ရွှေလုပ်ငန်းလိုင်စင် (၄၀ဝ)‌ နီးပါးကို ခွင့်ပြုထားပြီး လက်ရှိတွင် လျှပ်စစ်မီး အခက်အခဲကြောင့် လုပ်ငန်းများကို ရပ်နားထား

 267

ယွန်း( NP News ) ဧပြီ-၈
ရွှေလုပ်ငန်းလိုင်စင်(၄၀ဝ)နီးပါးကို ခွင့်ပြုထားပြီး လက်ရှိတွင် လျှပ်စစ်မီးအခက်အခဲကြောင့် လုပ်ငန်းများကို ရပ်နားထားရကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၈)ရက်မှစ၍ မတ်လပထမပတ်အတွင်း ရွှေလုပ်ငန်းလိုင်စင်(၁၃၆) စောင်ကိုခွင့်ပြုခဲ့ပြီး အဆိုပါလျှောက်လွှာများကို ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်တွင်ပါရှိသည့် အတိုင်း စိစစ်ပြီး လိုင်စင် ပြန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့လိုင် စင်များပြန်ထုတ်ပေးရာတွင် လိုင်စင် (၄၀ဝ)နီးပါးကို ပြန်လည်ချပေးပြီးဖြစ်သော်လည်း ပြီးခဲ့သည့် မတ်လ (၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင် ကြောင့် လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ခဲ့ပြီး အခက်အခဲအချို့ကြောင့် လုပ်ငန်းများရပ်နားလျက်ရှိ ကြောင်း သိရသည်။
“(၁၃၆)စောင်ခွင့်ပြုပြီးတဲ့နောက်မှာ ထပ်ပြီး(၂၄၈)စောင်လိုင်စင်ချထားပြီးပါပြီ။ အခုက ငလျင်လှုပ်ပြီးတည်းက မီးလည်းမလာတော့ ရပ်ထားရတယ်။ စုစုပေါင်းက (၃၈၄)စောင်ခွင့်ပြုထားတာပေါ့။ ငလျင် မလှုပ်ခင်အထိပေါ့။ အခု နဃ ကထပ်တင်ထားတာ တွေရှိတယ်။ (၅၀ဝ)‌ကျော်၊ (၆၀ဝ)ကျော်လောက်ရှိတယ်။ အခုကတော့ မီးလည်းမလာ တာတွေဖြစ် နေတယ်။ ပြီးခဲ့တဲ့ ဝန်ကြီးရုံးတင်ထားတာတွေပေါ့။ အဲဒါတွေကတော့ သင်္ကြန်မတိုင်ခင်ဖြစ်လာမယ်ထင်တယ်။ လက်ရှိကတော့ အခက်အခဲလေးတွေရှိတယ်။ လိုင် စင်လာထုတ်ဖို့ကလည်း လမ်းခရီးကအဆင်မပြေ သေးဘူးလေ”ဟု အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထို့ပြင် ပြန်လည်ထုတ်ပေးသည့် လိုင်စင် အရေအတွက်မှာ နည်းနေသေးသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိ သူများအနေဖြင့် လိုင်စင်ပြန်ထုတ် ပေးသည့်လျှောက်လွှာအရေအတွက်အပါအဝင် လိုအပ်ချက်များကြောင့် ထုတ်ပေး ခြင်းမရှိသည့်လိုင်စင် အရေအတွက် စသည်တို့ကို ပွင့်လင်းစွာထုတ်ပြန်ပေး သင့်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
ပြီးခဲ့သည့် နိုဝင်ဘာ(၁၈)ရက်မှစ၍ ရွှေလုပ်ငန်း လိုင်စင်လျှောက်ထားရန်အတွက် သတ်မှတ် ကာလ(၃)လပေး ခဲ့ရာ ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၇)ရက်တွင် အဆိုပါသတ်မှတ်ကာလမှာ ပြည့်မြောက်ခဲ့ ပြီးဖြစ်သည်။ အဆိုပါ ကာလ အတွင်း ပုံစံ(၁)အတွက် လျှောက်ထားမှု(၂၀၈)စောင်နှင့် ပုံစံ(၂)အတွက် လျှောက်ထားမှု(၄၅၅၀)စောင် စုစုပေါင်း လျှောက်လွှာ (၄၇၅၈)စောင် လျှောက်ထားမှုရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:

ေ႐ႊလုပ္ငန္းလိုင္စင္ (၄၀ဝ)‌ နီးပါးကို ခြင့္ျပဳထားၿပီး လက္ရွိတြင္ လွ်ပ္စစ္မီး အခက္အခဲေၾကာင့္ လုပ္ငန္းမ်ားကို ရပ္နားထား

ေ႐ႊလုပ္ငန္းလိုင္စင္(၄၀ဝ)နီးပါးကို ခြင့္ျပဳထားၿပီး လက္ရွိတြင္ လွ်ပ္စစ္မီးအခက္အခဲေၾကာင့္ လုပ္ငန္းမ်ားကို ရပ္နားထားရေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ အမွတ္(၂)သတၱဳတြင္းလုပ္ငန္း ထံမွ သိရသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ(၁၈)ရက္မွစ၍ မတ္လပထမပတ္အတြင္း ေ႐ႊလုပ္ငန္းလိုင္စင္(၁၃၆) ေစာင္ကိုခြင့္ျပဳခဲ့ၿပီး အဆိုပါေလွ်ာက္လႊာမ်ားကို ဓာတ္သတၱဳ(ေ႐ႊ)ေရာင္းဝယ္ျခင္းဝန္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္ခြင့္အမိန႔္တြင္ပါရွိသည့္ အတိုင္း စိစစ္ၿပီး လိုင္စင္ ျပန္ထုတ္ေပးလ်က္ရွိေၾကာင္း သိရသည္။ ထိုသို႔လိုင္ စင္မ်ားျပန္ထုတ္ေပးရာတြင္ လိုင္စင္ (၄၀ဝ)နီးပါးကို ျပန္လည္ခ်ေပးၿပီးျဖစ္ေသာ္လည္း ၿပီးခဲ့သည့္ မတ္လ (၂၈)ရက္တြင္ လႈပ္ခတ္ခဲ့သည့္ အင္အားျပင္းငလ်င္ ေၾကာင့္ လွ်ပ္စစ္မီးျပတ္ေတာက္မႈမ်ားျဖစ္ခဲ့ၿပီး အခက္အခဲအခ်ိဳ႕ေၾကာင့္ လုပ္ငန္းမ်ားရပ္နားလ်က္ရွိ ေၾကာင္း သိရသည္။
“(၁၃၆)ေစာင္ခြင့္ျပဳၿပီးတဲ့ေနာက္မွာ ထပ္ၿပီး(၂၄၈)ေစာင္လိုင္စင္ခ်ထားၿပီးပါၿပီ။ အခုက ငလ်င္လႈပ္ၿပီးတည္းက မီးလည္းမလာေတာ့ ရပ္ထားရတယ္။ စုစုေပါင္းက (၃၈၄)ေစာင္ခြင့္ျပဳထားတာေပါ့။ ငလ်င္ မလႈပ္ခင္အထိေပါ့။ အခု နဃ ကထပ္တင္ထားတာ ေတြရွိတယ္။ (၅၀ဝ)‌ေက်ာ္၊ (၆၀ဝ)ေက်ာ္ေလာက္ရွိတယ္။ အခုကေတာ့ မီးလည္းမလာ တာေတြျဖစ္ ေနတယ္။ ၿပီးခဲ့တဲ့ ဝန္ႀကီး႐ုံးတင္ထားတာေတြေပါ့။ အဲဒါေတြကေတာ့ သၾကၤန္မတိုင္ခင္ျဖစ္လာမယ္ထင္တယ္။ လက္ရွိကေတာ့ အခက္အခဲေလးေတြရွိတယ္။ လိုင္ စင္လာထုတ္ဖို႔ကလည္း လမ္းခရီးကအဆင္မေျပ ေသးဘူးေလ”ဟု အမွတ္(၂)သတၱဳတြင္းလုပ္ငန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ထို႔ျပင္ ျပန္လည္ထုတ္ေပးသည့္ လိုင္စင္ အေရအတြက္မွာ နည္းေနေသးသည့္အတြက္ သက္ဆိုင္ရာတာဝန္ရွိ သူမ်ားအေနျဖင့္ လိုင္စင္ျပန္ထုတ္ ေပးသည့္ေလွ်ာက္လႊာအေရအတြက္အပါအဝင္ လိုအပ္ခ်က္မ်ားေၾကာင့္ ထုတ္ေပး ျခင္းမရွိသည့္လိုင္စင္ အေရအတြက္ စသည္တို႔ကို ပြင့္လင္းစြာထုတ္ျပန္ေပး သင့္ေၾကာင္း ေျပာဆိုမႈမ်ားလည္း ရွိေနသည္။
ၿပီးခဲ့သည့္ ႏိုဝင္ဘာ(၁၈)ရက္မွစ၍ ေ႐ႊလုပ္ငန္း လိုင္စင္ေလွ်ာက္ထားရန္အတြက္ သတ္မွတ္ ကာလ(၃)လေပး ခဲ့ရာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ(၁၇)ရက္တြင္ အဆိုပါသတ္မွတ္ကာလမွာ ျပည့္ေျမာက္ခဲ့ ၿပီးျဖစ္သည္။ အဆိုပါ ကာလ အတြင္း ပုံစံ(၁)အတြက္ ေလွ်ာက္ထားမႈ(၂၀၈)ေစာင္ႏွင့္ ပုံစံ(၂)အတြက္ ေလွ်ာက္ထားမႈ(၄၅၅၀)ေစာင္ စုစုေပါင္း ေလွ်ာက္လႊာ (၄၇၅၈)ေစာင္ ေလွ်ာက္ထားမႈရွိခဲ့ေၾကာင္း သိရသည္။
ယြန္း

Related news

© 2021. All rights reserved.