ငလျင်ကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်နေချိန် စလင်းရှိ တညောင်ဓာတ်အားခွဲရုံကို PDFအဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်

808

စော(NP News)-မတ် ၃၁
ငလျင်ကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်နေချိန် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ရှိ တညောင်ဓာတ်အားခွဲရုံကို PDFအဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် (မတ်လ ၂၈ ရက်) ၊ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်က လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ လျှပ်စစ်ဓာတ်အား ပြတ်တောက် မှုများဖြစ်ပေါ်ခဲ့ရပြီး နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားများ အမြန်ဆုံး ပြန်လည် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် ငလျင် ဒဏ်ကြောင့် ပြည်သူများဒုက္ခရောက်နေသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို PDF အမည်ခံအကြမ်းဖက်သမားများက အခွင့်ကောင်းယူ၍ အဖျက်အမှောင့်အနှောင့်အယှက်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့(မတ်လ ၃၁ရက်)၊ နံနက် ၆ နာရီခန့်က PDF အမည်ခံအကြမ်းဖက်သမားများသည် စလင်းမြို့၏ အနောက်မြောက်ဘက် မီတာ ၅၅၀၀ ခန့်အကွာရှိ တညောင်ဓာတ်အားခွဲရုံစက်ရုံမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါအကြမ်းဖက်အဖွဲ့များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောတုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန် အတွက် လုံခြုံရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈမ်ားျဖစ္ေနခ်ိန္ စလင္းရွိ တေညာင္ဓာတ္အားခြဲ႐ုံကို PDFအဖြဲ႕က လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္
ေစာ(NP News)-မတ္ ၃၁
ငလ်င္ေၾကာင့္ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈမ်ားျဖစ္ေနခ်ိန္ မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕ရွိ တေညာင္ဓာတ္အားခြဲ႐ုံကို PDFအဖြဲ႕က လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ (မတ္လ ၂၈ ရက္) ၊ မြန္းလြဲ ၁၂ နာရီ ၅၁ မိနစ္ခန႔္က လႈပ္ခတ္ခဲ့ေသာ ေျမငလ်င္ေၾကာင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အခ်ိဳ႕၌ လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္ မႈမ်ားျဖစ္ေပၚခဲ့ရၿပီး ႏိုင္ငံေတာ္အစိုးရအေနျဖင့္ လွ်ပ္စစ္ဓာတ္အားမ်ား အျမန္ဆုံး ျပန္လည္ ပို႔လႊတ္ျဖန႔္ျဖဴးေပးႏိုင္ေရး အရွိန္အဟုန္ျမႇင့္တင္၍ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သဘာဝေဘးအႏၲရာယ္တစ္ခုျဖစ္သည့္ ငလ်င္ ဒဏ္ေၾကာင့္ ျပည္သူမ်ားဒုကၡေရာက္ေနသျဖင့္ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသည္ကို PDF အမည္ခံအၾကမ္းဖက္သမားမ်ားက အခြင့္ေကာင္းယူ၍ အဖ်က္အေမွာင့္အေႏွာင့္အယွက္လုပ္ငန္းမ်ားကို နည္းလမ္းမ်ိဳးစုံျဖင့္ လုပ္ေဆာင္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ယေန႔(မတ္လ ၃၁ရက္)၊ နံနက္ ၆ နာရီခန႔္က PDF အမည္ခံအၾကမ္းဖက္သမားမ်ားသည္ စလင္းၿမိဳ႕၏ အေနာက္ေျမာက္ဘက္ မီတာ ၅၅၀၀ ခန႔္အကြာရွိ တေညာင္ဓာတ္အားခြဲ႐ုံစက္႐ုံမွ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား လက္နက္ငယ္မ်ားျဖင့္ လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ပစ္ခတ္ တိုက္ခိုက္ခဲ့ရာ အၾကမ္းဖက္သမားမ်ားသည္ ျပန္လည္ဆုတ္ခြာထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါအၾကမ္းဖက္အဖြဲ႕မ်ားကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္ေသာတုံ႔ျပန္မႈမ်ား ေဆာင္႐ြက္ႏိုင္ရန္ အတြက္ လုံၿခဳံေရး လုပ္ငန္းမ်ား တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။