သတ်မှတ်ချက်များ နှင့် မညီညွတ်ပဲ ဆောင်ရွက်ထားသည့် အဆောက်အအုံများကို ပြန်လည် စိစစ် အရေးယူရန် နစက ဥက္ကဌ မှာကြား

 7834

သုတကျော် (NP News) ဧပြီ - ၆
အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက်များ နှင့် မညီညွတ်ပဲ ဆောင်ရွက်ထားသည့် အဆောက်အအုံများကို ပြန်လည် စိစစ် အရေးယူရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များပါ တက်ရောက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ကို ဧပြီလ ၆ ရက်က နေပြည်တော်တွင် ပြုလုပ်ရာ နစက ဥက္ကဌက တက်ရောက်အမှာစကား ပြောကြားရာတွင် အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆောက်အဦများ ပျက်စီးမှုများကြောင့် သေဆုံးမှုများရှိခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်လည်၍လေ့လာကြည့်သည့်အခါ ယခုဖြစ်ပေါ်ခဲ့သည့်သင်ခန်းစာသည် အသက် ပေါင်းများစွာပေးဆပ်ခဲ့ရသည့်ဆုံးရှုံးမှုဖြစ်ပြီး ကြီးမားသည့် သင်ခန်းစာတစ်ခုပင်ဖြစ် ကြောင်း၊ ထို့ကြောင့် ငလျင်နှင့်ပတ်သက်ပြီး အဆောက်အဦများ ဆောက်လုပ်ရာတွင် ငလျှင်ဒဏ်ကိုခံနိုင်သည့် အဆောက်အဦများဖြစ်စေရေး အင်ဂျင်နီယာပိုင်းဆိုင်ရာ များကို စနစ်တကျစိစစ်တည်ဆောက်ရန်လိုကြောင်း နစက ဥက္ကဌ က ပြောသည်။
မိမိတို့အနေဖြင့်စစ်ကိုင်း ပြတ်ရွေ့ကြောကြီး အပေါ်တွင်တည်ရှိကြောင်း၊ အဆိုပါပြတ်ရွေ့ကြောကြီး၏ ပွတ်တိုက်ရွေ့လျားမှုကြောင့် ပြင်းထန်သည့်ငလျင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ဆက် တွဲငလျင်ငယ်လေးများ ဆက်လက်လှုပ်ခတ်လျက်ရှိပြီး ယခုအချိန်အထိ ၇၉ ကြိမ် ရှိပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ရက်ချ်စတာစကေး ၆ နှင့် ၇ ပတ်ဝန်းကျင် လှုပ်လေ့လှုပ်ထရှိပြီးအမြင့်ဆုံးမှာ ရက်ချ်စတာစကေး ၈ အထိအမြင့်ဆုံးလှုပ်ခတ်ခဲ့ သဖြင့် မိမိတို့အနေဖြင့် ငလျင်သက်ရောက်သည့်ဒေသတွင်ရှိသည့်ဒေသများ၌ အဆောက်အဦများဆောက်လုပ်ရာတွင် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများ ဖြစ်ရန်လိုကြောင်း နစက ဥက္ကဌ က ဆိုသည်။
အဆောက်အဦများ ဆောက်လုပ်ရာတွင် ခိုင်ခံမှုကိုအလေးမထား သည့် အတွက်မလိုလားအပ်သည့် ပျက်စီးဆုံးရှုံးမှုများ ပိုမိုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ မျက်မြင်စစ်ဆေးချက်များအရ အချို့အဆောက်အဦများ ဆောက်လုပ်ရာတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုများမရှိသည်ကိုစိစစ် တွေ့ရှိရကြောင်း၊ ထိုသို့ သတ်မှတ်ချက်နှင့် မညီညွတ်ဘဲ ဆောင်ရွက်ထားသည်များကို ပြန်လည်စိစစ်အရေးယူ ဆောင်ရွက်သွား ရန်လိုကြောင်း နစက ဥက္ကဌက ထည့်သွင်းပြောကြားသည်။
အဆောက်အဦဆောက်လုပ် မှုနှင့် ပတ်သက်၍နောင်တွင်ဆောက်လုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ စည်ပင်သာယာ ရေးအဖွဲ့ အစည်းများအနေဖြင့် မြို့နယ်နှင့် ခရိုင်များအလိုက် ဖွဲ့စည်းပေးထားသည့် ကော်မတီများနှင့်ပူးပေါင်း၍ အဆောက်အဦဆောက်လုပ်မှုများကို စနစ်တကျကြပ်မတ် စိစစ်မှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက နောင် တွင် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်ပြီး မလိုလားအပ်သည့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများ လျော့နည်း သွားမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဌက ပြောသည်။
အထက်မြင့်နှင့် အခိုင်အမာအဆောက်အဦများဆောက်လုပ်ရာတွင် အနည်းဆုံး ရက်ချ်စတာစကေး ၈ အထိအထက်ခံနိုင်သည့်အဆောက်အဦများဖြစ်အောင် ဆောက် လုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လို ကြောင်း၊ ယခင်ကတည်ဆောက်ခဲ့ပြီး လက်ရှိအချိန်တွင် ကွဲအက်မှုများဖြစ်ပေါ်ပြီး စိတ်ချရမှုမရှိနိုင်ပါကလည်း အဆိုပါအဆောက်အဦအား ဖျက်သိမ်းသွားရန်လိုကြောင်း၊ ယခုအချိန်တွင် ကြိုတင်ပြင်ဆင်၍ ဆောင်ရွက်ခဲ့မှုများသည် နောင်အနာဂတ်ကာလ တွင် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆောက် အဦးများခိုင်ခံစွာတည်ဆောက်ရေးအတွက် အားလုံးကအလေးထားဆောင်ရွက် သွားရန် နစက ဥက္ကဌက မှာကြားခဲ့သေးသည်။

Zawgyi Version:
သတ္မွတ္ခ်က္မ်ား ႏွင့္ မညီၫြတ္ပဲ ေဆာင္႐ြက္ထားသည့္ အေဆာက္အအုံမ်ားကို ျပန္လည္ စိစစ္ အေရးယူရန္ နစက ဥကၠဌ မွာၾကား
သုတေက်ာ္ (NP News) ဧၿပီ - ၆
အင္ဂ်င္နီယာပိုင္းဆိုင္ရာ သတ္မွတ္ခ်က္မ်ား ႏွင့္ မညီၫြတ္ပဲ ေဆာင္႐ြက္ထားသည့္ အေဆာက္အအုံမ်ားကို ျပန္လည္ စိစစ္ အေရးယူရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠဌ၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က မွာၾကားသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ အဖြဲ႕ဝင္မ်ားပါ တက္ေရာက္သည့္ ျပည္ေထာင္စုအစိုးရအဖြဲ႕ အစည္းအေဝး ကို ဧၿပီလ ၆ ရက္က ေနျပည္ေတာ္တြင္ ျပဳလုပ္ရာ နစက ဥကၠဌက တက္ေရာက္အမွာစကား ေျပာၾကားရာတြင္ အထက္ပါ အတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
အေဆာက္အဦမ်ား ပ်က္စီးမႈမ်ားေၾကာင့္ ေသဆုံးမႈမ်ားရွိခဲ့ျခင္းျဖစ္ေၾကာင္း၊ ျပန္လည္၍ေလ့လာၾကည့္သည့္အခါ ယခုျဖစ္ေပၚခဲ့သည့္သင္ခန္းစာသည္ အသက္ ေပါင္းမ်ားစြာေပးဆပ္ခဲ့ရသည့္ဆုံးရႈံးမႈျဖစ္ၿပီး ႀကီးမားသည့္ သင္ခန္းစာတစ္ခုပင္ျဖစ္ ေၾကာင္း၊ ထို႔ေၾကာင့္ ငလ်င္ႏွင့္ပတ္သက္ၿပီး အေဆာက္အဦမ်ား ေဆာက္လုပ္ရာတြင္ ငလွ်င္ဒဏ္ကိုခံႏိုင္သည့္ အေဆာက္အဦမ်ားျဖစ္ေစေရး အင္ဂ်င္နီယာပိုင္းဆိုင္ရာ မ်ားကို စနစ္တက်စိစစ္တည္ေဆာက္ရန္လိုေၾကာင္း နစက ဥကၠဌ က ေျပာသည္။
မိမိတို႔အေနျဖင့္စစ္ကိုင္း ျပတ္ေ႐ြ႕ေၾကာႀကီး အေပၚတြင္တည္ရွိေၾကာင္း၊ အဆိုပါျပတ္ေ႐ြ႕ေၾကာႀကီး၏ ပြတ္တိုက္ေ႐ြ႕လ်ားမႈေၾကာင့္ ျပင္းထန္သည့္ငလ်င္ ျဖစ္ေပၚခဲ့ျခင္းျဖစ္ေၾကာင္း၊ ေနာက္ဆက္ တြဲငလ်င္ငယ္ေလးမ်ား ဆက္လက္လႈပ္ခတ္လ်က္ရွိၿပီး ယခုအခ်ိန္အထိ ၇၉ ႀကိမ္ ရွိၿပီျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ရက္ခ်္စတာစေကး ၆ ႏွင့္ ၇ ပတ္ဝန္းက်င္ လႈပ္ေလ့လႈပ္ထရွိၿပီးအျမင့္ဆုံးမွာ ရက္ခ်္စတာစေကး ၈ အထိအျမင့္ဆုံးလႈပ္ခတ္ခဲ့ သျဖင့္ မိမိတို႔အေနျဖင့္ ငလ်င္သက္ေရာက္သည့္ေဒသတြင္ရွိသည့္ေဒသမ်ား၌ အေဆာက္အဦမ်ားေဆာက္လုပ္ရာတြင္ ငလ်င္ဒဏ္ခံႏိုင္သည့္ အေဆာက္အဦမ်ား ျဖစ္ရန္လိုေၾကာင္း နစက ဥကၠဌ က ဆိုသည္။
အေဆာက္အဦမ်ား ေဆာက္လုပ္ရာတြင္ ခိုင္ခံမႈကိုအေလးမထား သည့္ အတြက္မလိုလားအပ္သည့္ ပ်က္စီးဆုံးရႈံးမႈမ်ား ပိုမိုျဖစ္ေပၚခဲ့ျခင္းျဖစ္ေၾကာင္း၊ မ်က္ျမင္စစ္ေဆးခ်က္မ်ားအရ အခ်ိဳ႕အေဆာက္အဦမ်ား ေဆာက္လုပ္ရာတြင္ အင္ဂ်င္နီယာပိုင္းဆိုင္ရာ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီမႈမ်ားမရွိသည္ကိုစိစစ္ ေတြ႕ရွိရေၾကာင္း၊ ထိုသို႔ သတ္မွတ္ခ်က္ႏွင့္ မညီၫြတ္ဘဲ ေဆာင္႐ြက္ထားသည္မ်ားကို ျပန္လည္စိစစ္အေရးယူ ေဆာင္႐ြက္သြား ရန္လိုေၾကာင္း နစက ဥကၠဌက ထည့္သြင္းေျပာၾကားသည္။
အေဆာက္အဦေဆာက္လုပ္ မႈႏွင့္ ပတ္သက္၍ေနာင္တြင္ေဆာက္လုပ္ေရးဆိုင္ရာအဖြဲ႕အစည္းမ်ား၊ စည္ပင္သာယာ ေရးအဖြဲ႕ အစည္းမ်ားအေနျဖင့္ ၿမိဳ႕နယ္ႏွင့္ ခ႐ိုင္မ်ားအလိုက္ ဖြဲ႕စည္းေပးထားသည့္ ေကာ္မတီမ်ားႏွင့္ပူးေပါင္း၍ အေဆာက္အဦေဆာက္လုပ္မႈမ်ားကို စနစ္တက်ၾကပ္မတ္ စိစစ္မႈမ်ား ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္သြားမည္ဆိုပါက ေနာင္ တြင္ အသက္ေပါင္းမ်ားစြာကို ကယ္တင္ႏိုင္မည္ျဖစ္ၿပီး မလိုလားအပ္သည့္ ထိခိုက္ ပ်က္စီးဆုံးရႈံးမႈမ်ား ေလ်ာ့နည္း သြားမည္ျဖစ္ေၾကာင္းလည္း နစက ဥကၠဌက ေျပာသည္။
အထက္ျမင့္ႏွင့္ အခိုင္အမာအေဆာက္အဦမ်ားေဆာက္လုပ္ရာတြင္ အနည္းဆုံး ရက္ခ်္စတာစေကး ၈ အထိအထက္ခံႏိုင္သည့္အေဆာက္အဦမ်ားျဖစ္ေအာင္ ေဆာက္ လုပ္ေရးပိုင္းဆိုင္ရာ တာဝန္ရွိသူမ်ားက စနစ္တက် ၾကပ္မတ္ေဆာင္႐ြက္သြားရန္လို ေၾကာင္း၊ ယခင္ကတည္ေဆာက္ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ကြဲအက္မႈမ်ားျဖစ္ေပၚၿပီး စိတ္ခ်ရမႈမရွိႏိုင္ပါကလည္း အဆိုပါအေဆာက္အဦအား ဖ်က္သိမ္းသြားရန္လိုေၾကာင္း၊ ယခုအခ်ိန္တြင္ ႀကိဳတင္ျပင္ဆင္၍ ေဆာင္႐ြက္ခဲ့မႈမ်ားသည္ ေနာင္အနာဂတ္ကာလ တြင္ အသက္ေပါင္းမ်ားစြာကို ကယ္တင္ႏိုင္မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ အေဆာက္ အဦးမ်ားခိုင္ခံစြာတည္ေဆာက္ေရးအတြက္ အားလုံးကအေလးထားေဆာင္႐ြက္ သြားရန္ နစက ဥကၠဌက မွာၾကားခဲ့ေသးသည္။

Picture

Aung Aung

07/04/2025 06:15

ဟုတ်ကဲ့ ဇီးသီးဗန်းကြီးလဲ ကုန်ပါပြီ လူ့အသက်တွေကိုလဲ သတ်တဲ့လူတွေ သတ်နေကြတုန်းပါဘဲ 😠

Related news

© 2021. All rights reserved.