စာမေးပွဲပြန်လည်ဖြေဆိုရန် အခက်အခဲများရှိသည့်အတွက် မီးလောင်ပျက်စီးသွားသည့် အဖြေလွှာများကို အောင်မြင်ကြောင်းသတ်မှတ်ပေးသင့်

973

ယွန်း (NP News)
စာမေးပွဲပြန်လည်ဖြေဆိုရန် အခက်အခဲများရှိနေသည့်အတွက် မီးလောင်ပျက်စီးသွားသည့် အဖြေလွှာ(၄)သိန်းနီးပါးကို အောင်မြင်ကြောင်း သတ်မှတ်ပေးသင့်ကြောင်း ပညာရေးအသိုင်းအဝိုင်း ထံ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
ပြီးခဲ့သည့် မတ်လ(၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေး တက္က သိုလ်မီးလောင်ခဲ့ပြီး အဆိုပါ မီးလောင်မှုဖြစ်စဉ်အတွင်း တိုင်းနှင့်ပြည်နယ်သုံးခုမှ စာမေးပွဲအဖြေလွှာ အုပ်ရေ (၃၇၀ဝဝဝ)ကျော် မီးလောင်ပျက်စီးဆုံး ရှုံးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် အဖြေလွှာများနှင့်ပတ်သက်၍ အရည်အချင်းစစ်စာမေးပွဲကို ထပ်မံဆောင်ရွက်နိုင် ရေးမှာလည်း ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့သည့် အဆိုပါနယ်မြေအခြေအနေများအတွက် မဖြစ်နိုင်သည့်အတွက် မီးလောင်ပျက်စီးခဲ့သည့်အဖြေလွှာများကို အောင်မြင်ကြောင်းသတ်မှတ်ပေးသင့် သည်ဟု အကြုံပြုမှုများလည်း ရှိနေသည်။
“ငလျင်ကြောင့်ဖြစ်ပြီးမီးလောင်သွားတယ်။ ငလျင်ဖြစ်တဲ့အချိန်မှာ မီးလောင်တာဆိုတော့ လူ့အသက်တောင်မနည်းပြေးနေရတဲ့အချိန်မှာ အဖြေ လွှာစာအုပ်တွေကို ရွှေ့ဖို့ဆိုတာ နောက်ကျခဲ့မှာ ပေါ့။ အဲဒီတော့ မီးလောင်သွားတယ်။ ဒါကတော့ စိတ်မကောင်းစရာပေါ့။ ဖြစ်လာနိုင်တာကတော့ ကလေးတွေကိုပြန်ဖြေခိုင်းဖို့ဖြစ်ပါ့မလား။ လောလောဆယ်မှာ ပြန်ဖြေဖို့လည်း အဆင်သင့်မဖြစ်နိုင်ကြ ဘူး။ လိုအပ်ရင်တော့ အရည်အချင်းစစ်စာမေးပွဲ တစ်ခုတော့ ပြန်လုပ်နိုင်တာမျိုး ရှိကောင်းရှိလာနိုင် တယ်။ ဒါပေမဲ့ ရာခိုင်နှုန်းကတော့နည်းတာပေါ့။ နောက်တစ်ခုကတော့ အားလုံးကိုအောင်မြင်ကြောင်း သတ်မှတ်ပေး လိုက်တာမျိုးပေါ့။ အဖြေလွှာတွေစစ်ဆေးလို့မရတဲ့ အခါမျိုးမှာ အောင်မြင်ကြောင်း သတ်မှတ်ပေးရတာ မျိုးရှိခဲ့ဖူးတယ်။ အဲဒီလိုမျိုးများလုပ်နိုင်မလားပေါ့” ဟု တက္ကသိုလ်ကထိကတစ်ဦးက NP News ကို ပြောသည်။
မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိနေသည့် (၂၀၂၄-၂၀၂၅) တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၄၆၉၄၄) ဦး၏ အဖြေလွှာအုပ်ရေ (၂၈၀၉၄၀)အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၇၃၁၁)ဦး၏ အဖြေလွှာအုပ် ရေ (၄၃၈၂၇) အုပ်၊ ကချင်ပြည်နယ်မှဖြေဆိုသူဦးရေ (၈၆၉၉)ဦး၏ အဖြေလွှာအုပ်ရေ (၅၂၁၈၉)အုပ်တို့ သည် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ဂုဏ်ထူး မျှော်မှန်းထားသည့် ကျောင်းသား/ကျောင်းသူများအတွက် နစ်နာမှုများရှိနိုင်သည့်အတွက် ၎င်းတို့စိတ်ဝင်စားသည့်တက္ကသိုလ်များတွင် ဝင်ခွင့်တိုက်ရိုက်ဖြေဆိုခွင့် ကို ပေးသင့်ကြောင်း ၎င်းကဆက်လက်ပြောသည်။
“သူတို့ကိုတော့ အခွင့်အရေးတစ်ခုပေးတဲ့အနေနဲ့ တက္ကသိုလ်တွေရဲ့ဝင်ခွင့်မှာ တိုက်ရိုက် ဖြေဆို ခွင့်တော့ပေးရမှာပေါ့။ အခု ဆေးတက္ကသိုလ်ဝင်ခွင့်ကို ဖြေမယ်ဆိုရင် အမှတ်မီတဲ့သူပဲ ဖြေလို့ရတယ်။ သတ်မှတ်ချက်အမှတ် ဘယ်လောက်အထိ ရတဲ့သူပဲဝင်ခွင့်ဖြေလို့ရမယ်ဆိုပြီး သတ်မှတ်ပြီးသား။ အမှတ် မီမှ ဝင်ခွင့်ဖြေလို့ရမယ်။ အခုလိုမျိုး အဖြေလွှာ မီးလောင်သွားတဲ့ အခြေအနေပေါ်မှာတော့ ကလေးတွေ အတွက် နစ်နာသွားမှာစိုးတယ်။ အဲဒီလိုဝင်ခွင့်ကို သတ်မှတ်ချက်အမှတ် ပြောလို့မရတော့တာဖြစ်တဲ့ အတွက် ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်စသည်ဖြင့် သူတို့စိတ်ဝင်စားတာကို တက်ချင်တဲ့သူတွေကို လျှောက်လွှာလက်ခံပြီးတော့ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခွင့်ပေးလိုက်တာမျိုးလည်း လုပ်လို့ရတယ်။ ဒါဆို ရင်တော့ ကလေးတွေမနစ်နာတော့ဘူး။ အရည်အချင်းလည်းတစ်ခါတည်း စိစစ်ပြီးသား ဖြစ်သွား မယ်” ဟု အထက်ပါကထိကက ဆိုသည်။
လက်ရှိတွင် မီးလောင်ပျက်စီးသွားသည့်အဖြေလွှာများနှင့်ပတ်သက်၍ မည်သို့ဆက်လက် လုပ်ဆောင်မည်ကို ပညာရေးဝန်ကြီးဌာနအနေဖြင့် အသိပေးထုတ်ပြန်ခြင်းမျိုးမရှိသေးသော်လည်း ကျောင်းသား/ကျောင်းသူများအတွက် နစ်နာမှုမရှိစေရန် ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။
(၂၀၂၄-၂၀၂၅) ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်း စာစစ်ဌာနပေါင်း (၈၁၇) ခုဖွင့်လှစ်ကာ မတ်လ(၁၇)ရက်မှ (၂၂)ရက် အထိစစ်ဆေးခဲ့ရာတွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသူ ကျောင်းသူ၊ ကျောင်းသား (၂)သိန်းကျော် လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။ သို့သော် PDF များ အပါအဝင် လက်နက်ကိုင်များကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခက်အခဲကြုံခဲ့ရသည့် ဒေသများလည်းရှိခဲ့ပြီး လုံးဝမဖြေလိုက်ရသူများလည်းရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
စာေမးပြဲျပန္လည္ေျဖဆိုရန္ အခက္အခဲမ်ားရွိသည့္အတြက္ မီးေလာင္ပ်က္စီးသြားသည့္ အေျဖလႊာမ်ားကို ေအာင္ျမင္ေၾကာင္းသတ္မွတ္ေပးသင့္
ယြန္း (NP News)
စာေမးပြဲျပန္လည္ေျဖဆိုရန္ အခက္အခဲမ်ားရွိေနသည့္အတြက္ မီးေလာင္ပ်က္စီးသြားသည့္ အေျဖလႊာ(၄)သိန္းနီးပါးကို ေအာင္ျမင္ေၾကာင္း သတ္မွတ္ေပးသင့္ေၾကာင္း ပညာေရးအသိုင္းအဝိုင္း ထံ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ မတ္လ(၂၈)ရက္တြင္ လႈပ္ခတ္ခဲ့သည့္ အင္အားျပင္းငလ်င္ေၾကာင့္ မႏၲေလး တကၠ သိုလ္မီးေလာင္ခဲ့ၿပီး အဆိုပါ မီးေလာင္မႈျဖစ္စဥ္အတြင္း တိုင္းႏွင့္ျပည္နယ္သုံးခုမွ စာေမးပြဲအေျဖလႊာ အုပ္ေရ (၃၇၀ဝဝဝ)ေက်ာ္ မီးေလာင္ပ်က္စီးဆုံး ရႈံးခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။
လက္ရွိတြင္ အေျဖလႊာမ်ားႏွင့္ပတ္သက္၍ အရည္အခ်င္းစစ္စာေမးပြဲကို ထပ္မံေဆာင္႐ြက္ႏိုင္ ေရးမွာလည္း ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ားခဲ့သည့္ အဆိုပါနယ္ေျမအေျခအေနမ်ားအတြက္ မျဖစ္ႏိုင္သည့္အတြက္ မီးေလာင္ပ်က္စီးခဲ့သည့္အေျဖလႊာမ်ားကို ေအာင္ျမင္ေၾကာင္းသတ္မွတ္ေပးသင့္ သည္ဟု အႀကဳံျပဳမႈမ်ားလည္း ရွိေနသည္။
“ငလ်င္ေၾကာင့္ျဖစ္ၿပီးမီးေလာင္သြားတယ္။ ငလ်င္ျဖစ္တဲ့အခ်ိန္မွာ မီးေလာင္တာဆိုေတာ့ လူ႔အသက္ေတာင္မနည္းေျပးေနရတဲ့အခ်ိန္မွာ အေျဖ လႊာစာအုပ္ေတြကို ေ႐ႊ႕ဖို႔ဆိုတာ ေနာက္က်ခဲ့မွာ ေပါ့။ အဲဒီေတာ့ မီးေလာင္သြားတယ္။ ဒါကေတာ့ စိတ္မေကာင္းစရာေပါ့။ ျဖစ္လာႏိုင္တာကေတာ့ ကေလးေတြကိုျပန္ေျဖခိုင္းဖို႔ျဖစ္ပါ့မလား။ ေလာေလာဆယ္မွာ ျပန္ေျဖဖို႔လည္း အဆင္သင့္မျဖစ္ႏိုင္ၾက ဘူး။ လိုအပ္ရင္ေတာ့ အရည္အခ်င္းစစ္စာေမးပြဲ တစ္ခုေတာ့ ျပန္လုပ္ႏိုင္တာမ်ိဳး ရွိေကာင္းရွိလာႏိုင္ တယ္။ ဒါေပမဲ့ ရာခိုင္ႏႈန္းကေတာ့နည္းတာေပါ့။ ေနာက္တစ္ခုကေတာ့ အားလုံးကိုေအာင္ျမင္ေၾကာင္း သတ္မွတ္ေပး လိုက္တာမ်ိဳးေပါ့။ အေျဖလႊာေတြစစ္ေဆးလို႔မရတဲ့ အခါမ်ိဳးမွာ ေအာင္ျမင္ေၾကာင္း သတ္မွတ္ေပးရတာ မ်ိဳးရွိခဲ့ဖူးတယ္။ အဲဒီလိုမ်ိဳးမ်ားလုပ္ႏိုင္မလားေပါ့” ဟု တကၠသိုလ္ကထိကတစ္ဦးက NP News ကို ေျပာသည္။
မီးေလာင္မႈေၾကာင့္ မႏၲေလးတကၠသိုလ္ ပင္မေဆာင္သို႔ ေရာက္ရွိေနသည့္ (၂၀၂၄-၂၀၂၅) တကၠသိုလ္ဝင္စာေမးပြဲအေျဖလႊာမ်ားျဖစ္သည့္ မႏၲေလးတိုင္းေဒသႀကီးမွ ေျဖဆိုသူဦးေရ (၄၆၉၄၄) ဦး၏ အေျဖလႊာအုပ္ေရ (၂၈၀၉၄၀)အုပ္၊ စစ္ကိုင္းတိုင္းေဒသႀကီးမွ ေျဖဆိုသူဦးေရ (၇၃၁၁)ဦး၏ အေျဖလႊာအုပ္ ေရ (၄၃၈၂၇) အုပ္၊ ကခ်င္ျပည္နယ္မွေျဖဆိုသူဦးေရ (၈၆၉၉)ဦး၏ အေျဖလႊာအုပ္ေရ (၅၂၁၈၉)အုပ္တို႔ သည္ မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။
အဆိုပါမီးေလာင္မႈေၾကာင့္ ဂုဏ္ထူး ေမွ်ာ္မွန္းထားသည့္ ေက်ာင္းသား/ေက်ာင္းသူမ်ားအတြက္ နစ္နာမႈမ်ားရွိႏိုင္သည့္အတြက္ ၎တို႔စိတ္ဝင္စားသည့္တကၠသိုလ္မ်ားတြင္ ဝင္ခြင့္တိုက္႐ိုက္ေျဖဆိုခြင့္ ကို ေပးသင့္ေၾကာင္း ၎ကဆက္လက္ေျပာသည္။
“သူတို႔ကိုေတာ့ အခြင့္အေရးတစ္ခုေပးတဲ့အေနနဲ႔ တကၠသိုလ္ေတြရဲ႕ဝင္ခြင့္မွာ တိုက္႐ိုက္ ေျဖဆို ခြင့္ေတာ့ေပးရမွာေပါ့။ အခု ေဆးတကၠသိုလ္ဝင္ခြင့္ကို ေျဖမယ္ဆိုရင္ အမွတ္မီတဲ့သူပဲ ေျဖလို႔ရတယ္။ သတ္မွတ္ခ်က္အမွတ္ ဘယ္ေလာက္အထိ ရတဲ့သူပဲဝင္ခြင့္ေျဖလို႔ရမယ္ဆိုၿပီး သတ္မွတ္ၿပီးသား။ အမွတ္ မီမွ ဝင္ခြင့္ေျဖလို႔ရမယ္။ အခုလိုမ်ိဳး အေျဖလႊာ မီးေလာင္သြားတဲ့ အေျခအေနေပၚမွာေတာ့ ကေလးေတြ အတြက္ နစ္နာသြားမွာစိုးတယ္။ အဲဒီလိုဝင္ခြင့္ကို သတ္မွတ္ခ်က္အမွတ္ ေျပာလို႔မရေတာ့တာျဖစ္တဲ့ အတြက္ ေဆးတကၠသိုလ္၊ စက္မႈတကၠသိုလ္စသည္ျဖင့္ သူတို႔စိတ္ဝင္စားတာကို တက္ခ်င္တဲ့သူေတြကို ေလွ်ာက္လႊာလက္ခံၿပီးေတာ့ ဝင္ခြင့္စာေမးပြဲကို ေျဖဆိုခြင့္ေပးလိုက္တာမ်ိဳးလည္း လုပ္လို႔ရတယ္။ ဒါဆို ရင္ေတာ့ ကေလးေတြမနစ္နာေတာ့ဘူး။ အရည္အခ်င္းလည္းတစ္ခါတည္း စိစစ္ၿပီးသား ျဖစ္သြား မယ္” ဟု အထက္ပါကထိကက ဆိုသည္။
လက္ရွိတြင္ မီးေလာင္ပ်က္စီးသြားသည့္အေျဖလႊာမ်ားႏွင့္ပတ္သက္၍ မည္သို႔ဆက္လက္ လုပ္ေဆာင္မည္ကို ပညာေရးဝန္ႀကီးဌာနအေနျဖင့္ အသိေပးထုတ္ျပန္ျခင္းမ်ိဳးမရွိေသးေသာ္လည္း ေက်ာင္းသား/ေက်ာင္းသူမ်ားအတြက္ နစ္နာမႈမရွိေစရန္ ေဆာင္႐ြက္သြားမည္ဟု ယုံၾကည္ေၾကာင္း ပညာေရးအသိုင္းအဝိုင္းထံမွ သိရသည္။
(၂၀၂၄-၂၀၂၅) ပညာသင္ႏွစ္ တကၠသိုလ္ ဝင္စာေမးပြဲကို ႏိုင္ငံတစ္ဝန္း စာစစ္ဌာနေပါင္း (၈၁၇) ခုဖြင့္လွစ္ကာ မတ္လ(၁၇)ရက္မွ (၂၂)ရက္ အထိစစ္ေဆးခဲ့ရာတြင္ စာေမးပြဲေျဖဆိုရန္ စာရင္းေပးသူ ေက်ာင္းသူ၊ ေက်ာင္းသား (၂)သိန္းေက်ာ္ လာေရာက္ေျဖဆိုခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ PDF မ်ား အပါအဝင္ လက္နက္ကိုင္မ်ားေၾကာင့္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုရန္ အခက္အခဲႀကဳံခဲ့ရသည့္ ေဒသမ်ားလည္းရွိခဲ့ၿပီး လုံးဝမေျဖလိုက္ရသူမ်ားလည္းရွိခဲ့ေၾကာင္း သိရသည္။