ငလျင်ကြောင့် မိုဘိုင်းဆက်သွယ်ရေးစခန်း ၆၀၀၀ ကျော် ထိခိုက်

 540

NP News ဧပြီ (၅)ရက်
မတ်လ ၂၈ ရက်က ပြင်းထန်ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတစ်ဝှမ်းရှိ မိုးဘိုင်းဆက်သွယ်ရေးစခန်း ၂၆,၀၀၀ ကျော်အနက် ၆,၇၃၀ ကျော်တွင် ဆက်သွယ်ရေးပြတ်တောက်မှုဖြစ်ပေါ်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ မိုးဘိုင်းဆက်သွယ်ရေးစခန်းပေါင်း ၂၆,၀၀၀ ကျော်သည် ငလျင်ဒဏ်ကို ခံစားခဲ့ရသော နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် ပြည်နယ် နှင့် တိုင်း ၁၁ ခုအတွင်း မှာ တည်ရှိနေပြီး ထိခိုက်ခဲ့သော အော်ပရေတာများသည် ဆက်သွယ်ရေးကောင်းမွန်စေရန် အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ဧပြီ ၃ ရက် အထိ မိုဘိုင်းဆက်သွယ်ရေးစခန်း ၄,၅၀၀ ကျော် ပြန်လည်ကောင်းမွန်အောင် ပြင်ဆင်နိုင်ခဲ့ပြီး ဆက်သွယ်ရေးပြတ်တောက်မှုကျန်ရှိနေသော စခန်း ၂,၃၀၀ ကျော်အား အမြန်ဆုံးပြန်လည် ပြင်ဆင်နိုင်ရေးကို အော်ပရေတာအသီးသီးမှ နည်းပညာဆိုင်ရာ အရာရှိချုပ်များဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ထို့အပြင် နေပြည်တော် နှင့် မန္တလေးတို့ရှိ အရေးကြီးသောနေရာများ၌ ဆက်သွယ်မှုများအမြန်ဆုံးရရှိစေရန် ယာယီရွေ့လျားဆက်သွယ်ရေးတိုင်များ အသုံးပြုပြီး ဆက်သွယ်ရေးရရှိစေရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၊အော်ပရေတာများမှလည်း လက်ရှိငလျင်ဒဏ်သင့် ဒေသများရှိ မိုဘိုင်းဖုန်းအသုံးပြုသူများ အဆင်ပြေချောမွေ့စေရန် CSR လုပ်ငန်းများအဖြစ် အော်ပရေတာ တူညီသော မိုဘိုင်းဖုန်း အချင်းချင်း အခမဲ့ ဖုန်းပြောခွင့်နှင့် စာတိုပေးပို့ခွင့်တို့ကို မတ် ၂၉ ရက်နေ့မှစတင်ကာ ဧပြီ ၁၀ ရက်အထိ အသုံးပြုခွင့်ဆောင်ရွက်ပေးထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ မိုဘိုင္းဆက္သြယ္ေရးစခန္း ၆၀၀၀ေက်ာ္ ထိခိုက္
NP News ဧၿပီ (၅)ရက္
မတ္လ ၂၈ ရက္က ျပင္းထန္ငလ်င္လႈပ္ခတ္မႈေၾကာင့္ ႏိုင္ငံတစ္ဝွမ္းရွိ မိုးဘိုင္းဆက္သြယ္ေရးစခန္း ၂၆,၀၀၀ ေက်ာ္အနက္ ၆,၇၃၀ ေက်ာ္တြင္ ဆက္သြယ္ေရးျပတ္ေတာက္မႈျဖစ္ေပၚခဲ့ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနမွ သိရသည္။
အဆိုပါ မိုးဘိုင္းဆက္သြယ္ေရးစခန္းေပါင္း ၂၆,၀၀၀ ေက်ာ္သည္ ငလ်င္ဒဏ္ကို ခံစားခဲ့ရေသာ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ မႏၲေလးတိုင္းေဒသႀကီး ၊ စစ္ကိုင္းတိုင္းေဒသႀကီး အပါအဝင္ ျပည္နယ္ ႏွင့္ တိုင္း ၁၁ ခုအတြင္း မွာ တည္ရွိေနၿပီး ထိခိုက္ခဲ့ေသာ ေအာ္ပေရတာမ်ားသည္ ဆက္သြယ္ေရးေကာင္းမြန္ေစရန္ အခ်ိန္ႏွင့္တေျပးညီ ေဆာင္႐ြက္ခဲ့ေၾကာင္း ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။
ထိုသို႔ေဆာင္႐ြက္ခဲ့ရာ ဧၿပီ ၃ ရက္ အထိ မိုဘိုင္းဆက္သြယ္ေရးစခန္း ၄,၅၀၀ ေက်ာ္ ျပန္လည္ေကာင္းမြန္ေအာင္ ျပင္ဆင္ႏိုင္ခဲ့ၿပီး ဆက္သြယ္ေရးျပတ္ေတာက္မႈက်န္ရွိေနေသာ စခန္း ၂,၃၀၀ ေက်ာ္အား အျမန္ဆုံးျပန္လည္ ျပင္ဆင္ႏိုင္ေရးကို ေအာ္ပေရတာအသီးသီးမွ နည္းပညာဆိုင္ရာ အရာရွိခ်ဳပ္မ်ားဦးေဆာင္ၿပီး ေဆာင္႐ြက္လ်က္ရွိ ေၾကာင္းသိရသည္။
ထို႔အျပင္ ေနျပည္ေတာ္ ႏွင့္ မႏၲေလးတို႔ရွိ အေရးႀကီးေသာေနရာမ်ား၌ ဆက္သြယ္မႈမ်ားအျမန္ဆုံးရရွိေစရန္ ယာယီေ႐ြ႕လ်ားဆက္သြယ္ေရးတိုင္မ်ား အသုံးျပဳၿပီး ဆက္သြယ္ေရးရရွိေစေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ၊ေအာ္ပေရတာမ်ားမွလည္း လက္ရွိငလ်င္ဒဏ္သင့္ ေဒသမ်ားရွိ မိုဘိုင္းဖုန္းအသုံးျပဳသူမ်ား အဆင္ေျပေခ်ာေမြ႕ေစရန္ CSR လုပ္ငန္းမ်ားအျဖစ္ ေအာ္ပေရတာ တူညီေသာ မိုဘိုင္းဖုန္း အခ်င္းခ်င္း အခမဲ့ ဖုန္းေျပာခြင့္ႏွင့္ စာတိုေပးပို႔ခြင့္တို႔ကို မတ္ ၂၉ ရက္ေန႔မွစတင္ကာ ဧၿပီ ၁၀ ရက္အထိ အသုံးျပဳခြင့္ေဆာင္႐ြက္ေပးထားေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနမွ သိရသည္။

Related news

© 2021. All rights reserved.