ဘရာဇီး အသားထုပ်ပိုးမှုကုမ္ပဏီ JBS က ဗီယက်နမ်မှာ စက်ရုံ ၂ ရုံတည်ဆောက်ဖို့ ဒေါ်လာ သန်း ၁ဝဝ သုံးစွဲမည်

116

ရောင်နီ (NP News) - မတ် ၃၁
ဘရာဇီး အသားထုပ်ပိုးတဲ့ ကုမ္ပဏီ JBS (JBSS3.SA)က အရှေ့တောင်အာရှမှာ ကုမ္ပဏီ ချဲ့ထွင်ဖို့ ရည်ရွယ်ပြီး ဗီယက်နမ်မှာ စက်ရုံနှစ်ရုံတည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှပ်နှံမယ်လို့ စနေနေ့(မတ်လ ၂၉ ရက်) က ကြေညာခဲ့ပါတယ်။
ကုမ္ပဏီရဲ့ထုတ်ပြန်ချက်အရ အဆိုပါစက်ရုံတွေဟာ အမဲသား၊ ဝက်သားနဲ့ ကြက်သားကို ထုတ်လုပ်မှာဖြစ်ပြီး ဘရာဇီးမှ တင်သွင်းတဲ့ကုန်ကြမ်းတွေကို အဓိက အသုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။
စက်ရုံတည်ဆောက်ရခြင်းဟာ ဗီယက်နမ်နဲ့ဒေသတွင်းရှိ အခြားနိုင်ငံတွေကို အသားတင်ပို့ ထောက်ပံ့ပေးနိုင်ဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။
အဆိုပါ သဘောတူညီချက်ကို ဗီယက်နမ်အစိုးရနဲ့ နားလည်မှုစာချွန်လွှာမှတစ်ဆင့် စနေနေ့(မတ်လ ၂၉ ရက်) က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဘရာဇီးသမ္မတ ဆီလ်ဗာ ဗီယက်နမ်နိုင်ငံကို အလည်အပတ်ခရီးစဉ်လာရောက်စဉ်က အဆိုပါသဘောတူညီချက်ကို ရယူခဲ့တာဖြစ်ပါတယ်။
"ဗီယက်နမ်မှာ ဖွင့်လှစ်မယ့်လစက်ရုံသစ်တွေဟာ ထုတ်လုပ်မှုစွမ်းရည် ချဲ့ထွင်ရုံသာမက ဒေသတွင်း စီးပွားရေး တိုးချဲ့ဖို့၊ အလုပ်အကိုင်များ ဖန်တီးဖို့နဲ့ အရှေ့တောင်အာရှတစ်ခွင် စားနပ်ရိက္ခာဖူလုံရေး ရည်ရွယ်ချက်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာမယ်" လို့ ဘရားဇီးသမ္မတဆီလ်ဗာက ဆိုပါတယ်။ သဘောတူညီချက်အရ ပထမစက်ရုံ စတင်လည်ပတ်ပြီး ၂ နှစ်အကြာမှာ ဗီယက်နမ်တောင်ပိုင်းမှာ ဒုတိယစက်ရုံတည်ဆောက်သွားမှာဖြစ်တယ်လို့ သဘောတူညီချက်မှာ ဖော်ပြထားပါတယ်။

ဘရာဇီး အသားထုပ္ပိုးမႈကုမၸဏီ JBS က ဗီယက္နမ္မွာ စက္႐ုံ ၂ ႐ုံတည္ေဆာက္ဖို႔ ေဒၚလာ သန္း ၁ဝဝ သုံးစြဲမည္
ေရာင္နီ (NP News) - မတ္ ၃၁
ဘရာဇီး အသားထုပ္ပိုးတဲ့ ကုမၸဏီ JBS (JBSS3.SA)က အေရွ႕ေတာင္အာရွမွာ ကုမၸဏီ ခ်ဲ႕ထြင္ဖို႔ ရည္႐ြယ္ၿပီး ဗီယက္နမ္မွာ စက္႐ုံႏွစ္႐ုံတည္ေဆာက္ဖို႔ အေမရိကန္ေဒၚလာ သန္း ၁၀၀ ရင္းႏွီးျမႇပ္ႏွံမယ္လို႔ စေနေန႔(မတ္လ ၂၉ ရက္) က ေၾကညာခဲ့ပါတယ္။
ကုမၸဏီရဲ႕ထုတ္ျပန္ခ်က္အရ အဆိုပါစက္႐ုံေတြဟာ အမဲသား၊ ဝက္သားနဲ႔ ၾကက္သားကို ထုတ္လုပ္မွာျဖစ္ၿပီး ဘရာဇီးမွ တင္သြင္းတဲ့ကုန္ၾကမ္းေတြကို အဓိက အသုံးျပဳမွာျဖစ္တယ္လို႔ သိရပါတယ္။
စက္႐ုံတည္ေဆာက္ရျခင္းဟာ ဗီယက္နမ္နဲ႔ေဒသတြင္းရွိ အျခားႏိုင္ငံေတြကို အသားတင္ပို႔ ေထာက္ပံ့ေပးႏိုင္ဖို႔လည္း ရည္႐ြယ္တယ္လို႔ ဆိုပါတယ္။
အဆိုပါ သေဘာတူညီခ်က္ကို ဗီယက္နမ္အစိုးရနဲ႔ နားလည္မႈစာခြၽန္လႊာမွတစ္ဆင့္ စေနေန႔(မတ္လ ၂၉ ရက္) က တရားဝင္ထုတ္ျပန္ခဲ့ပါတယ္။ ဘရာဇီးသမၼတ ဆီလ္ဗာ ဗီယက္နမ္ႏိုင္ငံကို အလည္အပတ္ခရီးစဥ္လာေရာက္စဥ္က အဆိုပါသေဘာတူညီခ်က္ကို ရယူခဲ့တာျဖစ္ပါတယ္။
"ဗီယက္နမ္မွာ ဖြင့္လွစ္မယ့္လစက္႐ုံသစ္ေတြဟာ ထုတ္လုပ္မႈစြမ္းရည္ ခ်ဲ႕ထြင္႐ုံသာမက ေဒသတြင္း စီးပြားေရး တိုးခ်ဲ႕ဖို႔၊ အလုပ္အကိုင္မ်ား ဖန္တီးဖို႔နဲ႔ အေရွ႕ေတာင္အာရွတစ္ခြင္ စားနပ္ရိကၡာဖူလုံေရး ရည္႐ြယ္ခ်က္အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈတစ္ခု ျဖစ္လာမယ္" လို႔ ဘရားဇီးသမၼတဆီလ္ဗာက ဆိုပါတယ္။ သေဘာတူညီခ်က္အရ ပထမစက္႐ုံ စတင္လည္ပတ္ၿပီး ၂ ႏွစ္အၾကာမွာ ဗီယက္နမ္ေတာင္ပိုင္းမွာ ဒုတိယစက္႐ုံတည္ေဆာက္သြားမွာျဖစ္တယ္လို႔ သေဘာတူညီခ်က္မွာ ေဖာ္ျပထားပါတယ္။