တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

159

ပြည့်ဖြိုး (NP News) - မတ် ၃ဝ
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်ရောက်လာပြီဖြစ်ရာ အစိုးရတင်ဒါလုပ်ငန်းများ သတ်မှတ်ကာလကုန်ဆုံး ချိန်လည်းဖြစ်သည်။ ဘတ်ဂျတ်ကာလအသစ်အတွက် လုပ်ငန်းများစတင်မည်ဖြစ်သကဲ့သို့ ယခင်ဘဏ္ဍာနှစ်မှ လက်ကျန်လုပ်ငန်းများသည်လည်း လုပ်ငန်းအချောသပ်အပ်နှံရမည် ဖြစ်သည်။ အစိုးရ တင်ဒါလုပ်ငန်းအများစုတွင် ဆောက်လုပ်ရေးလုပ်ငန်းများပါဝင်ကြပြီး အခက်အခဲမျိုးမျိုးကြောင့် တင်ဒါပါ စည်းမျဉ်းများကို လိုက်ပါ မဆောင်ရွက်နိုင်သောလုပ်ငန်းများရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
မကြာမီကာလအတွင်း မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလသို့ရောက်ရှိ လာမည်ဖြစ်သော်လည်း ပြည်တွင်း ရွှေဈေးကွက် နှင့် နိုင်ငံခြားငွေလဲဈေးကွက်မှာ အပြောင်းအလဲနည်းပါးနေသည်။ မြန်မာ့ရွှေဈေးကွက်နှင့် နိုင်ငံခြားငွေလဲဈေးကွက်သည် ဗဟိုဘဏ်သတ်မှတ်ဈေးနှင့် ပြင်ပပေါက်ဈေးအကြား ကွာခြားချက်ကြီးမားစွာ ဆက်လက်ရပ်တည်နေသည်။ နိုင်ငံတကာတွင် ရွှေဈေးကွက်အပြောင်းအလဲ မြန်ဆန်နေသော်လည်း ပြည်တွင်း ဈေးကွက်သို့ ကြီးမားသောသက်ရောက်မှုမရှိခြင်းကြောင့် အရောင်းအဝယ်များ နည်းပါးကြောင်း ရွှေကုန်သည်များ ထံမှ သိရသည်။
မတ်လအတွင်း နိုင်ငံခြားငွေလဲဈေးကွက်တွင် အရောင်းအဝယ်တည်ငြိမ်နေရာ နိုင်ငံခြားမှတင်သွင်းသည့် စက်သုံးဆီနှင့် စားအုန်းဆီဈေးကွက်တွင် ဈေးများ ကျဆင်းနေကြောင်းသိရသည်။ စက်သုံးဆီတင် သွင်းမှုအဖြစ် လတ် တလောတွင်သာမက လာမည့် သင်္ကြန်ကာလအထိ စဉ်ဆက်မပြတ်စေရန် စီစဉ်ထားကြောင်း သက်ဆိုင်ရာမှထုတ်ပြန်ချက်များအရသိရသည်။ အခြေခံစားသောက်ကုန်များအပါအဝင် အထွေထွေကုန်ဈေးနှုန်းမြင့်တက်မှုမှာ ဆက်လက် ဖြစ်ပွား နေရာ ပြည်သူများအတွက် အခက်အခဲကြုံတွေ့နေရဆဲဖြစ်သည်။ စက်သုံးဆီနှင့်စားအုန်းဆီဈေးများ တည်ငြိမ်နေသော် လည်း ကုန်ဈေးနှုန်းကျဆင်းခြင်းမရှိသောကြောင့် ဈေးကွက်အတွင်း ဝယ်လိုအား ကျဆင်းနေကြောင်းသိရသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုမှာ ဆက်တိုက်မြင့်တက်နေ ဆဲဖြစ်ပြီး ယခင်ဘဏ္ဍာနှစ်ဖြင့်နှိုင်းယှဉ်ပါက တူညီသောအခြေအနေတွင်ရှိနိုင်ကြောင်း ဈေးကွက် ကျွမ်း ကျင်သူ များကသုံးသပ်ကြသည်။ ယခင်ဘဏ္ဍာရေးနှစ် (၂၀၂၃- ၂၀၂၄) ခုနှစ်က ငွေကြေးဖောင်းပွမှုမှာ (၂၇) ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ရာ အထွေထွေကုန်ဈေးနှုန်းများ နှစ်ဆမှသုံးဆအထိ လက်လီဈေးကွက် အတွင်း မြင့်တက်ခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံ၏ အခြေခံစား သောက်ကုန်မဟုတ်သော ကုန်စည်အများစုမှာ ပြည်ပမှတင်သွင်းရောင်းချခြင်းဖြစ်ရာ ထုတ်လုပ်မှုနှင့် နောက်ဆုံး အသုံးပြုသူအကြား ဈေးကွာခြားချက်ကြီး မားနေခြင်းဖြစ်သည်။ လတ်တလောဈေးကွက် အခြေအနေ များအရ လာမည့်ရက်ပိုင်းအတွင်း အခြေခံကုန်စည်နှင့် အခြားကုန်စည်ဈေးနှုန်းများ အမြင့်ပိုင်းတွင် ဆက်လက်ရပ်တည် နေမည်ဖြစ်ပြီး အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုကို ပြည်သူများ ဆက်လက်ခံစားနေရမည်ဖြစ်သည်။
ဆက်တိုက်မြင့်တက်နေသော ကမ္ဘာ့ရွှေဈေးနှင့်နိုင်ငံခြားငွေဈေးကွက်
ယခုတစ်ပတ်အတွင်း အမေရိကန်နှင့် အရှေ့အလယ်ပိုင်းပြဿနာများကြောင့် ကမ္ဘာ့ရွှေဈေး ကွက်အတွင်း ရွှေဈေး များ ဆက်တိုက်မြင့်တက်ခဲ့ ကြောင်းသိရသည်။ မတ်လ (၁၉)ရက်မတိုင်မီကာ လကတည်းက ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၃၀ဝဝ)ကျော်သို့ ရောက် ရှိလာပြီး ကျရိပ်မရှိဘဲ ဆက်တိုက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ လတ်တလော ပြည်တွင်းဈေးကွက်တွင် ရွှေ လေပတ်ကားအရောင်းအဝယ်များ နည်းပါးသွားခြင်း ကြောင့် ပြင်ပရွှေဈေး အတက်နည်းပါးခဲ့ကြောင်း ရွှေ ကုန်သည်အသိုင်းအဝိုင်းထံမှသိရသည်။ ယခုတစ် ပတ်အတွင်း ကမ္ဘာ့ရွှေဈေးသည် ရွှေတစ်အောင်စ လျှင် မတ်လ(၁၈)ရက်မှစတင်ကာ (၃၀၄၄)ဒေါ်လာ၊ (၃၀၄၈)ဒေါ်လာ၊ (၃၀၃၄)ဒေါ်လာ၊ (၃၀၂၂)ဒေါ်လာ ၊ (၃၀၂၄)ဒေါ်လာနှင့် မတ်လ(၂၅)ရက်တွင် (၃၀၁၀)ဒေါ်လာ အသီးသီးပေါက်ဈေး ဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးများ စံချိန်တင်မြင့်တက်ခဲ့သော်လည်း ပြည်တွင်းရွှေဈေးကွက်တွင် အရောင်းအဝယ်အေးနေခြင်း ကြောင့် ဈေးတည်ငြိမ်နေကြောင်းသိရသည်။ ပြည်တွင်းပြင်ပရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ် သားလျှင်(၆၇)သိန်းမှ (၆၈)သိန်းဝန်းကျင်ခန့်သာ ဈေးနှုန်းများအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။ ပြည်တွင်းရွှေဈေးကွက်၏ တရားဝင်ရည်ညွှန်း ဈေးဖြစ်သည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် များအသင်းရုံး (YGEA) မှပေါက်ဈေးများတွင်မူ အကယ် ဒမီရွှေ တစ်ကျပ်သားလျှင်(၁၆.၃၂၉၃၂၅)ဂရမ် ဈေး နှုန်းမှာ (၅၆)သိန်းကျပ်ဝန်းကျင်ပေါက်ဈေးရှိကြောင်း သိရသည်။ ပြည်တွင်းရွှေဈေးကွက်အတွင်း (၁၅)ပဲ ရည်ရွှေထည် များမှာ အရောင်းအဝယ်အေးနေပြီး အခေါက်ရွှေအရောင်းအဝယ်ရပ်တန့်ထားကြောင်း ရွှေ ကုန်သည်အချို့က ပြောကြားသည်။ နိုင်ငံတကာရွှေ ဈေးကွက်မတည်ငြိမ်ပါက ပြည်တွင်းရွှေဈးကွက်ကို သက်ရောက်နိုင်ခြေရှိ သော်လည်း လက်ရှိကာလတွင် ပြည်တွင်းရွှေဈေးကွက်တစ်ခုလုံး ပြင်ပပေါက်ဈေး ကို သာအခြေခံပြီး အရောင်းအဝယ်ပြုလုပ်နေရကြောင်း သိရသည်။ ထို့ကြောင့် ပြင်ပရွှေပေါက်ဈေးအရ မြန် မာ့ရွှေဈေးသည် လာမည့်ရက်များအတွင်း အမြင့်ပိုင်း တွင် ဆက်လက်ရပ်တည်နေမည်ဖြစ်သည်။ နိုင်ငံခြား ငွေလဲဈေးကွက်တွင် အရောင်းအဝယ်ပုံမှန်ဖြစ်နေပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၄၄၀ဝ) ကျပ်အောက် ပြန်လည်ကျဆင်းလာကြောင်းသိရသည်။ နိုင်ငံခြား ငွေလဲဈေးနှုန်း အကျပိုင်းတွင်ရောက်ရှိ လာခြင်းကြောင့် ပြည်တွင်းသွင်းကုန်များအတွက် အဆင်ပြေနေ ကြောင်းသိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မတ်လ(၂၄)ရက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ(၃၅)သန်းနှင့် ယွမ် (၁၀)သန်း ထုတ်ရောင်းပေးမည်ဟုကြေညာထားရာ ငွေလဲဈေးကွက်တွင် နိုင်ငံခြားငွေဈေးများ အကျပိုင်းတွင် ဆက်လက်ရပ်တည်နေသည်။ မတ်လ(၂၅) ရက် ငွေလဲဈေးကွက်ပေါက်ဈေးများအရ အမေရိကန် တစ်ဒေါ်လာလျှင် (၄၃၈၀)ကျပ်၊ တရုတ် တစ်ယွမ် လျှင် (၆၀ဝ)ကျပ်၊ ထိုင်းတစ်ဘတ်လျှင် (၁၂၈)ကျပ်၊ စင်ကာပူတစ်ဒေါ်လာလျှင် (၃၂၈၀) ကျပ် အသီးသီး ပေါက်ဈေးရှိကြောင်း သိရသည်။ လာ မည့်ရက်ပိုင်းအတွင်း နိုင်ငံခြားငွေလဲဈေးကွက်တွင် ငွေလဲဈေးများ အနည်းငယ် ကျဆင်းနေဦးမည် ဖြစ်သည်။
အထွေထွေကုန်ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှု
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် (၂၇)ရာခိုင်နှုန်းရှိပြီး လက် ရှိ (၂၀၂၄-၂၀၂၅)ဘဏ္ဍာနှစ်တွင် (၁၃) ရာခိုင် နှုန်းခန့်ရှိမည်ဟု သက်ဆိုင်ရာကထုတ်ပြန်သည့် ရသုံးမှန်း ခြေစာရင်းတွင်ဖော်ပြထားသည်။ ပြည်တွင်း လက်လီဈေးကွက်အတွင်းရှိ ဈေးနှုန်းများအရ ယခင် နှစ်ဖြင့်နှိုင်းယှဉ်ပါက ကုန်စည်ဈေးများ နှစ်ဆနီးပါး မြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ အခြေခံစားသောက်ကုန်မဟုတ်သော အဝတ်အထည်၊ လူသုံးကုန်နှင့်ဆေးဝါး စသည့်တို့မှာ ကျဆင်းခြင်း မရှိဘဲ ဈေးနှုန်းအမြင့်ဖြင့်သာရောင်းချနေရကြောင်း သိရသည်။ ဈေးကွက်အတွင်း ယခင်နှစ်ကဈေးတက် ခဲ့သော ကုန်စည်အချို့မှာ တက်ဈေးအတိုင်းရောင်းချနေသည့်အပြင် ယခုနှစ်အတွင်း ဈေးတက်လာ သည့်ကုန်စည်များသည်လည်း ပွင်းလင်းရာသီရောက် ရှိသော်လည်း ဈေးနှုန်းကျဆင်းခြင်းမရှိကြောင်း ဈေးကွက်အတွင်းမှသိရသည်။ အဓိကအားဖြင့် အသေး စားအလတ်စား အရောင်းဝယ်လုပ်ကိုင်သောကုန် သည်များမှာ ရောင်းအားကျဆင်းခြင်းနှင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းကို ဆက်တိုက်ခံစားနေရကြောင်း သိရသည်။ ယခင်ဝယ်ယူထားသည့် ကုန်စည်တန်ဖိုး နှင့် လက်ရှိပေါက်ဈေးအကြား ကွာခြားချက်နည်းပါး သော်လည်း စားသုံးသူများထံမှ ဝယ်ယူနိုင်သောစွမ်းအား ကျဆင်းနေကြောင်းသိရသည်။ ငွေကြေးဖောင်း ပွမှုအရ ယခင်နှစ်ကထက် လက်ရှိအချိန်တွင် ငွေတန်ဖိုးများကျဆင်းသွားရာ အမြတ်အစွန်းရရှိရန် အခွင့် အလမ်းနည်းပါးသွားခြင်းဖြစ်သည်။ ယခုနှစ်အတွက် ငွေကြေးဖောင်းပွမှုနှုန်းသည် ယခင်နှစ်များထက် နိမ့် ကျနိုင်သော်လည်း ကုန်ဈေးနှုန်းမှာ ကျဆင်းသွားနိုင် ခြေမရှိကြောင်းသိရသည်။ မြန်မာနိုင်ငံ၏ ငွေကြေးမူ ဝါဒမှာ ဈေးကွက်ဈေးနှုန်း နှုန်းရှင်ဖြင့် အရောင်းအဝယ်ပြုလုပ်နိုင်ခြင်းမရှိသောကြောင့် ငွေကြေးဖောင်းပွမှုဒဏ်ကိုပိုမိုခံစားနေရခြင်းဖြစ်သည်။ ငွေကြေး ဖောင်းပွမှုကြောင့် ဝယ်ယူသူဘက်မှ ဝယ်နိုင်စွမ်းအား ကျဆင်းနေသည့်အပြင် ရောင်းချသူဘက်မှလည်း အမြတ်အစွန်းနည်းပါးပြီး ဈေးကွက် ရပ်တန့်မှုကို ကြုံ တွေ့နေရခြင်းဖြစ်သည်။ အထွေထွေကုန်ဈေးနှုန်း မြင့်တက်နေခြင်းသည် ပြည်တွင်း ငွေကြေးလှည့်လည် စီးဆင်းမှု နှေးကွေးခြင်းအပြင် တစ်ဦးချင်းဝင်ငွေ တန်ဖိုးကျဆင်းခြင်းကြောင့် အကျပ်အတည်းဖြစ်ပေါ်နေ ခြင်းဖြစ်သည်။ သက်ဆိုင်ရာမှထုတ်ပြန်သော စာရင်းဇယားများအရ တစ်ဦး ချင်း အသားတင်ထုတ်ကုန်တန်ဖိုး GDP သည် အရေအတွက်ပမာဏ မြင့်တက်လာနိုင်သော်လည်း တန်ဖိုးအားဖြင့် နိမ့်ကျနေမည်ဖြစ် သည်။ ငွေကြေးတန်ဖိုးကျဆင်းခြင်းနှင့် ဈေးကွက်ပမာဏကျုံ့ဝင် ခြင်းတို့ကြောင့် အခြေခံပြည်သူများအတွက်ဝင်ငွေမှာ သာမန်စားသောက်ကုန်အသုံးစရိတ် အတွက်သာ အသုံးပြုနေရခြင်းဖြစ်သည်။ လာမည့်ရက်များအတွင်း နှစ်သစ်ကူးကာလရုံးပိတ်ရက်များ ရောက်ရှိလာ နိုင်သောကြောင့် အခြေခံစားသောက် ကုန်စည်များ ဈေးနှုန်း အနည်းငယ်မြင့်တက်လာနိုင်သည်။ ငွေ ကြေးဖောင်းပွမှုနှင့် ဈေးကွက်ကွင်းဆက်များ ပြတ်တောက်မှုအရ လာမည့်ရက်များအတွင်း အခြေခံ ပြည်သူလူထုမှာ လူမှုစီးပွားအကျပ်အတည်း ပိုမိုခံစားနေရဦးမည်ဖြစ်သည်။
အခြေခံစားသောက်ကုန်များနှင့် မြင့်တက်လာသည့်ကုန်ခြောက်ဈေး
ပွင်းလင်းရာသီတွင် အခြေခံစားသောက်ကုန်စည်ဈေးနှုန်းများ ဈေးငြိမ်သက်နေသော်လည်း မီးဖို ချောင်သုံး ကုန်ခြောက်ဖြစ်သည့် အာလူး၊ ကြက် သွန်နီနှင့်ကြက်သွန်ဖြူများမှာ ဈေးတက်လာပြီဖြစ် သည်။ အခြေခံစားသောက်ကုန်များတွင် ဆန်ဈေး သည် ရွှေဘို ဆန်ချောဈေးနှုန်းမှာ တစ်အိတ်လျှင် တစ်သိန်းခွဲဝန်းကျင်ဖြင့် အပြောင်းအလဲရှိသော်လည်း အခြားဆန်ဈေးများမှာ အနည်းငယ်မြင့်တက် လာသည်။ ဆန်ကြမ်းအမျိုးအစားဖြစ်သော မနောသုခ တစ်အိတ်လျှင် ကျပ် ကိုးသောင်းခြောက်ထောင် ဈေးရှိပြီး ပုသိမ်ဆင်းသုခတစ်အိတ်လျှင် ကျပ် ရှစ်သောင်းနှစ်ထောင်ဈေးဖြင့် ပုံမှန်အမြင့်ဈေးအတိုင်း ရှိနေကြောင်းသိရသည်။ ထို့ပြင် ဆန်ချောဈေးကွက် အတွင်းရှိ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် တစ်သိန်း သုံးသောင်းဝန်းကျင်နှင့် ပုံမှန် ရိုးရိုးပေါ်ဆန်းတစ်အိတ်လျှင် တစ်သိန်းတစ်သောင်းကျပ်ရှိကြောင်း သိရ သည်။ ဆန်ဈေးကွက်အပေါ် သက်ဆိုင်ရာက အရေးကြီးကုန်စည်အဖြစ်သတ်မှတ်ပြီး ဈေးကွက်ထိန်းချုပ် နေခြင်းကြောင့် ဆန်ဈေးများ အနည်းငယ်တည် ငြိမ်နေခြင်းဖြစ်သည်။ စားအုန်းဆီဈေးကွက်တွင် တရား ဝင် ဖြန့်ချိဈေးမှာ တစ်ပိဿာလျှင် (၆၈၇၅) ကျပ်ဖြင့် ယခင်တစ်ပတ်ကထက် (၁၅)ကျပ်ကျဆင်းသွားပြီး လက်လီ ဆယ်ရက်လျှင်တစ်ပိဿာ စာအုပ်ဖြင့်ရောင်းချပေးမှုတွင် တစ်ပိဿာ (၇၃၀ဝ)ကျပ်ဈေးဖြင့် တည်ငြိမ်နေကြောင်းသိရသည်။ ကုန်ခြောက်ဈေးကွက်တွင် နယ်အဝင်နည်းပါးသွားခြင်းကြောင့် ကုန် ဈေးနှုန်းများတက်လာကြောင်း ဘုရင့်နောင်ကုန်စည် ဒိုင်မှသိရသည်။ ကုန်ခြောက်ဈေးကွက်အတွင်း
အာလူးတစ်ပိဿာလျှင် (၆၀ဝဝ)ကျပ်ဝန်းကျင်အထိ ဈေး တက်လာပြီး၊ ကြက်သွန်နီတစ်ပိဿာလျှင် အမျိုးအစားအလိုက် (၂၈၀ဝ)ကျပ်မှ (၄၇၀ဝ)ကျပ်အထိ ဈေးမြင့်တက်လာကြောင်း သိရသည်။
ထို့အတူ ကြက်သွန်ဖြူဈေးကွက်တွင် လည်း ဈေးနှုန်းများဆက်တိုက်မြင့်တက်နေပြီး တစ်ပိဿာ လျှင် တစ်သောင်းခွဲမှ တစ်သောင်းရှစ်ထောင် ကျပ် ဝန်းကျင်ပေါက်ဈေးရှိကြောင်းသိရသည်။ ယခု တစ်ပတ်အတွက် အသားငါးဈေးကွက်အတွင်း ငါး ဈေးများမှာ အနည်းငယ်မြင့်တက်လာပြီး ငါးမြစ်ချင်း တစ်ပိဿာလျှင် တစ်သောင်းခွဲဝန်းကျင်ပေါက်ဈေးရှိ ကြောင်းသိရသည်။ ကြက်သား၊ ဝက်သား၊ ဆိတ်သား နှင့်အမဲသားဈေးကွက်မှာ ယခင်သီတင်းပတ်များအတိုင်း အပြောင်းအလဲမရှိ ဈေးတည်ငြိမ် နေကြောင်း သိရသည်။ အခြေခံစားသောက်ကုန်များမှာ ယခုနှစ် ပွင့်လင်းရာသီတွင် ဈေးကျဆင်းမှု နည်း ပါးပြီး ဈေးအမြင့်ပိုင်းတွင်သာ အရောင်းအဝယ်ဖြစ်နေကြကြောင်း သိရသည်။ လာမည့်ရက်များတွင် အခြေခံ စားသောက်ကုန်ဈေးသည် အတက်အကျနည်းပါးစွာဖြင့် တည်ငြိမ်နေမည်ဖြစ်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News) - မတ္ ၃ဝ
ျမန္မာႏိုင္ငံ၏ ဘ႑ာေရးႏွစ္ကုန္ဆုံးခ်ိန္ေရာက္လာၿပီျဖစ္ရာ အစိုးရတင္ဒါလုပ္ငန္းမ်ား သတ္မွတ္ကာလကုန္ဆုံး ခ်ိန္လည္းျဖစ္သည္။ ဘတ္ဂ်တ္ကာလအသစ္အတြက္ လုပ္ငန္းမ်ားစတင္မည္ျဖစ္သကဲ့သို႔ ယခင္ဘ႑ာႏွစ္မွ လက္က်န္လုပ္ငန္းမ်ားသည္လည္း လုပ္ငန္းအေခ်ာသပ္အပ္ႏွံရမည္ ျဖစ္သည္။ အစိုးရ တင္ဒါလုပ္ငန္းအမ်ားစုတြင္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားပါဝင္ၾကၿပီး အခက္အခဲမ်ိဳးမ်ိဳးေၾကာင့္ တင္ဒါပါ စည္းမ်ဥ္းမ်ားကို လိုက္ပါ မေဆာင္႐ြက္ႏိုင္ေသာလုပ္ငန္းမ်ားရွိေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားထံမွ သိရသည္။
မၾကာမီကာလအတြင္း ျမန္မာႏွစ္သစ္ကူး သၾကၤန္ကာလသို႔ေရာက္ရွိ လာမည္ျဖစ္ေသာ္လည္း ျပည္တြင္း ေ႐ႊေဈးကြက္ ႏွင့္ ႏိုင္ငံျခားေငြလဲေဈးကြက္မွာ အေျပာင္းအလဲနည္းပါးေနသည္။ ျမန္မာ့ေ႐ႊေဈးကြက္ႏွင့္ ႏိုင္ငံျခားေငြလဲေဈးကြက္သည္ ဗဟိုဘဏ္သတ္မွတ္ေဈးႏွင့္ ျပင္ပေပါက္ေဈးအၾကား ကြာျခားခ်က္ႀကီးမားစြာ ဆက္လက္ရပ္တည္ေနသည္။ ႏိုင္ငံတကာတြင္ ေ႐ႊေဈးကြက္အေျပာင္းအလဲ ျမန္ဆန္ေနေသာ္လည္း ျပည္တြင္း ေဈးကြက္သို႔ ႀကီးမားေသာသက္ေရာက္မႈမရွိျခင္းေၾကာင့္ အေရာင္းအဝယ္မ်ား နည္းပါးေၾကာင္း ေ႐ႊကုန္သည္မ်ား ထံမွ သိရသည္။
မတ္လအတြင္း ႏိုင္ငံျခားေငြလဲေဈးကြက္တြင္ အေရာင္းအဝယ္တည္ၿငိမ္ေနရာ ႏိုင္ငံျခားမွတင္သြင္းသည့္ စက္သုံးဆီႏွင့္ စားအုန္းဆီေဈးကြက္တြင္ ေဈးမ်ား က်ဆင္းေနေၾကာင္းသိရသည္။ စက္သုံးဆီတင္ သြင္းမႈအျဖစ္ လတ္ တေလာတြင္သာမက လာမည့္ သၾကၤန္ကာလအထိ စဥ္ဆက္မျပတ္ေစရန္ စီစဥ္ထားေၾကာင္း သက္ဆိုင္ရာမွထုတ္ျပန္ခ်က္မ်ားအရသိရသည္။ အေျခခံစားေသာက္ကုန္မ်ားအပါအဝင္ အေထြေထြကုန္ေဈးႏႈန္းျမင့္တက္မႈမွာ ဆက္လက္ ျဖစ္ပြား ေနရာ ျပည္သူမ်ားအတြက္ အခက္အခဲႀကဳံေတြ႕ေနရဆဲျဖစ္သည္။ စက္သုံးဆီႏွင့္စားအုန္းဆီေဈးမ်ား တည္ၿငိမ္ေနေသာ္ လည္း ကုန္ေဈးႏႈန္းက်ဆင္းျခင္းမရွိေသာေၾကာင့္ ေဈးကြက္အတြင္း ဝယ္လိုအား က်ဆင္းေနေၾကာင္းသိရသည္။ ထို႔ျပင္ ျမန္မာႏိုင္ငံ၏ေငြေၾကးေဖာင္းပြမႈမွာ ဆက္တိုက္ျမင့္တက္ေန ဆဲျဖစ္ၿပီး ယခင္ဘ႑ာႏွစ္ျဖင့္ႏႈိင္းယွဥ္ပါက တူညီေသာအေျခအေနတြင္ရွိႏိုင္ေၾကာင္း ေဈးကြက္ ကြၽမ္း က်င္သူ မ်ားကသုံးသပ္ၾကသည္။ ယခင္ဘ႑ာေရးႏွစ္ (၂၀၂၃- ၂၀၂၄) ခုႏွစ္က ေငြေၾကးေဖာင္းပြမႈမွာ (၂၇) ရာခိုင္ႏႈန္းအထိျမင့္တက္ခဲ့ရာ အေထြေထြကုန္ေဈးႏႈန္းမ်ား ႏွစ္ဆမွသုံးဆအထိ လက္လီေဈးကြက္ အတြင္း ျမင့္တက္ခဲ့ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံ၏ အေျခခံစား ေသာက္ကုန္မဟုတ္ေသာ ကုန္စည္အမ်ားစုမွာ ျပည္ပမွတင္သြင္းေရာင္းခ်ျခင္းျဖစ္ရာ ထုတ္လုပ္မႈႏွင့္ ေနာက္ဆုံး အသုံးျပဳသူအၾကား ေဈးကြာျခားခ်က္ႀကီး မားေနျခင္းျဖစ္သည္။ လတ္တေလာေဈးကြက္ အေျခအေန မ်ားအရ လာမည့္ရက္ပိုင္းအတြင္း အေျခခံကုန္စည္ႏွင့္ အျခားကုန္စည္ေဈးႏႈန္းမ်ား အျမင့္ပိုင္းတြင္ ဆက္လက္ရပ္တည္ ေနမည္ျဖစ္ၿပီး အေထြေထြကုန္ေဈးႏႈန္းႀကီးျမင့္မႈကို ျပည္သူမ်ား ဆက္လက္ခံစားေနရမည္ျဖစ္သည္။
ဆက္တိုက္ျမင့္တက္ေနေသာ ကမာၻ႔ေ႐ႊေဈးႏွင့္ႏိုင္ငံျခားေငြေဈးကြက္
ယခုတစ္ပတ္အတြင္း အေမရိကန္ႏွင့္ အေရွ႕အလယ္ပိုင္းျပႆနာမ်ားေၾကာင့္ ကမာၻ႔ေ႐ႊေဈး ကြက္အတြင္း ေ႐ႊေဈး မ်ား ဆက္တိုက္ျမင့္တက္ခဲ့ ေၾကာင္းသိရသည္။ မတ္လ (၁၉)ရက္မတိုင္မီကာ လကတည္းက ကမာၻ႔ေ႐ႊေဈးသည္ တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ(၃၀ဝဝ)ေက်ာ္သို႔ ေရာက္ ရွိလာၿပီး က်ရိပ္မရွိဘဲ ဆက္တိုက္ျမင့္တက္ခဲ့ျခင္း ျဖစ္သည္။ လတ္တေလာ ျပည္တြင္းေဈးကြက္တြင္ ေ႐ႊ ေလပတ္ကားအေရာင္းအဝယ္မ်ား နည္းပါးသြားျခင္း ေၾကာင့္ ျပင္ပေ႐ႊေဈး အတက္နည္းပါးခဲ့ေၾကာင္း ေ႐ႊ ကုန္သည္အသိုင္းအဝိုင္းထံမွသိရသည္။ ယခုတစ္ ပတ္အတြင္း ကမာၻ႔ေ႐ႊေဈးသည္ ေ႐ႊတစ္ေအာင္စ လွ်င္ မတ္လ(၁၈)ရက္မွစတင္ကာ (၃၀၄၄)ေဒၚလာ၊ (၃၀၄၈)ေဒၚလာ၊ (၃၀၃၄)ေဒၚလာ၊ (၃၀၂၂)ေဒၚလာ ၊ (၃၀၂၄)ေဒၚလာႏွင့္ မတ္လ(၂၅)ရက္တြင္ (၃၀၁၀)ေဒၚလာ အသီးသီးေပါက္ေဈး ျဖစ္ေပၚခဲ့သည္။ ကမာၻ႔ေ႐ႊေဈးမ်ား စံခ်ိန္တင္ျမင့္တက္ခဲ့ေသာ္လည္း ျပည္တြင္းေ႐ႊေဈးကြက္တြင္ အေရာင္းအဝယ္ေအးေနျခင္း ေၾကာင့္ ေဈးတည္ၿငိမ္ေနေၾကာင္းသိရသည္။ ျပည္တြင္းျပင္ပေ႐ႊေဈးကြက္တြင္ အေခါက္ေ႐ႊတစ္က်ပ္ သားလွ်င္(၆၇)သိန္းမွ (၆၈)သိန္းဝန္းက်င္ခန႔္သာ ေဈးႏႈန္းမ်ားအေျပာင္းအလဲ ျဖစ္ေပၚခဲ့ ေၾကာင္း သိရသည္။ ျပည္တြင္းေ႐ႊေဈးကြက္၏ တရားဝင္ရည္ၫႊန္း ေဈးျဖစ္သည့္ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္ မ်ားအသင္း႐ုံး (YGEA) မွေပါက္ေဈးမ်ားတြင္မူ အကယ္ ဒမီေ႐ႊ တစ္က်ပ္သားလွ်င္(၁၆.၃၂၉၃၂၅)ဂရမ္ ေဈး ႏႈန္းမွာ (၅၆)သိန္းက်ပ္ဝန္းက်င္ေပါက္ေဈးရွိေၾကာင္း သိရသည္။ ျပည္တြင္းေ႐ႊေဈးကြက္အတြင္း (၁၅)ပဲ ရည္ေ႐ႊထည္ မ်ားမွာ အေရာင္းအဝယ္ေအးေနၿပီး အေခါက္ေ႐ႊအေရာင္းအဝယ္ရပ္တန႔္ထားေၾကာင္း ေ႐ႊ ကုန္သည္အခ်ိဳ႕က ေျပာၾကားသည္။ ႏိုင္ငံတကာေ႐ႊ ေဈးကြက္မတည္ၿငိမ္ပါက ျပည္တြင္းေ႐ႊဈးကြက္ကို သက္ေရာက္ႏိုင္ေျခရွိ ေသာ္လည္း လက္ရွိကာလတြင္ ျပည္တြင္းေ႐ႊေဈးကြက္တစ္ခုလုံး ျပင္ပေပါက္ေဈး ကို သာအေျခခံၿပီး အေရာင္းအဝယ္ျပဳလုပ္ေနရေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ျပင္ပေ႐ႊေပါက္ေဈးအရ ျမန္ မာ့ေ႐ႊေဈးသည္ လာမည့္ရက္မ်ားအတြင္း အျမင့္ပိုင္း တြင္ ဆက္လက္ရပ္တည္ေနမည္ျဖစ္သည္။ ႏိုင္ငံျခား ေငြလဲေဈးကြက္တြင္ အေရာင္းအဝယ္ပုံမွန္ျဖစ္ေနၿပီး အေမရိကန္တစ္ေဒၚလာလွ်င္ (၄၄၀ဝ) က်ပ္ေအာက္ ျပန္လည္က်ဆင္းလာေၾကာင္းသိရသည္။ ႏိုင္ငံျခား ေငြလဲေဈးႏႈန္း အက်ပိုင္းတြင္ေရာက္ရွိ လာျခင္းေၾကာင့္ ျပည္တြင္းသြင္းကုန္မ်ားအတြက္ အဆင္ေျပေန ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က မတ္လ(၂၄)ရက္တြင္ စက္သုံးဆီလုပ္ငန္းရွင္မ်ားအတြက္ အေမရိကန္ေဒၚလာ(၃၅)သန္းႏွင့္ ယြမ္ (၁၀)သန္း ထုတ္ေရာင္းေပးမည္ဟုေၾကညာထားရာ ေငြလဲေဈးကြက္တြင္ ႏိုင္ငံျခားေငြေဈးမ်ား အက်ပိုင္းတြင္ ဆက္လက္ရပ္တည္ေနသည္။ မတ္လ(၂၅) ရက္ ေငြလဲေဈးကြက္ေပါက္ေဈးမ်ားအရ အေမရိကန္ တစ္ေဒၚလာလွ်င္ (၄၃၈၀)က်ပ္၊ တ႐ုတ္ တစ္ယြမ္ လွ်င္ (၆၀ဝ)က်ပ္၊ ထိုင္းတစ္ဘတ္လွ်င္ (၁၂၈)က်ပ္၊ စင္ကာပူတစ္ေဒၚလာလွ်င္ (၃၂၈၀) က်ပ္ အသီးသီး ေပါက္ေဈးရွိေၾကာင္း သိရသည္။ လာ မည့္ရက္ပိုင္းအတြင္း ႏိုင္ငံျခားေငြလဲေဈးကြက္တြင္ ေငြလဲေဈးမ်ား အနည္းငယ္ က်ဆင္းေနဦးမည္ ျဖစ္သည္။
အေထြေထြကုန္ေဈးႏႈန္းႏွင့္ ေငြေၾကးေဖာင္းပြမႈ
ျမန္မာႏိုင္ငံ၏ ေငြေၾကးေဖာင္းပြမႈသည္ (၂၀၂၃-၂၀၂၄)ဘ႑ာႏွစ္တြင္ (၂၇)ရာခိုင္ႏႈန္းရွိၿပီး လက္ ရွိ (၂၀၂၄-၂၀၂၅)ဘ႑ာႏွစ္တြင္ (၁၃) ရာခိုင္ ႏႈန္းခန႔္ရွိမည္ဟု သက္ဆိုင္ရာကထုတ္ျပန္သည့္ ရသုံးမွန္း ေျခစာရင္းတြင္ေဖာ္ျပထားသည္။ ျပည္တြင္း လက္လီေဈးကြက္အတြင္းရွိ ေဈးႏႈန္းမ်ားအရ ယခင္ ႏွစ္ျဖင့္ႏႈိင္းယွဥ္ပါက ကုန္စည္ေဈးမ်ား ႏွစ္ဆနီးပါး ျမင့္တက္ေနေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ အေျခခံစားေသာက္ကုန္မဟုတ္ေသာ အဝတ္အထည္၊ လူသုံးကုန္ႏွင့္ေဆးဝါး စသည့္တို႔မွာ က်ဆင္းျခင္း မရွိဘဲ ေဈးႏႈန္းအျမင့္ျဖင့္သာေရာင္းခ်ေနရေၾကာင္း သိရသည္။ ေဈးကြက္အတြင္း ယခင္ႏွစ္ကေဈးတက္ ခဲ့ေသာ ကုန္စည္အခ်ိဳ႕မွာ တက္ေဈးအတိုင္းေရာင္းခ်ေနသည့္အျပင္ ယခုႏွစ္အတြင္း ေဈးတက္လာ သည့္ကုန္စည္မ်ားသည္လည္း ပြင္းလင္းရာသီေရာက္ ရွိေသာ္လည္း ေဈးႏႈန္းက်ဆင္းျခင္းမရွိေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ အဓိကအားျဖင့္ အေသး စားအလတ္စား အေရာင္းဝယ္လုပ္ကိုင္ေသာကုန္ သည္မ်ားမွာ ေရာင္းအားက်ဆင္းျခင္းႏွင့္ ကုန္ေဈးႏႈန္းျမင့္တက္ျခင္းကို ဆက္တိုက္ခံစားေနရေၾကာင္း သိရသည္။ ယခင္ဝယ္ယူထားသည့္ ကုန္စည္တန္ဖိုး ႏွင့္ လက္ရွိေပါက္ေဈးအၾကား ကြာျခားခ်က္နည္းပါး ေသာ္လည္း စားသုံးသူမ်ားထံမွ ဝယ္ယူႏိုင္ေသာစြမ္းအား က်ဆင္းေနေၾကာင္းသိရသည္။ ေငြေၾကးေဖာင္း ပြမႈအရ ယခင္ႏွစ္ကထက္ လက္ရွိအခ်ိန္တြင္ ေငြတန္ဖိုးမ်ားက်ဆင္းသြားရာ အျမတ္အစြန္းရရွိရန္ အခြင့္ အလမ္းနည္းပါးသြားျခင္းျဖစ္သည္။ ယခုႏွစ္အတြက္ ေငြေၾကးေဖာင္းပြမႈႏႈန္းသည္ ယခင္ႏွစ္မ်ားထက္ နိမ့္ က်ႏိုင္ေသာ္လည္း ကုန္ေဈးႏႈန္းမွာ က်ဆင္းသြားႏိုင္ ေျခမရွိေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံ၏ ေငြေၾကးမူ ဝါဒမွာ ေဈးကြက္ေဈးႏႈန္း ႏႈန္းရွင္ျဖင့္ အေရာင္းအဝယ္ျပဳလုပ္ႏိုင္ျခင္းမရွိေသာေၾကာင့္ ေငြေၾကးေဖာင္းပြမႈဒဏ္ကိုပိုမိုခံစားေနရျခင္းျဖစ္သည္။ ေငြေၾကး ေဖာင္းပြမႈေၾကာင့္ ဝယ္ယူသူဘက္မွ ဝယ္ႏိုင္စြမ္းအား က်ဆင္းေနသည့္အျပင္ ေရာင္းခ်သူဘက္မွလည္း အျမတ္အစြန္းနည္းပါးၿပီး ေဈးကြက္ ရပ္တန႔္မႈကို ႀကဳံ ေတြ႕ေနရျခင္းျဖစ္သည္။ အေထြေထြကုန္ေဈးႏႈန္း ျမင့္တက္ေနျခင္းသည္ ျပည္တြင္း ေငြေၾကးလွည့္လည္ စီးဆင္းမႈ ေႏွးေကြးျခင္းအျပင္ တစ္ဦးခ်င္းဝင္ေငြ တန္ဖိုးက်ဆင္းျခင္းေၾကာင့္ အက်ပ္အတည္းျဖစ္ေပၚေန ျခင္းျဖစ္သည္။ သက္ဆိုင္ရာမွထုတ္ျပန္ေသာ စာရင္းဇယားမ်ားအရ တစ္ဦး ခ်င္း အသားတင္ထုတ္ကုန္တန္ဖိုး GDP သည္ အေရအတြက္ပမာဏ ျမင့္တက္လာႏိုင္ေသာ္လည္း တန္ဖိုးအားျဖင့္ နိမ့္က်ေနမည္ျဖစ္ သည္။ ေငြေၾကးတန္ဖိုးက်ဆင္းျခင္းႏွင့္ ေဈးကြက္ပမာဏက်ဳံ႕ဝင္ ျခင္းတို႔ေၾကာင့္ အေျခခံျပည္သူမ်ားအတြက္ဝင္ေငြမွာ သာမန္စားေသာက္ကုန္အသုံးစရိတ္ အတြက္သာ အသုံးျပဳေနရျခင္းျဖစ္သည္။ လာမည့္ရက္မ်ားအတြင္း ႏွစ္သစ္ကူးကာလ႐ုံးပိတ္ရက္မ်ား ေရာက္ရွိလာ ႏိုင္ေသာေၾကာင့္ အေျခခံစားေသာက္ ကုန္စည္မ်ား ေဈးႏႈန္း အနည္းငယ္ျမင့္တက္လာႏိုင္သည္။ ေငြ ေၾကးေဖာင္းပြမႈႏွင့္ ေဈးကြက္ကြင္းဆက္မ်ား ျပတ္ေတာက္မႈအရ လာမည့္ရက္မ်ားအတြင္း အေျခခံ ျပည္သူလူထုမွာ လူမႈစီးပြားအက်ပ္အတည္း ပိုမိုခံစားေနရဦးမည္ျဖစ္သည္။
အေျခခံစားေသာက္ကုန္မ်ားႏွင့္ ျမင့္တက္လာသည့္ကုန္ေျခာက္ေဈး
ပြင္းလင္းရာသီတြင္ အေျခခံစားေသာက္ကုန္စည္ေဈးႏႈန္းမ်ား ေဈးၿငိမ္သက္ေနေသာ္လည္း မီးဖို ေခ်ာင္သုံး ကုန္ေျခာက္ျဖစ္သည့္ အာလူး၊ ၾကက္ သြန္နီႏွင့္ၾကက္သြန္ျဖဴမ်ားမွာ ေဈးတက္လာၿပီျဖစ္ သည္။ အေျခခံစားေသာက္ကုန္မ်ားတြင္ ဆန္ေဈး သည္ ေ႐ႊဘို ဆန္ေခ်ာေဈးႏႈန္းမွာ တစ္အိတ္လွ်င္ တစ္သိန္းခြဲဝန္းက်င္ျဖင့္ အေျပာင္းအလဲရွိေသာ္လည္း အျခားဆန္ေဈးမ်ားမွာ အနည္းငယ္ျမင့္တက္ လာသည္။ ဆန္ၾကမ္းအမ်ိဳးအစားျဖစ္ေသာ မေနာသုခ တစ္အိတ္လွ်င္ က်ပ္ ကိုးေသာင္းေျခာက္ေထာင္ ေဈးရွိၿပီး ပုသိမ္ဆင္းသုခတစ္အိတ္လွ်င္ က်ပ္ ရွစ္ေသာင္းႏွစ္ေထာင္ေဈးျဖင့္ ပုံမွန္အျမင့္ေဈးအတိုင္း ရွိေနေၾကာင္းသိရသည္။ ထို႔ျပင္ ဆန္ေခ်ာေဈးကြက္ အတြင္းရွိ ဖ်ာပုံေပၚဆန္းတစ္အိတ္လွ်င္ တစ္သိန္း သုံးေသာင္းဝန္းက်င္ႏွင့္ ပုံမွန္ ႐ိုး႐ိုးေပၚဆန္းတစ္အိတ္လွ်င္ တစ္သိန္းတစ္ေသာင္းက်ပ္ရွိေၾကာင္း သိရ သည္။ ဆန္ေဈးကြက္အေပၚ သက္ဆိုင္ရာက အေရးႀကီးကုန္စည္အျဖစ္သတ္မွတ္ၿပီး ေဈးကြက္ထိန္းခ်ဳပ္ ေနျခင္းေၾကာင့္ ဆန္ေဈးမ်ား အနည္းငယ္တည္ ၿငိမ္ေနျခင္းျဖစ္သည္။ စားအုန္းဆီေဈးကြက္တြင္ တရား ဝင္ ျဖန႔္ခ်ိေဈးမွာ တစ္ပိႆာလွ်င္ (၆၈၇၅) က်ပ္ျဖင့္ ယခင္တစ္ပတ္ကထက္ (၁၅)က်ပ္က်ဆင္းသြားၿပီး လက္လီ ဆယ္ရက္လွ်င္တစ္ပိႆာ စာအုပ္ျဖင့္ေရာင္းခ်ေပးမႈတြင္ တစ္ပိႆာ (၇၃၀ဝ)က်ပ္ေဈးျဖင့္ တည္ၿငိမ္ေနေၾကာင္းသိရသည္။ ကုန္ေျခာက္ေဈးကြက္တြင္ နယ္အဝင္နည္းပါးသြားျခင္းေၾကာင့္ ကုန္ ေဈးႏႈန္းမ်ားတက္လာေၾကာင္း ဘုရင့္ေနာင္ကုန္စည္ ဒိုင္မွသိရသည္။ ကုန္ေျခာက္ေဈးကြက္အတြင္း
အာလူးတစ္ပိႆာလွ်င္ (၆၀ဝဝ)က်ပ္ဝန္းက်င္အထိ ေဈး တက္လာၿပီး၊ ၾကက္သြန္နီတစ္ပိႆာလွ်င္ အမ်ိဳးအစားအလိုက္ (၂၈၀ဝ)က်ပ္မွ (၄၇၀ဝ)က်ပ္အထိ ေဈးျမင့္တက္လာေၾကာင္း သိရသည္။
ထို႔အတူ ၾကက္သြန္ျဖဴေဈးကြက္တြင္ လည္း ေဈးႏႈန္းမ်ားဆက္တိုက္ျမင့္တက္ေနၿပီး တစ္ပိႆာ လွ်င္ တစ္ေသာင္းခြဲမွ တစ္ေသာင္းရွစ္ေထာင္ က်ပ္ ဝန္းက်င္ေပါက္ေဈးရွိေၾကာင္းသိရသည္။ ယခု တစ္ပတ္အတြက္ အသားငါးေဈးကြက္အတြင္း ငါး ေဈးမ်ားမွာ အနည္းငယ္ျမင့္တက္လာၿပီး ငါးျမစ္ခ်င္း တစ္ပိႆာလွ်င္ တစ္ေသာင္းခြဲဝန္းက်င္ေပါက္ေဈးရွိ ေၾကာင္းသိရသည္။ ၾကက္သား၊ ဝက္သား၊ ဆိတ္သား ႏွင့္အမဲသားေဈးကြက္မွာ ယခင္သီတင္းပတ္မ်ားအတိုင္း အေျပာင္းအလဲမရွိ ေဈးတည္ၿငိမ္ ေနေၾကာင္း သိရသည္။ အေျခခံစားေသာက္ကုန္မ်ားမွာ ယခုႏွစ္ ပြင့္လင္းရာသီတြင္ ေဈးက်ဆင္းမႈ နည္း ပါးၿပီး ေဈးအျမင့္ပိုင္းတြင္သာ အေရာင္းအဝယ္ျဖစ္ေနၾကေၾကာင္း သိရသည္။ လာမည့္ရက္မ်ားတြင္ အေျခခံ စားေသာက္ကုန္ေဈးသည္ အတက္အက်နည္းပါးစြာျဖင့္ တည္ၿငိမ္ေနမည္ျဖစ္သည္။