အမေရိကန်က တရုတ်နဲ့တိုက်ခိုက်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ အမေရိကန်စစ်ဘက်ပြော

 453

Pika (NP News) - ဧပြီ ၃

ကာကွယ်ရေးစက်မှုအခြေစိုက်စခန်းတွေမှာ ပြတ်လပ်မှုတွေကြောင့် တရုတ်နဲ့ကြာရှည်စစ်ပွဲအတွက် အမေရိကန် စစ်တပ်က ကြိုတင်ပြင်ဆင်ထားတာမျိုးမရှိဘူးလို့ အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် တရုတ်နဲ့ပြိုင်ဆိုင်မှုဟာ အမေရိကန်နိုင်ငံရင်ဆိုင်နေရတဲ့ အပြင်းထန်ဆုံးပြဿနာတွေထဲကတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်တယ်လို့ အငြိမ်းစားလက်ထောက်ဗိုလ်ချုပ်မှူးကြီး ဂျွန်ကိန်းက ပြောကြားခဲ့ပါတယ်။
ဂျွန်ကိန်းက “အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့အကျိုးစီးပွားတွေအပေါ် တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုတွေက ပိုမိုကြီးထွားလာနေပါတယ်။ အမေရိကန်ဟာ အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ရန်လိုမှုတွေကို ဟန့်တားဖို့အတွက် မိတ်ဖက်နိုင်ငံတွေနဲ့လက်တွဲလုပ်ဆောင်ဖို့ လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် လက်ရှိအချိန်မှာ အမေရိကန်ဟာ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်မယ့်အနေအထားမျိုးမှာ မရှိသေးဘူးလို့ လည်း ဂျွန်ကိန်းက သတိပေးပြောဆိုခဲ့ပါတယ်။
ဂျွန်ကိန်းက “လက်ရှိအချိန်မှာ‌တော့ အမေရိကန်ဟာ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်မယ့် အနေအထားမျိုးမှာ မရှိသေးပါဘူး။ လက်ရှိအချိန်မှာ အမေရိကန်မှာ ရန်သူတွေကို ဟန့်တားဖို့ လိုအပ်တဲ့စွမ်းရည်၊ တုံ့ပြန်နိုင်စွမ်းတွေ မရှိသေးပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္က တ႐ုတ္နဲ႔တိုက္ခိုက္ဖို႔အတြက္ အဆင္သင့္မျဖစ္ေသးဘူးလို႔ အေမရိကန္စစ္ဘက္ေျပာ
Pika (NP News) - ဧၿပီ ၃

ကာကြယ္ေရးစက္မႈအေျခစိုက္စခန္းေတြမွာ ျပတ္လပ္မႈေတြေၾကာင့္ တ႐ုတ္နဲ႔ၾကာရွည္စစ္ပြဲအတြက္ အေမရိကန္ စစ္တပ္က ႀကိဳတင္ျပင္ဆင္ထားတာမ်ိဳးမရွိဘူးလို႔ အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ တ႐ုတ္နဲ႔ၿပိဳင္ဆိုင္မႈဟာ အေမရိကန္ႏိုင္ငံရင္ဆိုင္ေနရတဲ့ အျပင္းထန္ဆုံးျပႆနာေတြထဲကတစ္ခုအျဖစ္ ဆက္လက္တည္ရွိေနဆဲျဖစ္တယ္လို႔ အၿငိမ္းစားလက္ေထာက္ဗိုလ္ခ်ဳပ္မႉးႀကီး ဂြၽန္ကိန္းက ေျပာၾကားခဲ့ပါတယ္။
ဂြၽန္ကိန္းက “အင္ဒို-ပစိဖိတ္ေဒသမွာ အေမရိကန္ရဲ႕အက်ိဳးစီးပြားေတြအေပၚ တ႐ုတ္ႏိုင္ငံရဲ႕ၿခိမ္းေျခာက္မႈေတြက ပိုမိုႀကီးထြားလာေနပါတယ္။ အေမရိကန္ဟာ အင္ဒို-ပစိဖိတ္ေဒသမွာ တ႐ုတ္ရဲ႕ရန္လိုမႈေတြကို ဟန႔္တားဖို႔အတြက္ မိတ္ဖက္ႏိုင္ငံေတြနဲ႔လက္တြဲလုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ လက္ရွိအခ်ိန္မွာ အေမရိကန္ဟာ ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ႏိုင္မယ့္အေနအထားမ်ိဳးမွာ မရွိေသးဘူးလို႔ လည္း ဂြၽန္ကိန္းက သတိေပးေျပာဆိုခဲ့ပါတယ္။
ဂြၽန္ကိန္းက “လက္ရွိအခ်ိန္မွာ‌ေတာ့ အေမရိကန္ဟာ ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ႏိုင္မယ့္ အေနအထားမ်ိဳးမွာ မရွိေသးပါဘူး။ လက္ရွိအခ်ိန္မွာ အေမရိကန္မွာ ရန္သူေတြကို ဟန႔္တားဖို႔ လိုအပ္တဲ့စြမ္းရည္၊ တုံ႔ျပန္ႏိုင္စြမ္းေတြ မရွိေသးပါဘူး” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.