ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းမည့်အမှုများကို အမှုလက်ခံ ကောင်တာတွင် ယခင်အတိုင်း လက်ခံဆောင်ရွက်ပေးလျက်ရှိ

 187

စော(NP News)-ဧပြီ၈

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းမည့်အမှုများကို အမှုလက်ခံ ကောင်တာတွင် ယခင်အတိုင်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယမန်နေ့ (ဧပြီလ ၇ရက်)၊ ညပိုင်းအချိန်တွင် ယခုကဲ့သို့ ထုတ်ပြန်ထားခြင်း ဖြစ်သည်။


ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော မန္တလေးမြေငလျင်ကြီးဒဏ်ကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် အဆောက်အအုံတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါပျက်စီးမှုများကို ပြန်လည်ပြင်ဆင်ရန်လိုအပ်ပါသဖြင့် မတ်လ ၂၉ရက်၊ မတ်လ ၃၁ရက်နှင့် ဧပြီလ ၁ရက်တို့တွင် ကြားနာရန် ကြိုတင်သတိပေး အမှုခေါ်စာရင်းထုတ်ပြန်ထားသည့် ရာဇဝတ်ဆိုင်ရာနှင့် တရားမ ဆိုင်ရာအမှုများကို လာမည့် ဧပြီလ ၂၃ရက်၊ ၂၄ရက်နှင့် ၂၅ရက်တို့တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး (၀၆၇-၄၅၁ဝ၂၄၂)တွင် ပြန်လည်ကြားနာ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းမည့်အမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အမှုလက်ခံ ကောင်တာတွင် ယခင်အတိုင်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကြိုတင်သတိပေးအမှုခေါ်စာရင်းနှင့် ရုံးခန်းတွင်းဆောင်ရွက်ချက်၊ ရုံးထိုင်ဆောင်ရွက်ချက်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များ၏ ကြော်ငြာသင်ပုန်းများတွင် ကြည့်ရှုနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္သို႔ တင္သြင္းမည့္အမႈမ်ားကို အမႈလက္ခံ ေကာင္တာတြင္ ယခင္အတိုင္း လက္ခံေဆာင္႐ြက္ေပးလ်က္ရွိ

ေစာ(NP News)-ဧၿပီ၈

ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္သို႔ တင္သြင္းမည့္အမႈမ်ားကို အမႈလက္ခံ ေကာင္တာတြင္ ယခင္အတိုင္း လက္ခံေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။

ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ယမန္ေန႔ (ဧၿပီလ ၇ရက္)၊ ညပိုင္းအခ်ိန္တြင္ ယခုကဲ့သို႔ ထုတ္ျပန္ထားျခင္း ျဖစ္သည္။


ၿပီးခဲ့သည့္ မတ္လ ၂၈ ရက္ေန႔က ျဖစ္ပြားခဲ့ေသာ မႏၲေလးေျမငလ်င္ႀကီးဒဏ္ေၾကာင့္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ အေဆာက္အအုံတြင္ ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သည္။

အဆိုပါပ်က္စီးမႈမ်ားကို ျပန္လည္ျပင္ဆင္ရန္လိုအပ္ပါသျဖင့္ မတ္လ ၂၉ရက္၊ မတ္လ ၃၁ရက္ႏွင့္ ဧၿပီလ ၁ရက္တို႔တြင္ ၾကားနာရန္ ႀကိဳတင္သတိေပး အမႈေခၚစာရင္းထုတ္ျပန္ထားသည့္ ရာဇဝတ္ဆိုင္ရာႏွင့္ တရားမ ဆိုင္ရာအမႈမ်ားကို လာမည့္ ဧၿပီလ ၂၃ရက္၊ ၂၄ရက္ႏွင့္ ၂၅ရက္တို႔တြင္ ေနျပည္ေတာ္၊ ပုဗၺသီရိၿမိဳ႕နယ္၊ မဂၤလာဒီပရပ္ကြက္၊ ခ်င္းတြင္းလမ္းရွိ ေဇယ်ာသီရိခ႐ိုင္တရား႐ုံး (၀၆၇-၄၅၁ဝ၂၄၂)တြင္ ျပန္လည္ၾကားနာ သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္သို႔ တင္သြင္းမည့္အမႈမ်ားကို ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၏ အမႈလက္ခံ ေကာင္တာတြင္ ယခင္အတိုင္း လက္ခံေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ႀကိဳတင္သတိေပးအမႈေခၚစာရင္းႏွင့္ ႐ုံးခန္းတြင္းေဆာင္႐ြက္ခ်က္၊ ႐ုံးထိုင္ေဆာင္႐ြက္ခ်က္မ်ားကို ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္အပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တရားလႊတ္ေတာ္မ်ား၏ ေၾကာ္ျငာသင္ပုန္းမ်ားတြင္ ၾကည့္ရႈႏိုင္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.