လားရှိုးမှ ထွက်ခွာမည့် ကိုးကန့်တပ်များ ပြည်သူပိုင်ပစ္စည်းများကိုပါ သယ်ယူနေ
                        
                            
                             
 2181
 
                             
                            
                            
                         
                        
 
                        Pearl
မကြာမီ လားရှိုးမှထွက်ခွာမည့် ကိုးကန့် တပ်ဖွဲ့ဝင်များက ပြည်သူပိုင်ပစ္စည်းများကိုပါ တစ်ပါတည်း သယ်ယူနေ ကြောင်း ဒေသခံများထံ NP News က မေးမြန်းထား သည့်အချက်အလက်များအရ သိရသည်။
လာမည့် သင်္ကြန်ကာလအပြီးတွင်  ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ ကိုးကန့်တပ် ဖွဲ့ဝင်များအားလုံးသည် အပြီးဆုတ်ခွာမည်ဖြစ်ပြီး တပ်မတော်လုံခြုံရေးအဖွဲ့က လားရှိုးမြို့ကို ပြန်လည် ထိန်းချုပ်မည်ဖြစ်ကြောင်း သတင်းများ ထွက် ပေါ်လျက်ရှိသည်။
“ကျွန်တော်တို့ ပြည်သူတွေကြားမှာ ထွက်နေတဲ့သတင်းအရ လားရှိုးမြို့ကို MNDAA က တပ်မတော်ကို ပြန်လည် ပေးအပ်မယ်ဆိုတဲ့ အနေအထားတွေကလည်း ကြားလာရတယ်ပေါ့နော်။ လက်ရှိအချိန်မှာတော့ MNDAA အနေနဲ့ ကတော့ ငလျင်ဘေးအတွက် လုပ်နေတာမျိုးတွေ အစိုးရနဲ့ချိတ်ဆက်ပြီးတော့ လှူဒါန်းမှုတွေ ပြုလုပ်နေတယ်လို့တော့ သိရပါတယ်။ MNDAA က လားရှိုးကို တပ်မတော်ကိုပေးမယ် သို့မဟုတ် ပူးတွဲအုပ်ချုပ်မယ်ဆိုတဲ့ အနေအထားမျိုးလည်း ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက NP News သို့ ပြောသည်။
လက်ရှိတွင် လားရှိုးမြို့၌ ကိုးကန့်တပ်ဖွဲ့ ဝင်အနည်းငယ်သာ ကျန်ရှိပြီး လားရှိုးမြို့ရှိ စည်ပင် သာယာရေးရုံး၊ မီးသတ်ဦးစီးဌာန၊ အခြေခံစာသင် ကျောင်းများနှင့် ဆေးရုံတို့မှ ပြည်သူပိုင်ပစ္စည်းများ ကိုလည်း ကိုးကန့်တပ်ဖွဲ့ဝင်များက ကားကြီးများဖြင့် နေ့စဉ်သယ်ယူနေကြောင်းလည်း သိရသည်။ 
“ကိုးကန့်တွေလည်း လားရှိုးမှာ သိပ်မရှိတာကြာပြီ။ ဒီကနေ ပစ္စည်းတွေလည်းအကုန်ပြန်သယ်ပြီးပြီ။ ဆေးရုံ ထဲက ပစ္စည်းတွေလည်း အကုန်ကို သယ်တာ။ သူတို့ပစ္စည်းတွေ အကြီးအကျယ် သယ်နေကတည်းက ပြန်မယ်ဆိုတာ ထင်တယ်။ ဒါပေမဲ့ အခုလောက် မြန်မြန်ပြန်မယ်ဆိုတာ မထင်ဘူး။ ဆေးရုံထဲက မီးစက်အကြီးကြီးတွေလည်း သယ်သွား တယ်။ မီးသတ်ကားတွေလည်း အစုတ်တွေပဲ ကျန်မယ်။ အကုန်သယ်တာ။ ဆေးရုံထဲလည်း ဂျပန်က လှူတဲ့ အကောင်း စားတွေရှိတယ်။ အဲဒါတွေလည်း သယ်တယ်။ ပန်းပင်တွေ လည်းသယ်တယ်။ သစ်တွေလည်း သယ်တယ်။ စည်ပင်ထဲက ကရိန်းကားတွေလည်း မရှိတော့ဘူး သူတို့သယ်တာ။ စာသင်ခုံတွေ၊ ရုံးပစ္စည်းတွေ ဆက်တီခုံတွေကအစ သယ်တာ” ဟု လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 
ထိုသို့ လားရှိုးမှကိုးကန့်တပ်များ ဆုတ်ခွာမည်ဆိုသောသတင်းများကြောင့် CDM ဝန် ထမ်းများနှင့် ၎င်းတို့အဖွဲ့ အစည်းကို ထောက်ခံ သူ များက စိုးရိမ်နေကြကြောင်းလည်း သိရသည်။ 
“ကိုးကန့်က လားရှိုးက ပစ္စည်းတွေကို မီးသတ်ကားပါမချန် အကုန်ယူသွားပြီးပြီ။ သင်္ကြန် နှစ်ဆန်း(၁)ရက် နောက်ပိုင်းမှာ အထူးဒေသ(၁)ဆိုပြီးမှပြောတဲ့ သိန္နီတို့ ဟိုဘက်တစ်ကြောကနေမှ အဓိက ကတော့ လောက်ကိုင်ကို ပြန်ဆုတ်မယ် လို့ကြားတယ်။ စိုးရိမ်မှုရှိနေတာက CDM သမား တွေရယ်၊ သူတို့ရဲ့ အဖွဲ့အစည်းထဲမှာ ဝင်ရောက် ပြီးတော့ လုပ်ကိုင်နေတဲ့ လူတွေကတော့ စိုးရိမ်နေ ကြတာပေါ့။ ဒေသခံတွေကတော့ တကယ်တမ်း ပြောရရင် တပ်မတော်ပြန် ဝင်ရင် ပိုပျော်ပါတယ်” ဟု အခြားမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ 
ထို့ပြင် လားရှိုးမြို့၌ ပြည်တွင်းဘဏ် လုပ်ငန်းအချို့လည်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း  NP News က စုံစမ်း ထားသည့် အချက်အလက်များအရ သိရသည်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version:
လားရႈိးမွ ထြက္ခြာမည့္ ကိုးကန႔္တပ္မ်ား ျပည္သူပိုင္ပစၥည္းမ်ားကိုပါ သယ္ယူေန
Pearl
မၾကာမီ လားရႈိးမွထြက္ခြာမည့္ ကိုးကန႔္ တပ္ဖြဲ႕ဝင္မ်ားက ျပည္သူပိုင္ပစၥည္းမ်ားကိုပါ တစ္ပါတည္း သယ္ယူေန ေၾကာင္း ေဒသခံမ်ားထံ NP News က ေမးျမန္းထား သည့္အခ်က္အလက္မ်ားအရ သိရသည္။
လာမည့္ သၾကၤန္ကာလအၿပီးတြင္  ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕မွ ကိုးကန႔္တပ္ ဖြဲ႕ဝင္မ်ားအားလုံးသည္ အၿပီးဆုတ္ခြာမည္ျဖစ္ၿပီး တပ္မေတာ္လုံၿခဳံေရးအဖြဲ႕က လားရႈိးၿမိဳ႕ကို ျပန္လည္ ထိန္းခ်ဳပ္မည္ျဖစ္ေၾကာင္း သတင္းမ်ား ထြက္ ေပၚလ်က္ရွိသည္။
“ကြၽန္ေတာ္တို႔ ျပည္သူေတြၾကားမွာ ထြက္ေနတဲ့သတင္းအရ လားရႈိးၿမိဳ႕ကို MNDAA က တပ္မေတာ္ကို ျပန္လည္ ေပးအပ္မယ္ဆိုတဲ့ အေနအထားေတြကလည္း ၾကားလာရတယ္ေပါ့ေနာ္။ လက္ရွိအခ်ိန္မွာေတာ့ MNDAA အေနနဲ႔ ကေတာ့ ငလ်င္ေဘးအတြက္ လုပ္ေနတာမ်ိဳးေတြ အစိုးရနဲ႔ခ်ိတ္ဆက္ၿပီးေတာ့ လႉဒါန္းမႈေတြ ျပဳလုပ္ေနတယ္လို႔ေတာ့ သိရပါတယ္။ MNDAA က လားရႈိးကို တပ္မေတာ္ကိုေပးမယ္ သို႔မဟုတ္ ပူးတြဲအုပ္ခ်ဳပ္မယ္ဆိုတဲ့ အေနအထားမ်ိဳးလည္း ၾကားရတယ္” ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP News သို႔ ေျပာသည္။
လက္ရွိတြင္ လားရႈိးၿမိဳ႕၌ ကိုးကန႔္တပ္ဖြဲ႕ ဝင္အနည္းငယ္သာ က်န္ရွိၿပီး လားရႈိးၿမိဳ႕ရွိ စည္ပင္ သာယာေရး႐ုံး၊ မီးသတ္ဦးစီးဌာန၊ အေျခခံစာသင္ ေက်ာင္းမ်ားႏွင့္ ေဆး႐ုံတို႔မွ ျပည္သူပိုင္ပစၥည္းမ်ား ကိုလည္း ကိုးကန႔္တပ္ဖြဲ႕ဝင္မ်ားက ကားႀကီးမ်ားျဖင့္ ေန႔စဥ္သယ္ယူေနေၾကာင္းလည္း သိရသည္။ 
“ကိုးကန႔္ေတြလည္း လားရႈိးမွာ သိပ္မရွိတာၾကာၿပီ။ ဒီကေန ပစၥည္းေတြလည္းအကုန္ျပန္သယ္ၿပီးၿပီ။ ေဆး႐ုံ ထဲက ပစၥည္းေတြလည္း အကုန္ကို သယ္တာ။ သူတို႔ပစၥည္းေတြ အႀကီးအက်ယ္ သယ္ေနကတည္းက ျပန္မယ္ဆိုတာ ထင္တယ္။ ဒါေပမဲ့ အခုေလာက္ ျမန္ျမန္ျပန္မယ္ဆိုတာ မထင္ဘူး။ ေဆး႐ုံထဲက မီးစက္အႀကီးႀကီးေတြလည္း သယ္သြား တယ္။ မီးသတ္ကားေတြလည္း အစုတ္ေတြပဲ က်န္မယ္။ အကုန္သယ္တာ။ ေဆး႐ုံထဲလည္း ဂ်ပန္က လႉတဲ့ အေကာင္း စားေတြရွိတယ္။ အဲဒါေတြလည္း သယ္တယ္။ ပန္းပင္ေတြ လည္းသယ္တယ္။ သစ္ေတြလည္း သယ္တယ္။ စည္ပင္ထဲက ကရိန္းကားေတြလည္း မရွိေတာ့ဘူး သူတို႔သယ္တာ။ စာသင္ခုံေတြ၊ ႐ုံးပစၥည္းေတြ ဆက္တီခုံေတြကအစ သယ္တာ” ဟု လားရႈိးၿမိဳ႕ခံ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။ 
ထိုသို႔ လားရႈိးမွကိုးကန႔္တပ္မ်ား ဆုတ္ခြာမည္ဆိုေသာသတင္းမ်ားေၾကာင့္ CDM ဝန္ ထမ္းမ်ားႏွင့္ ၎တို႔အဖြဲ႕ အစည္းကို ေထာက္ခံ သူ မ်ားက စိုးရိမ္ေနၾကေၾကာင္းလည္း သိရသည္။ 
“ကိုးကန႔္က လားရႈိးက ပစၥည္းေတြကို မီးသတ္ကားပါမခ်န္ အကုန္ယူသြားၿပီးၿပီ။ သၾကၤန္ ႏွစ္ဆန္း(၁)ရက္ ေနာက္ပိုင္းမွာ အထူးေဒသ(၁)ဆိုၿပီးမွေျပာတဲ့ သိႏၷီတို႔ ဟိုဘက္တစ္ေၾကာကေနမွ အဓိက ကေတာ့ ေလာက္ကိုင္ကို ျပန္ဆုတ္မယ္ လို႔ၾကားတယ္။ စိုးရိမ္မႈရွိေနတာက CDM သမား ေတြရယ္၊ သူတို႔ရဲ႕ အဖြဲ႕အစည္းထဲမွာ ဝင္ေရာက္ ၿပီးေတာ့ လုပ္ကိုင္ေနတဲ့ လူေတြကေတာ့ စိုးရိမ္ေန ၾကတာေပါ့။ ေဒသခံေတြကေတာ့ တကယ္တမ္း ေျပာရရင္ တပ္မေတာ္ျပန္ ဝင္ရင္ ပိုေပ်ာ္ပါတယ္” ဟု အျခားၿမိဳ႕ခံ အမ်ိဳးသားတစ္ဦးက ေျပာသည္။ 
ထို႔ျပင္ လားရႈိးၿမိဳ႕၌ ျပည္တြင္းဘဏ္ လုပ္ငန္းအခ်ိဳ႕လည္း ျပန္လည္ဖြင့္လွစ္ရန္ ျပင္ဆင္ေနေၾကာင္း  NP News က စုံစမ္း ထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။