ယူကရိန်းက နယ်မြေတွေကို စွန့်လွှတ်သင့်တယ်လို့ အမေရိကန်လွှတ်တော်အမတ်တစ်ဦးပြော

389

Pika
ယူကရိန်းနိုင်ငံဟာ နိုင်ငံတစ်နိုင်ငံအဖြစ် ရှင်သန်လိုတယ်ဆိုရင် ယူကရိန်းသမ္မတဇီလန်စကီးကို ရာထူးကနေနှုတ်ထွက်ဖို့ တောင်းဆိုပြီး ရုရှားလက်အောက်ခံဖြစ်သွားတဲ့နယ်မြေတွေကို လက်ခံရမယ်လို့ ယူကရိန်းနွယ်ဖွားအမေရိကန်လွှတ်တော်အမတ် ဗစ်တိုးရီးယားစပါ့ဇ်ကပြောကြားခဲ့ပါတယ်။လက်ရှိအချိန်မှာ ယူကရိန်းဟာ ၎င်းတို့ပိုင်ဆိုင်တယ်လို့ ပြောဆိုထားတဲ့နယ်မြေတွေအပေါ် ထိန်းချုပ်မှုကို တောင်းဆိုတာတွေအပါအဝင် တောင်းဆိုမှုအများအပြားကို လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ဗစ်တိုးရီးယားစပါ့ဇ်ကပြောကြားခဲ့ပါတယ်။၎င်းက”ယူကရိန်းဟာ ၎င်းတို့ပိုင်ဆိုင်တယ်လို့ ပြောဆိုထားတဲ့ နယ်မြေတွေကို ထိန်းချုပ်ဖို့ တောင်းဆိုရမယ့် အနေအထားမှာမရှိဘူးလို့ ကျွန်မထင်ပါတယ်။သူတို့ကစစ်ပွဲကို အနိုင်ရရှိခဲ့မယ်ဆိုရင် ကွဲပြားခြားနားမှုတွေတော့ ရှိလာပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။တစ်ချိန်က ယူကရိန်းအတွက် အမေရိကန်ရဲ့စစ်ရေးအကူအညီတွေကို ထောက်ခံပေးခဲ့ဖူးတဲ့ ဗစ်တိုးရီးယားစပါ့ဇ်ဟာ လက်ရှိအချိန်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ငြိမ်းချမ်းရေးအားထုတ်မှုတွေကို ထောက်ခံနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။၎င်းက”ဒေါ်နယ်ထရမ့်က ယူကရိန်းပဋိပက္ခကို အမြန်ဆုံးဖြေရှင်းဖို့ ကတိပြုထားပြီး ငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်မှုတွေကို လုပ်ဆောင်နေပါတယ်။ဒါပေမယ့် လွယ်ကူတဲ့ဖြေရှင်းနည်းတွေတော့ ရှိမှာမဟုတ်ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းက နယ္ေျမေတြကို စြန႔္လႊတ္သင့္တယ္လို႔ အေမရိကန္လႊတ္ေတာ္အမတ္တစ္ဦးေျပာ
Pika
ယူကရိန္းႏိုင္ငံဟာ ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ရွင္သန္လိုတယ္ဆိုရင္ ယူကရိန္းသမၼတဇီလန္စကီးကို ရာထူးကေနႏႈတ္ထြက္ဖို႔ ေတာင္းဆိုၿပီး ႐ုရွားလက္ေအာက္ခံျဖစ္သြားတဲ့နယ္ေျမေတြကို လက္ခံရမယ္လို႔ ယူကရိန္းႏြယ္ဖြားအေမရိကန္လႊတ္ေတာ္အမတ္ ဗစ္တိုးရီးယားစပါ့ဇ္ကေျပာၾကားခဲ့ပါတယ္။လက္ရွိအခ်ိန္မွာ ယူကရိန္းဟာ ၎တို႔ပိုင္ဆိုင္တယ္လို႔ ေျပာဆိုထားတဲ့နယ္ေျမေတြအေပၚ ထိန္းခ်ဳပ္မႈကို ေတာင္းဆိုတာေတြအပါအဝင္ ေတာင္းဆိုမႈအမ်ားအျပားကို လုပ္ေဆာင္ႏိုင္မွာ မဟုတ္ဘူးလို႔ ဗစ္တိုးရီးယားစပါ့ဇ္ကေျပာၾကားခဲ့ပါတယ္။၎က”ယူကရိန္းဟာ ၎တို႔ပိုင္ဆိုင္တယ္လို႔ ေျပာဆိုထားတဲ့ နယ္ေျမေတြကို ထိန္းခ်ဳပ္ဖို႔ ေတာင္းဆိုရမယ့္ အေနအထားမွာမရွိဘူးလို႔ ကြၽန္မထင္ပါတယ္။သူတို႔ကစစ္ပြဲကို အႏိုင္ရရွိခဲ့မယ္ဆိုရင္ ကြဲျပားျခားနားမႈေတြေတာ့ ရွိလာပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။တစ္ခ်ိန္က ယူကရိန္းအတြက္ အေမရိကန္ရဲ႕စစ္ေရးအကူအညီေတြကို ေထာက္ခံေပးခဲ့ဖူးတဲ့ ဗစ္တိုးရီးယားစပါ့ဇ္ဟာ လက္ရွိအခ်ိန္မွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ ၿငိမ္းခ်မ္းေရးအားထုတ္မႈေတြကို ေထာက္ခံေနၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။၎က”ေဒၚနယ္ထရမ့္က ယူကရိန္းပဋိပကၡကို အျမန္ဆုံးေျဖရွင္းဖို႔ ကတိျပဳထားၿပီး ၿငိမ္းခ်မ္းေရးႀကိဳးပမ္းအားထုတ္မႈေတြကို လုပ္ေဆာင္ေနပါတယ္။ဒါေပမယ့္ လြယ္ကူတဲ့ေျဖရွင္းနည္းေတြေတာ့ ရွိမွာမဟုတ္ပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။