတာ (၃)လအတြင္း အၿပီးလုပ္ဖို႔ Plan လုပ္ထားတာေပါ့ေနာ္။ ေနာက္ဆုံး မၿပီးဘူးဆိုရင္ေတာင္မွ မိုးတြင္းမွာ အၿပီးလုပ္ဖို႔ Plan လုပ္ထားတယ္။ လာမယ့္ေႏြရာသီမွာ အဆင္ေခ်ာေအာင္လို႔ေလ။ ကြၽန္ေတာ္တို႔အၾကမ္းဖ်င္းမွန္းတာေတာ့ အခုဒီသၾကၤန္မတိုင္မီနဲ႔ ဧၿပီလနဲ႔ ေမလဆန္းေလာက္အထိကေတာ့ တြက္ခ်က္တာေတြ၊ ေဈးႏႈန္းညႇိတာေတြ၊ အေရာင္းအဝယ္ကိစၥေတြ လုပ္မွာေပါ့ေနာ္။ ၿပီးတာနဲ႔ ေမလထဲမွာ ျမန္ျမန္ဖရိန္ေတြ၊ ဘာေတြ တပ္ႏိုင္ေအာင္ လုပ္ထားမယ္။ ေအာက္ပိုင္းၿမိဳ႕ေတြကေတာ့ မိုး႐ြာေတာ့ ဇြန္၊ ဇူလိုင္မိုး႐ြာေတာ့ မတပ္ဘဲထားၿပီးေတာ့ ဩဂုတ္၊ စတင္ဘာမွာ အၿပီးတပ္မွာ။ ဒီႏွစ္(၂၀၂၅)အတြင္းမွာပဲ ၿပီးေအာင္လုပ္မွာပါ” ဟု ဦးရဲမင္းေအာင္က ဆက္လက္ေျပာသည္။

နည္းပညာပိုင္းဆိုင္ရာ လုပ္ေဆာင္ရာတြင္လည္း MOU လက္မွတ္ထိုးထားေသာ ဆိုလာကုမၸဏီ(၇)ခုသာမက ထပ္မံ၍ လုပ္ေဆာင္လိုသည့္ကုမၸဏီမ်ားမွ လာေရာက္ကမ္းလွမ္းလာပါက ၎တို႔အေနျဖင့္ MOUလက္မွတ္ ဆက္ထိုးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဒီကုမၸဏီ(၇)ခုက ဆန္စက္ေတြအကုန္လုံးကို ကြင္းဆင္းၿပီး တိုင္းတာ၊ တြက္ခ်က္ၿပီးေတာ့မွ နည္းပညာပိုင္းနဲ႔ပတ္သက္တဲ့ အကူအညီေတြေပးဖို႔ေပါ့ေနာ္။ အဲဒီထဲမွာမပါတဲ့ ကုမၸဏီေတြနဲ႔ သူတို႔လုပ္ခ်င္လည္း ရတယ္။ ကြၽန္ေတာ္တို႔ကေတာ့ လုပ္တာကိုင္တာေတြ မွားမွာစိုးတာရယ္၊ ေနာက္ၿပီး ကုမၸဏီ(၇)ခုက ႏိုင္ငံေတာ္ရဲ႕ စီမံကိန္းေတြမွာ လုပ္ခဲ့တဲ့ ကုမၸဏီေတြခ်ည္းပဲ။ အဓိက ကေတာ့ နည္းပညာပူးေပါင္း ေဆာင္႐ြက္ေရးအတြက္ပဲ။ အဲဒီေတာ့ကုမၸဏီက (၇၊၈၊၉)ခုလည္း ျဖစ္မယ္။ အခုေတာ့ ဒီကုမၸဏီ(၇)ခုက စၿပီးေတာ့ သြားၿပီး ဆန္စက္ေတြကို ကြင္းဆင္းေနၿပီ” ဟု ဆန္စပါး အသင္းခ်ဳပ္က ဆိုသည္။

Related news

© 2021. All rights reserved.