မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးခဲ့သည့် လွှတ်တော်ကို (၆)လအတွင်း အပြီးပြန်လည်ပြင်ဆင်မည်

 2883

ယွန်း(NP News) ဧပြီ-၈
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေပြည်တော်ရှိ လွှတ်တော်ကို (၆)လအတွင်း ပြန်လည် ပြင်ဆင်မည်ဖြစ် ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းအသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။ပြီးခဲ့သည့် မတ်လ(၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား(၇ ဒသမ ၇)ရှိသည့် အင်အားပြင်းငလျင် ကြောင့် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ များလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် က ဧပြီလ(၁)ရက်တွင် သွားရောက်ကြည့် ရှုခဲ့ပြီး လွှတ်တော်အဆောက်အအုံများကို စနစ်တကျ ဖြင့် ပြန်လည်ပြုပြင် တည်ဆောက်သွားရန် မှာကြားထားသည်။ ပြုပြင်မှုများဆောင်ရွက်ရာတွင် အဆင့် အလိုက်စနစ်တကျဖြင့် ဆောင်ရွက် သွားရန်နှင့် ရေရှည်တည်တံ့ခိုင်မာရေးကိုလည်း ဆောင်ရွက်ရန် နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
လက်ရှိတွင် အဆိုပါလွှတ်တော်အဆောက် အအုံများကို (၆)လအတွင်း ပြန်လည်ပြင်ဆင်ရန် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုကို အပ်နှံထားကြောင်း သိရသည်။ “သိရသလောက်ကတော့ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကို (၆)လ အတွင်း ပြန်ပြီးတော့ ထိခိုက်တာတွေကို ပြုပြင်ဖို့အတွက် အပ်နှံထားတယ်လို့သိရပါတယ်။ အပျက်အစီး ပမာဏကို စစ်ဆေးပြီးတော့ ပြန်ပြီးပြင်ဆင်တဲ့လုပ်ငန်းတွေ လုပ်ရမှာပေါ့” ဟု သိရှိသူသတင်းရင်းမြစ်တစ်ဦးက NP News ထံပြော သည်။
လက်ရှိတွင် ဝန်ထမ်းများအနေဖြင့် နေရေး ထိုင်ရေးအခက်အခဲများရှိနေပြီး ရုံးတက်ရန်လည်း အဆင်မပြေသည့် အတွက် အချို့ဝန်ထမ်းများအနေ ဖြင့် ၎င်းတို့၏ဒေသများသို့ ပြန်သူများလည်းရှိနေ ကြောင်း သိရသည်။
“လွှတ်တော်ကြီးကို (၆)လအတွင်းအပြီး ဆောက်မယ်လို့တော့ လူကြီးတွေက ပြောနေကြတယ်။ ဒါကြီးကို (၆)လအတွင်း ပြီးဖို့ကဖြစ်နိုင်ပါ့မ လားတော့ မသိဘူး။ ခုဆိုဝန်ထမ်းအိမ်ရာတွေရဲ့ ကြံ့ခိုင်မှုကို စစ်ကြည့်လိုက်တော့ လည်း အလွန်ဆုံးရှိမှ တိုက်(၃)ခုလောက်ပဲ အကောင်းအတိုင်းရှိတယ်လို့ သိရတယ်။ အဲ့ဒါတွေကလည်း လူကြီးတိုက်တွေ ချည်းပဲ။ ခုဆို အိမ်ထောင်သည်တိုက်ခန်းတွေလည်း ကွဲတာအက်တာ၊ ခိုင်ခံ့မှုမရှိတော့တာကြောင့် အပျိုဆောင်၊ လူပျိုဆောင်တွေမှာ ပြောင်းနေနေရတယ်လို့ သိရတယ်။ ခုချိန်မှာတော့ နေရေးထိုင်ရေးက အတော်အခက်တွေ့ နေတယ် လို့ သိရတယ်။ ပြီးတော့ ရုံးတက်ဖို့ကလည်း ရုံးကြီးကပျက်စီးနေတော့ အဆင်မပြေဘူးလေ။ ဒါကြောင့် တချို့ ဝန်ထမ်းတွေဆို အိမ် ပြန်ကုန်ကြတာရှိတယ်။ သင်္ကြန်ပိတ်ရက်ကလည်း နီး ပြီကိုး။ သင်္ကြန်ပြီးရင်တော့ ဘယ်လိုလာမယ် မသိဘူး။ ခုတော့ ဝန်ထမ်းတွေလည်း အဆင်ပြေရာပြေကြောင်း အိမ်ပြန်သူကပြန်၊ ပြန်လို့မရတဲ့သူတွေက တော့ ဝန်ထမ်း အိမ်ရာမှာ အဆင်ပြေသလို နေနေရ တာပေါ့”ဟု လွှတ်တော်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပြည်သူ့လွှတ် တော်အဆောက်အအုံအပါအဝင် ပြည်ထောင်စု လွှတ်တော် အဆောက်အအုံ၊ အမှတ်(၁)ဂိတ်အဝင် တံတားနှင့် မုခ်ဦး၊ အမျိုးသားလွှတ်တော် အဆောက်အအုံတို့ ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

Zawgyi Version:
ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးခဲ့သည့္ လႊတ္ေတာ္ကို (၆)လအတြင္း
အၿပီးျပန္လည္ျပင္ဆင္မည္
ယြန္း(NP News) ဧၿပီ-၈
ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးခဲ့သည့္ ေနျပည္ေတာ္ရွိ လႊတ္ေတာ္ကို (၆)လအတြင္း ျပန္လည္ ျပင္ဆင္မည္ျဖစ္ ေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းအသိုင္းအဝိုင္းႏွင့္နီးစပ္သူတစ္ဦးထံမွ သိရသည္။ၿပီးခဲ့သည့္ မတ္လ(၂၈)ရက္တြင္ လႈပ္ခတ္ခဲ့သည့္ ျပင္းအား(၇ ဒသမ ၇)ရွိသည့္ အင္အားျပင္းငလ်င္ ေၾကာင့္ ေနျပည္ေတာ္ရွိ လႊတ္ေတာ္အေဆာက္ အအုံ မ်ားလည္း ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သည္။
ထို႔ေၾကာင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္ က ဧၿပီလ(၁)ရက္တြင္ သြားေရာက္ၾကည့္ ရႈခဲ့ၿပီး လႊတ္ေတာ္အေဆာက္အအုံမ်ားကို စနစ္တက် ျဖင့္ ျပန္လည္ျပဳျပင္ တည္ေဆာက္သြားရန္ မွာၾကားထားသည္။ ျပဳျပင္မႈမ်ားေဆာင္႐ြက္ရာတြင္ အဆင့္ အလိုက္စနစ္တက်ျဖင့္ ေဆာင္႐ြက္ သြားရန္ႏွင့္ ေရရွည္တည္တံ့ခိုင္မာေရးကိုလည္း ေဆာင္႐ြက္ရန္ နစကဥကၠ႒က အသိေပးေျပာၾကားထားသည္။
လက္ရွိတြင္ အဆိုပါလႊတ္ေတာ္အေဆာက္ အအုံမ်ားကို (၆)လအတြင္း ျပန္လည္ျပင္ဆင္ရန္ ေဆာက္လုပ္ေရး လုပ္ငန္းတစ္ခုကို အပ္ႏွံထားေၾကာင္း သိရသည္။ “သိရသေလာက္ကေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းတစ္ခုကို (၆)လ အတြင္း ျပန္ၿပီးေတာ့ ထိခိုက္တာေတြကို ျပဳျပင္ဖို႔အတြက္ အပ္ႏွံထားတယ္လို႔သိရပါတယ္။ အပ်က္အစီး ပမာ ဏကို စစ္ေဆးၿပီးေတာ့ ျပန္ၿပီးျပင္ဆင္တဲ့လုပ္ငန္းေတြ လုပ္ရမွာေပါ့” ဟု သိရွိသူသတင္းရင္းျမစ္တစ္ဦးက NP News ထံေျပာ သည္။
လက္ရွိတြင္ ဝန္ထမ္းမ်ားအေနျဖင့္ ေနေရး ထိုင္ေရးအခက္အခဲမ်ားရွိေနၿပီး ႐ုံးတက္ရန္လည္း အဆင္မေျပသည့္ အတြက္ အခ်ိဳ႕ဝန္ထမ္းမ်ားအေန ျဖင့္ ၎တို႔၏ေဒသမ်ားသို႔ ျပန္သူမ်ားလည္းရွိေန ေၾကာင္း သိရသည္။
“လႊတ္ေတာ္ႀကီးကို (၆)လအတြင္းအၿပီး ေဆာက္မယ္လို႔ေတာ့ လူႀကီးေတြက ေျပာေနၾကတယ္။ ဒါႀကီးကို (၆)လအတြင္း ၿပီးဖို႔ကျဖစ္ႏိုင္ပါ့မ လားေတာ့ မသိဘူး။ ခုဆိုဝန္ထမ္းအိမ္ရာေတြရဲ႕ ႀကံ့ခိုင္မႈကို စစ္ၾကည့္လိုက္ေတာ့ လည္း အလြန္ဆုံးရွိမွ တိုက္(၃)ခုေလာက္ပဲ အေကာင္းအတိုင္းရွိတယ္လို႔ သိရတယ္။ အဲ့ဒါေတြကလည္း လူႀကီးတိုက္ေတြ ခ်ည္းပဲ။ ခုဆို အိမ္ေထာင္သည္တိုက္ခန္းေတြလည္း ကြဲတာအက္တာ၊ ခိုင္ခံ့မႈမရွိေတာ့တာေၾကာင့္ အပ်ိဳေဆာင္၊ လူပ်ိဳေဆာင္ေတြမွာ ေျပာင္းေနေနရတယ္လို႔ သိရတယ္။ ခုခ်ိန္မွာေတာ့ ေနေရးထိုင္ေရးက အေတာ္အခက္ေတြ႕ ေနတယ္ လို႔ သိရတယ္။ ၿပီးေတာ့ ႐ုံးတက္ဖို႔ကလည္း ႐ုံးႀကီးကပ်က္စီးေနေတာ့ အဆင္မေျပဘူးေလ။ ဒါေၾကာင့္ တခ်ိဳ႕ ဝန္ထမ္းေတြဆို အိမ္ ျပန္ကုန္ၾကတာရွိတယ္။ သၾကၤန္ပိတ္ရက္ကလည္း နီး ၿပီကိုး။ သၾကၤန္ၿပီးရင္ေတာ့ ဘယ္လိုလာမယ္ မသိဘူး။ ခုေတာ့ ဝန္ထမ္းေတြလည္း အဆင္ေျပရာေျပေၾကာင္း အိမ္ျပန္သူကျပန္၊ ျပန္လို႔မရတဲ့သူေတြက ေတာ့ ဝန္ထမ္း အိမ္ရာမွာ အဆင္ေျပသလို ေနေနရ တာေပါ့”ဟု လႊတ္ေတာ္ႏွင့္ နီးစပ္သူတစ္ဦးက ဆိုသည္။
အင္အားျပင္းငလ်င္ေၾကာင့္ ျပည္သူ႔လႊတ္ ေတာ္အေဆာက္အအုံအပါအဝင္ ျပည္ေထာင္စု လႊတ္ေတာ္ အေဆာက္အအုံ၊ အမွတ္(၁)ဂိတ္အဝင္ တံတားႏွင့္ မုခ္ဦး၊ အမ်ိဳးသားလႊတ္ေတာ္ အေဆာက္အအုံတို႔ ထိခိုက္ပ်က္စီးခဲ့ ေၾကာင္း သိရသည္။

Picture

Aung Aung

09/04/2025 15:35

ဟုတ်မှလဲ လုပ်ကြ 💤

Related news

© 2021. All rights reserved.