ဓါးစာခံလွှတ်ပေးရေး သဘောတူညီချက်အသစ်အတွက် လုပ်ဆောင်နေတယ်လို့ ဒေါ်နယ်ထရမ့်နဲ့နေတန်ရာဟုတို့ပြော

154

Pika
ဂါဇာကမ်းမြောင်ဒေသမှာ ဟားမက်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဓါးစာခံတွေ ထပ်မံလွတ်မြောက်လာစေဖို့ ရည်ရွယ်တဲ့ စေ့စပ်ညှိနှိုင်းမှုအသစ်တွေကို လုပ်ဆောင်နေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုတို့က ပြောကြားခဲ့ပါတယ်။နေတန်ရာဟုက”အောင်မြင်မယ်လို့ မျှော်လင့်ထားတဲ့ နောက်ထပ်သဘောတူညီချက်တစ်ခုအတွက် ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ပြီးတော့ ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေအားလုံး ပြန်လည်လွတ်မြောက်လာစေဖို့ ကျွန်တော်တို့ ကတိပြုထားပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”ဓါးစာခံတွေ ပြန်လွတ်လာစေဖို့အတွက် ကျွန်တော်တို့ကြိုးပမ်းနေပါတယ်။နောက်ထပ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခုကို ကျွန်တော်တို့ ရှာဖွေနေပါတယ်။နောက်ပိုင်းမှာ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ မြင်တွေ့ရမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ဟားမက်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဓါးစာခံတွေအားလုံးဟာ ဝေဒနာတွေကို ခံစားနေရပြီး ၎င်းတို့အားလုံးကို အမြန်ဆုံးလွတ်မြောက်စေလိုတယ်လို့လည်း နေတန်ရာဟုကပြောကြားခဲ့ပါတယ်။အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအပေါ် စစ်ဆင်ရေးတွေ ပြန်လည်လုပ်ဆောင်ခဲ့မှုနဲ့အတူ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြား သီတင်းပတ်(၆)ပတ်ကြာမြင့်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ပျက်ပြယ်သွားခဲ့တာလည်းဖြစ်ပါတယ်။ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသအပေါ် မြေပြင်နှင့်ဝေဟင်စစ်ဆင်ရေးအသစ်တွေကို အစ္စရေးအစိုးရက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ နေတန်ရာဟုရဲ့ ခရီးစဉ်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version:
ဓါးစာခံလႊတ္ေပးေရး သေဘာတူညီခ်က္အသစ္အတြက္ လုပ္ေဆာင္ေနတယ္လို႔ ေဒၚနယ္ထရမ့္နဲ႔ေနတန္ရာဟုတို႔ေျပာ
Pika
ဂါဇာကမ္းေျမာင္ေဒသမွာ ဟားမက္လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးထိန္းသိမ္းထားတဲ့ ဓါးစာခံေတြ ထပ္မံလြတ္ေျမာက္လာေစဖို႔ ရည္႐ြယ္တဲ့ ေစ့စပ္ညႇိႏႈိင္းမႈအသစ္ေတြကို လုပ္ေဆာင္ေနတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုတို႔က ေျပာၾကားခဲ့ပါတယ္။ေနတန္ရာဟုက”ေအာင္ျမင္မယ္လို႔ ေမွ်ာ္လင့္ထားတဲ့ ေနာက္ထပ္သေဘာတူညီခ်က္တစ္ခုအတြက္ ကြၽန္ေတာ္တို႔ လုပ္ေဆာင္ေနပါတယ္။ၿပီးေတာ့ ဖမ္းဆီးခံထားရတဲ့ ဓါးစာခံေတြအားလုံး ျပန္လည္လြတ္ေျမာက္လာေစဖို႔ ကြၽန္ေတာ္တို႔ ကတိျပဳထားပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”ဓါးစာခံေတြ ျပန္လြတ္လာေစဖို႔အတြက္ ကြၽန္ေတာ္တို႔ႀကိဳးပမ္းေနပါတယ္။ေနာက္ထပ္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္တစ္ခုကို ကြၽန္ေတာ္တို႔ ရွာေဖြေနပါတယ္။ေနာက္ပိုင္းမွာ ဘာေတြျဖစ္လာမလဲဆိုတာကိုေတာ့ ျမင္ေတြ႕ရမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ဟားမက္လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးထိန္းသိမ္းထားတဲ့ ဓါးစာခံေတြအားလုံးဟာ ေဝဒနာေတြကို ခံစားေနရၿပီး ၎တို႔အားလုံးကို အျမန္ဆုံးလြတ္ေျမာက္ေစလိုတယ္လို႔လည္း ေနတန္ရာဟုကေျပာၾကားခဲ့ပါတယ္။အစၥေရးက ဂါဇာကမ္းေျမာင္ေဒသအေပၚ စစ္ဆင္ေရးေတြ ျပန္လည္လုပ္ေဆာင္ခဲ့မႈနဲ႔အတူ အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား သီတင္းပတ္(၆)ပတ္ၾကာျမင့္ခဲ့တဲ့ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္က ပ်က္ျပယ္သြားခဲ့တာလည္းျဖစ္ပါတယ္။ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသအေပၚ ေျမျပင္ႏွင့္ေဝဟင္စစ္ဆင္ေရးအသစ္ေတြကို အစၥေရးအစိုးရက ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ေနတန္ရာဟုရဲ႕ ခရီးစဥ္ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။