ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့အတွက် အမေရိကန်ကို တရုတ်(တိုင်ပေ)ထိပ်တန်းလုံခြုံရေးအကြီးအကဲ သွားရောက်

319

Pika
တရုတ်(တိုင်ပေ)အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့အတွက် အမေရိကန်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ အဲ့ဒီကိစ္စနဲ့ရင်းနှီးတဲ့သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံဟာ တရုတ်(တိုင်ပေ)ကျွန်းအနီးတစ်ဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ တရုတ်(တိုင်ပေ)အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲရဲ့ အမေရိကန်ကို သွားရောက်လည်ပတ်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။ တရုတ်(တိုင်ပေ)အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ ဂျိုးဆက်ဝူဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်အစိုးရနဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် အမေရိကန်ကို သွားရောက်လည်ပတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ယခုသီတင်းပတ်အစောပိုင်းမှာ တရုတ်စစ်တပ်ဟာ တရုတ်(တိုင်ပေ)ကျွန်းအနီးတစ်ဝိုက်မှာ စစ်ရေးလေ့ကျင့်မှုကို နှစ်ရက်ကြာပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။တရုတ်စစ်တပ်ဟာ အဲ့ဒီစစ်ရေးလေ့ကျင့်မှုအတွင်း တာဝေးပစ် တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။တရုတ်(တိုင်ပေ)အစိုးရဟာ တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြစ်တင်ရှုတ်ချခဲ့သလို တရားဝင်သံတမန်ဆက်ဆံရေးမရှိပေမယ့်လည်း တရုတ်(တိုင်ပေ)ကို စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးမှုတွေ လုပ်ဆောင်နေတဲ့ အမေရိကန်ကလည်း တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြစ်တင်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။ဒါ့ပြင် တရုတ်(တိုင်ပေ)အရေးဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်နဲ့တရုတ်နိုင်ငံကြား တင်းမာမှုတွေကို ပိုမိုတိုးမြင့်လာစေခဲ့တဲ့ ကိစ္စရပ်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔အတြက္ အေမရိကန္ကို တ႐ုတ္(တိုင္ေပ)ထိပ္တန္းလုံၿခဳံေရးအႀကီးအကဲ သြားေရာက္
Pika
တ႐ုတ္(တိုင္ေပ)အမ်ိဳးသားလုံၿခဳံေရးေကာင္စီ အႀကီးအကဲဟာ အေမရိကန္သမၼတေဒၚနယ္ထရမ့္အစိုးရနဲ႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔အတြက္ အေမရိကန္ကို ေရာက္ရွိေနၿပီျဖစ္တယ္လို႔ အဲ့ဒီကိစၥနဲ႔ရင္းႏွီးတဲ့သတင္းရင္းျမစ္ေတြက ေျပာၾကားခဲ့ပါတယ္။တ႐ုတ္ႏိုင္ငံဟာ တ႐ုတ္(တိုင္ေပ)ကြၽန္းအနီးတစ္ဝိုက္မွာ စစ္ေရးေလ့က်င့္မႈေတြျပဳလုပ္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ တ႐ုတ္(တိုင္ေပ)အမ်ိဳးသားလုံၿခဳံေရးေကာင္စီ အႀကီးအကဲရဲ႕ အေမရိကန္ကို သြားေရာက္လည္ပတ္မႈထြက္ေပၚလာတာျဖစ္ပါတယ္။ တ႐ုတ္(တိုင္ေပ)အမ်ိဳးသားလုံၿခဳံေရးေကာင္စီ အႀကီးအကဲ ဂ်ိဳးဆက္ဝူဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕ဟာ အေမရိကန္အစိုးရနဲ႔ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔အတြက္ အေမရိကန္ကို သြားေရာက္လည္ပတ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ယခုသီတင္းပတ္အေစာပိုင္းမွာ တ႐ုတ္စစ္တပ္ဟာ တ႐ုတ္(တိုင္ေပ)ကြၽန္းအနီးတစ္ဝိုက္မွာ စစ္ေရးေလ့က်င့္မႈကို ႏွစ္ရက္ၾကာျပဳလုပ္ခဲ့တယ္လို႔လည္း သိရပါတယ္။တ႐ုတ္စစ္တပ္ဟာ အဲ့ဒီစစ္ေရးေလ့က်င့္မႈအတြင္း တာေဝးပစ္ တိုက္႐ိုက္ပစ္ခတ္ေလ့က်င့္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။တ႐ုတ္(တိုင္ေပ)အစိုးရဟာ တ႐ုတ္စစ္တပ္ရဲ႕ စစ္ေရးေလ့က်င့္မႈေတြကို ျပစ္တင္ရႈတ္ခ်ခဲ့သလို တရားဝင္သံတမန္ဆက္ဆံေရးမရွိေပမယ့္လည္း တ႐ုတ္(တိုင္ေပ)ကို စစ္လက္နက္ပစၥည္းေထာက္ပံ့ေပးမႈေတြ လုပ္ေဆာင္ေနတဲ့ အေမရိကန္ကလည္း တ႐ုတ္စစ္တပ္ရဲ႕ စစ္ေရးေလ့က်င့္မႈေတြကို ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ဒါ့ျပင္ တ႐ုတ္(တိုင္ေပ)အေရးဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း အေမရိကန္နဲ႔တ႐ုတ္ႏိုင္ငံၾကား တင္းမာမႈေတြကို ပိုမိုတိုးျမင့္လာေစခဲ့တဲ့ ကိစၥရပ္တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။