ပြည်တွင်းထုတ်ဘိလပ်မြေများ သယ်ယူစရိတ်ကြောင့် ဈေးမတည်ငြိမ်

367

ချယ်ရီ (NP News) - မတ် ၂၉
ပြည်ပမှ တင်သွင်းသောဘိလပ်မြေများ ဝင်ရောက်နေသော်လည်း သယ်ယူစရိတ်ကြောင့် ပြည်တွင်းထုတ် ဘိလပ် မြေများ ဈေးမြင့်တက်နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကို NP News ၏ မေးမြန်းထားချက်အရ သိရသည်။
“တချို့ကုမ္ပဏီတွေကတော့ အမြတ်ပါးပါးယူပြီးရောင်းတာမျိုးတော့ ရှိရင်ရှိမှာပေါ့နော်။ အဲဒါကတော့ သိပ်ပြီး ပြောစရာမရှိပါဘူး။ ဒါပေမယ့် ပြောစရာက ဘိလပ်မြေသင်္ဘောတွေ ဝင်နေတဲ့ကြားထဲကနေ အခုဖြစ်နေတာက ဘိလပ်မြေတွေက ဈေးတက်နေတာလေ။ အဲဒီဟာလေးကတော့ နည်းနည်းတော့ ထူးဆန်းနေတာပေါ့နော်” ဟု အထက်ပါလုပ်ငန်းရှင်က ဆိုသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလ (၂၁)ရက်က မုတ္တမဆိပ်ကမ်းသို့ ဘိလပ်မြေတန်ချိန် (၃၀၀၀) ရောက်ရှိခဲ့ပြီး တစ်လအကြာ မတ်လ(၂၃)ရက် တွင် ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ ရွှေမဲဆိပ်ကမ်းသို့ ဘိလပ်မြေတန်ချိန် (၁၅၀၀) ရောက်ရှိ လာခဲ့ကြောင်း နစက၏ ထုတ်ပြန်ထားချက်အရ သိရသည်။
“ဟိုးတစ်နေ့ကဆိုရင်လည်း ဘိလပ်မြေတွေ ဆိပ်ကမ်းဝင်တယ်လို့ အစိုးရသတင်းစာထဲမှာလည်း ကြော်ငြာတယ် လေ။ ဒါပေမယ့် ဝင်တာ ဝင်တာပဲရှိတယ်။ ဘိလပ်မြေဈေးနှုန်းက မကျသွားဘူးပေါ့နော်။ မကျဘူးဆိုတာ ပြည်တွင်းမှာ ထုတ်လုပ်တဲ့အားတွေက နည်းနေတာက တစ်ကြောင်း။ ပြီးတော့ ပြည်ပကနေ ဝင်နေတယ်ဆိုပေ မယ့် အခုက ဆောက်လုပ်ရေးရာသီဖြစ်နေတာဆိုတော့ အသုံးကလည်း လိုနေတာကတစ်ကြောင်းဖြစ်နေတာပေါ့။ အဲဒီလိုကြောင့်မို့လည်း ဈေးက တက်နေတာပေါ့” ဟု ၎င်းက ပြောသည်။
ပြည်တွင်းဘိလပ်မြေများ၏ ဈေးနှုန်းများမှာ သယ်ယူစရိတ်ကားခတို့ကြောင့် ဈေးနှုန်းအပြောင်းအလဲများ ဖြစ်နေ ကြောင်း သိရသည်။
“ကျွန်တော်မှာ အပါချီဘိလပ်မြေက (၁၆,၅၀၀)၊ ပြင်ညောင်ကနေ ရန်ကုန်ဆို သယ်ခက အနည်းဆုံးတစ်အိတ်ကို (၃,၀၀၀)လောက် ပေါက်တယ်။ ကျွန်တော်တို့မှာက နီးတော့ တစ်အိတ်ကို (၉၀၀)ပဲ ရှိတယ်လေ။ အခုက စရိတ် တွေက ကားခတွေက ဈေးကြီးတယ်လေ။ ကြံ့နှစ်ကောင်တို့ကတော့ ကြားထဲမှာတော့ ထားသေးတယ်။ နောက်ပိုင်း ပစ္စည်းလည်း မရတာနဲ့ မထားတော့ဘူး”ဟု တောင်ကြီးမြို့နယ်မှ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ကို ဆက်သွယ်ထားမှုအရ သိရသည်။
တရုတ်နှင့်ဖက်စပ်လုပ်ကိုင်နေသော Alpha ဘိလပ်မြေစက်ရုံသည်လည်း မတ္တရာနှင့် သပိတ်ကျင်းဒေသ လက်နက် ကိုင်တိုက်ပွဲများကြောင့် လုံးဝရပ်ဆိုင်းထားလိုက်ရပြီး မန္တလေး အခြေစိုက် လက်နက်ကိုင် PDF ခေါင်းဆောင်အချို့ က မတ္တရာမြို့နယ်အတွင်းရှိ Alpha ဘိလပ်မြေစက်ရုံအတွင်း၌ ဝင်ရောက်တပ်စွဲနေထိုင်ကာ တပ်မတော် စစ်ကြောင်းများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည့် ထိုစက်ရုံသည်လည်း တန်ချိန်(၅၀ဝဝ)ထက်မနည်း ထွက်ခဲ့ ကြောင်း သိရသည်။
နောင်ချိုမြို့နယ်ရှိ Crown ဘိလပ်မြေစက်ရုံသည်လည်း ရပ်တန့်ထားရသကဲ့သို့ ဘိလပ်မြေထုတ်လုပ်မှုဈေးကွက် အတွင်း၌ (၅)ရုံထက်မပိုသော စက်ရုံများသာလည်ပတ်နိုင်ကြောင်း သိရသည်။
“အယ်ဖာဘိလပ်မြေစက်ရုံက မတ္တရာဘက်မှာ။ အဲဒီဘက်က အခြေနေမကောင်းတဲ့အပြင် သူ့စက်ရုံကလည်း PDF က သိမ်းထားတာ။ ထုတ်လုပ်တဲ့နေရာ ဒီအပြင်စက်ရုံတော့ သူတို့ရှိသေးတယ်ပေါ့နော်။ ရှိပေမယ့် ထုတ်လုပ်တာ နည်းတယ်။ အခုဖြစ်နေတဲ့နေရာက အများဆုံးအယ်ဖာကိုထုတ်နေတာကို။ ပြည်တွင်းမှာ ထုတ်လုပ်မှုစရိတ်က ကြီးတယ်။ သယ်ယူပို့ဆောင်ရေးက စရိတ်ကကြီးတယ်။ ကားနဲ့သယ်လို့ရှိရင် လမ်းပန်းဆက်သွယ်ရေးကြောင့် ရယ် ဂိတ်ပေါင်းစုံဖြတ်ရတဲ့ဟာတွေကြောင့်ရယ်ပေါ့နော်။ အဲဒါကြောင့် ပြည်တွင်းထုတ်တွေက ဈေးတက်နေတာ” ဟု ၎င်းက ဆိုသည်။
ပြည်တွင်း၌ ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် ပထမခြောက်လအတွင်း၌ ဘိလပ်မြေတစ်အိတ်၏အမြင့်ဆုံးဈေးသည် ကျပ်(၁၅၀ဝဝ)ခန့်သာ ရှိခဲ့သော်လည်း နောက်ထပ်(၆)လကြာချိန် (၂၀၂၅) ခုနှစ် ဇန်နဝါရီ၌ ကျပ် (၃၀ဝဝဝ) ကျော် အထိ ရှိလာခဲ့သည်။
မြန်မာနိုင်ငံ၌ နှစ်စဉ်ဘိလပ်မြေလိုအပ်ချက်သည် တန်(၁၀)သန်းကျော်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုသည် တန် (၈) သန်းအောက်တွင်ရှိနေရာ နေ့စဉ်ဘိလပ်မြေလိုအပ်ချက်မှာ အိတ်ရေ(၅)သိန်းအထက်တွင် ရှိနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။

Zawgyi Version:
ျပည္တြင္းထုတ္ဘိလပ္ေျမမ်ား သယ္ယူစရိတ္ေၾကာင့္ ေဈးမတည္ၿငိမ္
ခ်ယ္ရီ (NP News) - မတ္ ၂၉
ျပည္ပမွ တင္သြင္းေသာဘိလပ္ေျမမ်ား ဝင္ေရာက္ေနေသာ္လည္း သယ္ယူစရိတ္ေၾကာင့္ ျပည္တြင္းထုတ္ ဘိလပ္ ေျမမ်ား ေဈးျမင့္တက္ေနေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးကို NP News ၏ ေမးျမန္းထားခ်က္အရ သိရသည္။
“တခ်ိဳ႕ကုမၸဏီေတြကေတာ့ အျမတ္ပါးပါးယူၿပီးေရာင္းတာမ်ိဳးေတာ့ ရွိရင္ရွိမွာေပါ့ေနာ္။ အဲဒါကေတာ့ သိပ္ၿပီး ေျပာစရာမရွိပါဘူး။ ဒါေပမယ့္ ေျပာစရာက ဘိလပ္ေျမသေဘၤာေတြ ဝင္ေနတဲ့ၾကားထဲကေန အခုျဖစ္ေနတာက ဘိလပ္ေျမေတြက ေဈးတက္ေနတာေလ။ အဲဒီဟာေလးကေတာ့ နည္းနည္းေတာ့ ထူးဆန္းေနတာေပါ့ေနာ္” ဟု အထက္ပါလုပ္ငန္းရွင္က ဆိုသည္။
ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလ (၂၁)ရက္က မုတၱမဆိပ္ကမ္းသို႔ ဘိလပ္ေျမတန္ခ်ိန္ (၃၀၀၀) ေရာက္ရွိခဲ့ၿပီး တစ္လအၾကာ မတ္လ(၂၃)ရက္ တြင္ ရန္ကုန္ၿမိဳ႕၊ ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ ေ႐ႊမဲဆိပ္ကမ္းသို႔ ဘိလပ္ေျမတန္ခ်ိန္ (၁၅၀၀) ေရာက္ရွိ လာခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ထားခ်က္အရ သိရသည္။
“ဟိုးတစ္ေန႔ကဆိုရင္လည္း ဘိလပ္ေျမေတြ ဆိပ္ကမ္းဝင္တယ္လို႔ အစိုးရသတင္းစာထဲမွာလည္း ေၾကာ္ျငာတယ္ ေလ။ ဒါေပမယ့္ ဝင္တာ ဝင္တာပဲရွိတယ္။ ဘိလပ္ေျမေဈးႏႈန္းက မက်သြားဘူးေပါ့ေနာ္။ မက်ဘူးဆိုတာ ျပည္တြင္းမွာ ထုတ္လုပ္တဲ့အားေတြက နည္းေနတာက တစ္ေၾကာင္း။ ၿပီးေတာ့ ျပည္ပကေန ဝင္ေနတယ္ဆိုေပ မယ့္ အခုက ေဆာက္လုပ္ေရးရာသီျဖစ္ေနတာဆိုေတာ့ အသုံးကလည္း လိုေနတာကတစ္ေၾကာင္းျဖစ္ေနတာေပါ့။ အဲဒီလိုေၾကာင့္မို႔လည္း ေဈးက တက္ေနတာေပါ့” ဟု ၎က ေျပာသည္။
ျပည္တြင္းဘိလပ္ေျမမ်ား၏ ေဈးႏႈန္းမ်ားမွာ သယ္ယူစရိတ္ကားခတို႔ေၾကာင့္ ေဈးႏႈန္းအေျပာင္းအလဲမ်ား ျဖစ္ေန ေၾကာင္း သိရသည္။
“ကြၽန္ေတာ္မွာ အပါခ်ီဘိလပ္ေျမက (၁၆,၅၀၀)၊ ျပင္ေညာင္ကေန ရန္ကုန္ဆို သယ္ခက အနည္းဆုံးတစ္အိတ္ကို (၃,၀၀၀)ေလာက္ ေပါက္တယ္။ ကြၽန္ေတာ္တို႔မွာက နီးေတာ့ တစ္အိတ္ကို (၉၀၀)ပဲ ရွိတယ္ေလ။ အခုက စရိတ္ ေတြက ကားခေတြက ေဈးႀကီးတယ္ေလ။ ႀကံ့ႏွစ္ေကာင္တို႔ကေတာ့ ၾကားထဲမွာေတာ့ ထားေသးတယ္။ ေနာက္ပိုင္း ပစၥည္းလည္း မရတာနဲ႔ မထားေတာ့ဘူး”ဟု ေတာင္ႀကီးၿမိဳ႕နယ္မွ အိမ္ေဆာက္ပစၥည္းအေရာင္းဆိုင္တစ္ဆိုင္ကို ဆက္သြယ္ထားမႈအရ သိရသည္။
တ႐ုတ္ႏွင့္ဖက္စပ္လုပ္ကိုင္ေနေသာ Alpha ဘိလပ္ေျမစက္႐ုံသည္လည္း မတၱရာႏွင့္ သပိတ္က်င္းေဒသ လက္နက္ ကိုင္တိုက္ပြဲမ်ားေၾကာင့္ လုံးဝရပ္ဆိုင္းထားလိုက္ရၿပီး မႏၲေလး အေျခစိုက္ လက္နက္ကိုင္ PDF ေခါင္းေဆာင္အခ်ိဳ႕ က မတၱရာၿမိဳ႕နယ္အတြင္းရွိ Alpha ဘိလပ္ေျမစက္႐ုံအတြင္း၌ ဝင္ေရာက္တပ္စြဲေနထိုင္ကာ တပ္မေတာ္ စစ္ေၾကာင္းမ်ားႏွင့္ ရင္ဆိုင္တိုက္ခိုက္ေနၾကသည့္ ထိုစက္႐ုံသည္လည္း တန္ခ်ိန္(၅၀ဝဝ)ထက္မနည္း ထြက္ခဲ့ ေၾကာင္း သိရသည္။
ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ Crown ဘိလပ္ေျမစက္႐ုံသည္လည္း ရပ္တန႔္ထားရသကဲ့သို႔ ဘိလပ္ေျမထုတ္လုပ္မႈေဈးကြက္ အတြင္း၌ (၅)႐ုံထက္မပိုေသာ စက္႐ုံမ်ားသာလည္ပတ္ႏိုင္ေၾကာင္း သိရသည္။
“အယ္ဖာဘိလပ္ေျမစက္႐ုံက မတၱရာဘက္မွာ။ အဲဒီဘက္က အေျခေနမေကာင္းတဲ့အျပင္ သူ႔စက္႐ုံကလည္း PDF က သိမ္းထားတာ။ ထုတ္လုပ္တဲ့ေနရာ ဒီအျပင္စက္႐ုံေတာ့ သူတို႔ရွိေသးတယ္ေပါ့ေနာ္။ ရွိေပမယ့္ ထုတ္လုပ္တာ နည္းတယ္။ အခုျဖစ္ေနတဲ့ေနရာက အမ်ားဆုံးအယ္ဖာကိုထုတ္ေနတာကို။ ျပည္တြင္းမွာ ထုတ္လုပ္မႈစရိတ္က ႀကီးတယ္။ သယ္ယူပို႔ေဆာင္ေရးက စရိတ္ကႀကီးတယ္။ ကားနဲ႔သယ္လို႔ရွိရင္ လမ္းပန္းဆက္သြယ္ေရးေၾကာင့္ ရယ္ ဂိတ္ေပါင္းစုံျဖတ္ရတဲ့ဟာေတြေၾကာင့္ရယ္ေပါ့ေနာ္။ အဲဒါေၾကာင့္ ျပည္တြင္းထုတ္ေတြက ေဈးတက္ေနတာ” ဟု ၎က ဆိုသည္။
ျပည္တြင္း၌ ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္ ပထမေျခာက္လအတြင္း၌ ဘိလပ္ေျမတစ္အိတ္၏အျမင့္ဆုံးေဈးသည္ က်ပ္(၁၅၀ဝဝ)ခန႔္သာ ရွိခဲ့ေသာ္လည္း ေနာက္ထပ္(၆)လၾကာခ်ိန္ (၂၀၂၅) ခုႏွစ္ ဇန္နဝါရီ၌ က်ပ္ (၃၀ဝဝဝ) ေက်ာ္ အထိ ရွိလာခဲ့သည္။
ျမန္မာႏိုင္ငံ၌ ႏွစ္စဥ္ဘိလပ္ေျမလိုအပ္ခ်က္သည္ တန္(၁၀)သန္းေက်ာ္ရွိၿပီး ျပည္တြင္းထုတ္လုပ္မႈသည္ တန္ (၈) သန္းေအာက္တြင္ရွိေနရာ ေန႔စဥ္ဘိလပ္ေျမလိုအပ္ခ်က္မွာ အိတ္ေရ(၅)သိန္းအထက္တြင္ ရွိေနေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္အသိုင္းအဝိုင္းထံမွ သိရသည္။