အမေရိကန်နဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေက အဓိပ္ပါယ်မရှိဘူးလို့ အီရန်အစိုးရပြော

 266

Pika
အမေရိကန်နဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေကို အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ်အာဂရာချီက ငြင်းဆန်ပယ်ချခဲ့ပြီး အဲ့ဒီဆွေးနွေးပွဲတွေက အဓိပ္ပါယ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်နဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်လိုတယ်လို့ ပြောကြားခဲ့ပြီးနောက် အီရန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။အီရန်ရဲ့ နျူကလီးယားအစီအစဉ်တွေနဲ့ပတ်သက်ပြီး တိုက်ရိုက်ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ဒေါ်နယ်ထရမ့်က တောင်းဆိုခဲ့ပြီး အဲ့ဒီလိုမလုပ်ဘူးဆိုရင် အီရန်ကို ဗုံးကြဲမှုတွေလုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေကို အီရန်အစိုးရက ငြင်းဆန်ပယ်ချခဲ့ပြီး အမေရိကန်နဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေက အဓိပ္ပါယ်မရှိဘူးလို့ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။အာဘက်စ်အာဂရာချီက”သံတမန်ရေးအရ ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ကျွန်တော်တို့ကတိပြုထားပါတယ်။ပြီးတော့ သွယ်ဝိုက်တဲ့ဆွေးနွေးမှုလမ်းကြောင်းကို စမ်းကြည့်ဖို့လည်း အဆင်သင့်ရှိပါတယ်။ဖြစ်နိုင်ခြေရှိတဲ့ ဖြစ်စဉ်အားလုံးအတွက် ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်ထားပြီး အီရန်ရဲ့အမျိုးသားစီးပွားနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရာမှာ ပြတ်ပြတ်သားသား လုပ်ဆောင်သွားမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် အမေရိကန်က အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့မယ်ဆိုရင် အီရန်ဘက်ကလည်း လက်တုံ့ပြန်မှုတွေကို လုပ်ဆောင်သွားမယ်လို့ အီရန်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္နဲ႔ တိုက္႐ိုက္ေဆြးေႏြးမႈေတြက အဓိပၸါယ္မရွိဘူးလို႔ အီရန္အစိုးရေျပာ
Pika
အေမရိကန္နဲ႔ တိုက္႐ိုက္ေဆြးေႏြးမႈေတြကို အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘက္စ္အာဂရာခ်ီက ျငင္းဆန္ပယ္ခ်ခဲ့ၿပီး အဲ့ဒီေဆြးေႏြးပြဲေတြက အဓိပၸါယ္မရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။အေမရိကန္သမၼတေဒၚနယ္ထရမ့္က အီရန္နဲ႔ တိုက္႐ိုက္ေဆြးေႏြးမႈေတြ လုပ္ေဆာင္လိုတယ္လို႔ ေျပာၾကားခဲ့ၿပီးေနာက္ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။အီရန္ရဲ႕ န်ဴကလီးယားအစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး တိုက္႐ိုက္ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ေဒၚနယ္ထရမ့္က ေတာင္းဆိုခဲ့ၿပီး အဲ့ဒီလိုမလုပ္ဘူးဆိုရင္ အီရန္ကို ဗုံးႀကဲမႈေတြလုပ္ေဆာင္သြားမယ္လို႔ ၿခိမ္းေျခာက္ခဲ့တာလည္းျဖစ္ပါတယ္။ဒါေပမယ့္လည္း ေဒၚနယ္ထရမ့္ရဲ႕ ၿခိမ္းေျခာက္ေျပာဆိုမႈေတြကို အီရန္အစိုးရက ျငင္းဆန္ပယ္ခ်ခဲ့ၿပီး အေမရိကန္နဲ႔ တိုက္႐ိုက္ေဆြးေႏြးမႈေတြက အဓိပၸါယ္မရွိဘူးလို႔ေျပာၾကားခဲ့တာလည္းျဖစ္ပါတယ္။အာဘက္စ္အာဂရာခ်ီက”သံတမန္ေရးအရ ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ကြၽန္ေတာ္တို႔ကတိျပဳထားပါတယ္။ၿပီးေတာ့ သြယ္ဝိုက္တဲ့ေဆြးေႏြးမႈလမ္းေၾကာင္းကို စမ္းၾကည့္ဖို႔လည္း အဆင္သင့္ရွိပါတယ္။ျဖစ္ႏိုင္ေျခရွိတဲ့ ျဖစ္စဥ္အားလုံးအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြကို လုပ္ေဆာင္ထားၿပီး အီရန္ရဲ႕အမ်ိဳးသားစီးပြားနဲ႔ အခ်ဳပ္အျခာအာဏာကို ကာကြယ္ရာမွာ ျပတ္ျပတ္သားသား လုပ္ေဆာင္သြားမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ အေမရိကန္က အီရန္ကို ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့မယ္ဆိုရင္ အီရန္ဘက္ကလည္း လက္တုံ႔ျပန္မႈေတြကို လုပ္ေဆာင္သြားမယ္လို႔ အီရန္အစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.