သမိုင်းဝင်နန်းတော်များစွာရှိတဲ့ ရီယာဒ်မြို့အကြောင်း

451

Pika (NP News) - မတ် ၂၈
ရီယာ့ဒ်မြို့သည် ဆော်ဒီအာရေးဗျနိုင်ငံ၏မြို့တော်နှင့် နိုင်ငံတွင်းတွင် အကြီးဆုံးမြို့တစ်မြို့ဖြစ် ပြီး ရှေးဟောင်းသုတေသနနေရာများ၊ အစားအ သောက်၊ ယဉ်ကျေးမှုနှင့်ပြတိုက်များကြောင့် နာမည် ကျော်ကြားသည်။ ထို့ပြင် ရီယာ့ဒ်မြို့သည် ရီယာ့ဒ် ပြည်နယ်၏မြို့တော်ဖြစ်သကဲ့သို့ အုပ်ချုပ်ရေး၏ အဓိကအချက်အချာနေရာတစ်ခုလည်း ဖြစ်သည်။ ရီယာ့ဒ်မြို့သည် Wadi Hanifa ချောင်း၏ အရှေ့ ဘက်ကမ်းတွင်တည်ရှိပြီး (၁၉၅၀)ပြည့်နှစ်တွင် လက်ရှိမြို့ပြပုံစံအဖြစ်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရီယာ့ဒ်မြို့သည် အာရေဗျကျွန်းဆွယ် တွင် အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး Najd ကုန်းပြင် မြင့်၏အရှေ့ဘက်ခြမ်းရှိ An-Nafud သဲကန္တာရ၏ အလယ်တွင်တည်ရှိသည်။ ထို့ပြင် ပင်လယ်ရေမျက် နှာပြင်အထက် မီတာ(၆၀ဝ)တွင်တည်ရှိသည့် မြို့ တစ်မြို့ဖြစ်ပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား(၅)သန်း ခန့်ကို လက်ခံရရှိသည့်မြို့တစ်မြို့လည်းဖြစ်ကာ ကမ္ဘာပေါ်တွင် (၄၉)ခုမြောက် လာရောက်လည်ပတ် မှုအများဆုံးမြို့တစ်မြို့နှင့် အရှေ့အလယ်ပိုင်းဒေသတွင် (၆)ခုမြောက် လာရောက်လည်ပတ်မှုအများဆုံး မြို့တစ်မြို့ဖြစ်ကြောင်းလည်း သိရသည်။ (၂၀၂၂)ခုနှစ်တွင် ရီယာ့ဒ်မြို့တွင်နေထိုင်သူလူဦးရေမှာ (၇)သန်း ခန့်ရှိပြီး ဆော်ဒီအာရေးဗျနိုင်ငံတွင်းတွင် လူဦးရေ အထူထပ်ဆုံးမြို့တစ်မြို့ဖြစ်ခဲ့ကာ အရှေ့အလယ်ပိုင်း ဒေသတွင် (၃)ခုမြောက် လူဦးရေအထူ ထပ်ဆုံးနှင့် အာရှတွင် (၃၈)ခုမြောက် လူဦးရေအထူထပ်ဆုံး မြို့ တစ်မြို့ဖြစ်ခဲ့ကြောင်းသိရသည်။
အဆိုပါမြို့ကို (၁၅၉၀) ပြည့်နှစ်တွင် အာရပ်သမိုင်းဆရာ တစ်ဦးက ရီယာ့ဒ်အမည်ဖြင့် ပထမဆုံးဖော်ပြခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ (၁၇၄၅)ခုနှစ်တွင် အိမ်နီးချင်း Manfuha ရွာမှ နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် Dahham ibn Dawwas က ရီယာ့ဒ်မြို့ကို သိမ်းပိုက်ခဲ့ပြီး မြို့ပတ်ပတ်လည်တွင် ရွှံ့အုတ်နန်းတော်နှင့် တံတိုင်းတစ်ခုတည်ဆောက်ခဲ့ကြောင်းလည်းသိရသည်။ သို့သော်လည်း (၁၉၅၀)ပြည့်နှစ်တွင် အဆိုပါတံတိုင်းများကို ဖြိုဖျက်ပစ်ခဲ့ပြီးနောက် ရီယာ့ဒ်မြို့သည် မြို့ပြကြီးအဖြစ် ကြီးထွားလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ရီယာ့ဒ်မြို့သည် ဆော်ဒီအာရေးဗျနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အချက်အချာနေရာတစ်ခုလည်းဖြစ်သည်။ ရှူရာကောင်စီဟု လည်းလူသိများ ကြသော အတိုင်ပင်ခံစည်းဝေးပွဲ၊ ဝန်ကြီးများကောင်စီ၊ ဘုရင်နှင့် တရားစီရင်ရေး ကောင်စီတို့အားလုံး သည် ရီယာ့ဒ်မြို့တွင်းတွင် တည်ရှိကြကြောင်းသိရသည်။ ဆော်ဒီအာရေးဗျ၏ တရားရေးစနစ်၏ အမာခံ ဖြစ်သော အဆိုပါအဖွဲ့အစည်းလေးခုအပြင် အခြား အဓိကနှင့် အသေးစား အစိုးရအဖွဲ့အစည်းများ၏ ဌာနချုပ်များသည်လည်း ရီယာ့ဒ်မြို့တွင်တည်ရှိကြောင်းသိရသည်။ ထို့ပြင် အနောက်ဘက်စွန်းရှိ သံတ မန်ရေးဆိုင်ရာရပ်ကွက်တွင် နိုင်ငံခြားသံရုံးပေါင်း(၁၁၄)ခုရှိကြောင်းသိရသည်။
ဆော်ဒီအမျိုးသားဘဏ် (SNB) ၊ Al-Rajhi Bank ၊ SABIC ၊ Almarai ၊ STC နှင့် Samba Financial Group ကဲ့သို့သော ဘဏ်များ နှင့် အဓိကကုမ္ပဏီများ ၏ဌာနချုပ်များတည်ရှိသည့်နေရာတစ်ခုဖြစ်မှုနှင့်အတူ စီးပွားရေးအရ အရေးပါ သော နေရာတစ်ခုဖြစ်ကြောင်းလည်းသိရသည်။ King Fahd လမ်းဟု လူသိများသော အမြန်လမ်းမကြီး (၆၅)သည် ကမ္ဘာ့ အကြီးဆုံးဘဏ္ဍာရေးခရိုင်များထဲမှတစ်ခုဖြစ်သည့် King Abdullah Financial District, Faisaliyah Center နှင့် Kingdom Centreအပါအဝင် ရီယာ့ဒ်မြို့တွင်းရှိ အရေးကြီးသောအချက်အချာ နေရာအချို့ကို ဖြတ်သန်းပြီး လည်ပတ်ကြောင်းသိရ သည်။ ရီယာ့ဒ်မြို့သည် ကမ္ဘာပေါ်တွင် လူဦးရေ တိုးပွားမှု အလျင်မြန်ဆုံးမြို့များထဲမှတစ်မြို့ဖြစ်ပြီး နိုင်ငံခြားသား အများအပြားနေထိုင်ရာနေရာတစ်ခု လည်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယင်းမြို့တွင် (Expo 2030) ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွား မည်ဖြစ်ပြီး (၂၀၂၀)ပြည့်နှစ်တွင် ဒူဘိုင်းမြို့ပြီးလျှင် ဒုတိယ မြောက်လက်ခံကျင်းပမည့် အာရပ်မြို့တစ်မြို့ ဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။
ရီယာ့ဒ်မြို့တွင် သမိုင်းဝင်အရေးပါသော ရှေးဟောင်းသုတေသနနေရာများတွင် မြို့၏နံရံ ဟောင်းပေါ်ရှိ တံခါးပေါက်(၅)ခုလည်းပါဝင်ကြောင်း သိရသည်။ ၎င်းတို့မှာ Thumaira ၏အရှေ့ဘက် တံခါး၊ Al-Suwailen ၏မြောက်ဘက်တံခါး၊ Dukhna ၏တောင်ဘက်တံခါး၊ Al-Madhbah ၏အနောက် ဘက်တံခါးနှင့် Shumaisi ၏အနောက် တောင်ဘက်တံခါးတို့ဖြစ်သည်။ ထို့ပြင် သမိုင်းဝင်နန်းတော် လေးခု လည်းရှိပြီး ယင်းတို့မှာ Musmak နန်းတော်၊ Murabba နန်းတော်၊ Atiqah နန်းတော် နှင့် Al Shamsiah နန်းတော်တို့ဖြစ်ကြောင်းသိရသည်။
Turaif ခရိုင်သည် (၂၀၁၀)ပြည့်နှစ် ဇူလိုင်လ(၃၁)ရက်တွင် ယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှု အမွေ အနှစ် နေရာစာရင်းတွင် ထည့်သွင်းခံခဲ့ရသော နောက်ထပ်အရေးကြီးသည့် ရှေးဟောင်းသုတေသန နေရာတစ်ခုဖြစ်ကြောင်းသိရသည်။ Turaif ခရိုင်ကို Najdi လူမျိုးစု၏ ဗိသုကာပုံစံဖြင့် (၁၅)ရာစုတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် Al-Turaif ခရိုင်တွင် သမိုင်းဝင်နန်းတော်များနှင့် အထိမ်းအမှတ်နေရာအချို့ရှိပြီး ၎င်းတို့တွင် Salwa နန်းတော်၊ Saad bin Saud နန်းတော်၊ The Guest House and At-Turaif Bath House အဆောက်အအုံနှင့် Imam Mohammad bin Saud ဗလီတို့ ပါဝင် ကြောင်းသိရသည်။
Masmak ခံတပ်ကို Mohammed ibn Abdullah ibn Rasheed(1289-1315 AH) လက်ထက် (၁၈၆၅)ခုနှစ်ဝန်းကျင်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (၁၉၀၂)ခုနှစ် ဇန်နဝါရီ လတွင် ကူဝိတ်နိုင်ငံမှ ပြည်နှင်ဒဏ်ပေးခံရသော Ibn Saudu Masmak ခံတပ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ ကြောင်းသိရသည်။ ရီယာ့ဒ်မြို့အပေါ် ဆော်ဒီထိန်းချုပ်မှုကို ပြန်လည်ရယူခဲ့သည့် အဆိုပါဖြစ်ရပ်သည် ဆော်ဒီအာရေးဗျသမိုင်းတွင် ဒဏ္ဍာရီဆန်ဆန်နီးပါး အဆင့်အတန်းတစ်ခုသို့ရောက်ရှိသွားခဲ့ကြောင်း လည်းသိရသည်။
အဆိုပါ အဖြစ်အပျက်၏ဇာတ်လမ်းကို မကြာခဏပြန်ပြောပြလေ့ရှိပြီး ဘုရင်Abdulaziz al-
Saud ၏ သူရဲကောင်းဆန်မှုနှင့်ရဲရင့်မှု၏ အဓိကအကြောင်းအရာအဖြစ်ပါဝင်ကြောင်းသိရသည်။ လက်ရှိ အချိန်တွင် Masmak ခံတပ်သည် ပြတိုက် တစ်ခုအဖြစ်တည်ရှိလျက်ရှိပြီး နာရီစင်ရင်ပြင်နှင့် နီးကပ်စွာ တည်ရှိလျက်ရှိကြောင်း သိရသည်။
King Fahd လမ်းပေါ်တွင် တည်ရှိသော Burj Rafal မိုးမျှော်တိုက်ဟိုတယ်သည် အမြင့် (၃၀၇ ဒသမ ၉)မီတာရှိပြီး ရီယာ့ဒ်မြို့တွင်အမြင့်ဆုံး မိုးမျှော်တိုက်ဖြစ်ကြောင်းသိရသည်။ အဆိုပါမိုးမျှော် တိုက်ကို P & T Groupu ဒီဇိုင်းဆွဲပြီး အင်ဂျင်နီယာ အဖြစ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Burj Rafal မိုးမျှော်တိုက်ကို (၂၀၁၀)ပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး (၂၀၁၄)ခုနှစ်တွင် အောင်မြင်စွာ ပြီးစီးခဲ့ကာ အဆိုပါပရောဂျက်ကို အောင်မြင်သည့်ပရောဂျက်တစ်ခုအဖြစ် သတ်မှတ်ထားကြ ကြောင်း သိရသည်။ Burj Rafal မိုးမျှော်တိုက်တွင် လူနေကွန်ဒိုအခန်းပေါင်း (၄၇၄) ခန်းနှင့် ကြယ်(၅)ပွင့် Kempinski ဟိုတယ်၏ အခန်းပေါင်း(၃၄၉)ခန်းပါရှိကြောင်းလည်းသိရသည်။
zawgyi version
သမိုင္းဝင္နန္းေတာ္မ်ားစြာရွိတဲ့ ရီယာဒ္ၿမိဳ႕အေၾကာင္း
Pika (NP News) - မတ္ ၂၈
ရီယာ့ဒ္ၿမိဳ႕သည္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံ၏ၿမိဳ႕ေတာ္ႏွင့္ ႏိုင္ငံတြင္းတြင္ အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ ၿပီး ေရွးေဟာင္းသုေတသနေနရာမ်ား၊ အစားအ ေသာက္၊ ယဥ္ေက်းမႈႏွင့္ျပတိုက္မ်ားေၾကာင့္ နာမည္ ေက်ာ္ၾကားသည္။ ထို႔ျပင္ ရီယာ့ဒ္ၿမိဳ႕သည္ ရီယာ့ဒ္ ျပည္နယ္၏ၿမိဳ႕ေတာ္ျဖစ္သကဲ့သို႔ အုပ္ခ်ဳပ္ေရး၏ အဓိကအခ်က္အခ်ာေနရာတစ္ခုလည္း ျဖစ္သည္။ ရီယာ့ဒ္ၿမိဳ႕သည္ Wadi Hanifa ေခ်ာင္း၏ အေရွ႕ ဘက္ကမ္းတြင္တည္ရွိၿပီး (၁၉၅၀)ျပည့္ႏွစ္တြင္ လက္ရွိၿမိဳ႕ျပပုံစံအျဖစ္ထြက္ေပၚလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ရီယာ့ဒ္ၿမိဳ႕သည္ အာေရဗ်ကြၽန္းဆြယ္ တြင္ အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး Najd ကုန္းျပင္ ျမင့္၏အေရွ႕ဘက္ျခမ္းရွိ An-Nafud သဲကႏၲာရ၏ အလယ္တြင္တည္ရွိသည္။ ထို႔ျပင္ ပင္လယ္ေရမ်က္ ႏွာျပင္အထက္ မီတာ(၆၀ဝ)တြင္တည္ရွိသည့္ ၿမိဳ႕ တစ္ၿမိဳ႕ျဖစ္ၿပီး ႏွစ္စဥ္ ကမာၻလွည့္ခရီးသြား(၅)သန္း ခန႔္ကို လက္ခံရရွိသည့္ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ကာ ကမာၻေပၚတြင္ (၄၉)ခုေျမာက္ လာေရာက္လည္ပတ္ မႈအမ်ားဆုံးၿမိဳ႕တစ္ၿမိဳ႕ႏွင့္ အေရွ႕အလယ္ပိုင္းေဒသတြင္ (၆)ခုေျမာက္ လာေရာက္လည္ပတ္မႈအမ်ားဆုံး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေၾကာင္းလည္း သိရသည္။ (၂၀၂၂)ခုႏွစ္တြင္ ရီယာ့ဒ္ၿမိဳ႕တြင္ေနထိုင္သူလူဦးေရမွာ (၇)သန္း ခန႔္ရွိၿပီး ေဆာ္ဒီအာေရးဗ်ႏိုင္ငံတြင္းတြင္ လူဦးေရ အထူထပ္ဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ကာ အေရွ႕အလယ္ပိုင္း ေဒသတြင္ (၃)ခုေျမာက္ လူဦးေရအထူ ထပ္ဆုံးႏွင့္ အာရွတြင္ (၃၈)ခုေျမာက္ လူဦးေရအထူထပ္ဆုံး ၿမိဳ႕ တစ္ၿမိဳ႕ျဖစ္ခဲ့ေၾကာင္းသိရသည္။
အဆိုပါၿမိဳ႕ကို (၁၅၉၀) ျပည့္ႏွစ္တြင္ အာရပ္သမိုင္းဆရာ တစ္ဦးက ရီယာ့ဒ္အမည္ျဖင့္ ပထမဆုံးေဖာ္ျပခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။ (၁၇၄၅)ခုႏွစ္တြင္ အိမ္နီးခ်င္း Manfuha ႐ြာမွ ႏိုင္ငံေရးသမားတစ္ဦးျဖစ္သည့္ Dahham ibn Dawwas က ရီယာ့ဒ္ၿမိဳ႕ကို သိမ္းပိုက္ခဲ့ၿပီး ၿမိဳ႕ပတ္ပတ္လည္တြင္ ႐ႊံ႕အုတ္နန္းေတာ္ႏွင့္ တံတိုင္းတစ္ခုတည္ေဆာက္ခဲ့ေၾကာင္းလည္းသိရသည္။ သို႔ေသာ္လည္း (၁၉၅၀)ျပည့္ႏွစ္တြင္ အဆိုပါတံတိုင္းမ်ားကို ၿဖိဳဖ်က္ပစ္ခဲ့ၿပီးေနာက္ ရီယာ့ဒ္ၿမိဳ႕သည္ ၿမိဳ႕ျပႀကီးအျဖစ္ ႀကီးထြားလာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ရီယာ့ဒ္ၿမိဳ႕သည္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံ၏ ႏိုင္ငံေရးႏွင့္ အုပ္ခ်ဳပ္ေရး အခ်က္အခ်ာေနရာတစ္ခုလည္းျဖစ္သည္။ ရႉရာေကာင္စီဟု လည္းလူသိမ်ား ၾကေသာ အတိုင္ပင္ခံစည္းေဝးပြဲ၊ ဝန္ႀကီးမ်ားေကာင္စီ၊ ဘုရင္ႏွင့္ တရားစီရင္ေရး ေကာင္စီတို႔အားလုံး သည္ ရီယာ့ဒ္ၿမိဳ႕တြင္းတြင္ တည္ရွိၾကေၾကာင္းသိရသည္။ ေဆာ္ဒီအာေရးဗ်၏ တရားေရးစနစ္၏ အမာခံ ျဖစ္ေသာ အဆိုပါအဖြဲ႕အစည္းေလးခုအျပင္ အျခား အဓိကႏွင့္ အေသးစား အစိုးရအဖြဲ႕အစည္းမ်ား၏ ဌာနခ်ဳပ္မ်ားသည္လည္း ရီယာ့ဒ္ၿမိဳ႕တြင္တည္ရွိေၾကာင္းသိရသည္။ ထို႔ျပင္ အေနာက္ဘက္စြန္းရွိ သံတ မန္ေရးဆိုင္ရာရပ္ကြက္တြင္ ႏိုင္ငံျခားသံ႐ုံးေပါင္း(၁၁၄)ခုရွိေၾကာင္းသိရသည္။
ေဆာ္ဒီအမ်ိဳးသားဘဏ္ (SNB) ၊ Al-Rajhi Bank ၊ SABIC ၊ Almarai ၊ STC ႏွင့္ Samba Financial Group ကဲ့သို႔ေသာ ဘဏ္မ်ား ႏွင့္ အဓိကကုမၸဏီမ်ား ၏ဌာနခ်ဳပ္မ်ားတည္ရွိသည့္ေနရာတစ္ခုျဖစ္မႈႏွင့္အတူ စီးပြားေရးအရ အေရးပါ ေသာ ေနရာတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ King Fahd လမ္းဟု လူသိမ်ားေသာ အျမန္လမ္းမႀကီး (၆၅)သည္ ကမာၻ႔ အႀကီးဆုံးဘ႑ာေရးခ႐ိုင္မ်ားထဲမွတစ္ခုျဖစ္သည့္ King Abdullah Financial District, Faisaliyah Center ႏွင့္ Kingdom Centreအပါအဝင္ ရီယာ့ဒ္ၿမိဳ႕တြင္းရွိ အေရးႀကီးေသာအခ်က္အခ်ာ ေနရာအခ်ိဳ႕ကို ျဖတ္သန္းၿပီး လည္ပတ္ေၾကာင္းသိရ သည္။ ရီယာ့ဒ္ၿမိဳ႕သည္ ကမာၻေပၚတြင္ လူဦးေရ တိုးပြားမႈ အလ်င္ျမန္ဆုံးၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕ျဖစ္ၿပီး ႏိုင္ငံျခားသား အမ်ားအျပားေနထိုင္ရာေနရာတစ္ခု လည္းျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ယင္းၿမိဳ႕တြင္ (Expo 2030) ကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပသြား မည္ျဖစ္ၿပီး (၂၀၂၀)ျပည့္ႏွစ္တြင္ ဒူဘိုင္းၿမိဳ႕ၿပီးလွ်င္ ဒုတိယ ေျမာက္လက္ခံက်င္းပမည့္ အာရပ္ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္လာမည္ျဖစ္ေၾကာင္းသိရသည္။
ရီယာ့ဒ္ၿမိဳ႕တြင္ သမိုင္းဝင္အေရးပါေသာ ေရွးေဟာင္းသုေတသနေနရာမ်ားတြင္ ၿမိဳ႕၏နံရံ ေဟာင္းေပၚရွိ တံခါးေပါက္(၅)ခုလည္းပါဝင္ေၾကာင္း သိရသည္။ ၎တို႔မွာ Thumaira ၏အေရွ႕ဘက္ တံခါး၊ Al-Suwailen ၏ေျမာက္ဘက္တံခါး၊ Dukhna ၏ေတာင္ဘက္တံခါး၊ Al-Madhbah ၏အေနာက္ ဘက္တံခါးႏွင့္ Shumaisi ၏အေနာက္ ေတာင္ဘက္တံခါးတို႔ျဖစ္သည္။ ထို႔ျပင္ သမိုင္းဝင္နန္းေတာ္ ေလးခု လည္းရွိၿပီး ယင္းတို႔မွာ Musmak နန္းေတာ္၊ Murabba နန္းေတာ္၊ Atiqah နန္းေတာ္ ႏွင့္ Al Shamsiah နန္းေတာ္တို႔ျဖစ္ေၾကာင္းသိရသည္။
Turaif ခ႐ိုင္သည္ (၂၀၁၀)ျပည့္ႏွစ္ ဇူလိုင္လ(၃၁)ရက္တြင္ ယူနက္စကိုကမာၻ႔ယဥ္ေက်းမႈ အေမြ အႏွစ္ ေနရာစာရင္းတြင္ ထည့္သြင္းခံခဲ့ရေသာ ေနာက္ထပ္အေရးႀကီးသည့္ ေရွးေဟာင္းသုေတသန ေနရာတစ္ခုျဖစ္ေၾကာင္းသိရသည္။ Turaif ခ႐ိုင္ကို Najdi လူမ်ိဳးစု၏ ဗိသုကာပုံစံျဖင့္ (၁၅)ရာစုတြင္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ Al-Turaif ခ႐ိုင္တြင္ သမိုင္းဝင္နန္းေတာ္မ်ားႏွင့္ အထိမ္းအမွတ္ေနရာအခ်ိဳ႕ရွိၿပီး ၎တို႔တြင္ Salwa နန္းေတာ္၊ Saad bin Saud နန္းေတာ္၊ The Guest House and At-Turaif Bath House အေဆာက္အအုံႏွင့္ Imam Mohammad bin Saud ဗလီတို႔ ပါဝင္ ေၾကာင္းသိရသည္။
Masmak ခံတပ္ကို Mohammed ibn Abdullah ibn Rasheed(1289-1315 AH) လက္ထက္ (၁၈၆၅)ခုႏွစ္ဝန္းက်င္တြင္ တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ (၁၉၀၂)ခုႏွစ္ ဇန္နဝါရီ လတြင္ ကူဝိတ္ႏိုင္ငံမွ ျပည္ႏွင္ဒဏ္ေပးခံရေသာ Ibn Saudu Masmak ခံတပ္ကို ေအာင္ျမင္စြာ သိမ္းပိုက္ႏိုင္ခဲ့ ေၾကာင္းသိရသည္။ ရီယာ့ဒ္ၿမိဳ႕အေပၚ ေဆာ္ဒီထိန္းခ်ဳပ္မႈကို ျပန္လည္ရယူခဲ့သည့္ အဆိုပါျဖစ္ရပ္သည္ ေဆာ္ဒီအာေရးဗ်သမိုင္းတြင္ ဒ႑ာရီဆန္ဆန္နီးပါး အဆင့္အတန္းတစ္ခုသို႔ေရာက္ရွိသြားခဲ့ေၾကာင္း လည္းသိရသည္။
အဆိုပါ အျဖစ္အပ်က္၏ဇာတ္လမ္းကို မၾကာခဏျပန္ေျပာျပေလ့ရွိၿပီး ဘုရင္Abdulaziz al-
Saud ၏ သူရဲေကာင္းဆန္မႈႏွင့္ရဲရင့္မႈ၏ အဓိကအေၾကာင္းအရာအျဖစ္ပါဝင္ေၾကာင္းသိရသည္။ လက္ရွိ အခ်ိန္တြင္ Masmak ခံတပ္သည္ ျပတိုက္ တစ္ခုအျဖစ္တည္ရွိလ်က္ရွိၿပီး နာရီစင္ရင္ျပင္ႏွင့္ နီးကပ္စြာ တည္ရွိလ်က္ရွိေၾကာင္း သိရသည္။
King Fahd လမ္းေပၚတြင္ တည္ရွိေသာ Burj Rafal မိုးေမွ်ာ္တိုက္ဟိုတယ္သည္ အျမင့္ (၃၀၇ ဒသမ ၉)မီတာရွိၿပီး ရီယာ့ဒ္ၿမိဳ႕တြင္အျမင့္ဆုံး မိုးေမွ်ာ္တိုက္ျဖစ္ေၾကာင္းသိရသည္။ အဆိုပါမိုးေမွ်ာ္ တိုက္ကို P & T Groupu ဒီဇိုင္းဆြဲၿပီး အင္ဂ်င္နီယာ အျဖစ္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ Burj Rafal မိုးေမွ်ာ္တိုက္ကို (၂၀၁၀)ျပည့္ႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ၿပီး (၂၀၁၄)ခုႏွစ္တြင္ ေအာင္ျမင္စြာ ၿပီးစီးခဲ့ကာ အဆိုပါပေရာဂ်က္ကို ေအာင္ျမင္သည့္ပေရာဂ်က္တစ္ခုအျဖစ္ သတ္မွတ္ထားၾက ေၾကာင္း သိရသည္။ Burj Rafal မိုးေမွ်ာ္တိုက္တြင္ လူေနကြန္ဒိုအခန္းေပါင္း (၄၇၄) ခန္းႏွင့္ ၾကယ္(၅)ပြင့္ Kempinski ဟိုတယ္၏ အခန္းေပါင္း(၃၄၉)ခန္းပါရွိေၾကာင္းလည္းသိရသည္။