အနောက်ဘက်နှင့် အနောက်မြောက်ဒေသမှ ထိုးလာသည့်ခေါင်းလောင်းသံ

4259

ကျွန်းသားငမန်း (NP News) - ဧပြီ ၁
နွားကွဲလျှင်ကျားဆွဲသည်ဟုဆိုသည့် မြန်မာစကားပုံတစ်ရပ်ရှိသည်။ အချင်းချင်း စည်းလုံးညီ ညွတ်မှုပြိုကွဲလျှင် ပြင်ပရန်သူက ဝင်ရောက်ဆွဲစားသွားနိုင်သည်ဆိုသည့် စကားရပ်ဖြစ်သည်။ ဤအချက် ကို ပြည်သူများအားလုံးသိကြသည်။ သို့ရာတွင် အလေးအနက်ထားခြင်းမရှိကြ။ မိမိတို့၏အတ္တလောဘ စိတ်များကြောင့် စဉ်းစားတွေးခေါ်နိုင်မှု အားနည်းနေကြသည်။ ထို့ကြောင့် အသိခေါက်ခက် အဝင်နက် နေကြသည်။
ယနေ့ မြန်မာနိုင်ငံပြည်သူများ လိုလားနေကြသည်မှာတိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တ ရားဥပဒေစိုးမိုးရေးဖြစ်သည်။ ပြည်သူများသည် မိမိတို့၏နေ့စဉ်ဘဝများကို တည်ငြိမ်အေးချမ်းစွာဖြတ် သန်းလိုနေကြသည်။ သို့ရာတွင် ဖြစ်ပေါ်နေသော ပဋိက္ခများက ပြည်သူများ၏ရင်ကိုမအေး၊ ပူလောင်နေ စေသည်။ ထို့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ငြိမ်းချမ်းရေးအခင်းအကျင်းများကို အလျင်အမြန်တွေ့မြင်ချင် ကြသည်။
သို့ရာတွင် ပြည်ထောင်စုဖွားတိုင်းရင်းသား အချင်းချင်း အာဏာလောဘကြောင့် တိုက်ပွဲများ ဖြစ် နေကြသည်။ တစ်ယောက်နှင့်တစ်ယောက်၊ တစ်ဖွဲ့ နှင့်တစ်ဖွဲ့အကြား အနိုင်ရလိုဇောကြောင့် အကူအညီ ရှာကြရင်း မိမိတို့နှင့်သွေးချင်းသားရင်းမဟုတ်သူများက ကြားကသွေးထိုးမြှောက်ပင့်ပေးကာ/ရန်မီးတောက်ကို ပိုပြီးကြီးအောင်လုပ်ဆောင်ပေးနေကြသည်။ အိမ်တွင်းပြဿနာကို အိမ်ပြင်သို့ပို့ခဲ့ကြသဖြင့် မိမိနိုင်ငံကို အမဲဖျက်ရန်ချက်ကောင်းစောင့်နေသူများကလည်း အခွင့်အခါကောင်းတွေကို စောင့်ဆိုင်းနေကြသည်။
မြန်မာပြည်သူများအနေဖြင့် မိမိတို့အချင်းချင်း ရန်လိုမုန်းတီးမှုများဖြင့်တိုက်ခိုက်နေကြချိန် တိုင်း ပြည်၏ အချုပ်အခြာအာဏာကိုထိပါးစေနိုင်သောအကြောင်းအချက်များကို တွေ့မြင်လာနေရသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏အနောက်ဘက်တွင် ကပ်လျက်ရှိသော အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မရိုး သားသောလုပ်ဆောင်လာမှုများကို သတိထားရန် လိုအပ်မည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏အနောက် မြောက်ဘက်တွင်ရှိသော အိန္ဒိယနိုင်ငံ မီဇိုရာမ်ပြည်နယ်မှလုပ်ဆောင်လာမှုများကိုလည်း သတိထားကြ ရန်လိုသည်။
အနောက်ဘက်နယ်စပ်မှထိုးလာသည့် ခေါင်းလောင်းသံ
ဗြိတိသျှကိုလိုနီလက်ထက်ကပင် ဝင်ရောက်နေထိုင်ရှိခဲ့ကြသောဘင်္ဂါလီများသည် မြန်မာနိုင်ငံ အနောက်ဘက်ဒေသရှိ ဒေသခံဘင်္ဂါလီများနှင့်ပူးပေါင်းကာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူး သီးတောင်ဒေသကို မွတ်စလင်နိုင်ငံထူထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကပင် ကြံ ဆောင် လုပ်ကိုင်ခဲ့ကြသည်။ ဘင်္ဂါလီမွတ်စလင်များသည် ကုလားတန်မြစ်အနောက်ဘက်ခြမ်းနှင့် နတ်မြစ်အရှေ့ ဘက်ခြမ်းဒေသကို မွတ်စလင်တို့၏ National Home အဖြစ်သတ်မှတ်ပေးရန် တောင်းဆို မှုများရှိခဲ့ဖူးပြီး ရခိုင်ရှိ မွတ်စလင်အားလုံးကို တိုင်းရင်းသား စာရင်းသို့ ထည့်သွင်းပေးရန်တောင်းဆိုခဲ့ဖူး သည်။ လွတ်လပ်ရေးရပြီးနောက်တွင်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းကို လွတ်လပ်သောမွတ်စလင် ပြည်နယ် အဖြစ်ဖွဲ့စည်းပေးရေး၊ ပြည်နယ်စစ်တပ်၊ ပြည်နယ် ရဲတပ်ဖွဲ့၊ ပြည်နယ်လုံခြုံရေးအဖွဲ့များ ဖွဲ့ စည်းပေးရေး၊ စစ်တွေမြို့ကို ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့တော်ဟု သတ်မှတ်ပေးရေး၊ မွတ်စလင် (၅၀) ရာခိုင်နှုန်းပါဝင်သော လက်နက်ကိုင်တပ် ဖွဲ့စည်းပေးရေး၊ ဗဟိုအစိုးရတွင် မွတ်စလင်ဝန်ကြီးခန့်ထားပေး ရေး၊ မွတ်စလင်ကောင်စီ ထားရှိခွင့်ပြုရေး၊ တိုင်းပြည်ပြုလွှတ်တော်တွင် မွတ်စလင်ကိုယ်စားလှယ်များကို အခြားတိုင်းရင်းသားများနည်းတူ အညီအမျှထည့်သွင်းပေးရေး၊ အစ္စလာမ်အထက်တန်းကျောင်းများ၊ ကောလိပ်များ ဖွင့်လှစ်ခွင့်ပြုရေး စသည်တို့ကို တောင်းဆိုခဲ့သည်။ (၁၉၄၂) ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ၊ (၁၉၄၆)ခုနှစ် မြန်မာ့လွတ်လပ်ရေးအကြိုကာလတွင် မောင် တော၊ ဘူးသီးတောင်နှစ်မြို့နယ်ကို ပါကစ္စတန်နိုင်ငံနှင့်ပေါင်းစည်းနိုင်ရန် ပါကစ္စတန်ခေါင်းဆောင် မိုဟာမက်အလီဂျင်းနားနှင့် ဆက်သွယ် ကြိုးပမ်းခဲ့မှုနှင့် မူဂျာဟစ်သောင်းကျန်းသူအဖွဲ့ကိုထူထောင်ကာ နယ်မြေသိမ်းယူခဲ့မှု၊ (၁၉၆၆) ခုနှစ်တွင် ဖဆပလဝန်ကြီးဟောင်း စူလ်တင်မာမွတ်ဦးဆောင်သော ဘင်္ဂါလီအဖွဲ့ အစည်းသည် ထိုင်းမွတ်စလင် အဖွဲ့၏ထောက်ခံချက်ဖြင့် လစ်ဗျားသို့သွားကာရခိုင်ပြည်နယ်မြောက်ပိုင်း မေယုကမ်းမြောင်ဒေသကို အာကစ္စတန် (Arkiston) နိုင်ငံအဖြစ်ထူထောင်ရန် ကြိုးပမ်းခဲ့မှုတို့မှာ ထင်ရှားသောအဖြစ်အပျက်များ ဖြစ်ကြသည်။
(၂၀၁၂) ခုနှစ်တွင် ပဋိပက္ခဖြစ်ခဲ့ရပြီး မောင်တော၊ ဘူးသီးတောင်မြို့နယ်ရှိ ရခိုင်ဒေသခံများ ဘေး လွတ်ရာ ရခိုင်ပြည်နယ်အတွင်းပိုင်းဒေသများသို့ ထွက်ပြေးခဲ့ကြရမှုနှင့် ဘင်္ဂါလီများက ရခိုင်ပြည်နယ် မြောက်ပိုင်းကို(Proclamation of Rohingya Independence State) ဟုကြေညာခဲ့ခြင်းက ၎င်းတို့၏ နယ်မြေသိမ်းယူရေးလိုလားချက်များကို ထင်ဟပ်နေခြင်းပင်ဖြစ်သည်။
နောက်ဆုံးဖြစ်ရပ်မှာ (၂၀၁၆)ခုနှစ် အောက်တိုဘာလ (၉) ရက်တွင် မောင်တောမြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲဌာနချုပ်အပါအဝင် အခြားရဲကင်းစခန်းများကို ဘင်္ဂါလီအကြမ်းဖက်များက တစ်ချိန် တည်း တစ်ပြိုင်တည်း စီးနင်းတိုက်ခိုက်ခဲ့မှု၊ ဒေသခံတိုင်းရင်းသားများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရမှု၊ (၂၀၁၇) ခုနှစ် ဩဂုတ်လ (၂၅)ရက်တွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တို့ရှိ တပ် မတော် တပ်စခန်းဌာနချုပ်တစ်ခုအပါအဝင် လုံခြုံရေး ရဲကင်းစခန်းများကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြပြီး တပ်မတော်ကနှိမ်နင်းရာတွင် လူမျိုးတုံးသတ်ဖြတ်သည်ဟုဆိုကာ ဘင်္ဂါလီ (၇)သိန်းကျော်(သူတို့စာရင်းအရ)ထွက်ခွာသွားခဲ့မှု စသည့်အကြောင်းအချက်များက ဘင်္ဂါလီများ ၏အကွက်ကျကျစီမံခဲ့သောဖြစ်စဉ်များဖြစ်သည်။
ဤဖြစ်စဉ်များနှင့်အတူ ယခုလက်ရှိတွင်လည်း လတ်တလောအားဖြင့် ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများနှင့် OIC အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံသို့ခိုးဝင်ရောက်ရှိနေထိုင်ခဲ့ကြပြီး ၎င်း တို့၏မိခင်နိုင်ငံ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်သွားကြသည့်ဘင်္ဂါလီများ၏အရေးကို ရှေ့တန်းတင်လှုပ်ရှား မှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာကာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ရန်ကြိုးစားလာ ကြသည်ကိုတွေ့ရသည်။ ဖြုတ်ချခံလိုက်ရသော ရှိတ်ဟာစီနာ၏ ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာနိုင်ငံမှ ရောက်ရှိနေသောဘင်္ဂါလီများပြန်ပို့ရေးကို နှောင့်နှေးနေစေရန်ဆောင်ရွက်ထားခဲ့ပြီး ကမ္ဘာ့အရေးအခင်း တစ်ခုအဖြစ်ဖန်တီးလျက် မြန်မာနိုင်ငံ၏ နယ်မြေအစိတ်အပိုင်းများကိုရယူနိုင်ရန် လမ်းခင်းဆောင်ရွက် ထားခဲ့သည်။ ရှိတ်ဟာစီနာသည်လည်းကောင်း လက်ရှိဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ခံမိုဟာ မတ်ယူနို့စ် သည် လည်းကောင်း မောင်တော၊ ဘူးသီးတောင်နယ်ကို Safe Zone တစ်ခုဖန်တီးပေးရန်တောင်းဆိုခဲ့ သကဲ့သို့ ရှိတ်ဟာစီနာအစိုးရလက်ထက် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကလည်း မောင်တော၊ ဘူးသီးတောင်နယ်ရှိဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကူညီစောင့်ရှောက်ရန်လိုအပ်ပါက ကူညီပေး ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်လှုပ်ရှားနေသော ဘင်္ဂါလီလက်နက် ကိုင်သောင်းကျန်းသူအဖွဲ့ (၄)ဖွဲ့၏ မဟာမိတ်ဖွဲ့စုဖွဲ့ လှုပ်ရှားလာခြင်းနှင့် တိုက်ပွဲများဆင်နွှဲလာနေသည့် သတင်းများကို ခပ်စိပ်စိပ်ကြားနေရသည်။ ထို့အတူ ဖေဖော်ဝါရီလနောက်ဆုံးပတ်က OIC နိုင်ငံများအ ဖွဲ့ကိုယ်စားလှယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက် ရှိခဲ့ပြီး ဘင်္ဂါလီဒုက္ခသည်စခန်းသို့သွားရောက်ကာ ဒုက္ခသည်များနှင့်တွေ့ဆုံခဲ့ခြင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လက်နက်ကိုင်တိုက်ခိုက်နေသည့် ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့အစည်းများမှတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ခြင်းဆိုသည့်သတင်းများမှာ အလေး ထားသတိပြုစရာသတင်းများ ဖြစ်ကြသည်။
ထို့အတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် မတ်လ (၁၅)ရက်တွင် ဘင်္ဂလားဒေ့ရှၤနိုင်ငံသို့ရောက်ရှိခဲ့ပြီး ဘင်္ဂါလီဒုက္ခသည် စခန်းသို့သွားရောက်ကာ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် မိုဟာမက်ယူနို့စ်သည်လည်း အတူလိုက်ပါခဲ့သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ခရီးစဉ်တွင် ဘင်္ဂါလီဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ကိစ္စရပ်များကိုဆွေးနွေးခဲ့သည်သာမက လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော AA နှင့်ဆွေးနွေး ရန်ကိုလည်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မိုဟာမက်ယူနို့စ်ကလည်း ဘင်္ဂါလီ ဒုက္ခသည်များကို (၂၀၂၆) ခုနှစ်တွင် ရခိုင်ပြည်နယ်သို့ပြန်လည် ပို့ဆောင်မည်ဟု ကတိပြုပြော ကြားခဲ့သည်ဟု သတင်းများအရသိရသည်။ ပြောရမည်ဆိုပါက ရခိုင်ပြည်နယ်မြောက်ပိုင်းမှထွက်ခွာလာ သည့် ဘင်္ဂါလီဒုက္ခ သည်များကိုအကြောင်းပြပြီး ရခိုင်ပြည်နယ်မြောက် ပိုင်းဒေသကို Safe Zone တစ်ခု ထူထောင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရအဆက်ဆက်ကတောင်းဆိုနေမှုနှင့် ခိုးဝင်ဘင်္ဂါလီများကလည်း ၎င်းတို့ကိုယ်တိုင်ကို မြန်မာနိုင်ငံတိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် သတ် မှတ်ပေးရန်တောင်းဆိုနေ ခြင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နယ်မြေဒေသကို သီးခြားနယ်မြေတစ်ခုရရှိ စေပြီး မွတ်စလင်နိုင်ငံတစ်ခုတည်ထောင်နိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင် လာမှုနှင့်အဆိုပါ ဒေသကို အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ပူးပေါင်းရေး အစဉ်တစိုက် ကြံစည်လုပ်ဆောင်နေမှုများက နိုင်ငံအတွက် အန္တရာယ်ပင်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရအဆက်ဆက်ကလည်း ၎င်းတို့ နိုင်ငံ၏ လူဦးရေပေါက်ကွဲမှုကြောင့် တိုးပွားလာသည့်လူများကို နေရာချထားရေး၊ ကမ္ဘာ့ရာသီဥတု အပြောင်း အလဲကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့် တက်လာမှုနှင့်အတူ ရေအောက်ရောက်သွားမည့် နယ်မြေ များနေ ဘင်္ဂလားဒေ့ရှ်ပြည်သူများကိုနေရာချထားနိုင်ရေးအတွက် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသကို မျက်စထိုးနေမှု စသည်များမှာ လက်ရှိ OIC နိုင်ငံမှကိုယ်စားလှယ်များလာရောက်မှုနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်လာရောက်ခဲ့သည့် ခရီးစဉ်များမှာ တစ်ကြောင်းမဟုတ်တစ်ကြောင်း ပတ်သက်နေနိုင်သည်ဆိုခြင်းကို သတိထားကြရန်လိုသည်။
အနောက်ဘက်ဒေသမှထိုးနေသည့် ခေါင်းလောင်းသံနှင့်အတူ အနောက်မြောက်ဒေသမှ ထိုးလာ သည့်ခေါင်းလောင်းသံကိုလည်းကြားနေရ ပြန်သည်။ ဖေဖော်ဝါရီလ (၂၇) ရက်က အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ကေဗန်လားလ်ဗင်နာဆိုသူ အမတ်တစ်ယောက်က မြန်မာနိုင်ငံ ချင်းပြည်နယ်ထဲသို့ တရားမဝင်လာရောက်ပြီး ချင်းပြည်နယ်ထဲမှ သောင်းကျန်းသူများနှင့်တွေ့ဆုံကာ ချင်းပြည်နယ်ကို အိန္ဒိယနိုင်ငံနှင့်ပူးပေါင်းရန် လှုံ့ဆော်တိုက်တွန်းပြောကြားခဲ့ကြောင်းသိရသည်။ထို့အတူ မဏိပူရပြည်နယ်လွှတ်တော်အမတ် လိမ်ရှမ်းဘား ဆားနာဂျေအိုဘာက မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသ ကြီးထဲတွင်တည်ရှိနေသည့် ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်လည်တောင်းဆိုပြီး မဏိပူရပြည်နယ်ထဲထည့် သွင်းပေးရန် အိန္ဒိယအထက်လွှတ်တော်တွင် မတ်လ (၁၈)ရက်ကတင်ပြခဲ့ကြောင်းသိရသည်။ သမိုင်း ကြောင်းကို ပြန်ကြည့်ပါက အဆိုပါဒေသများမှာ မည်သည့်အချိန်ကမျှ အိန္ဒိယနိုင်ငံ၏ ပိုင်နက်နယ်မြေ များ မဟုတ်ခဲ့သကဲ့သို့ မြန်မာပိုင်နယ်မြေများသာဖြစ်ခဲ့ သည်။ မည်သို့ဆိုစေ မြန်မာနိုင်ငံနှင့်ထိစပ်နေ သည့် မီဇိုရမ်ပြည်နယ်နှင့်မဏိပူရပြည်နယ်များအနေဖြင့် ချင်းပြည်နယ်ကိုလည်းကောင်း ကဘော်ချိုင့် ဝှမ်းဒေသကိုလည်းကောင်း လိုချင်တပ်မက် လေသံပစ်လာ ခြင်းပင်ဖြစ်သည်။ အဆိုပါဒေသများသည် ကုန်းတွင်းပိတ်ဒေသများဖြစ်ပြီး ချင်းပြည်နယ်မှတစ်ဆင့် ကုလားတန်မြစ်ကြောင်းအတိုင်း ဘင်္ဂလားပင် လယ်အော် ထွက်ပေါက်ကိုရည်မျှော်နေခြင်းလည်းဖြစ်သည်။ ချင်းပြည်နယ်နှင့်ကဘော်ချိုင့်ဝှမ်းအရေး မှာလည်း အလေးထားရမည့်ကိစ္စရပ်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ သွားလေသူ ဝန်ကြီးချုပ် ရှိတ်ဟာစီ နာပြောကြားခဲ့သည့် လူဖြူနိုင်ငံတစ်ခုမှ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာနိုင်ငံတို့အကြားဒေသကို ခရစ် ယာန်နိုင်ငံတစ် နိုင်ငံထူထောင်နိုင်ရေး တောင်းဆိုခဲ့သည်ဆိုသော သတင်းစကားက မပြေးသော်ကန်ရာရှိ အနေအထား ဖြစ်သည်။
နိုးထနိုင်ကြပါစေ
မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဗြိတိသျှနယ်ချဲ့တို့လက် အောက်သို့ ရောက်ခဲ့ရသည်မှာ တိုင်းရင်းသားပြည်သူအချင်းချင်း မညီမညွတ်မှုကြောင့်ဖြစ်ခဲ့ရခြင်းဖြစ် သည်။ မင်းညီမင်းသားတို့ အာဏာလွန်ဆွဲပွဲတွင် ပြည်သူတို့ မညီမညွတ်ဖြစ်ခဲ့ရခြင်းကြောင့် ဖြစ်သည်။ ဗြိတိသျှလက်အောက်ရောက်ခဲ့ရသော မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးကို ပြည်ထောင်စုသားတို့၏ စည်းလုံးမှု အင်အားဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင်ကား တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲကာသူ တစ်လူငါတမင်းဖြင့် စစ်မက်ဖက်ပြိုင် တိုက်ခိုက်နေကြသည်။ ပြည်ပအကူအညီများကို အားကိုးပြီး အချင်းချင်းတိုက်ခိုက်နေကြသည်။ ဆိုရလျှင် နိုင်ငံသူ နိုင်ငံသားများ၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်စသည်တို့ ပျက်ယွင်းနေကြသည်။
နိုင်ငံသူနိုင်ငံသားများအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းနှင့် ပြည်ပ စွက်ဖက်မှုဖြင့် အချုပ်အခြာအာဏာထိပါးလာစေသည့် အနောက်ဘက်နှင့်အနောက်မြောက်ဘက်မှ ခေါင်းလောင်းထိုးသံများကို ကြားသိကြစေချင်သည်။ ကြားနေရသောခေါင်းလောင်းသံများနှင့်အတူ နိုင်ငံ ချစ်စိတ် မျိုးချစ်စိတ်များ နိုးကြားလာကြစေလိုကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။
zawgyi version
အေနာက္ဘက္ႏွင့္ အေနာက္ေျမာက္ေဒသမွ ထိုးလာသည့္ေခါင္းေလာင္းသံ
ကြၽန္းသားငမန္း (NP News) - ဧၿပီ ၁
ႏြားကြဲလွ်င္က်ားဆြဲသည္ဟုဆိုသည့္ ျမန္မာစကားပုံတစ္ရပ္ရွိသည္။ အခ်င္းခ်င္း စည္းလုံးညီ ၫြတ္မႈၿပိဳကြဲလွ်င္ ျပင္ပရန္သူက ဝင္ေရာက္ဆြဲစားသြားႏိုင္သည္ဆိုသည့္ စကားရပ္ျဖစ္သည္။ ဤအခ်က္ ကို ျပည္သူမ်ားအားလုံးသိၾကသည္။ သို႔ရာတြင္ အေလးအနက္ထားျခင္းမရွိၾက။ မိမိတို႔၏အတၱေလာဘ စိတ္မ်ားေၾကာင့္ စဥ္းစားေတြးေခၚႏိုင္မႈ အားနည္းေနၾကသည္။ ထို႔ေၾကာင့္ အသိေခါက္ခက္ အဝင္နက္ ေနၾကသည္။
ယေန႔ ျမန္မာႏိုင္ငံျပည္သူမ်ား လိုလားေနၾကသည္မွာတိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တ ရားဥပေဒစိုးမိုးေရးျဖစ္သည္။ ျပည္သူမ်ားသည္ မိမိတို႔၏ေန႔စဥ္ဘဝမ်ားကို တည္ၿငိမ္ေအးခ်မ္းစြာျဖတ္ သန္းလိုေနၾကသည္။ သို႔ရာတြင္ ျဖစ္ေပၚေနေသာ ပဋိကၡမ်ားက ျပည္သူမ်ား၏ရင္ကိုမေအး၊ ပူေလာင္ေန ေစသည္။ ထို႔ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ ၿငိမ္းခ်မ္းေရးအခင္းအက်င္းမ်ားကို အလ်င္အျမန္ေတြ႕ျမင္ခ်င္ ၾကသည္။
သို႔ရာတြင္ ျပည္ေထာင္စုဖြားတိုင္းရင္းသား အခ်င္းခ်င္း အာဏာေလာဘေၾကာင့္ တိုက္ပြဲမ်ား ျဖစ္ ေနၾကသည္။ တစ္ေယာက္ႏွင့္တစ္ေယာက္၊ တစ္ဖြဲ႕ ႏွင့္တစ္ဖြဲ႕အၾကား အႏိုင္ရလိုေဇာေၾကာင့္ အကူအညီ ရွာၾကရင္း မိမိတို႔ႏွင့္ေသြးခ်င္းသားရင္းမဟုတ္သူမ်ား က ၾကားကေသြးထိုးေျမႇာက္ပင့္ေပးကာ ရန္မီး ေတာက္ကို ပိုၿပီးႀကီးေအာင္လုပ္ေဆာင္ေပးေနၾကသည္။ အိမ္ တြင္းျပႆနာကို အိမ္ျပင္သို႔ပို႔ခဲ့ၾကသျဖင့္ မိမိႏိုင္ငံကို အမဲဖ်က္ရန္ခ်က္ေကာင္းေစာင့္ေနသူမ်ားကလည္း အခြင့္အခါေကာင္းေတြကို ေစာင့္ဆိုင္းေန ၾကသည္။
ျမန္မာျပည္သူမ်ားအေနျဖင့္ မိမိတို႔အခ်င္းခ်င္း ရန္လိုမုန္းတီးမႈမ်ားျဖင့္တိုက္ခိုက္ေနၾကခ်ိန္ တိုင္း ျပည္၏ အခ်ဳပ္အျခာအာဏာကိုထိပါးေစႏိုင္ေသာအေၾကာင္းအခ်က္မ်ားကို ေတြ႕ျမင္လာေနရသည္။ အထူးသျဖင့္ ျမန္မာႏိုင္ငံ၏အေနာက္ဘက္တြင္ ကပ္လ်က္ရွိေသာ အိမ္နီးခ်င္းဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ မ႐ိုး သားေသာလုပ္ေဆာင္လာမႈမ်ားကို သတိထားရန္ လိုအပ္မည္ျဖစ္သကဲ့သို႔ ျမန္မာႏိုင္ငံ၏အေနာက္ ေျမာက္ဘက္တြင္ရွိေသာ အိႏၵိယႏိုင္ငံ မီဇိုရာမ္ျပည္နယ္မွလုပ္ေဆာင္လာမႈမ်ားကိုလည္း သတိထားၾက ရန္လိုသည္။
အေနာက္ဘက္နယ္စပ္မွထိုးလာသည့္ ေခါင္းေလာင္းသံ
ၿဗိတိသွ်ကိုလိုနီလက္ထက္ကပင္ ဝင္ေရာက္ေနထိုင္ရွိခဲ့ၾကေသာဘဂၤါလီမ်ားသည္ ျမန္မာႏိုင္ငံ အေနာက္ဘက္ေဒသရွိ ေဒသခံဘဂၤါလီမ်ားႏွင့္ပူးေပါင္းကာ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေမာင္ေတာ၊ ဘူး သီးေတာင္ေဒသကို မြတ္စလင္ႏိုင္ငံထူေထာင္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံလြတ္လပ္ေရးမရမီကပင္ ႀကံ ေဆာင္ လုပ္ကိုင္ခဲ့ၾကသည္။ ဘဂၤါလီမြတ္စလင္မ်ားသည္ ကုလားတန္ျမစ္အေနာက္ဘက္ျခမ္းႏွင့္ နတ္ျမစ္အေရွ႕ ဘက္ျခမ္းေဒသကို မြတ္စလင္တို႔၏ National Home အျဖစ္သတ္မွတ္ေပးရန္ ေတာင္းဆို မႈမ်ားရွိခဲ့ဖူးၿပီး ရခိုင္ရွိ မြတ္စလင္အားလုံးကို တိုင္းရင္းသား စာရင္းသို႔ ထည့္သြင္းေပးရန္ေတာင္းဆိုခဲ့ဖူး သည္။ လြတ္လပ္ေရးရၿပီးေနာက္တြင္လည္း ရခိုင္ျပည္နယ္ ေျမာက္ပိုင္းကို လြတ္လပ္ေသာမြတ္စလင္ ျပည္နယ္ အျဖစ္ဖြဲ႕စည္းေပးေရး၊ ျပည္နယ္စစ္တပ္၊ ျပည္နယ္ ရဲတပ္ဖြဲ႕၊ ျပည္နယ္လုံၿခဳံေရးအဖြဲ႕မ်ား ဖြဲ႕ စည္းေပးေရး၊ စစ္ေတြၿမိဳ႕ကို ရခိုင္ျပည္နယ္ေျမာက္ပိုင္းၿမိဳ႕ေတာ္ဟု သတ္မွတ္ေပးေရး၊ မြတ္စလင္ (၅၀) ရာခိုင္ႏႈန္းပါဝင္ေသာ လက္နက္ကိုင္တပ္ ဖြဲ႕စည္းေပးေရး၊ ဗဟိုအစိုးရတြင္ မြတ္စလင္ဝန္ႀကီးခန႔္ထားေပး ေရး၊ မြတ္စလင္ေကာင္စီ ထားရွိခြင့္ျပဳေရး၊ တိုင္းျပည္ျပဳလႊတ္ေတာ္တြင္ မြတ္စလင္ကိုယ္စားလွယ္မ်ားကို အျခားတိုင္းရင္းသားမ်ားနည္းတူ အညီအမွ်ထည့္သြင္းေပးေရး၊ အစၥလာမ္အထက္တန္းေက်ာင္းမ်ား၊ ေကာလိပ္မ်ား ဖြင့္လွစ္ခြင့္ျပဳေရး စသည္တို႔ကို ေတာင္းဆိုခဲ့သည္။ (၁၉၄၂) ခုႏွစ္တြင္ျဖစ္ပြားခဲ့သည့္ ပဋိပကၡ၊ (၁၉၄၆)ခုႏွစ္ ျမန္မာ့လြတ္လပ္ေရးအႀကိဳကာလတြင္ ေမာင္ ေတာ၊ ဘူးသီးေတာင္ႏွစ္ၿမိဳ႕နယ္ကို ပါကစၥတန္ႏိုင္ငံႏွင့္ေပါင္းစည္းႏိုင္ရန္ ပါကစၥတန္ေခါင္းေဆာင္ မိုဟာမက္အလီဂ်င္းနားႏွင့္ ဆက္သြယ္ ႀကိဳးပမ္းခဲ့မႈႏွင့္ မူဂ်ာဟစ္ေသာင္းက်န္းသူအဖြဲ႕ကိုထူေထာင္ကာ နယ္ေျမသိမ္းယူခဲ့မႈ၊ (၁၉၆၆) ခုႏွစ္တြင္ ဖဆပလဝန္ႀကီးေဟာင္း စူလ္တင္မာမြတ္ဦးေဆာင္ေသာ ဘဂၤါလီအဖြဲ႕ အစည္းသည္ ထိုင္းမြတ္စလင္ အဖြဲ႕၏ေထာက္ခံခ်က္ျဖင့္ လစ္ဗ်ားသို႔သြားကာရခိုင္ျပည္နယ္ေျမာက္ပိုင္း ေမယုကမ္းေျမာင္ေဒသကို အာကစၥတန္ (Arkiston) ႏိုင္ငံအျဖစ္ထူေထာင္ရန္ ႀကိဳးပမ္းခဲ့မႈတို႔မွာ ထင္ရွားေသာအျဖစ္အပ်က္မ်ား ျဖစ္ၾကသည္။
(၂၀၁၂) ခုႏွစ္တြင္ ပဋိပကၡျဖစ္ခဲ့ရၿပီး ေမာင္ေတာ၊ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ရခိုင္ေဒသခံမ်ား ေဘး လြတ္ရာ ရခိုင္ျပည္နယ္အတြင္းပိုင္းေဒသမ်ားသို႔ ထြက္ေျပးခဲ့ၾကရမႈႏွင့္ ဘဂၤါလီမ်ားက ရခိုင္ျပည္နယ္ ေျမာက္ပိုင္းကို(Proclamation of Rohingya Independence State) ဟုေၾကညာခဲ့ျခင္းက ၎တို႔၏ နယ္ေျမသိမ္းယူေရးလိုလားခ်က္မ်ားကို ထင္ဟပ္ေနျခင္းပင္ျဖစ္သည္။
ေနာက္ဆုံးျဖစ္ရပ္မွာ (၂၀၁၆)ခုႏွစ္ ေအာက္တိုဘာလ (၉) ရက္တြင္ ေမာင္ေတာေျမာက္ပိုင္းရွိ နယ္ျခားေစာင့္ရဲဌာနခ်ဳပ္အပါအဝင္ အျခားရဲကင္းစခန္းမ်ားကို ဘဂၤါလီအၾကမ္းဖက္မ်ားက တစ္ခ်ိန္ တည္း တစ္ၿပိဳင္တည္း စီးနင္းတိုက္ခိုက္ခဲ့မႈ၊ ေဒသခံတိုင္းရင္းသားမ်ား ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ၾကရမႈ၊ (၂၀၁၇) ခုႏွစ္ ဩဂုတ္လ (၂၅)ရက္တြင္ ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္ၿမိဳ႕နယ္တို႔ရွိ တပ္ မေတာ္ တပ္စခန္းဌာနခ်ဳပ္တစ္ခုအပါအဝင္ လုံၿခဳံေရး ရဲကင္းစခန္းမ်ားကို တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း ဝင္ေရာက္စီးနင္းတိုက္ခိုက္ခဲ့ၾကၿပီး တပ္မေတာ္ကႏွိမ္နင္းရာတြင္ လူမ်ိဳးတုံးသတ္ျဖတ္သည္ဟုဆိုကာ ဘဂၤါလီ (၇)သိန္းေက်ာ္(သူတို႔စာရင္းအရ)ထြက္ခြာသြားခဲ့မႈ စသည့္အေၾကာင္းအခ်က္မ်ားက ဘဂၤါလီမ်ား ၏အကြက္က်က်စီမံခဲ့ေသာျဖစ္စဥ္မ်ားျဖစ္သည္။
ဤျဖစ္စဥ္မ်ားႏွင့္အတူ ယခုလက္ရွိတြင္လည္း လတ္တေလာအားျဖင့္ ကုလသမဂၢအပါအဝင္ အေနာက္ႏိုင္ငံမ်ားႏွင့္ OIC အဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ ျမန္မာႏိုင္ငံသို႔ခိုးဝင္ေရာက္ရွိေနထိုင္ခဲ့ၾကၿပီး ၎ တို႔၏မိခင္ႏိုင္ငံ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ထြက္သြားၾကသည့္ဘဂၤါလီမ်ား၏အေရးကို ေရွ႕တန္းတင္လႈပ္ရွား မႈမ်ား ခပ္စိပ္စိပ္လုပ္ေဆာင္လာကာ ျမန္မာႏိုင္ငံ၏ ျပည္တြင္းေရးကိုဝင္ေရာက္စြက္ဖက္ရန္ႀကိဳးစားလာ ၾကသည္ကိုေတြ႕ရသည္။ ျဖဳတ္ခ်ခံလိုက္ရေသာ ရွိတ္ဟာစီနာ၏ ဘဂၤလားေဒ့ရွ္အစိုးရသည္ ျမန္မာႏိုင္ငံမွ ေရာက္ရွိေနေသာဘဂၤါလီမ်ားျပန္ပို႔ေရးကို ေႏွာင့္ေႏွးေနေစရန္ေဆာင္႐ြက္ထားခဲ့ၿပီး ကမာၻ႔အေရးအခင္း တစ္ခုအျဖစ္ဖန္တီးလ်က္ ျမန္မာႏိုင္ငံ၏ နယ္ေျမအစိတ္အပိုင္းမ်ားကိုရယူႏိုင္ရန္ လမ္းခင္းေဆာင္႐ြက္ ထားခဲ့သည္။ ရွိတ္ဟာစီနာသည္လည္းေကာင္း လက္ရွိဘဂၤလားေဒ့ရွ္အစိုးရတာဝန္ခံမိုဟာ မတ္ယူႏို႔စ္ သည္ လည္းေကာင္း ေမာင္ေတာ၊ ဘူးသီးေတာင္နယ္ကို Safe Zone တစ္ခုဖန္တီးေပးရန္ေတာင္းဆိုခဲ့ သကဲ့သို႔ ရွိတ္ဟာစီနာအစိုးရလက္ထက္ တပ္မေတာ္ထိပ္ပိုင္းေခါင္းေဆာင္တစ္ဦးကလည္း ေမာင္ေတာ၊ ဘူးသီးေတာင္နယ္ရွိဘဂၤါလီမ်ားကို ဘဂၤလားေဒ့ရွ္အစိုးရက ကူညီေစာင့္ေရွာက္ရန္လိုအပ္ပါက ကူညီေပး ရမည္ျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းတြင္လႈပ္ရွားေနေသာ ဘဂၤါလီလက္နက္ ကိုင္ေသာင္းက်န္းသူအဖြဲ႕ (၄)ဖြဲ႕၏ မဟာမိတ္ဖြဲ႕စုဖြဲ႕ လႈပ္ရွားလာျခင္းႏွင့္ တိုက္ပြဲမ်ားဆင္ႏႊဲလာေနသည့္ သတင္းမ်ားကို ခပ္စိပ္စိပ္ၾကားေနရသည္။ ထို႔အတူ ေဖေဖာ္ဝါရီလေနာက္ဆုံးပတ္က OIC ႏိုင္ငံမ်ားအ ဖြဲ႕ကိုယ္စားလွယ္သည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ေရာက္ ရွိခဲ့ၿပီး ဘဂၤါလီဒုကၡသည္စခန္းသို႔သြားေရာက္ကာ ဒုကၡသည္မ်ားႏွင့္ေတြ႕ဆုံခဲ့ျခင္း၊ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းတြင္ လက္နက္ကိုင္တိုက္ခိုက္ေနသည့္ ဘဂၤါလီလက္နက္ကိုင္အဖြဲ႕အစည္းမ်ားမွတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံခဲ့ျခင္းဆိုသည့္သတင္းမ်ားမွာ အေလး ထားသတိျပဳစရာသတင္းမ်ား ျဖစ္ၾကသည္။
ထို႔အတူ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယိုဂူတာရက္စ္သည္ မတ္လ (၁၅)ရက္တြင္ ဘဂၤလားေဒ့ရွၤႏိုင္ငံသို႔ေရာက္ရွိခဲ့ၿပီး ဘဂၤါလီဒုကၡသည္ စခန္းသို႔သြားေရာက္ကာ ဒုကၡသည္မ်ားႏွင့္ ေတြ႕ဆုံခဲ့သည္။ ထိုသို႔ေတြ႕ဆုံရာတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဝန္ႀကီးခ်ဳပ္ မိုဟာမက္ယူႏို႔စ္သည္လည္း အတူလိုက္ပါခဲ့သည္။ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္၏ခရီးစဥ္တြင္ ဘဂၤါလီဒုကၡသည္မ်ား ေနရပ္ျပန္ႏိုင္ေရး ကိစၥရပ္မ်ားကိုေဆြးေႏြးခဲ့သည္သာမက လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုျဖစ္ေသာ AA ႏွင့္ေဆြးေႏြး ရန္ကိုလည္း ေျပာၾကားခဲ့သည္။ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ မိုဟာမက္ယူႏို႔စ္ကလည္း ဘဂၤါလီ ဒုကၡသည္မ်ားကို (၂၀၂၆) ခုႏွစ္တြင္ ရခိုင္ျပည္နယ္သို႔ျပန္လည္ ပို႔ေဆာင္မည္ဟု ကတိျပဳေျပာ ၾကားခဲ့သည္ဟု သတင္းမ်ားအရသိရသည္။ ေျပာရမည္ဆိုပါက ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွထြက္ခြာလာ သည့္ ဘဂၤါလီဒုကၡ သည္မ်ားကိုအေၾကာင္းျပၿပီး ရခိုင္ျပည္နယ္ေျမာက္ ပိုင္းေဒသကို Safe Zone တစ္ခု ထူေထာင္ေရး ဘဂၤလားေဒ့ရွ္အစိုးရအဆက္ဆက္ကေတာင္းဆိုေနမႈႏွင့္ ခိုးဝင္ဘဂၤါလီမ်ားကလည္း ၎တို႔ကိုယ္တိုင္ကို ျမန္မာႏိုင္ငံတိုင္းရင္းသားမ်ိဳးႏြယ္စုတစ္ခုအျဖစ္ သတ္ မွတ္ေပးရန္ေတာင္းဆိုေန ျခင္း၊ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေမာင္ေတာ၊ ဘူးသီးေတာင္နယ္ေျမေဒသကို သီးျခားနယ္ေျမတစ္ခုရရွိ ေစၿပီး မြတ္စလင္ႏိုင္ငံတစ္ခုတည္ေထာင္ႏိုင္ရန္ အစဥ္တစိုက္ ႀကိဳးပမ္းလုပ္ေဆာင္ လာမႈႏွင့္အဆိုပါ ေဒသကို အိမ္နီးခ်င္းဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္ပူးေပါင္းေရး အစဥ္တစိုက္ ႀကံစည္လုပ္ေဆာင္ေနမႈမ်ားက ႏိုင္ငံအတြက္ အႏၲရာယ္ပင္ျဖစ္သည္။ ဘဂၤလားေဒ့ရွ္အစိုးရအဆက္ဆက္ကလည္း ၎တို႔ ႏိုင္ငံ၏ လူဦးေရေပါက္ကြဲမႈေၾကာင့္ တိုးပြားလာသည့္လူမ်ားကို ေနရာခ်ထားေရး၊ ကမာၻ႔ရာသီဥတု အေျပာင္း အလဲေၾကာင့္ ပင္လယ္ေရမ်က္ႏွာျပင္ျမင့္ တက္လာမႈႏွင့္အတူ ေရေအာက္ေရာက္သြားမည့္ နယ္ေျမ မ်ားေန ဘဂၤလားေဒ့ရွ္ျပည္သူမ်ားကိုေနရာခ်ထားႏိုင္ေရးအတြက္ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေဒသကို မ်က္စထိုးေနမႈ စသည္မ်ားမွာ လက္ရွိ OIC ႏိုင္ငံမွကိုယ္စားလွယ္မ်ားလာေရာက္မႈႏွင့္ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္လာေရာက္ခဲ့သည့္ ခရီးစဥ္မ်ားမွာ တစ္ေၾကာင္းမဟုတ္တစ္ေၾကာင္း ပတ္သက္ေနႏိုင္ သည္ဆိုျခင္းကို သတိထားၾကရန္လိုသည္။
အေနာက္ဘက္ေဒသမွထိုးေနသည့္ ေခါင္းေလာင္းသံႏွင့္အတူ အေနာက္ေျမာက္ေဒသမွ ထိုးလာ သည့္ေခါင္းေလာင္းသံကိုလည္းၾကားေနရ ျပန္သည္။ ေဖေဖာ္ဝါရီလ (၂၇) ရက္က အိႏၵိယႏိုင္ငံ မီဇိုရမ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေကဗန္ လားလ္ဗင္နာဆိုသူ အမတ္တစ္ေယာက္က ျမန္မာႏိုင္ငံ ခ်င္းျပည္နယ္ထဲသို႔ တရားမဝင္လာေရာက္ၿပီး ခ်င္းျပည္နယ္ထဲမွ ေသာင္းက်န္းသူမ်ားႏွင့္ေတြ႕ဆုံကာ ခ်င္းျပည္နယ္ကို အိႏၵိယႏိုင္ငံႏွင့္ပူးေပါင္းရန္ လႈံ႕ေဆာ္တိုက္တြန္းေျပာၾကားခဲ့ေၾကာင္းသိရသည္။ထို႔အတူ မဏိပူရျပည္နယ္လႊတ္ေတာ္အမတ္ လိမ္ရွမ္းဘား ဆားနာေဂ်အိုဘာက ျမန္မာႏိုင္ငံ စစ္ကိုင္းတိုင္းေဒသ ႀကီးထဲတြင္တည္ရွိေနသည့္ ကေဘာ္ခ်ိဳင့္ဝွမ္းေဒသကို ျပန္လည္ေတာင္းဆိုၿပီး မဏိပူရျပည္နယ္ထဲထည့္ သြင္းေပးရန္ အိႏၵိယအထက္လႊတ္ေတာ္တြင္ မတ္လ (၁၈)ရက္ကတင္ျပခဲ့ေၾကာင္းသိရသည္။ သမိုင္း ေၾကာင္းကို ျပန္ၾကည့္ပါက အဆိုပါေဒသမ်ားမွာ မည္သည့္အခ်ိန္ကမွ် အိႏၵိယႏိုင္ငံ၏ ပိုင္နက္နယ္ေျမ မ်ား မဟုတ္ခဲ့သကဲ့သို႔ ျမန္မာပိုင္နယ္ေျမမ်ားသာျဖစ္ခဲ့ သည္။ မည္သို႔ဆိုေစ ျမန္မာႏိုင္ငံႏွင့္ထိစပ္ေန သည့္ မီဇိုရမ္ျပည္နယ္ႏွင့္မဏိပူရျပည္နယ္မ်ားအေနျဖင့္ ခ်င္းျပည္နယ္ကိုလည္းေကာင္း ကေဘာ္ခ်ိဳင့္ ဝွမ္းေဒသကိုလည္းေကာင္း လိုခ်င္တပ္မက္ ေလသံပစ္လာ ျခင္းပင္ျဖစ္သည္။ အဆိုပါေဒသမ်ားသည္ ကုန္းတြင္းပိတ္ေဒသမ်ားျဖစ္ၿပီး ခ်င္းျပည္နယ္မွတစ္ဆင့္ ကုလားတန္ျမစ္ေၾကာင္းအတိုင္း ဘဂၤလားပင္ လယ္ေအာ္ ထြက္ေပါက္ကိုရည္ေမွ်ာ္ေနျခင္းလည္းျဖစ္သည္။ ခ်င္းျပည္နယ္ႏွင့္ကေဘာ္ခ်ိဳင့္ဝွမ္းအေရး မွာလည္း အေလးထားရမည့္ကိစၥရပ္ျဖစ္သည္။ ဘဂၤလားေဒ့ရွ္ ႏိုင္ငံမွ သြားေလသူ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီ နာေျပာၾကားခဲ့သည့္ လူျဖဴႏိုင္ငံတစ္ခုမွ ဘဂၤလားေဒ့ရွ္၊ အိႏၵိယ၊ ျမန္မာႏိုင္ငံတို႔အၾကားေဒသကို ခရစ္ ယာန္ႏိုင္ငံတစ္ ႏိုင္ငံထူေထာင္ႏိုင္ေရး ေတာင္းဆိုခဲ့သည္ဆိုေသာ သတင္းစကားက မေျပးေသာ္ကန္ရာရွိ အေနအထား ျဖစ္သည္။
ႏိုးထႏိုင္ၾကပါေစ
မိမိတို႔ႏိုင္ငံသည္ အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္။ ၿဗိတိသွ်နယ္ခ်ဲ႕တို႔လက္ ေအာက္သို႔ ေရာက္ခဲ့ရသည္မွာ တိုင္းရင္းသားျပည္သူအခ်င္းခ်င္း မညီမၫြတ္မႈေၾကာင့္ျဖစ္ခဲ့ရျခင္းျဖစ္ သည္။ မင္းညီမင္းသားတို႔ အာဏာလြန္ဆြဲပြဲတြင္ ျပည္သူတို႔ မညီမၫြတ္ျဖစ္ခဲ့ရျခင္းေၾကာင့္ ျဖစ္သည္။ ၿဗိတိသွ်လက္ေအာက္ေရာက္ခဲ့ရေသာ ျမန္မာႏိုင္ငံေတာ္၏ လြတ္လပ္ေရးကို ျပည္ေထာင္စုသားတို႔၏ စည္းလုံးမႈ အင္အားျဖင့္ ရယူႏိုင္ခဲ့ျခင္းျဖစ္သည္။ ယခုအခ်ိန္တြင္ကား တိုင္းရင္းသားစည္းလုံးညီၫြတ္မႈ ၿပိဳကြဲကာသူ တစ္လူငါတမင္းျဖင့္ စစ္မက္ဖက္ၿပိဳင္ တိုက္ခိုက္ေနၾကသည္။ ျပည္ပအကူအညီမ်ားကို အားကိုးၿပီး အခ်င္းခ်င္းတိုက္ခိုက္ေနၾကသည္။ ဆိုရလွ်င္ ႏိုင္ငံသူ ႏိုင္ငံသားမ်ား၏ ႏိုင္ငံခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္စသည္တို႔ ပ်က္ယြင္းေနၾကသည္။
ႏိုင္ငံသူႏိုင္ငံသားမ်ားအေနျဖင့္ လက္ရွိ ျဖစ္ေပၚေနေသာ ႏိုင္ငံေရးအခင္းအက်င္းႏွင့္ ျပည္ပ စြက္ဖက္မႈျဖင့္ အခ်ဳပ္အျခာအာဏာထိပါးလာေစသည့္ အေနာက္ဘက္ႏွင့္အေနာက္ေျမာက္ဘက္မွ ေခါင္းေလာင္းထိုးသံမ်ားကို ၾကားသိၾကေစခ်င္သည္။ ၾကားေနရေသာေခါင္းေလာင္းသံမ်ားႏွင့္အတူ ႏိုင္ငံ ခ်စ္စိတ္ မ်ိဳးခ်စ္စိတ္မ်ား ႏိုးၾကားလာၾကေစလိုေၾကာင္း တိုက္တြန္းေရးသားလိုက္ရေပသည္။