ဆိုးလ်ရဲ့လမ်းမပေါ်မှာ မီတာ(၂၀)ကျယ်တဲ့ တွင်းကြီးရုတ်တရက်ပေါ်လာပြီး မော်တော်ဆိုင်ကယ်သမားတစ်ဦး ပြုတ်ကျသေဆုံး

1257

ရောင်နီ(NP News) - မတ် ၂၆
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ လူရှုပ်တဲ့ လမ်းမတစ်ခုမှာ မတ်လ ၂၄ ရက်က (၂၀)မီတာအ ကျယ်ရှိတဲ့ တွင်းကြီးတစ်ခု ရုတ်တရက်ပေါ်လာကာ မော်တော်ဆိုင်ကယ် တစ်စီးပြုတ်ကျပြီး လူသေဆုံးခဲ့ပါတယ်။
ဖြစ်ပွားခဲ့တဲ့ နေရာကတော့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ အရှေ့ပိုင်း ဂန်ဒေါင်းရပ်ကွက်၊ မူလတန်းကျောင်းအနီးမှာ မတ်လ ၂၄ ရက် ညနေ ၆ နာရီ ၂၉ မိနစ် အချိန်ခန့်က ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ရုတ်တရက်ပေါ်လာတဲ့ တွင်းကြီးကြောင့် တွင်းထဲပြုတ်ကျမလို ဖြစ်ခဲ့တဲ့ ကားတစ်စီးကတော့ ယာဉ်မောင်းဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ထားခဲ့ရပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆိုးလ်မြို့တော်ဝန် အိုဆီဟွန်းက နောက်ထပ် အသေအပျောက်တွေကို တားဆီးဖို့အတွက် ဘေးကင်းရေး အစီအမံတွေ လုပ်ဆောင်ဖို့ တောင်းဆိုထားပါတယ်။
တွင်းထဲပြုတ်ကျသွားတဲ့ မော်တော်ဆိုင်ကယ်သမားကိုတော့ မတ်လ ၂၅ ရက်က ရေတွင်းရဲ့ ဗဟိုမျဉ်းမှ မီတာ ၅၀ ခန့်အကွာမှာ နှလုံးရပ်သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အပျက်အစီးတွေကို ရှင်းလင်းပြီးတာနဲ့ မတော်တဆ ဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒီလို ရုတ်တရက်ဖြစ်ပေါ်လာတဲ့ တွင်းပေါက်မတော်တဆမှုဟာ တောင်ကိုရီးယားမှာ ရှားရှားပါးပါး ဖြစ်စဉ်ဖြစ်ပါတယ်။

zawgyi version
ဆိုးလ္ရဲ႕လမ္းမေပၚမွာ မီတာ(၂၀)က်ယ္တဲ့ တြင္းႀကီး႐ုတ္တရက္ေပၚလာၿပီး ေမာ္ေတာ္ဆိုင္ကယ္သမားတစ္ဦး ျပဳတ္က်ေသဆုံး
ေရာင္နီ(NP News) - မတ္ ၂၆
ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ရွိ လူရႈပ္တဲ့ လမ္းမတစ္ခုမွာ မတ္လ ၂၄ ရက္က (၂၀)မီတာအ က်ယ္ရွိတဲ့ တြင္းႀကီးတစ္ခု ႐ုတ္တရက္ေပၚလာကာ ေမာ္ေတာ္ဆိုင္ကယ္ တစ္စီးျပဳတ္က်ၿပီး လူေသဆုံးခဲ့ပါတယ္။
ျဖစ္ပြားခဲ့တဲ့ ေနရာကေတာ့ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ အေရွ႕ပိုင္း ဂန္ေဒါင္းရပ္ကြက္၊ မူလတန္းေက်ာင္းအနီးမွာ မတ္လ ၂၄ ရက္ ညေန ၆ နာရီ ၂၉ မိနစ္ အခ်ိန္ခန႔္က ျဖစ္ပြားခဲ့တာ ျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ ႐ုတ္တရက္ေပၚလာတဲ့ တြင္းႀကီးေၾကာင့္ တြင္းထဲျပဳတ္က်မလို ျဖစ္ခဲ့တဲ့ ကားတစ္စီးကေတာ့ ယာဥ္ေမာင္းဒဏ္ရာရရွိခဲ့ၿပီး ေဆး႐ုံကို ပို႔ေဆာင္ထားခဲ့ရပါတယ္။ ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ဆိုးလ္ၿမိဳ႕ေတာ္ဝန္ အိုဆီဟြန္းက ေနာက္ထပ္ အေသအေပ်ာက္ေတြကို တားဆီးဖို႔အတြက္ ေဘးကင္းေရး အစီအမံေတြ လုပ္ေဆာင္ဖို႔ ေတာင္းဆိုထားပါတယ္။
တြင္းထဲျပဳတ္က်သြားတဲ့ ေမာ္ေတာ္ဆိုင္ကယ္သမားကိုေတာ့ မတ္လ ၂၅ ရက္က ေရတြင္းရဲ႕ ဗဟိုမ်ဥ္းမွ မီတာ ၅၀ ခန႔္အကြာမွာ ႏွလုံးရပ္ေသဆုံးလ်က္ ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ အပ်က္အစီးေတြကို ရွင္းလင္းၿပီးတာနဲ႔ မေတာ္တဆ ျဖစ္ရတဲ့ အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးသြားမယ္လို႔ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ဒီလို ႐ုတ္တရက္ျဖစ္ေပၚလာတဲ့ တြင္းေပါက္မေတာ္တဆမႈဟာ ေတာင္ကိုရီးယားမွာ ရွားရွားပါးပါး ျဖစ္စဥ္ျဖစ္ပါတယ္။