ယာယီအပစ်ခတ်ရပ်စဲထားစဉ် လက်နက်ကိုင်အဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်နေ

 712

ချယ်ရီ(NP News)- ဧပြီ ၈
ယာယီအပစ်ခတ်ရပ်စဲထားသော်လည်း လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုဆက်လက်လုပ်ဆောင်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(ဧပြီလ ၇ရက်)က ထုတ်ပြန်ပြောကြားသည်။

ငလျင်အရေးပေါ်အခြေနေကြောင့် ဧပြီလ(၂)ရက်ကနေ (၂၂)ရက်နေ့အတွင်း တပ်မတော်အနေနဲ့ အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲဖို့ ထုတ်ပြန်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။
“ထုတ်ပြန်ချက် ထုတ်ပြန်အပြီး ဧပြီလ(၆)ရက်မှာ KIAအနေနဲ့ ဗန်းမော်မှာရှိတဲ့ တပ်မတော်ဌာနချုပ်တွေကို (၈၂)မမ စိန်ပြောင်းနဲ့ အဝေးကနေပစ်ခတ်မှု ည(၁၀)နာရီခွဲခန့်မှာ ပြုလုပ်ခဲ့ကြောင်း တွေ့ရပါတယ်။ TNLAအဖွဲ့အနေနဲ့လည်း တောင်ခမ်းဒေသမှာ မနေ့က (၁၂)နာရီခွဲကျော်ကျော်လောက်က ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ KNDFနဲ့ KNPPအနေနဲ့ ဘော်လခဲမှာရှိတဲ့ ဘော်လခဲသစ်တောရုံးအနီးမှာ လုံခြုံရေးယူနေတဲ့အဖွဲ့ကိုရော ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်သွားခဲ့ပါတယ်။ ပြီးတော့ မနေ့က ဂွမြို့မှာလုံခြုံရေးယူနေတဲ့ စစ်ရေယာဉ်တစ်စင်းကို အဝေးကနေ ပစ်ခတ်ခဲ့ပါတယ်။ ကျောက်ဖြူမှာ လုံခြုံရေးယူနေတဲ့စခန်းတွေကို အဝေးကနေ ပစ်ခတ်ခဲ့ကြောင်း တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်ရှိ တပ်မတော်လုံခြုံရေးစခန်းများကို KIA၊ PDF ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် (ဧပြီလ ၄ ရက်)က စတင်၍ လာရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

Zawgyi Version:
ယာယီအပစ္ခတ္ရပ္စဲထားစဥ္ လက္နက္ကိုင္အဖြဲ႕မွ ပစ္ခတ္တိုက္ခိုက္မႈမ်ားဆက္လက္လုပ္ေဆာင္ေန
ခ်ယ္ရီ(NP News)- ဧၿပီ ၈
ယာယီအပစ္ခတ္ရပ္စဲထားေသာ္လည္း လက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ ပစ္ခတ္တိုက္ခိုက္မႈဆက္လက္လုပ္ေဆာင္ေနေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယမန္ေန႔(ဧၿပီလ ၇ရက္)က ထုတ္ျပန္ေျပာၾကားသည္။

ငလ်င္အေရးေပၚအေျခေနေၾကာင့္ ဧၿပီလ(၂)ရက္ကေန (၂၂)ရက္ေန႔အတြင္း တပ္မေတာ္အေနနဲ႔ အပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲဖို႔ ထုတ္ျပန္ခ်က္ ထုတ္ျပန္ထားေၾကာင္း သိရသည္။
“ထုတ္ျပန္ခ်က္ ထုတ္ျပန္အၿပီး ဧၿပီလ(၆)ရက္မွာ KIAအေနနဲ႔ ဗန္းေမာ္မွာရွိတဲ့ တပ္မေတာ္ဌာနခ်ဳပ္ေတြကို (၈၂)မမ စိန္ေျပာင္းနဲ႔ အေဝးကေနပစ္ခတ္မႈ ည(၁၀)နာရီခြဲခန႔္မွာ ျပဳလုပ္ခဲ့ေၾကာင္း ေတြ႕ရပါတယ္။ TNLAအဖြဲ႕အေနနဲ႔လည္း ေတာင္ခမ္းေဒသမွာ မေန႔က (၁၂)နာရီခြဲေက်ာ္ေက်ာ္ေလာက္က ထိေတြ႕မႈျဖစ္ပြားခဲ့ပါတယ္။ KNDFနဲ႔ KNPPအေနနဲ႔ ေဘာ္လခဲမွာရွိတဲ့ ေဘာ္လခဲသစ္ေတာ႐ုံးအနီးမွာ လုံၿခဳံေရးယူေနတဲ့အဖြဲ႕ကိုေရာ ပစ္ခတ္ခဲ့တဲ့ျဖစ္စဥ္ ျဖစ္သြားခဲ့ပါတယ္။ ၿပီးေတာ့ မေန႔က ဂြၿမိဳ႕မွာလုံၿခဳံေရးယူေနတဲ့ စစ္ေရယာဥ္တစ္စင္းကို အေဝးကေန ပစ္ခတ္ခဲ့ပါတယ္။ ေက်ာက္ျဖဴမွာ လုံၿခဳံေရးယူေနတဲ့စခန္းေတြကို အေဝးကေန ပစ္ခတ္ခဲ့ေၾကာင္း ေတြ႕ရပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
အလားတူ စစ္ကိုင္းတိုင္းေဒသႀကီး၊ အင္းေတာ္ၿမိဳ႕နယ္ရွိ တပ္မေတာ္လုံၿခဳံေရးစခန္းမ်ားကို KIA၊ PDF ပူးေပါင္းအဖြဲ႕က ၿပီးခဲ့သည့္ (ဧၿပီလ ၄ ရက္)က စတင္၍ လာေရာက္တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲျပင္းထန္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.