ဘဝများစွာကို ဖျက်ဆီးခဲ့သော တုန်လှုပ်ချောက်ချားဖွယ် မိနစ်ပိုင်း

 1061

သုတကျော် (NP News) - မတ် ၂၉

‘‘ငလျင်မလာခင် ဝုန်း ဝုန်း ဝုန်း ဆိုတဲ့ အသံကြားရတာ။ ငလျင်က ဘယ်၊ ညာလှုပ်ရမ်းပြီး သွား တာ မဟုတ်ဘူး။ လှုပ်နေတုန်း လူတွေကိုမြောက် မြောက်သွားတာ” ဟု ပြောလာသူက မန္တလေးတိုင်းဒေသကြီး သဲတောမြို့ခံ မလှ (အမည်လွှဲ) ဖြစ်သည်။
ယင်းနေထိုင်ရာ သဲတောမြို့တွင်လည်း လူသေဆုံးမှုနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုများပြားခဲ့သည်။ ယင်းကဲ့သို့ ပြည်သူအများအပြားသည် ငလျင် ဘေးဒဏ်သင့်ဒေသများတွင် တုန်လှုပ်ချောက်ချားဖွယ်ဘေးဆိုးကြီး ကို ခံစားခဲ့ကြရခြင်းဖြစ်သည်။
ငလျင်ဟူသောအရာက ဘဝများစွာတို့၏ အခြေအနေကို မိနစ်ပိုင်းအတွင်းမှာပင် ပြောင်းပြန် လှန်ပစ်လိုက်၏။ မတ်လ (၂၈)ရက် မွန်းလွဲပိုင်း (၁၂)နာရီ (၅၁)မိနစ်အချိန်တွင် စတင်လှုပ်ခတ်သော ငလျင်သည် မိနစ်အနည်းငယ် သာ ကြာသော်လည်း မြန်မာနိုင်ငံရှိနေရာအတော်များများမှ ဘဝများစွာကို ပျက်စီးသွားစေခဲ့သည်။
မန္တလေး မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁)ကီလိုမီတာခန့်ကွာဝေးသော မန္တလေးမြို့၏ အရှေ့မြောက် ဘက် (၂၀) ကီလိုမီတာခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး (၇ ဒသမ ၇) အဆင့်ရှိ အင်အားအလွန်ပြင်း ထန်သော မြေငလျင်နှင့် ယင်းနောက်ဆက်တွဲငလျင်ငယ် (၃)ခုခန့် လှုပ်ရှားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ငလျင်ဒဏ်ကို ပြင်းပြင်း ထန်ထန် ခံစားခဲ့ရသည်။
ငလျင်ငယ်ဒဏ်ကို ကြုံခဲ့ရဖူးသော်လည်း ငလျင်ကြီးဒဏ်ကိုမကြုံဖူးသော မြန်မာနိုင်ငံသားများအတွက် ယခု ငလျင် သည် အလွန်ကြောက်မက်ဖွယ် ကောင်းခဲ့သည်။ ငလျင်အပြီး ထွက်ပေါ်လာသော ဗီဒီယိုတစ်ခုအတွင်း ငလျင်လှုပ် စဉ် မြေသားများ ရမ်းခါနေသည့်မြင်ကွင်းမှာ (၂၀ဝ၉)ခုနှစ်က ထွက်ခဲ့သော (၂၀၁၂) ရုပ်ရှင်ဇာတ်ဝင်ခန်းနှင့်ပင် ခပ်ဆင် ဆင်တူကာ သွေးပျက်ဖွယ်ကောင်းလွန်းလှသည်။
ပြင်းထန်သည့် ယင်းငလျင် လှုပ်ခတ်မှုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ လာအိုနိုင်ငံ၊ တရုတ် ယူနန်၊ အနောက် ဘက်အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းသို့တိုင် ခံစားရကြောင်း နိုင်ငံတကာ မီဒီယာများ က ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အဖျက်စွမ်းအားမြင့် ငလျင်များကို ယခင်ကလည်း ကြုံဖူးရာတွင် (၁၉၁၂)ခုနှစ်က မေမြို့ငလျင်၊ ခုနှစ်က (၁၉၃၀) ပြည့်နှစ်က ပဲခူး ငလျင်၊ (၁၉၅၆)ခုနှစ် မန္တလေးငလျင် စသည်ဖြင့် အတိတ်ကာလက ငလျင်ကြီး များ လှုပ်ခတ်ဖူးသကဲ့သို့ (၂၀၁၆) ခုနှစ်က လှုပ်ခတ်ခဲ့သော ချောက်ငလျင်ကြောင့် ပုဂံဘုရားများ ထိခိုက်ခဲ့၏။ ယခု ငလျင်မှာ မြန်မာ့သမိုင်းတစ်လျှောက်တွင် ဒုတိယမြောက်အား အပြင်းဆုံးငလျင်တစ်ခုဖြစ်သည်။ ထို့ပြင် လူအများကို ထိခိုက်၊ သေဆုံးစေခဲ့သော မြန်မာနိုင်ငံ၏ ငလျင် တစ်ခုဖြစ်လာခဲ့ပြီ ဖြစ်သည်။
‘‘အခုလှုပ်ခဲ့တဲ့ငလျင်က မြန်မာနိုင်ငံရဲ့ အဓိက လူသိများထင်ရှားတဲ့ သက်ရှင်ပြတ်ရွေ့ကြီး စစ်ကိုင်းပြတ်‌ရွေ့ ပေါ့။ အဲဒီမှာဆိုရင်ကျွန်တော်တို့ အင်အားအပြင်းဆုံး (၁၉၁၂) က မေမြို့အနီး လှုပ်ရှားခဲ့တဲ့ ငလျင်ကတော့ (၈ ဒသမ ဝ) ရှိတဲ့ ငလျင်ပေါ့။ သူက အင်အားအပြင်းဆုံးဖြစ်ပြီးတော့ အဲဒီနောက်မှာတော့ အခုလှုပ်တဲ့ (၇ ဒသမ ၇) ပေါ့” ဟု မိုးလေဝသနှင့် ဇလဗေဒòန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ငလျင်၏ဒဏ်ကြောင့် စစ်ကိုင်းတံတားကြီး ကျိုးကျခဲ့သည်။ ထို့ပြင် စစ်ကိုင်းမြို့တွင်လည်း ငလျင်ကြောင့် အဆောက်အအုံပြိုကျပျက်စီးမှုများ ရှိခဲ့သည်။ သာသနာနိက အဆောက်အအုံများ ထိခိုက်မှုရှိခဲ့သည့်အပြင် စစ်ကိုင်း ကောင်းမှုတော်ဘုရားကြီး၏ စိန်ဖူးတော် မြေခခဲ့ကြောင်းသိရသည်။ ငလျင်ကြောင့် ထိခိုက်မှုအများဆုံး ဖြစ်ပွားခဲ့ သောနေရာမှာ လတ်တလောသိရှိရသော သတင်းများအရ မန္တလေးတိုင်း ဒေသကြီးတွင်ဖြစ်ကြောင်း သိရသည်။ မန္တလေးမြို့တွင် သာသနိကအဆောက်အအုံများ၊ ရှေးဟောင်း အဆောက်အအုံများနှင့် လူနေအိမ်၊ တိုက်ခန်းများ ပျက်စီး မှုများပြားခဲ့သည်။ မန္တလေးနန်းတော်၏ မြို့ရိုးမှအချို့နေရာများလည်း ပြိုကျခဲ့ကြောင်း သိရသည်။ လူနေတိုက်ခန်းများ အလုံးလိုက် ပြိုခြင်း၊ စောင်းခြင်းများရှိခဲ့သည့်အပြင် နိမ့်ဝင်၊ ကျွံကျသော အဆောက်အအုံများလည်း ရှိခဲ့သည်။ မန္တလေး တက္ကသိုလ်တွင်မူ ငလျင်လှုပ်ပြီးနောက် ပျက်စီးကာ မီးလောင်ခဲ့သေးသည့်အပြင် မန္တလေးမြို့က အချို့ နေရာများတွင် အပျက်အစီး နောက်ဆက်တွဲအဖြစ် မီးလောင်ခြင်းများရှိခဲ့ကြောင်းလည်း သိရသည်။
သေဆုံးသူ ပမာဏကို ယခုဆောင်းပါး ရေးသား ချိန် မတ်လ (၂၈) ရက် ညနေပိုင်း (၅) နာရီအချိန် အတိ အတိအကျ အချက်အလက်မရသေးသော်လည်း သေဆုံးသူ ပမာဏများပြားဖွယ်ရှိကြောင်း သိရသည်။ သာသနိက အဆောက်အအုံများပျက်စီးသည့်အနက် မဟာမြတ်မုနိဘုရားကြီးနှင့် ရွှေစာရံဘုရားတို့တွင်လည်း ထိခိုက်မှုရှိခဲ့ သည့်အပြင် မဟာဂန္ဓာရုံ ကျောင်းတိုက်တွင်လည်း ပျက်စီးမှုများ ရှိခဲ့သည်။ အခြားပျက်စီးမှုများလည်း မနည်းလှပေ။
“ကျုပ်တို့နေခဲ့တဲ့ နှစ်ပေါင်း (၁၀ဝ)ကျော် မစိုး ရိမ်တိုက်မကြီးလည်း အပျက်အစီးတော်တော်များတယ်။ ကျောင်းဆောင်တွေလည်း ပြိုတယ်။ သံဃာတွေလည်း ဒဏ်ရာရတယ်။ မစိုးရိမ်တိုက်သစ်က နာရီစင်ကြီးလည်း ပြို တယ်။ ကျောင်းအဆောင် လိုက်လည်း ပြိုကျတယ်” ဟု သံဃာတော်တစ်ပါးက မိန့်ကြားသည်။
ထို့ပြင် အင်းဝရှိ သမိုင်းဝင်လေးထပ်ကြီး ကျောင်းနှင့် မယ်နုအုတ်ကျောင်းလည်း ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးမှု များရှိခဲ့ကာ အခြားပျက်စီးဆုံးရှုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။ အမရပူရရှိ ပုထိုးတော်ကြီးဘုရားလည်း ထိခိုက်ပျက်စီးခဲ့သည်။ ထို့ပြင် အခြား မန္တလေးတိုင်းဒေသကြီးအတွင်းမှ အခြားမြို့အချို့တွင်လည်း ထိခိုက်၊ သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။ ကျောက်ဆည်တွင် ငလျင်ကြောင့် မူကြိုကျောင်း ပြိုကျမှုဖြစ်ပွားခဲ့ကာ သေဆုံး သူများ ရှိခဲ့သည်။
ငလျင်ကြောင့် အမြန်လမ်းတွင်လည်း ထိခိုက်၊ ပျက်စီးမှုရှိခဲ့ပြီး အချို့နေရာများတွင် လမ်းသား ကွဲအက်ခြင်း နှင့် တံတားအချို့တွင် ထိခိုက်ခြင်းများ ရှိခဲ့သည်။ ဆိုးဆိုးရွားရွားပျက်စီးခဲ့သော နေရာများလည်းရှိသည်။ ထို့ပြင် ထွက်ပေါ်နေသော ဓာတ်ပုံအရ ငလျင်လှုပ်စဉ် လမ်းပိုင်းကွဲအက်သည့်အတွက် မော်တော်ယာဉ်တစ်စီး တိမ်းမှောက် ခဲ့ကြောင်းလည်း တွေ့မြင်ရသည်။
နေပြည်တော်ကောင်စီနယ်မြေတွင်လည်း ပျက်စီးမှုများရှိခဲ့ရာ လမ်းပိုင်းများပျက်စီးသည့်အပြင် အခြား အဆောက်အအုံများစွာပျက်စီးခဲ့ကြောင်း လည်းသိရသည်။ သပြေကုန်းဈေး၊ ကျောက်မျက် ရတနာခန်းမအပါအဝင် အခြားအဆောက်အအုံများ အပြင် အစိုးရဆိုင်ရာ အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ထိခိုက် သေဆုံး ခဲ့သောဖြစ်စဉ်များနှင့်ပတ်သက်၍ သေချာစွာ သိရ ခြင်းမရှိသေးဘဲ ကယ်ထုတ်မှုများ ပြုလုပ်နေဆဲဖြစ် ကြောင်း သိရသည်။ ထို့ပြင် နေပြည်တော် လေဆိပ်ရှိ လေကြောင်းထိန်းမျှော်စင်အဆောက်အအုံပြိုကျမှု ဖြစ်ပွားခဲ့ရာ ဝန်ထမ်း အချို့သေဆုံးခဲ့ကြောင်းလည်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း ထိခိုက် သေဆုံးမှုများရှိခဲ့ရာ ပြည်မြို့နယ်၊ ဖြူးမြို့နယ်၊ တောင်ငူမြို့နယ် စသည်ဖြင့် မြို့နယ်များတွင် အပျက်အစီးများနှင့်အတူ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။ ပြည်မြို့ရှိ သရေခေတ္တရာမြို့ ဟောင်းအနီးမှ သုံးပန်လှ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ရှေးဟောင်း ကျောင်းကြီးမှာ အရှေ့ဘက်ခြမ်းတွင် ပြိုကျမှု ဖြစ်ပွားခဲ့သည်။ တောင်ငူမြို့နယ်တွင် စစ်ဘေးရှောင် များခိုလှုံနေသော ဝေဠုဝန် ဘုန်းတော်ကြီးကျောင်း ပြိုကျရာ သေဆုံးသူများရှိခဲ့သည့်အပြင် အခြား နေရာ များတွင်လည်း ပြိုကျမှုများရှိခဲ့သည်။ ဖြူးမြို့နယ်တွင် လည်း ငလျင်ကြောင့် သေဆုံးသူများရှိခဲ့ကြောင်း သိရသည်။ ငလျင်၏အရှိန်ကို ရှမ်းပြည်နယ်ကလည်း ခံစားခဲ့ရပြီး အောင်ပန်းမြို့ရှိ (၃)ထပ်အမြင့် အောင်ပန်း ဟိုတယ်ပြိုကျခဲ့ရာ လူအချို့ထိခိုက်ဒဏ်ရာ ရခဲ့သည့် အပြင် ပိတ်မိသူများလည်းရှိနိုင်ကြောင်း သိရသည်။ ထို့ပြင် ရေဘေးဒဏ်ကြောင့် ပြန်လည် ရုန်းထနေရသော အင်းလေးဒေသတွင်လည်း ငလျင် ဒဏ်ကြောင့် အဆောက်အအုံပျက်စီးမှုများနှင့် သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။ သာသနာနိက အဆောက်အအုံ ပျက်စီးခြင်းများ လည်းရှိသည်။
အဆိုပါ ပြင်းထန်သည့်ငလျင်လှုပ်ခတ်မှု ကြောင့် ငလျင်ဒဏ်သင့်သည့်နေရာများကို အရေး ပေါ်အခြေအနေ အဖြစ် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ငလျင်လှုပ် အပြီး ကြေညာခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါဒေသများ၌ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ် ဆေးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောလျင်စွာဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွား မည်ဖြစ်ကာ လိုအပ်သည့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများရရှိစေရေး အတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ငလျင်အပြီးတွင် အမြန်ဆုံး ထုတ်ပြန်အသိပေးခဲ့သည်။
ငလျင်အပြီးတွင်ထွက်ပေါ်လာသည်က ကောလာဟလ သတင်းများဖြစ်သည်။ ငလျင်ကြောင့် ဆည်အက်သည့် အတွက် ရေလွှတ်မည်ဆိုသော သတင်းမှစတင်ကာ ကောလာဟလ သတင်းများစွာ ထွက်ပေါ်ခဲ့သည်။ ယင်းနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကောလာဟလ သတင်း များအပေါ် မယုံကြည်ကြရန် မေတ္တာရပ်ခံ ပြောကြားခဲ့သည်။ “ပြည်သူလူထုအနေနဲ့ ထွက်ပေါ်နေတဲ့ ကောလာ ဟလတွေအပေါ်မှာ ယုံကြည်ခြင်းမရှိပဲ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့ အဆက်မပြတ် သတင်းထုတ်ပြန်ချက်များနဲ့အညီ သာ လိုက်နာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံလိုပါ တယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် ငလျင်ဒဏ်သင့်ခဲ့ရသည့်အတွက် ပြည်သူအချို့သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့ပြီး စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေတို့ရှိ ပြည်သူ့ဆေး ရုံများတွင် အများအပြား တက်ရောက်ဆေးကုသမှုခံယူရလျက်ရှိရာ အရေးပေါ်သွေးလိုအပ်မှုများရှိနေသဖြင့် သွေးအလှူရှင်များအနေဖြင့် ဆေးရုံ များသို့ အမြန်ဆုံးဆက်သွယ်၍ သွားရောက်လှူဒါန်းရန် နစက က မေတ္တာရပ်ခံ ထုတ်ပြန်ခဲ့သည်။
ငလျင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့်နေရာများကို ငလျင်လှုပ်ခတ်ခဲ့မှုဖြစ်ပွား ခဲ့ပြီး မကြာမီနာရီပိုင်းအတွင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ငလျင်ကြီးပြီးသော်လည်း အမှန်တကယ် ငလျင် ဘေးက ကင်းသွားသည်တော့ မဟုတ်သေးပါ။ နောက်ဆက်တွဲ ငလျင်များကို သတိပြုရန် လိုပါသေးသည်။ ထိုပြင် ငလျင်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများကို ထပ်မံစစ် ဆေးမှုများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ “မြေအောက်ကို အနက်ကလည်း တိမ်တဲ့အတွက်ကြောင့်မို့လို့ နောက် ဆက်တွဲငလျင် ဘယ်အချိန်မှာ လှုပ်မယ်ဆိုတာကို တိတိကျကျပြောလို့မရသော်လည်းပဲ သူရဲ့ဖြစ်နိုင် ခြေနောက် ဆက်တွဲငလျင်ငယ် လှုပ်ရှားနိုင်တဲ့အလားအလာတော့ရှိပါတယ်။ အတိအကျတော့ ပြောလို့မရသော်လည်းပေါ့။ အဲဒါ ကြောင့်မို့လို့ အဓိကအနေနဲ့ကတော့ အရှေ့ပိုင်းမှာ အင်အားကြီးငလျင်ကြောင့် ပျက်စီးခဲ့တဲ့ တချို့အဆောက် အအုံ တွေပေါ့။ အဲဒီအဆောက်အအုံတွေဆိုရင် ကြံခိုင်မှုကို စစ်ဆေးပြီးတော့ သတိပြုနေထိုင်မယ်ဆိုရင် ပိုမိုပြီးတော့ ကောင်း မွန်ပါတယ်” ဟု မိုးလေ ဝသနှင့် ဇလဗေဒòန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက တိုက်တွန်းသည်။
မြန်မာနိုင်ငံတွင် သမိုင်းတစ်လျှောက် ငလျင်များ လှုပ်ခတ်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ကြီးမားသော ငလျင်ကြီး များမှာမူ နှစ်များစွာကြာပြီးမှသာ ကြုံတွေ့ ကြရခြင်းဖြစ်သည်။ ထို့ကြောင့် အကျွမ်းဝင်ခြင်းမရှိပါ။ ထို့ပြင် စစ်ဘေး ကြောင့်အပူများရှိနေချိန် ငလျင်က အပူများကို ထပ်ဆင့်စေခဲ့ပြီ ဖြစ်သည်။
ယခုငလျင်ဘေးသည် အမျိုးသားဘေး အန္တရာယ်တစ်ခုဟုဆိုပါကလည်း ဆိုနိုင်ပါလိမ့်မည်။ အဘယ့်ကြောင့် ဆိုသော မြန်မာနိုင်ငံ၏နေရာ အတော်များများတွင် ခံစားခဲ့ကြရသောကြောင့် ဖြစ်သည်။ ငလျင်ကြောင့် အသက် ပေါင်းများစွာ ပျက်သုဉ်း ရသကဲ့သို့ အိုး၊ အိမ်ပေါင်းများစွာလည်း ထိခိုက်ခဲ့ရသည်။ ငလျင်ဘေးဒဏ်သင့် ဒေသများတွင် အပူငွေ့တို့ လွှမ်းခြုံခဲ့ချေပြီ။ ငိုသောမျက်လုံးများကို တိတ်စေရန် လတ်တလောတွင် စွမ်းဆောင်နိုင်မည် မဟုတ် သော်လည်း စည်းလုံးအားဖြင့် ကျော်လွှားရေး လက်များကို တွဲထားရန်လိုအပ်ပါသည်။

Zawgyi Version:
ဘဝမ်ားစြာကို ဖ်က္ဆီးခဲ့ေသာ တုန္လႈပ္ေခ်ာက္ခ်ားဖြယ္ မိနစ္ပိုင္း
သုတေက်ာ္ (NP News) - မတ္ ၂၉

‘‘ငလ်င္မလာခင္ ဝုန္း ဝုန္း ဝုန္း ဆိုတဲ့ အသံၾကားရတာ။ ငလ်င္က ဘယ္၊ ညာလႈပ္ရမ္းၿပီး သြား တာ မဟုတ္ဘူး။ လႈပ္ေနတုန္း လူေတြကိုေျမာက္ ေျမာက္သြားတာ” ဟု ေျပာလာသူက မႏၲေလးတိုင္းေဒသႀကီး သဲေတာၿမိဳ႕ခံ မလွ (အမည္လႊဲ) ျဖစ္သည္။
ယင္းေနထိုင္ရာ သဲေတာၿမိဳ႕တြင္လည္း လူေသဆုံးမႈႏွင့္ အေဆာက္အအုံ ထိခိုက္ပ်က္စီးမႈမ်ားျပားခဲ့သည္။ ယင္းကဲ့သို႔ ျပည္သူအမ်ားအျပားသည္ ငလ်င္ ေဘးဒဏ္သင့္ေဒသမ်ားတြင္ တုန္လႈပ္ေခ်ာက္ခ်ားဖြယ္ေဘးဆိုးႀကီး ကို ခံစားခဲ့ၾကရျခင္းျဖစ္သည္။
ငလ်င္ဟူေသာအရာက ဘဝမ်ားစြာတို႔၏ အေျခအေနကို မိနစ္ပိုင္းအတြင္းမွာပင္ ေျပာင္းျပန္ လွန္ပစ္လိုက္၏။ မတ္လ (၂၈)ရက္ မြန္းလြဲပိုင္း (၁၂)နာရီ (၅၁)မိနစ္အခ်ိန္တြင္ စတင္လႈပ္ခတ္ေသာ ငလ်င္သည္ မိနစ္အနည္းငယ္ သာ ၾကာေသာ္လည္း ျမန္မာႏိုင္ငံရွိေနရာအေတာ္မ်ားမ်ားမွ ဘဝမ်ားစြာကို ပ်က္စီးသြားေစခဲ့သည္။
မႏၲေလး ေျမငလ်င္စခန္းမွ အေရွ႕ေျမာက္ဘက္ (၂၁)ကီလိုမီတာခန႔္ကြာေဝးေသာ မႏၲေလးၿမိဳ႕၏ အေရွ႕ေျမာက္ ဘက္ (၂၀) ကီလိုမီတာခန႔္အကြာကို ဗဟိုျပဳ၍ အင္အားရစ္ခ်္တာစေကး (၇ ဒသမ ၇) အဆင့္ရွိ အင္အားအလြန္ျပင္း ထန္ေသာ ေျမငလ်င္ႏွင့္ ယင္းေနာက္ဆက္တြဲငလ်င္ငယ္ (၃)ခုခန႔္ လႈပ္ရွားခဲ့ရာ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလး တိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္ အေရွ႕ေျမာက္ေဒသ၊ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပဲခူးတိုင္းေဒသႀကီးတို႔တြင္ ငလ်င္ဒဏ္ကို ျပင္းျပင္း ထန္ထန္ ခံစားခဲ့ရသည္။
ငလ်င္ငယ္ဒဏ္ကို ႀကဳံခဲ့ရဖူးေသာ္လည္း ငလ်င္ႀကီးဒဏ္ကိုမႀကဳံဖူးေသာ ျမန္မာႏိုင္ငံသားမ်ားအတြက္ ယခု ငလ်င္ သည္ အလြန္ေၾကာက္မက္ဖြယ္ ေကာင္းခဲ့သည္။ ငလ်င္အၿပီး ထြက္ေပၚလာေသာ ဗီဒီယိုတစ္ခုအတြင္း ငလ်င္လႈပ္ စဥ္ ေျမသားမ်ား ရမ္းခါေနသည့္ျမင္ကြင္းမွာ (၂၀ဝ၉)ခုႏွစ္က ထြက္ခဲ့ေသာ (၂၀၁၂) ႐ုပ္ရွင္ဇာတ္ဝင္ခန္းႏွင့္ပင္ ခပ္ဆင္ ဆင္တူကာ ေသြးပ်က္ဖြယ္ေကာင္းလြန္းလွသည္။
ျပင္းထန္သည့္ ယင္းငလ်င္ လႈပ္ခတ္မႈကို ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕၊ လာအိုႏိုင္ငံ၊ တ႐ုတ္ ယူနန္၊ အေနာက္ ဘက္အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏွင့္ အိႏၵိယႏိုင္ငံအေရွ႕ေျမာက္ပိုင္းသို႔တိုင္ ခံစားရေၾကာင္း ႏိုင္ငံတကာ မီဒီယာမ်ား က ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံတြင္ အဖ်က္စြမ္းအားျမင့္ ငလ်င္မ်ားကို ယခင္ကလည္း ႀကဳံဖူးရာတြင္ (၁၉၁၂)ခုႏွစ္က ေမၿမိဳ႕ငလ်င္၊ ခုႏွစ္က (၁၉၃၀) ျပည့္ႏွစ္က ပဲခူး ငလ်င္၊ (၁၉၅၆)ခုႏွစ္ မႏၲေလးငလ်င္ စသည္ျဖင့္ အတိတ္ကာလက ငလ်င္ႀကီး မ်ား လႈပ္ခတ္ဖူးသကဲ့သို႔ (၂၀၁၆) ခုႏွစ္က လႈပ္ခတ္ခဲ့ေသာ ေခ်ာက္ငလ်င္ေၾကာင့္ ပုဂံဘုရားမ်ား ထိခိုက္ခဲ့၏။ ယခု ငလ်င္မွာ ျမန္မာ့သမိုင္းတစ္ေလွ်ာက္တြင္ ဒုတိယေျမာက္အား အျပင္းဆုံးငလ်င္တစ္ခုျဖစ္သည္။ ထို႔ျပင္ လူအမ်ားကို ထိခိုက္၊ ေသဆုံးေစခဲ့ေသာ ျမန္မာႏိုင္ငံ၏ ငလ်င္ တစ္ခုျဖစ္လာခဲ့ၿပီ ျဖစ္သည္။
‘‘အခုလႈပ္ခဲ့တဲ့ငလ်င္က ျမန္မာႏိုင္ငံရဲ႕ အဓိက လူသိမ်ားထင္ရွားတဲ့ သက္ရွင္ျပတ္ေ႐ြ႕ႀကီး စစ္ကိုင္းျပတ္‌ေ႐ြ႕ ေပါ့။ အဲဒီမွာဆိုရင္ကြၽန္ေတာ္တို႔ အင္အားအျပင္းဆုံး (၁၉၁၂) က ေမၿမိဳ႕အနီး လႈပ္ရွားခဲ့တဲ့ ငလ်င္ကေတာ့ (၈ ဒသမ ဝ) ရွိတဲ့ ငလ်င္ေပါ့။ သူက အင္အားအျပင္းဆုံးျဖစ္ၿပီးေတာ့ အဲဒီေနာက္မွာေတာ့ အခုလႈပ္တဲ့ (၇ ဒသမ ၇) ေပါ့” ဟု မိုးေလဝသႏွင့္ ဇလေဗဒòန္ၾကားမႈဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ငလ်င္၏ဒဏ္ေၾကာင့္ စစ္ကိုင္းတံတားႀကီး က်ိဳးက်ခဲ့သည္။ ထို႔ျပင္ စစ္ကိုင္းၿမိဳ႕တြင္လည္း ငလ်င္ေၾကာင့္ အေဆာက္အအုံၿပိဳက်ပ်က္စီးမႈမ်ား ရွိခဲ့သည္။ သာသနာနိက အေဆာက္အအုံမ်ား ထိခိုက္မႈရွိခဲ့သည့္အျပင္ စစ္ကိုင္း ေကာင္းမႈေတာ္ဘုရားႀကီး၏ စိန္ဖူးေတာ္ ေျမခခဲ့ေၾကာင္းသိရသည္။ ငလ်င္ေၾကာင့္ ထိခိုက္မႈအမ်ားဆုံး ျဖစ္ပြားခဲ့ ေသာေနရာမွာ လတ္တေလာသိရွိရေသာ သတင္းမ်ားအရ မႏၲေလးတိုင္း ေဒသႀကီးတြင္ျဖစ္ေၾကာင္း သိရသည္။ မႏၲေလးၿမိဳ႕တြင္ သာသနိကအေဆာက္အအုံမ်ား၊ ေရွးေဟာင္း အေဆာက္အအုံမ်ားႏွင့္ လူေနအိမ္၊ တိုက္ခန္းမ်ား ပ်က္စီး မႈမ်ားျပားခဲ့သည္။ မႏၲေလးနန္းေတာ္၏ ၿမိဳ႕႐ိုးမွအခ်ိဳ႕ေနရာမ်ားလည္း ၿပိဳက်ခဲ့ေၾကာင္း သိရသည္။ လူေနတိုက္ခန္းမ်ား အလုံးလိုက္ ၿပိဳျခင္း၊ ေစာင္းျခင္းမ်ားရွိခဲ့သည့္အျပင္ နိမ့္ဝင္၊ ကြၽံက်ေသာ အေဆာက္အအုံမ်ားလည္း ရွိခဲ့သည္။ မႏၲေလး တကၠသိုလ္တြင္မူ ငလ်င္လႈပ္ၿပီးေနာက္ ပ်က္စီးကာ မီးေလာင္ခဲ့ေသးသည့္အျပင္ မႏၲေလးၿမိဳ႕က အခ်ိဳ႕ ေနရာမ်ားတြင္ အပ်က္အစီး ေနာက္ဆက္တြဲအျဖစ္ မီးေလာင္ျခင္းမ်ားရွိခဲ့ေၾကာင္းလည္း သိရသည္။
ေသဆုံးသူ ပမာဏကို ယခုေဆာင္းပါး ေရးသား ခ်ိန္ မတ္လ (၂၈) ရက္ ညေနပိုင္း (၅) နာရီအခ်ိန္ အတိ အတိအက် အခ်က္အလက္မရေသးေသာ္လည္း ေသဆုံးသူ ပမာဏမ်ားျပားဖြယ္ရွိေၾကာင္း သိရသည္။ သာသနိက အေဆာက္အအုံမ်ားပ်က္စီးသည့္အနက္ မဟာျမတ္မုနိဘုရားႀကီးႏွင့္ ေ႐ႊစာရံဘုရားတို႔တြင္လည္း ထိခိုက္မႈရွိခဲ့ သည့္အျပင္ မဟာဂႏၶာ႐ုံ ေက်ာင္းတိုက္တြင္လည္း ပ်က္စီးမႈမ်ား ရွိခဲ့သည္။ အျခားပ်က္စီးမႈမ်ားလည္း မနည္းလွေပ။
“က်ဳပ္တို႔ေနခဲ့တဲ့ ႏွစ္ေပါင္း (၁၀ဝ)ေက်ာ္ မစိုး ရိမ္တိုက္မႀကီးလည္း အပ်က္အစီးေတာ္ေတာ္မ်ားတယ္။ ေက်ာင္းေဆာင္ေတြလည္း ၿပိဳတယ္။ သံဃာေတြလည္း ဒဏ္ရာရတယ္။ မစိုးရိမ္တိုက္သစ္က နာရီစင္ႀကီးလည္း ၿပိဳ တယ္။ ေက်ာင္းအေဆာင္ လိုက္လည္း ၿပိဳက်တယ္” ဟု သံဃာေတာ္တစ္ပါးက မိန႔္ၾကားသည္။
ထို႔ျပင္ အင္းဝရွိ သမိုင္းဝင္ေလးထပ္ႀကီး ေက်ာင္းႏွင့္ မယ္ႏုအုတ္ေက်ာင္းလည္း ငလ်င္ဒဏ္ေၾကာင့္ ၿပိဳက် ပ်က္စီးမႈ မ်ားရွိခဲ့ကာ အျခားပ်က္စီးဆုံးရႈံးမႈမ်ားလည္း ရွိခဲ့ေၾကာင္း သိရသည္။ အမရပူရရွိ ပုထိုးေတာ္ႀကီးဘုရားလည္း ထိခိုက္ပ်က္စီးခဲ့သည္။ ထို႔ျပင္ အျခား မႏၲေလးတိုင္းေဒသႀကီးအတြင္းမွ အျခားၿမိဳ႕အခ်ိဳ႕တြင္လည္း ထိခိုက္၊ ေသဆုံးမႈမ်ား ရွိခဲ့ေၾကာင္း သိရသည္။ ေက်ာက္ဆည္တြင္ ငလ်င္ေၾကာင့္ မူႀကိဳေက်ာင္း ၿပိဳက်မႈျဖစ္ပြားခဲ့ကာ ေသဆုံး သူမ်ား ရွိခဲ့သည္။
ငလ်င္ေၾကာင့္ အျမန္လမ္းတြင္လည္း ထိခိုက္၊ ပ်က္စီးမႈရွိခဲ့ၿပီး အခ်ိဳ႕ေနရာမ်ားတြင္ လမ္းသား ကြဲအက္ျခင္း ႏွင့္ တံတားအခ်ိဳ႕တြင္ ထိခိုက္ျခင္းမ်ား ရွိခဲ့သည္။ ဆိုးဆိုး႐ြား႐ြားပ်က္စီးခဲ့ေသာ ေနရာမ်ားလည္းရွိသည္။ ထို႔ျပင္ ထြက္ေပၚေနေသာ ဓာတ္ပုံအရ ငလ်င္လႈပ္စဥ္ လမ္းပိုင္းကြဲအက္သည့္အတြက္ ေမာ္ေတာ္ယာဥ္တစ္စီး တိမ္းေမွာက္ ခဲ့ေၾကာင္းလည္း ေတြ႕ျမင္ရသည္။
ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္လည္း ပ်က္စီးမႈမ်ားရွိခဲ့ရာ လမ္းပိုင္းမ်ားပ်က္စီးသည့္အျပင္ အျခား အေဆာက္အအုံမ်ားစြာပ်က္စီးခဲ့ေၾကာင္း လည္းသိရသည္။ သေျပကုန္းေဈး၊ ေက်ာက္မ်က္ ရတနာခန္းမအပါအဝင္ အျခားအေဆာက္အအုံမ်ား အျပင္ အစိုးရဆိုင္ရာ အေဆာက္အအုံမ်ားလည္း ထိခိုက္ပ်က္စီးခဲ့ေၾကာင္း သိရသည္။ ထိခိုက္ ေသဆုံး ခဲ့ေသာျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ ေသခ်ာစြာ သိရ ျခင္းမရွိေသးဘဲ ကယ္ထုတ္မႈမ်ား ျပဳလုပ္ေနဆဲျဖစ္ ေၾကာင္း သိရသည္။ ထို႔ျပင္ ေနျပည္ေတာ္ ေလဆိပ္ရွိ ေလေၾကာင္းထိန္းေမွ်ာ္စင္အေဆာက္အအုံၿပိဳက်မႈ ျဖစ္ပြားခဲ့ရာ ဝန္ထမ္း အခ်ိဳ႕ေသဆုံးခဲ့ေၾကာင္းလည္း သိရသည္။
ပဲခူးတိုင္းေဒသႀကီးအတြင္းမွာလည္း ထိခိုက္ ေသဆုံးမႈမ်ားရွိခဲ့ရာ ျပည္ၿမိဳ႕နယ္၊ ျဖဴးၿမိဳ႕နယ္၊ ေတာင္ငူၿမိဳ႕နယ္ စသည္ျဖင့္ ၿမိဳ႕နယ္မ်ားတြင္ အပ်က္အစီးမ်ားႏွင့္အတူ ထိခိုက္ေသဆုံးမႈမ်ား ရွိခဲ့သည္။ ျပည္ၿမိဳ႕ရွိ သေရေခတၱရာၿမိဳ႕ ေဟာင္းအနီးမွ သုံးပန္လွ ဘုန္းေတာ္ႀကီးေက်ာင္းဝန္းအတြင္းရွိ ေရွးေဟာင္း ေက်ာင္းႀကီးမွာ အေရွ႕ဘက္ျခမ္းတြင္ ၿပိဳက်မႈ ျဖစ္ပြားခဲ့သည္။ ေတာင္ငူၿမိဳ႕နယ္တြင္ စစ္ေဘးေရွာင္ မ်ားခိုလႈံေနေသာ ေဝဠဳဝန္ ဘုန္းေတာ္ႀကီးေက်ာင္း ၿပိဳက်ရာ ေသဆုံးသူမ်ားရွိခဲ့သည့္အျပင္ အျခား ေနရာ မ်ားတြင္လည္း ၿပိဳက်မႈမ်ားရွိခဲ့သည္။ ျဖဴးၿမိဳ႕နယ္တြင္ လည္း ငလ်င္ေၾကာင့္ ေသဆုံးသူမ်ားရွိခဲ့ေၾကာင္း သိရသည္။ ငလ်င္၏အရွိန္ကို ရွမ္းျပည္နယ္ကလည္း ခံစားခဲ့ရၿပီး ေအာင္ပန္းၿမိဳ႕ရွိ (၃)ထပ္အျမင့္ ေအာင္ပန္း ဟိုတယ္ၿပိဳက်ခဲ့ရာ လူအခ်ိဳ႕ထိခိုက္ဒဏ္ရာ ရခဲ့သည့္ အျပင္ ပိတ္မိသူမ်ားလည္းရွိႏိုင္ေၾကာင္း သိရသည္။ ထို႔ျပင္ ေရေဘးဒဏ္ေၾကာင့္ ျပန္လည္ ႐ုန္းထေနရေသာ အင္းေလးေဒသတြင္လည္း ငလ်င္ ဒဏ္ေၾကာင့္ အေဆာက္အအုံပ်က္စီးမႈမ်ားႏွင့္ ေသဆုံးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။ သာသနာနိက အေဆာက္အအုံ ပ်က္စီးျခင္းမ်ား လည္းရွိသည္။
အဆိုပါ ျပင္းထန္သည့္ငလ်င္လႈပ္ခတ္မႈ ေၾကာင့္ ငလ်င္ဒဏ္သင့္သည့္ေနရာမ်ားကို အေရး ေပၚအေျခအေန အျဖစ္ အမ်ိဳးသားသဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီက ငလ်င္လႈပ္ အၿပီး ေၾကညာခဲ့သည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အဆိုပါေဒသမ်ား၌ ပ်က္စီးဆုံးရႈံးမႈမ်ားကို အလ်င္အျမန္ စုံစမ္းစစ္ ေဆးျခင္း၊ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားအား ေဆာလ်င္စြာေဆာင္႐ြက္ျခင္းတို႔ကို ေဆာင္႐ြက္သြား မည္ျဖစ္ကာ လိုအပ္သည့္ သဘာဝေဘးအႏၲရာယ္ ကူညီကယ္ဆယ္ေရးႏွင့္ လူသားခ်င္းစာနာေထာက္ ထားမႈဆိုင္ရာ အကူအညီမ်ားရရွိေစေရး အတြက္လည္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ငလ်င္အၿပီးတြင္ အျမန္ဆုံး ထုတ္ျပန္အသိေပးခဲ့သည္။
ငလ်င္အၿပီးတြင္ထြက္ေပၚလာသည္က ေကာလာဟလ သတင္းမ်ားျဖစ္သည္။ ငလ်င္ေၾကာင့္ ဆည္အက္သည့္ အတြက္ ေရလႊတ္မည္ဆိုေသာ သတင္းမွစတင္ကာ ေကာလာဟလ သတင္းမ်ားစြာ ထြက္ေပၚခဲ့သည္။ ယင္းႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေကာလာဟလ သတင္း မ်ားအေပၚ မယုံၾကည္ၾကရန္ ေမတၱာရပ္ခံ ေျပာၾကားခဲ့သည္။ “ျပည္သူလူထုအေနနဲ႔ ထြက္ေပၚေနတဲ့ ေကာလာ ဟလေတြအေပၚမွာ ယုံၾကည္ျခင္းမရွိပဲ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီရဲ႕ အဆက္မျပတ္ သတင္းထုတ္ျပန္ခ်က္မ်ားနဲ႔အညီ သာ လိုက္နာေဆာင္႐ြက္ၾကဖို႔ ေမတၱာရပ္ခံလိုပါ တယ္” ဟု ၎ကေျပာသည္။
ထို႔ျပင္ ငလ်င္ဒဏ္သင့္ခဲ့ရသည့္အတြက္ ျပည္သူအခ်ိဳ႕ေသဆုံးခဲ့ရၿပီး ထိခိုက္ဒဏ္ရာ ရရွိမႈမ်ားရွိခဲ့ၿပီး စစ္ကိုင္း တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ေနျပည္ေတာ္ေကာင္စီနယ္ေျမတို႔ရွိ ျပည္သူ႔ေဆး ႐ုံမ်ားတြင္ အမ်ားအျပား တက္ေရာက္ေဆးကုသမႈခံယူရလ်က္ရွိရာ အေရးေပၚေသြးလိုအပ္မႈမ်ားရွိေနသျဖင့္ ေသြးအလႉရွင္မ်ားအေနျဖင့္ ေဆး႐ုံ မ်ားသို႔ အျမန္ဆုံးဆက္သြယ္၍ သြားေရာက္လႉဒါန္းရန္ နစက က ေမတၱာရပ္ခံ ထုတ္ျပန္ခဲ့သည္။
ငလ်င္အၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္ မႉးႀကီး မင္းေအာင္လႈိင္က ေနျပည္ေတာ္ေကာင္စီ နယ္ေျမအတြင္းရွိ ငလ်င္ဒဏ္သင့္ေနရာမ်ားကို ငလ်င္လႈပ္ခတ္ခဲ့မႈျဖစ္ပြား ခဲ့ၿပီး မၾကာမီနာရီပိုင္းအတြင္း သြားေရာက္ ၾကည့္ရႈစစ္ေဆးခဲ့သည္။
ငလ်င္ႀကီးၿပီးေသာ္လည္း အမွန္တကယ္ ငလ်င္ ေဘးက ကင္းသြားသည္ေတာ့ မဟုတ္ေသးပါ။ ေနာက္ဆက္တြဲ ငလ်င္မ်ားကို သတိျပဳရန္ လိုပါေသးသည္။ ထိုျပင္ ငလ်င္ေၾကာင့္ ပ်က္စီးသြားေသာ အေဆာက္အအုံမ်ားကို ထပ္မံစစ္ ေဆးမႈမ်ား ျပဳလုပ္ရန္ လိုအပ္မည္ျဖစ္သည္။ “ေျမေအာက္ကို အနက္ကလည္း တိမ္တဲ့အတြက္ေၾကာင့္မို႔လို႔ ေနာက္ ဆက္တြဲငလ်င္ ဘယ္အခ်ိန္မွာ လႈပ္မယ္ဆိုတာကို တိတိက်က်ေျပာလို႔မရေသာ္လည္းပဲ သူရဲ႕ျဖစ္ႏိုင္ ေျခေနာက္ ဆက္တြဲငလ်င္ငယ္ လႈပ္ရွားႏိုင္တဲ့အလားအလာေတာ့ရွိပါတယ္။ အတိအက်ေတာ့ ေျပာလို႔မရေသာ္လည္းေပါ့။ အဲဒါ ေၾကာင့္မို႔လို႔ အဓိကအေနနဲ႔ကေတာ့ အေရွ႕ပိုင္းမွာ အင္အားႀကီးငလ်င္ေၾကာင့္ ပ်က္စီးခဲ့တဲ့ တခ်ိဳ႕အေဆာက္ အအုံ ေတြေပါ့။ အဲဒီအေဆာက္အအုံေတြဆိုရင္ ႀကံခိုင္မႈကို စစ္ေဆးၿပီးေတာ့ သတိျပဳေနထိုင္မယ္ဆိုရင္ ပိုမိုၿပီးေတာ့ ေကာင္း မြန္ပါတယ္” ဟု မိုးေလ ဝသႏွင့္ ဇလေဗဒòန္ၾကားမႈဦးစီးဌာနမွ တာဝန္ရွိသူ တစ္ဦးက တိုက္တြန္းသည္။
ျမန္မာႏိုင္ငံတြင္ သမိုင္းတစ္ေလွ်ာက္ ငလ်င္မ်ား လႈပ္ခတ္ခဲ့ဖူးေသာ္လည္း ယခုကဲ့သို႔ႀကီးမားေသာ ငလ်င္ႀကီး မ်ားမွာမူ ႏွစ္မ်ားစြာၾကာၿပီးမွသာ ႀကဳံေတြ႕ ၾကရျခင္းျဖစ္သည္။ ထို႔ေၾကာင့္ အကြၽမ္းဝင္ျခင္းမရွိပါ။ ထို႔ျပင္ စစ္ေဘး ေၾကာင့္အပူမ်ားရွိေနခ်ိန္ ငလ်င္က အပူမ်ားကို ထပ္ဆင့္ေစခဲ့ၿပီ ျဖစ္သည္။
ယခုငလ်င္ေဘးသည္ အမ်ိဳးသားေဘး အႏၲရာယ္တစ္ခုဟုဆိုပါကလည္း ဆိုႏိုင္ပါလိမ့္မည္။ အဘယ့္ေၾကာင့္ ဆိုေသာ ျမန္မာႏိုင္ငံ၏ေနရာ အေတာ္မ်ားမ်ားတြင္ ခံစားခဲ့ၾကရေသာေၾကာင့္ ျဖစ္သည္။ ငလ်င္ေၾကာင့္ အသက္ ေပါင္းမ်ားစြာ ပ်က္သုဥ္း ရသကဲ့သို႔ အိုး၊ အိမ္ေပါင္းမ်ားစြာလည္း ထိခိုက္ခဲ့ရသည္။ ငလ်င္ေဘးဒဏ္သင့္ ေဒသမ်ားတြင္ အပူေငြ႕တို႔ လႊမ္းၿခဳံခဲ့ေခ်ၿပီ။ ငိုေသာမ်က္လုံးမ်ားကို တိတ္ေစရန္ လတ္တေလာတြင္ စြမ္းေဆာင္ႏိုင္မည္ မဟုတ္ ေသာ္လည္း စည္းလုံးအားျဖင့္ ေက်ာ္လႊားေရး လက္မ်ားကို တြဲထားရန္လိုအပ္ပါသည္။

Related news

© 2021. All rights reserved.