အိန္ဒိယ၏ အိမ်နီးချင်း ဦးစားပေးမူဝါဒ အကျိုးအမြတ်ကို ငလျင်ဘေးနှင့်အတူ ခံစားသိရှိရ

 1218

တင်ဇာ (NP News)
အိန္ဒိယ၏ အိမ်နီးချင်းဦးစားပေးမူဝါဒ (Neighbourhood First) အယူအဆသည် (၂၀ဝ၈) ခုနှစ် တွင် ပေါ်ပေါက်လာခဲ့သော်လည်း မိုဒီ လက်ထက် (၂၀၁၄) ခုနှစ်တွင်သာ အကောင်အ ထည်ဖော်ဆောင် ရွက်ရန် တွန်းအားပေးမှုများရရှိခဲ့သည်။ ယင်းမူဝါဒသည် ရလဒ်ကိုသာဦးတည်ပြီး အပြန်အလှန်အကျိုး မမျှော်ကိုးဘဲ အခြေခံအားဖြင့် အိမ်နီးချင်းများနှင့် ခိုင်မာပြီး ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို မွေးမြူ ထူထောင်နိုင်ရန် ရည်ရွယ်နေ သည်။ ယင်းမူဝါဒသည် အခြေခံအဆောက်အအုံ မြှင့်တင်ရေး၊ ရုပ်ပိုင်းဆိုင် ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဒီဂျစ်တယ်၊ စီးပွားရေး၊ ကုန်သွယ်မှု နှင့်အတူ အိမ်နီး ချင်းနိုင်ငံများနှင့် အချင်းချင်း ချိတ် ဆက်မှုတိုးမြှင့်ရေးတို့ကို အာရုံစိုက်ထားသည်။ အိမ်နီးချင်း ဦးစားပေး မူဝါဒအရ အိန္ဒိယ၏ မဟာဗျူဟာနှင့် လုံခြုံရေးဆိုင်ရာတွက်ချက်မှုတွင် အရှေ့တောင်အာရှကို ပြန်လည် ဦးစားပေးလာခဲ့သည်။ အိန္ဒိယသည် လုံခြုံရေး၊ မဟာဗျူဟာနှင့် အခြေအနေအကြောင်း အရင်းများစွာ ကြောင့် တောင်အာရှတွင် အခိုင်အမာ တည်ရှိနေသည်။ အိန္ဒိယနှင့် ၎င်း၏အိမ်နီးချင်းများ သည် နယ်နိ မိတ်ချင်းထိစပ်နေခြင်းနှင့်အတူ လူမျိုးရေး၊ သမိုင်းဝင်၊ ယဉ်ကျေးမှုဆိုင်ရာ နီးစပ်မှုများဖြင့် ချည်နှောင် ထားကြသည်။
ရည်ရွယ်ချက်အားဖြင့် မည်သို့ပင်ခိုင်မာစေကာမူ ယင်းမူဝါဒသည် ထောင်စုနှစ်အစပိုင်းကတည်း က အပြောင်းအလဲများကိုကြုံတွေ့ခဲ့ရသည်။ ဆယ်စုနှစ်ကုန်ပိုင်းတွင် ဘူတန်၌ ဒီမိုကရေစီအသွင် ကူး ပြောင်းမှု၊ နီပေါ၊ မော်လ်ဒိုက်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နိုင် ငံရေးမတည်ငြိမ်မှုများနှင့် သီရိလင်္ကာ ပြည် တွင်းစစ်တို့ က အိန္ဒိယအတွက် အကျပ်ရိုက်စေခဲ့ပြီး စိန်ခေါ်မှုအ သစ်များဖြစ်လာစေခဲ့သည်။ ထိုအချိန်က ပြည်တွင်း၌လည်း အမျိုးမျိုးသောပဋိပက္ခများကြောင့် အိန္ဒိယအ စိုးရသည် ထွန်းသစ် စတရုတ်နိုင်ငံကို ကျော်တက်ဖို့ရာ အခက်အခဲများစွာရှိခဲ့သည်။
ထို့နောက် (၂၀၁၄) ခုနှစ်တွင် BJP အစိုးရသည် ၎င်း၏ အိမ်နီးချင်းနိုင်ငံများကို ပြန်လည်အာရုံ စိုက်ရန်ကြိုးပမ်းလာခဲ့သည်။ မိုဒီ၏ အိမ်နီးချင်း ဦးစားပေးမူဝါဒအရ အိန္ဒိယနိုင်ငံသည် လူသားချင်းစာနာ ထောက်ထားမှုအကူအညီနှင့် သဘာဝဘေးတုံ့ပြန်ရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီများ ကျယ်ပြန့်လာခဲ့ပြီး အဆို ပါနိုင်ငံများ၏အကျိုးစီးပွားများကို ပိုမိုမြော်မြင်လာခဲ့သည်။
အိန္ဒိယသည် ပူးပေါင်းဆောင်ရွက်မှု၊ ပူးပေါင်းပါဝင်မှုများကိုအရှိန်မြှင့်တင်ရန်နှင့် ၎င်း၏ လုံခြုံ ရေးအကျိုးစီးပွားများ၊ ပထဝီနိုင်ငံရေး ရည်မှန်းချက်များကိုမြှင့်တင်ရန်အတွက် မိတ်ဖက်အစိုးရများ၊ ခေါင်းဆောင်များ၊ ပါတီများနှင့် ပူးပေါင်းဆောင်ရွက်မှုကို နှစ်ဆတိုးမြှင့်ခဲ့သည်။ သို့သော် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုနှင့် စီးပွားရေးအင်အားကြောင့် မိတ် ဖက်အစိုးရများသည်ပင် တရုတ်ကို လွန်ဆန်၍မရ ကြောင်း သိမြင်လာခဲ့သည်။
ထို့နောက် မိုဒီသည် ၎င်း၏မူဝါဒကို အ တင်းအကျပ်ပြုခြင်းနှင့် ဆွဲဆောင်ခြင်းတို့ကြား မျှတ အောင်ထိန်းညှိပေးထားပြီး တင်းကြပ်သောအစီအမံ များက ပို၍သိမ်မွေ့လာခဲ့သည်။ အစောပိုင်း အတင်း အကျပ်ပြုသည့်အစီအမံများတွင် နီပေါနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် မော်လ်ဒိုက်နိုင်ငံအပေါ် စစ်ရေးအရ အင်အားပြခြင်းတို့ပါဝင်ခဲ့သော်လည်း ယခုအခါ အိန္ဒိယဈေးကွက်များသို့ ဝင်ရောက်ခွင့်ပေး ခြင်းနှင့် အကူအညီများပေးခြင်းတို့အပေါ် အဓိက ထားအာရုံစိုက်လာခဲ့သည်။ အတင်းအကျပ်ပြုသည့် အစီအမံများကို အသုံးပြုခြင်းနှင့် အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းရေးရာများတွင်ပါဝင်ခြင်းသည် ယင်းနိုင်ငံများကို အိန္ဒိယနိုင်ငံနှင့် ပို၍ဝေးကွာစေပြီး အခြား ရွေးချယ်စရာဖြစ်သော တရုတ်နိုင်ငံနှင့် ပိုမို နီးကပ်စေမည်ကို နားလည်သဘောပေါက်လာခဲ့ သည်။
မူဝါဒ၏ အဓိကလက်နက်ကိရိယာတစ်ခုမှာ ဆက်သွယ်ရေးနှင့် စီးပွားရေးဆက်စပ်မှုများမှ တစ်ဆင့် အိမ်နီးချင်းများနှင့် အပြန်အလှန်မှီခိုမှုများ၊ စီးပွားရေးအခွင့်အလမ်းများ ဖန်တီးရန်ဖြစ်သည်။ အပြန် အလှန်မှီခိုမှုများမှတစ်ဆင့် တရုတ်ဩဇာကို တန်ပြန်နိုင်ပြီး ၎င်း၏လုံခြုံရေးကို အားကောင်း စေကာ ၎င်း၏အကျိုးစီးပွားများကိုမြှင့်တင်နိုင်သည်ဟု အိန္ဒိယက ယုံကြည်လာသည်။ ထို့ကြောင့် အိန္ဒိယသည် နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာနိုင်ငံတို့နှင့်အတူ လမ်း၊ ရထား၊ လေကြောင်းနှင့် ပင်လယ်ရေကြောင်း ဆိပ်ကမ်း ဆက်သွယ်ရေးဆိုင်ရာစီမံကိန်းပေါင်း (၁၀ဝ)ကျော်ကို စတင်ခဲ့သည်။ အိမ်နီးချင်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအတွက် ကူညီရန် ထောက်ပံ့ငွေများနှင့်အတူ အတိုးနှုန်း (၁ ဒသမ ၅) ရာခိုင်နှုန်းမှ (၁ ဒသမ ၇၅) ရာခိုင်နှုန်းဖြင့် ချေးငွေများ ပေးအပ်ခဲ့သည်။ (၂၀၁၅) ခုနှစ်တွင် အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ (၂ ဒသမ ၈) ဘီလျံ၊ နီပေါနိုင်ငံသို့ (၁ ဒသမ ၃) ဘီလျံ၊ သီရိ လင်္ကာနိုင်ငံသို့ (၁ ဒသမ ၇) ဘီလျံနှင့် မော်လ်ဒိုက် နိုင်ငံသို့ သန်း (၈၀)တန်ဖိုးရှိချေး ငွေများ ချပေးခဲ့သည်။ ထိုကဲ့သို့လုပ်ဆောင်ချက်များသည် အိန္ဒိယနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုး တက်ရေး ရည်မှန်းချက်များကိုဖြည့်ဆည်းပေးခဲ့ပြီး စီးပွားရေးအခက်အခဲများနှင့်ရင်ဆိုင်နေရသော တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများကို အထောက်အကူဖြစ်စေခဲ့သည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများသည် ပထဝီနိုင်ငံရေးအရ အိန္ဒိယ အပေါ် တဖြည်းဖြည်းယုံကြည်ကိုးစားလာကြသည်။
အိန္ဒိယ၏မူဝါဒသည် ကိုဗစ်ကပ်ရောဂါ၊ ယူကရိန်းပဋိပက္ခနှင့်အတူပေါ်ပေါက်လာသော စွမ်းအင် နှင့်စားနပ်ရိက္ခာ ဈေးနှုန်းမြင့်တက်မှု သို့မဟုတ် သဘာဝဘေးအန္တရာယ်များဖြစ်ပွားချိန်ကဲ့သို့သော အခက်အခဲကြုံတွေ့ရချိန်များတွင်လည်း ၎င်း၏အိမ် နီးချင်းနိုင်ငံများကို မျက်ကွယ်ပြုမထားခဲ့ပါ။ အိမ်နီး ချင်းနိုင်ငံများတွင် ဘေးအန္တရာယ်တစ်စုံတစ်ရာပေါ် ပေါက်လာချိန်တိုင်း အိန္ဒိယသည် ပထမဦးဆုံး တုံ့ပြန် သူဖြစ်သည်သာမက ၎င်း၏ အိမ်နီးချင်းနိုင်ငံများအ တွက် ဘေးကင်းလုံခြုံရေးကွန်ရက်တစ်ခုလည်း ဖြစ် လာခဲ့သည်။
မြန်မာနိုင်ငံသည်လည်း အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ယင်းမူဝါဒမှ အ ကျိုးအမြတ်များစွာ ရရှိခံစားနေသည်။ အိန္ဒိယသည် မည်သည့်အစိုးရ၊ မည်သည့်အုပ်ချုပ်မှုပုံစံတွင်ဖြစ်စေ မြန်မာနိုင်ငံအား အလေးထား ပြုမူဆက်ဆံခဲ့သည့်နိုင်ငံ ဖြစ်ခဲ့သည်။ မကြာသေးမီက မတ်လ (၂၈) ရက် တွင် ကြုံတွေ့ခဲ့ရသော ငလျင်ဘေးအန္တရာယ်ကျရောက်ချိန်တွင်လည်း အိန္ဒိယအစိုးရသည် မြန်မာနှင့် တစ်သားတည်းရပ်တည်ပေးခဲ့သည်။ မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော ငလျင်နှင့်ပတ်သက်၍ အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းနည်းကြောင်း တိုက်ရိုက်ဆက်သွယ်စကားပြောကြား၍ မြန်မာ့ အကျပ်အတည်းကာ လအတွင်း အိန္ဒိယက တစ်သားတည်းရပ်တည်လျက် ရှိနေကြောင်း မိုဒီ၏ လူမှုကွန်ရက် X စာမျက်နှာထက်တွင် ရေးသားဖော်ပြခဲ့သည်။
မြန်မာနိုင်ငံကို အကြီးအကျယ်ပျက်စီးစေခဲ့ သော ငလျင်ကြီးအပြီးတွင် အိန္ဒိယနိုင်ငံသည် “ဗြဟ္မာ စစ်ဆင်ရေး” အမည်ဖြင့် နိုင်ငံအတွင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို ကူညီဆောင် ရွက်ပေးခဲ့သည်။ ငလျင်ဖြစ်ပွားပြီး (၂၄)နာရီပင်မ ပြည့်သောအချိန်ကာလအတွင်းမှာပင် လေယာဉ်ဖြင့် အရေးပေါ်အကူအညီများပေးပို့ခဲ့သည်။ အဆိုပါ အရေးပေါ်အကူအညီများတွင် စောင်၊ တာပေါ်လင်မိုး ကာ၊ သန့်ရှင်းရေးပစ္စည်းများ၊ sleeping bags ၊ နေရောင်ခြည်သုံးမီးအိမ်များ၊ အစားအသောက်ထုပ်များ နှင့် မီးဖိုချောင်သုံးပစ္စည်းများပါဝင်ကြောင်း အိန္ဒိယသံရုံး၏ထုတ်ပြန်ချက်များအရ သိရသည်။
ထို့ပြင် ပြီးခဲ့သည့် တနင်္လာနေ့ (မတ်လ ၃၁ ရက်) ကလည်း အန္ဒိယစစ်ရေယာဉ်နှစ်စင်းဖြင့် တန် ချိန် (၅၀)ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့ပစ္စည်းများ ပေးပို့လာခဲ့ပြန်သည်။ လက်ရှိအချိန်ထိ အိန္ဒိယအစိုးရက လေယာဉ်(၅)စင်း အပြင် စစ်ရေယာဉ် (၅)စင်းစာအထောက်အပံ့များ ပေးပို့ကူညီလာကြောင်းတွေ့ရသည်။ ထို့ပြင် အိန္ဒိယ သည် အထူးပြုရှာဖွေကယ်ဆယ်ရေးကိရိယာများ ဖြစ်သည့် ကွန်ကရစ်ဖြတ်စက်များ၊ တူးဖော်စက်များနှင့် ခွေးတပ်သားများအပါအဝင် အဖွဲ့ဝင်(၈၀)ပါဝင် သော အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့ (NDRF)ကိုလည်း စေလွှတ်ခဲ့သည်။ အဆိုပါ အဖွဲ့သည် အပျက်အစီး များအောက်တွင်ပိတ်မိနေသော အသက်ရှင် ကျန်ရစ်သူများကိုရှာဖွေရာတွင် ဒေသဆိုင်ရာ အာဏာပိုင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်ဖြစ် သည်။
အိန္ဒိယနိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ ဂျေဆဝါလ်က တူရကီနှင့်ဆီးရီးယားနိုင်ငံတို့တွင် ဆောင်ရွက်ခဲ့သော “Operation Dost”ကဲ့သို့ ယခင်အကူအညီပေးရေးမစ်ရှင်များကိုကိုးကား၍ ဒေသ တွင်း သဘာဝဘေးအန္တရာယ်များတွင် အိန္ဒိယ သည် “ပထမဦးဆုံးတုံ့ပြန်သူ” ဖြစ်ရန် ကြိုးပမ်းလျက် ရှိကြောင်း မြန်မာနိုင်ငံအား ထောက်ပံ့ပေးနေသော “ဗြဟ္မာစစ်ဆင်ရေး” နှင့်ပတ်သက်၍ ထည့်သွင်းပြော ကြားခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံ၏ “ကမ္ဘာကြီးသည် မိသားစုတစ်ခုတည်းသာဖြစ် သည်”ဟူသော အယူ အဆကိုရည်ညွှန်း၍ ၎င်းတို့၏ အိမ်နီးချင်းနိုင်ငံများအပေါ် ကူညီဖေးမမှုများက ထိုအယူအဆကို အားဖြည့်ပုံဖော် လျက်ရှိကြောင်းကိုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အိန္ဒိယသည် မြန်မာနိုင်ငံအတွက် ရှေ့အစဉ်အဆက်ကတည်းက အိမ်နီးချင်းနိုင်ငံကောင်းဖြစ် ပေးခဲ့သည်။ ယခုကဲ့သို့ ဘေးအန္တရာယ်များကြုံတွေ့ရချိန်တွင် ၎င်းတို့၏ ဖေးမကူညီမှုများကို ပို၍ပင် ခံစား သိမြင်လာရသည်။ အိန္ဒိယအနေဖြင့် ၎င်း၏ အိမ်နီးချင်းဦးစားပေးမူဝါဒအရ အိမ်နီးချင်းနိုင်ငံများ အပေါ် ကောင်းမွန်စွာဆက်ဆံပေးနေသည်ဆိုစေကာမူ မိတ်ဖက်နိုင်ငံများအပေါ် ချည်နှောင်မှုမရှိသော ထိုအကူ အညီများကြောင့် အိန္ဒိယနှင့် အိမ်နီးချင်းနိုင်ငံများအကြား ဆက်ဆံရေးက အချိန်ကြာလာသည် နှင့်အမျှ တိုးတက်လာရန်လမ်းသာရှိပါကြောင်း ရေးသားလိုက်ရပါသည်။

Zawgyi Version:
အိႏၵိယ၏ အိမ္နီးခ်င္း ဦးစားေပးမူဝါဒ အက်ိဳးအျမတ္ကို ငလ်င္ေဘးႏွင့္အတူ ခံစားသိရွိရ
တင္ဇာ (NP News)
အိႏၵိယ၏ အိမ္နီးခ်င္းဦးစားေပးမူဝါဒ (Neighbourhood First) အယူအဆသည္ (၂၀ဝ၈) ခုႏွစ္ တြင္ ေပၚေပါက္လာခဲ့ေသာ္လည္း မိုဒီ လက္ထက္ (၂၀၁၄) ခုႏွစ္တြင္သာ အေကာင္အ ထည္ေဖာ္ေဆာင္ ႐ြက္ရန္ တြန္းအားေပးမႈမ်ားရရွိခဲ့သည္။ ယင္းမူဝါဒသည္ ရလဒ္ကိုသာဦးတည္ၿပီး အျပန္အလွန္အက်ိဳး မေမွ်ာ္ကိုးဘဲ အေျခခံအားျဖင့္ အိမ္နီးခ်င္းမ်ားႏွင့္ ခိုင္မာၿပီး ခ်စ္ၾကည္ရင္းႏွီးေသာ ဆက္ဆံေရးကို ေမြးျမဴ ထူေထာင္ႏိုင္ရန္ ရည္႐ြယ္ေန သည္။ ယင္းမူဝါဒသည္ အေျခခံအေဆာက္အအုံ ျမႇင့္တင္ေရး၊ ႐ုပ္ပိုင္းဆိုင္ ရာ ဖြံ႕ၿဖိဳးတိုးတက္ေရး ပူးေပါင္း ေဆာင္႐ြက္မႈႏွင့္ ဒီဂ်စ္တယ္၊ စီးပြားေရး၊ ကုန္သြယ္မႈ ႏွင့္အတူ အိမ္နီး ခ်င္းႏိုင္ငံမ်ားႏွင့္ အခ်င္းခ်င္း ခ်ိတ္ ဆက္မႈတိုးျမႇင့္ေရးတို႔ကို အာ႐ုံစိုက္ထားသည္။ အိမ္နီးခ်င္း ဦးစားေပး မူဝါဒအရ အိႏၵိယ၏ မဟာဗ်ဴဟာႏွင့္ လုံၿခဳံေရးဆိုင္ရာတြက္ခ်က္မႈတြင္ အေရွ႕ေတာင္အာရွကို ျပန္လည္ ဦးစားေပးလာခဲ့သည္။ အိႏၵိယသည္ လုံၿခဳံေရး၊ မဟာဗ်ဴဟာႏွင့္ အေျခအေနအေၾကာင္း အရင္းမ်ားစြာ ေၾကာင့္ ေတာင္အာရွတြင္ အခိုင္အမာ တည္ရွိေနသည္။ အိႏၵိယႏွင့္ ၎၏အိမ္နီးခ်င္းမ်ား သည္ နယ္နိ မိတ္ခ်င္းထိစပ္ေနျခင္းႏွင့္အတူ လူမ်ိဳးေရး၊ သမိုင္းဝင္၊ ယဥ္ေက်းမႈဆိုင္ရာ နီးစပ္မႈမ်ားျဖင့္ ခ်ည္ေႏွာင္ ထားၾကသည္။
ရည္႐ြယ္ခ်က္အားျဖင့္ မည္သို႔ပင္ခိုင္မာေစကာမူ ယင္းမူဝါဒသည္ ေထာင္စုႏွစ္အစပိုင္းကတည္း က အေျပာင္းအလဲမ်ားကိုႀကဳံေတြ႕ခဲ့ရသည္။ ဆယ္စုႏွစ္ကုန္ပိုင္းတြင္ ဘူတန္၌ ဒီမိုကေရစီအသြင္ ကူး ေျပာင္းမႈ၊ နီေပါ၊ ေမာ္လ္ဒိုက္ႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ ႏိုင္ ငံေရးမတည္ၿငိမ္မႈမ်ားႏွင့္ သီရိလကၤာ ျပည္ တြင္းစစ္တို႔ က အိႏၵိယအတြက္ အက်ပ္႐ိုက္ေစခဲ့ၿပီး စိန္ေခၚမႈအ သစ္မ်ားျဖစ္လာေစခဲ့သည္။ ထိုအခ်ိန္က ျပည္တြင္း၌လည္း အမ်ိဳးမ်ိဳးေသာပဋိပကၡမ်ားေၾကာင့္ အိႏၵိယအ စိုးရသည္ ထြန္းသစ္ စတ႐ုတ္ႏိုင္ငံကို ေက်ာ္တက္ဖို႔ရာ အခက္အခဲမ်ားစြာရွိခဲ့သည္။
ထို႔ေနာက္ (၂၀၁၄) ခုႏွစ္တြင္ BJP အစိုးရသည္ ၎၏ အိမ္နီးခ်င္းႏိုင္ငံမ်ားကို ျပန္လည္အာ႐ုံ စိုက္ရန္ႀကိဳးပမ္းလာခဲ့သည္။ မိုဒီ၏ အိမ္နီးခ်င္း ဦးစားေပးမူဝါဒအရ အိႏၵိယႏိုင္ငံသည္ လူသားခ်င္းစာနာ ေထာက္ထားမႈအကူအညီႏွင့္ သဘာဝေဘးတုံ႔ျပန္ေရး၊ လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈ၊ ႏိုင္ငံေရးအရ ထိေတြ႕ဆက္ဆံမႈမ်ား၊ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအကူအညီမ်ား က်ယ္ျပန႔္လာခဲ့ၿပီး အဆို ပါႏိုင္ငံမ်ား၏အက်ိဳးစီးပြားမ်ားကို ပိုမိုေျမာ္ျမင္လာခဲ့သည္။
အိႏၵိယသည္ ပူးေပါင္းေဆာင္႐ြက္မႈ၊ ပူးေပါင္းပါဝင္မႈမ်ားကိုအရွိန္ျမႇင့္တင္ရန္ႏွင့္ ၎၏ လုံၿခဳံ ေရးအက်ိဳးစီးပြားမ်ား၊ ပထဝီႏိုင္ငံေရး ရည္မွန္းခ်က္မ်ားကိုျမႇင့္တင္ရန္အတြက္ မိတ္ဖက္အစိုးရမ်ား၊ ေခါင္းေဆာင္မ်ား၊ ပါတီမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈကို ႏွစ္ဆတိုးျမႇင့္ခဲ့သည္။ သို႔ေသာ္ တ႐ုတ္ႏိုင္ငံ၏ ဩဇာလႊမ္းမိုးမႈႏွင့္ စီးပြားေရးအင္အားေၾကာင့္ မိတ္ ဖက္အစိုးရမ်ားသည္ပင္ တ႐ုတ္ကို လြန္ဆန္၍မရ ေၾကာင္း သိျမင္လာခဲ့သည္။
ထို႔ေနာက္ မိုဒီသည္ ၎၏မူဝါဒကို အ တင္းအက်ပ္ျပဳျခင္းႏွင့္ ဆြဲေဆာင္ျခင္းတို႔ၾကား မွ်တ ေအာင္ထိန္းညႇိေပးထားၿပီး တင္းၾကပ္ေသာအစီအမံ မ်ားက ပို၍သိမ္ေမြ႕လာခဲ့သည္။ အေစာပိုင္း အတင္း အက်ပ္ျပဳသည့္အစီအမံမ်ားတြင္ နီေပါႏိုင္ငံအေပၚ ပိတ္ဆို႔အေရးယူမႈမ်ားႏွင့္ ေမာ္လ္ဒိုက္ႏိုင္ငံအေပၚ စစ္ေရးအရ အင္အားျပျခင္းတို႔ပါဝင္ခဲ့ေသာ္လည္း ယခုအခါ အိႏၵိယေဈးကြက္မ်ားသို႔ ဝင္ေရာက္ခြင့္ေပး ျခင္းႏွင့္ အကူအညီမ်ားေပးျခင္းတို႔အေပၚ အဓိက ထားအာ႐ုံစိုက္လာခဲ့သည္။ အတင္းအက်ပ္ျပဳသည့္ အစီအမံမ်ားကို အသုံးျပဳျခင္းႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ား၏ ျပည္တြင္းေရးရာမ်ားတြင္ပါဝင္ျခင္းသည္ ယင္းႏိုင္ငံမ်ားကို အိႏၵိယႏိုင္ငံႏွင့္ ပို၍ေဝးကြာေစၿပီး အျခား ေ႐ြးခ်ယ္စရာျဖစ္ေသာ တ႐ုတ္ႏိုင္ငံႏွင့္ ပိုမို နီးကပ္ေစမည္ကို နားလည္သေဘာေပါက္လာခဲ့ သည္။
မူဝါဒ၏ အဓိကလက္နက္ကိရိယာတစ္ခုမွာ ဆက္သြယ္ေရးႏွင့္ စီးပြားေရးဆက္စပ္မႈမ်ားမွ တစ္ဆင့္ အိမ္နီးခ်င္းမ်ားႏွင့္ အျပန္အလွန္မွီခိုမႈမ်ား၊ စီးပြားေရးအခြင့္အလမ္းမ်ား ဖန္တီးရန္ျဖစ္သည္။ အျပန္ အလွန္မွီခိုမႈမ်ားမွတစ္ဆင့္ တ႐ုတ္ဩဇာကို တန္ျပန္ႏိုင္ၿပီး ၎၏လုံၿခဳံေရးကို အားေကာင္း ေစကာ ၎၏အက်ိဳးစီးပြားမ်ားကိုျမႇင့္တင္ႏိုင္သည္ဟု အိႏၵိယက ယုံၾကည္လာသည္။ ထို႔ေၾကာင့္ အိႏၵိယသည္ နီေပါ၊ ဘဂၤလားေဒ့ရွ္၊ သီရိလကၤာ၊ ျမန္မာႏိုင္ငံတို႔ႏွင့္အတူ လမ္း၊ ရထား၊ ေလေၾကာင္းႏွင့္ ပင္လယ္ေရေၾကာင္း ဆိပ္ကမ္း ဆက္သြယ္ေရးဆိုင္ရာစီမံကိန္းေပါင္း (၁၀ဝ)ေက်ာ္ကို စတင္ခဲ့သည္။ အိမ္နီးခ်င္းမ်ား၏ ဖြံ႕ၿဖိဳးတိုးတက္ေရးရည္မွန္းခ်က္မ်ားအတြက္ ကူညီရန္ ေထာက္ပံ့ေငြမ်ားႏွင့္အတူ အတိုးႏႈန္း (၁ ဒသမ ၅) ရာခိုင္ႏႈန္းမွ (၁ ဒသမ ၇၅) ရာခိုင္ႏႈန္းျဖင့္ ေခ်းေငြမ်ား ေပးအပ္ခဲ့သည္။ (၂၀၁၅) ခုႏွစ္တြင္ အိႏၵိယသည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ အေမရိကန္ေဒၚလာ (၂ ဒသမ ၈) ဘီလ်ံ၊ နီေပါႏိုင္ငံသို႔ (၁ ဒသမ ၃) ဘီလ်ံ၊ သီရိ လကၤာႏိုင္ငံသို႔ (၁ ဒသမ ၇) ဘီလ်ံႏွင့္ ေမာ္လ္ဒိုက္ ႏိုင္ငံသို႔ သန္း (၈၀)တန္ဖိုးရွိေခ်း ေငြမ်ား ခ်ေပးခဲ့သည္။ ထိုကဲ့သို႔လုပ္ေဆာင္ခ်က္မ်ားသည္ အိႏၵိယႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ား၏ ဖြံ႕ၿဖိဳးတိုး တက္ေရး ရည္မွန္းခ်က္မ်ားကိုျဖည့္ဆည္းေပးခဲ့ၿပီး စီးပြားေရးအခက္အခဲမ်ားႏွင့္ရင္ဆိုင္ေနရေသာ ေတာင္အာရွ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားကို အေထာက္အကူျဖစ္ေစခဲ့သည္။ ထို႔ေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားသည္ ပထဝီႏိုင္ငံေရးအရ အိႏၵိယ အေပၚ တျဖည္းျဖည္းယုံၾကည္ကိုးစားလာၾကသည္။
အိႏၵိယ၏မူဝါဒသည္ ကိုဗစ္ကပ္ေရာဂါ၊ ယူကရိန္းပဋိပကၡႏွင့္အတူေပၚေပါက္လာေသာ စြမ္းအင္ ႏွင့္စားနပ္ရိကၡာ ေဈးႏႈန္းျမင့္တက္မႈ သို႔မဟုတ္ သဘာဝေဘးအႏၲရာယ္မ်ားျဖစ္ပြားခ်ိန္ကဲ့သို႔ေသာ အခက္အခဲႀကဳံေတြ႕ရခ်ိန္မ်ားတြင္လည္း ၎၏အိမ္ နီးခ်င္းႏိုင္ငံမ်ားကို မ်က္ကြယ္ျပဳမထားခဲ့ပါ။ အိမ္နီး ခ်င္းႏိုင္ငံမ်ားတြင္ ေဘးအႏၲရာယ္တစ္စုံတစ္ရာေပၚ ေပါက္လာခ်ိန္တိုင္း အိႏၵိယသည္ ပထမဦးဆုံး တုံ႔ျပန္ သူျဖစ္သည္သာမက ၎၏ အိမ္နီးခ်င္းႏိုင္ငံမ်ားအ တြက္ ေဘးကင္းလုံၿခဳံေရးကြန္ရက္တစ္ခုလည္း ျဖစ္ လာခဲ့သည္။
ျမန္မာႏိုင္ငံသည္လည္း အိႏၵိယ၏ အိမ္နီးခ်င္းႏိုင္ငံတစ္ႏိုင္ငံျဖစ္သည့္အတြက္ ယင္းမူဝါဒမွ အ က်ိဳးအျမတ္မ်ားစြာ ရရွိခံစားေနသည္။ အိႏၵိယသည္ မည္သည့္အစိုးရ၊ မည္သည့္အုပ္ခ်ဳပ္မႈပုံစံတြင္ျဖစ္ေစ ျမန္မာႏိုင္ငံအား အေလးထား ျပဳမူဆက္ဆံခဲ့သည့္ႏိုင္ငံ ျဖစ္ခဲ့သည္။ မၾကာေသးမီက မတ္လ (၂၈) ရက္ တြင္ ႀကဳံေတြ႕ခဲ့ရေသာ ငလ်င္ေဘးအႏၲရာယ္က်ေရာက္ခ်ိန္တြင္လည္း အိႏၵိယအစိုးရသည္ ျမန္မာႏွင့္ တစ္သားတည္းရပ္တည္ေပးခဲ့သည္။ ျမန္မာႏိုင္ငံတြင္လႈပ္ခတ္ခဲ့ေသာ ငလ်င္ႏွင့္ပတ္သက္၍ အိႏၵိယ ဝန္ႀကီးခ်ဳပ္ နာရင္ဒရာမိုဒီက ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ထံ ဝမ္းနည္းေၾကာင္း တိုက္႐ိုက္ဆက္သြယ္စကားေျပာၾကား၍ ျမန္မာ့ အက်ပ္အတည္းကာ လအတြင္း အိႏၵိယက တစ္သားတည္းရပ္တည္လ်က္ ရွိေနေၾကာင္း မိုဒီ၏ လူမႈကြန္ရက္ X စာမ်က္ႏွာထက္တြင္ ေရးသားေဖာ္ျပခဲ့သည္။
ျမန္မာႏိုင္ငံကို အႀကီးအက်ယ္ပ်က္စီးေစခဲ့ ေသာ ငလ်င္ႀကီးအၿပီးတြင္ အိႏၵိယႏိုင္ငံသည္ “ျဗဟၼာ စစ္ဆင္ေရး” အမည္ျဖင့္ ႏိုင္ငံအတြင္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးတို႔ကို ကူညီေဆာင္ ႐ြက္ေပးခဲ့သည္။ ငလ်င္ျဖစ္ပြားၿပီး (၂၄)နာရီပင္မ ျပည့္ေသာအခ်ိန္ကာလအတြင္းမွာပင္ ေလယာဥ္ျဖင့္ အေရးေပၚအကူအညီမ်ားေပးပို႔ခဲ့သည္။ အဆိုပါ အေရးေပၚအကူအညီမ်ားတြင္ ေစာင္၊ တာေပၚလင္မိုး ကာ၊ သန႔္ရွင္းေရးပစၥည္းမ်ား၊ sleeping bags ၊ ေနေရာင္ျခည္သုံးမီးအိမ္မ်ား၊ အစားအေသာက္ထုပ္မ်ား ႏွင့္ မီးဖိုေခ်ာင္သုံးပစၥည္းမ်ားပါဝင္ေၾကာင္း အိႏၵိယသံ႐ုံး၏ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ တနလၤာေန႔ (မတ္လ ၃၁ ရက္) ကလည္း အႏၵိယစစ္ေရယာဥ္ႏွစ္စင္းျဖင့္ တန္ ခ်ိန္ (၅၀)ရွိ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအေထာက္အပံ့ပစၥည္းမ်ား ေပးပို႔လာခဲ့ျပန္သည္။ လက္ရွိအခ်ိန္ထိ အိႏၵိယအစိုးရက ေလယာဥ္(၅)စင္း အျပင္ စစ္ေရယာဥ္ (၅)စင္းစာအေထာက္အပံ့မ်ား ေပးပို႔ကူညီလာေၾကာင္းေတြ႕ရသည္။ ထို႔ျပင္ အိႏၵိယ သည္ အထူးျပဳရွာေဖြကယ္ဆယ္ေရးကိရိယာမ်ား ျဖစ္သည့္ ကြန္ကရစ္ျဖတ္စက္မ်ား၊ တူးေဖာ္စက္မ်ားႏွင့္ ေခြးတပ္သားမ်ားအပါအဝင္ အဖြဲ႕ဝင္(၈၀)ပါဝင္ ေသာ အမ်ိဳးသားသဘာဝေဘးတုံ႔ျပန္ေရးတပ္ဖြဲ႕ (NDRF)ကိုလည္း ေစလႊတ္ခဲ့သည္။ အဆိုပါ အဖြဲ႕သည္ အပ်က္အစီး မ်ားေအာက္တြင္ပိတ္မိေနေသာ အသက္ရွင္ က်န္ရစ္သူမ်ားကိုရွာေဖြရာတြင္ ေဒသဆိုင္ရာ အာဏာပိုင္မ်ားႏွင့္အတူ ပူးေပါင္းေဆာင္႐ြက္ရန္ျဖစ္ သည္။
အိႏၵိယႏိုင္ငံျခားေရး ေျပာေရးဆိုခြင့္ရွိသူ ေဂ်ဆဝါလ္က တူရကီႏွင့္ဆီးရီးယားႏိုင္ငံတို႔တြင္ ေဆာင္႐ြက္ခဲ့ေသာ “Operation Dost”ကဲ့သို႔ ယခင္အကူအညီေပးေရးမစ္ရွင္မ်ားကိုကိုးကား၍ ေဒသ တြင္း သဘာဝေဘးအႏၲရာယ္မ်ားတြင္ အိႏၵိယ သည္ “ပထမဦးဆုံးတုံ႔ျပန္သူ” ျဖစ္ရန္ ႀကိဳးပမ္းလ်က္ ရွိေၾကာင္း ျမန္မာႏိုင္ငံအား ေထာက္ပံ့ေပးေနေသာ “ျဗဟၼာစစ္ဆင္ေရး” ႏွင့္ပတ္သက္၍ ထည့္သြင္းေျပာ ၾကားခဲ့သည္။ ထို႔ျပင္ အိႏၵိယႏိုင္ငံ၏ “ကမာၻႀကီးသည္ မိသားစုတစ္ခုတည္းသာျဖစ္ သည္”ဟူေသာ အယူ အဆကိုရည္ၫႊန္း၍ ၎တို႔၏ အိမ္နီးခ်င္းႏိုင္ငံမ်ားအေပၚ ကူညီေဖးမမႈမ်ားက ထိုအယူအဆကို အားျဖည့္ပုံေဖာ္ လ်က္ရွိေၾကာင္းကိုလည္း ၎က ထပ္ေလာင္းေျပာၾကားခဲ့သည္။
အိႏၵိယသည္ ျမန္မာႏိုင္ငံအတြက္ ေရွ႕အစဥ္အဆက္ကတည္းက အိမ္နီးခ်င္းႏိုင္ငံေကာင္းျဖစ္ ေပးခဲ့သည္။ ယခုကဲ့သို႔ ေဘးအႏၲရာယ္မ်ားႀကဳံေတြ႕ရခ်ိန္တြင္ ၎တို႔၏ ေဖးမကူညီမႈမ်ားကို ပို၍ပင္ ခံစား သိျမင္လာရသည္။ အိႏၵိယအေနျဖင့္ ၎၏ အိမ္နီးခ်င္းဦးစားေပးမူဝါဒအရ အိမ္နီးခ်င္းႏိုင္ငံမ်ား အေပၚ ေကာင္းမြန္စြာဆက္ဆံေပးေနသည္ဆိုေစကာမူ မိတ္ဖက္ႏိုင္ငံမ်ားအေပၚ ခ်ည္ေႏွာင္မႈမရွိေသာ ထိုအကူ အညီမ်ားေၾကာင့္ အိႏၵိယႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားအၾကား ဆက္ဆံေရးက အခ်ိန္ၾကာလာသည္ ႏွင့္အမွ် တိုးတက္လာရန္လမ္းသာရွိပါေၾကာင္း ေရးသားလိုက္ရပါသည္။

Related news

© 2021. All rights reserved.