ခက်ခဲလာသည့် လယ်သမားများအတွက် စိုက်ပျိုးစရိတ်များကို နှစ်တို၊ နှစ်ရှည် ချေးငွေပေးသင့်

279

ယွန်း (NP News) - ဧပြီ ၁
အမြတ်ငွေရရန်ပင် ခက်ခဲလာသည့် လယ်သမားများအတွက် အစိုးရအနေဖြင့် စိုက်ပျိုးစရိတ်များ ကို နှစ်တို၊ နှစ်ရှည်စီမံကိန်းဖြင့် ချေးငွေပေးသင့်ကြောင်း စိုက်ပျိုးရေးပညာရှင်အချို့က သုံးသပ်ပြောဆို ထားသည်။
ပို့ကုန်မှရရှိသည့် နိုင်ငံခြားဝင်ငွေ၏ (၇၀)ရာခိုင်နှုန်းကို စိုက်ပျိုးရေးထွက်ကုန်များမှရရှိခြင်းဖြစ်ပြီး အဆိုပါ စိုက်ပျိုးရေးထွက်ကုန်များအနက် ဆန်တင်ပို့မှုသည် နိုင်ငံခြားဝင်ငွေကို အများဆုံးရှာဖွေပေးနေ သည့် ကဏ္ဍတစ်ခုဖြစ်သည်။
သို့သော် အဆိုပါကဏ္ဍတွင် စပါးကို အဓိက စိုက်ပျိုးပေးနေသည့် လယ်သမားများအနေဖြင့် ဝင် ငွေရရှိမှုမှာ ၎င်းတို့အသုံးပြုလိုက်ရသည့်သွင်းအားစုစရိတ်နှင့် ကာမိရုံသာရှိပြီး ပို့ကုန်တင်ပို့သူ Exporter များနှင့် နှိုင်းယှဉ်ပါက အမြတ်ရရှိမှုမှာ များစွာကွာဟလျက်ရှိသည်။
လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေးကဏ္ဍကို ဦးစားပေးဆောင်ရွက်လျက်ရှိသော် လည်း တောင်သူလယ်သမားများကို သင့်တော်သည့်ဈေးနှုန်းရရှိရေးကိုလည်း ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အကြံပြုမှုများရှိနေသည်။ ထို့ကြောင့် အစိုးရအနေဖြင့် စိုက်ပျိုးစရိတ်များကို နှစ်တို၊ နှစ် ရှည် ချေးငွေများဖြင့် တိုးမြှင့်ချေးပေးသင့်သည့်အပြင် သီးနှံများကို စနစ်တကျသိုလှောင်နိုင်မည့် အဆင့် မြင့် သိုလှောင်ရုံနှင့် အအေးခန်းများကိုလည်း လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း သိရသည်။ “သင့်တင့်တဲ့ ဈေးနှုန်းကို အစိုးရက ကူညီဆောင်ရွက်ပေးရမှာ။ တောင်သူလယ်သမားတွေ စိုက်ပျိုးစရိတ်ကို နှစ်တို၊ နှစ် ရှည် ချေးပေးရမှာ။ အခုလယ်သမားတွေက သူတို့ မလောက်တဲ့အတွက် အပြင်အတိုးတွေနဲ့ (၅) ကျပ်တိုး၊ (၁၀) တိုးချေးတော့ ဖောင်စီးရင်းရေငတ်နေသလိုဖြစ် နေတာ။ ငွေ (၁၀ဝ) ချေးပြီးရင် အတိုးက တစ်ဝက် နှုန်း လောက်ကျတယ်။ အဲဒီတော့ တောင်သူလယ်သမားတွေရဲ့ စိုက်စရိတ်ကို တိုးမြှင့်ချေးပေးရမယ်။ ပြီးရင် မြေဩဇာ၊ ပိုးသတ်ဆေးအစရှိတဲ့ စိုက်ပျိုးရေးပစ္စည်းတွေကို ဈေးနှုန်းသက်သာအောင်တစ်ဖက် တစ်လမ်းက စီမံဆောင်ရွက်ပေးဖို့လိုတယ်။ နောက်တစ်ခုက တောင်သူလယ်သမားတွေထွက်လာတဲ့ သီးနှံတွေကို စနစ်တကျအဆင့်မြင့်သိုလှောင်ရုံတွေ၊ အဆင့်မြင့် အအေးခန်းတွေ ဒါတွေလုပ်ဖို့လိုတယ်။ အစိုးရက လုပ်ပေးရမှာ တောင်သူမလုပ်နိုင်ဘူး။ အဲဒီလိုလုပ်ထားရင် ကြိုက်ဈေးမရလို့ သိုလှောင်ထား ရင်လည်း ရနိုင်တယ်။ ပြီးရင် ထုတ်လုပ်မှုကုန်ကျစရိတ် အနည်းဆုံး နဲ့အမြင့်ဆုံးထွက်နှုန်းရနိုင်တဲ့ နည်းပညာကို ပြောရမယ်”ဟု စိုက်ပျိုးရေးပညာရှင်တစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် လယ်သမားများအနေဖြင့် ဝင်ငွေ နည်းပါးခြင်းကြောင့် လုပ်အားခဈေးကြီးမြင့်မှု၊ ဓာတ်မြေဩဇာခကြီးမြင့်မှုများကိုပါ ရင်ဆိုင်နေရသည့်အပြင် လယ်ယာလုပ်သား ရှားပါးခြင်းကိုလည်း ရင်ဆိုင်နေကြရပြီး တောင်သူများအနေဖြင့် ဆုံးရှုံးမှုကြီးမားလျက်ရှိသည်။
ထို့ပြင် လတ်တလောကာလ၌ ပွဲစားများက ဈေး နှိမ်ဝယ်ယူခြင်းများကြောင့် နွေစပါး တင်း (၁၀ဝ)လျှင် ငွေကျပ်(၁၂)သိန်းဖြင့်သာ ရောင်းချနေရသည့် လယ်သမားများရှိနေပြီး အရင်းကျေနိုင်ရေးကို ပင် စိုးရိမ်နေကြရကြောင်း ပြောဆိုမှုများလည်းရှိနေသည်။
zawgyi version
ခက္ခဲလာသည့္ လယ္သမားမ်ားအတြက္ စိုက္ပ်ိဳးစရိတ္မ်ားကို ႏွစ္တို၊ ႏွစ္ရွည္ ေခ်းေငြေပးသင့္
ယြန္း (NP News) - ဧၿပီ ၁
အျမတ္ေငြရရန္ပင္ ခက္ခဲလာသည့္ လယ္သမားမ်ားအတြက္ အစိုးရအေနျဖင့္ စိုက္ပ်ိဳးစရိတ္မ်ား ကို ႏွစ္တို၊ ႏွစ္ရွည္စီမံကိန္းျဖင့္ ေခ်းေငြေပးသင့္ေၾကာင္း စိုက္ပ်ိဳးေရးပညာရွင္အခ်ိဳ႕က သုံးသပ္ေျပာဆို ထားသည္။
ပို႔ကုန္မွရရွိသည့္ ႏိုင္ငံျခားဝင္ေငြ၏ (၇၀)ရာခိုင္ႏႈန္းကို စိုက္ပ်ိဳးေရးထြက္ကုန္မ်ားမွရရွိျခင္းျဖစ္ၿပီး အဆိုပါ စိုက္ပ်ိဳးေရးထြက္ကုန္မ်ားအနက္ ဆန္တင္ပို႔မႈသည္ ႏိုင္ငံျခားဝင္ေငြကို အမ်ားဆုံးရွာေဖြေပးေန သည့္ က႑တစ္ခုျဖစ္သည္။
သို႔ေသာ္ အဆိုပါက႑တြင္ စပါးကို အဓိက စိုက္ပ်ိဳးေပးေနသည့္ လယ္သမားမ်ားအေနျဖင့္ ဝင္ ေငြရရွိမႈမွာ ၎တို႔အသုံးျပဳလိုက္ရသည့္သြင္းအားစုစရိတ္ႏွင့္ ကာမိ႐ုံသာရွိၿပီး ပို႔ကုန္တင္ပို႔သူ Exporter မ်ားႏွင့္ ႏႈိင္းယွဥ္ပါက အျမတ္ရရွိမႈမွာ မ်ားစြာကြာဟလ်က္ရွိသည္။
လက္ရွိႏိုင္ငံေတာ္အစိုးရအေနျဖင့္ စိုက္ပ်ိဳးေရးက႑ကို ဦးစားေပးေဆာင္႐ြက္လ်က္ရွိေသာ္ လည္း ေတာင္သူလယ္သမားမ်ားကို သင့္ေတာ္သည့္ေဈးႏႈန္းရရွိေရးကိုလည္း ကူညီေဆာင္႐ြက္ေပးရန္ လိုအပ္ေၾကာင္း အႀကံျပဳမႈမ်ားရွိေနသည္။ ထို႔ေၾကာင့္ အစိုးရအေနျဖင့္ စိုက္ပ်ိဳးစရိတ္မ်ားကို ႏွစ္တို၊ ႏွစ္ ရွည္ ေခ်းေငြမ်ားျဖင့္ တိုးျမႇင့္ေခ်းေပးသင့္သည့္အျပင္ သီးႏွံမ်ားကို စနစ္တက်သိုေလွာင္ႏိုင္မည့္ အဆင့္ ျမင့္ သိုေလွာင္႐ုံႏွင့္ အေအးခန္းမ်ားကိုလည္း လုပ္ေဆာင္ေပးရန္လိုအပ္ေၾကာင္း သိရသည္။ “သင့္တင့္တဲ့ ေဈးႏႈန္းကို အစိုးရက ကူညီေဆာင္႐ြက္ေပးရမွာ။ ေတာင္သူလယ္သမားေတြ စိုက္ပ်ိဳးစရိတ္ကို ႏွစ္တို၊ ႏွစ္ ရွည္ ေခ်းေပးရမွာ။ အခုလယ္သမားေတြက သူတို႔ မေလာက္တဲ့အတြက္ အျပင္အတိုးေတြနဲ႔ (၅) က်ပ္တိုး၊ (၁၀) တိုးေခ်းေတာ့ ေဖာင္စီးရင္းေရငတ္ေနသလိုျဖစ္ ေနတာ။ ေငြ (၁၀ဝ) ေခ်းၿပီးရင္ အတိုးက တစ္ဝက္ ႏႈန္း ေလာက္က်တယ္။ အဲဒီေတာ့ ေတာင္သူလယ္သမားေတြရဲ႕ စိုက္စရိတ္ကို တိုးျမႇင့္ေခ်းေပးရမယ္။ ၿပီးရင္ ေျမဩဇာ၊ ပိုးသတ္ေဆးအစရွိတဲ့ စိုက္ပ်ိဳးေရးပစၥည္းေတြကို ေဈးႏႈန္းသက္သာေအာင္တစ္ဖက္ တစ္လမ္းက စီမံေဆာင္႐ြက္ေပးဖို႔လိုတယ္။ ေနာက္တစ္ခုက ေတာင္သူလယ္သမားေတြထြက္လာတဲ့ သီးႏွံေတြကို စနစ္တက်အဆင့္ျမင့္သိုေလွာင္႐ုံေတြ၊ အဆင့္ျမင့္ အေအးခန္းေတြ ဒါေတြလုပ္ဖို႔လိုတယ္။ အစိုးရက လုပ္ေပးရမွာ ေတာင္သူမလုပ္ႏိုင္ဘူး။ အဲဒီလိုလုပ္ထားရင္ ႀကိဳက္ေဈးမရလို႔ သိုေလွာင္ထား ရင္လည္း ရႏိုင္တယ္။ ၿပီးရင္ ထုတ္လုပ္မႈကုန္က်စရိတ္ အနည္းဆုံး နဲ႔အျမင့္ဆုံးထြက္ႏႈန္းရႏိုင္တဲ့ နည္းပညာကို ေျပာရမယ္”ဟု စိုက္ပ်ိဳးေရးပညာရွင္တစ္ဦးက NP News ကို ေျပာသည္။
လက္ရွိတြင္ လယ္သမားမ်ားအေနျဖင့္ ဝင္ေငြ နည္းပါးျခင္းေၾကာင့္ လုပ္အားခေဈးႀကီးျမင့္မႈ၊ ဓာတ္ေျမဩဇာခႀကီးျမင့္မႈမ်ားကိုပါ ရင္ဆိုင္ေနရသည့္အျပင္ လယ္ယာလုပ္သား ရွားပါးျခင္းကိုလည္း ရင္ဆိုင္ေနၾကရၿပီး ေတာင္သူမ်ားအေနျဖင့္ ဆုံးရႈံးမႈႀကီးမားလ်က္ရွိသည္။
ထို႔ျပင္ လတ္တေလာကာလ၌ ပြဲစားမ်ားက ေဈး ႏွိမ္ဝယ္ယူျခင္းမ်ားေၾကာင့္ ေႏြစပါး တင္း (၁၀ဝ)လွ်င္ ေငြက်ပ္(၁၂)သိန္းျဖင့္သာ ေရာင္းခ်ေနရသည့္ လယ္သမားမ်ားရွိေနၿပီး အရင္းေက်ႏိုင္ေရးကို ပင္ စိုးရိမ္ေနၾကရေၾကာင္း ေျပာဆိုမႈမ်ားလည္းရွိေနသည္။