တရုတ်နိုင်ငံက တင်သွင်းတဲ့ကုန်စည်တွေကိုအခွန် ၁၀၄ ရာခိုင်နှုန်းအထိ ကောက်ခံမယ်လို့ အမေရိကန်သမ္မတပြော

 365

ဂျန်ဇက် ( NP News )
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ တရုတ်နိုင်ငံအပေါ် ကုန်သွယ်ခွန် ၁၀၄ရာခိုင်နှုန်း ကောက်ခံမှုအပါအဝင် ကမ္ဘာနိုင်ငံတွေအပေါ် ကုန်သွယ်ခွန်တွေ ပိုမိုတိုးမြှင့်ကောက်ခံသွားမယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံအပါအဝင် ကမ္ဘာနိုင်ငံပေါင်းအနည်းဆုံး ၆၀ ကို ကုန်သွယ်ခွန်ပိုမိုကောက်ခံသွားဖွယ်ရှိနေရာကုန်သွယ်ရေးနဲ့ပတ်သက်ပြီး သက်ရောက်မှုတွေ ပိုမိုဖြစ်လာ ဖွယ်ရှိနေပါတယ်။ အမေရိကန်နိုင်ငံမှာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း ကုန်သွယ်ခွန်ကောက်ခံမယ့်အစီအစဉ်တွေကိုလုပ်ဆောင်ခဲ့ရာကမ္ဘာနိုင်ငံတွေနဲ့တင်းမာမှုအရှိန်မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတက ကုန်သွယ်ခွန်ကောက်ခံခြင်းဟာအမေရိကန်နိုင်ငံရဲ့စီးပွားရေးကို
ပိုမိုကောင်းမွန်လာမယ်လို့ ပြောဆိုထားပေမယ့် စီးပွားရေးပညာရှင်တွေကတော့ ကုန်ဈေးနှုန်းတွေ ပိုမိုမြင့်တက်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ကုန်သွယ်ခွန်တိုးမြှင့်ကောက်ခံမယ့်အစီအစဉ်ဟာ အမေရိကန်ဈေးကွက်အတွင်းရောင်းချလိုတဲ့ တရုတ်ကုန်သည်တွေကို ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာဖွယ်ရှိနေပါတယ်။ တရုတ်အစိုးရကလည်း အမေရိကန်နိုင်ငံရဲ့ကုန်သွယ်ခွန်ကောက်ခံခြင်းကို တုံ့ပြန်မယ်လို့ပြောဆိုထားပြီးလက်ရှိအချိန်မှာ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တရုတ်အစိုးရက ၎င်းတို့ဟာအင်အားကြီးနိုင်ငံဖြစ်တဲ့အတွက် အနိုင်ကျင့်ခံမှာမဟုတ်ဘူးလို့ဆိုပါတယ်။ကုန်သွယ်ခွန်ကောက်ခံခြင်းနဲ့ပတ်သက်ပြီး ဂျပန်၊ ဥရောပသမဂ္ဂ နဲ့ ကနေဒါနိုင်ငံတို့ဟာလည်း အမေရိကန်နိုင်ငံနဲ့အငြင်းပွားမှုတွေရှိနေတယ်လို့ သိရပါတယ်။အမေရိကန်သမ္မတ က ကြေညာထားတဲ့ အခွန်စည်းကြပ်မှု ပစ်မှတ်ထားခံရတဲ့ နိုင်ငံနဲ့ဒေသတွေဟာ စည်းကြပ်ကောက်ခံမှုကနေ ထွက်လမ်းရှာနိုင်ရေး ညှိနှိုင်းဖို့ အလောတကြီး လုပ်ဆောင်နေပါတယ်။အမေရိကန်သမ္မတ က "အပြန်အလှန်အကောက်ခွန်တွေ" လို့ခေါ်တာဟာ ဗုဒ္ဓဟူးနေ့မှာ အသက်ဝင်လာမှာပါ။ ဂျပန်အပါအဝင် အမေရိကန်ကုန်သွယ်ဖက် ၆၀ လောက်ဟာ အမေရိကန်နဲ့ သူတို့အကြား ကုန်သွယ်ရေးပိုငွေပြမှု ပမာဏအပေါ် အခြေခံတဲ့ အခွန်စည်းကြပ်မှုကို ခံရမှာဖြစ်ပါတယ်။" လို့ပြောပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံက တင္သြင္းတဲ့ကုန္စည္ေတြကိုအခြန္ ၁၀၄ ရာခိုင္ႏႈန္းအထိ ေကာက္ခံမယ္လို႔ အေမရိကန္သမၼတေျပာ
ဂ်န္ဇက္ ( NP News )
အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ တ႐ုတ္ႏိုင္ငံအေပၚ ကုန္သြယ္ခြန္ ၁၀၄ရာခိုင္ႏႈန္း ေကာက္ခံမႈအပါအဝင္ ကမာၻႏိုင္ငံေတြအေပၚ ကုန္သြယ္ခြန္ေတြ ပိုမိုတိုးျမႇင့္ေကာက္ခံသြားမယ္လို႔ သိရပါတယ္။ အေမရိကန္အစိုးရဟာ တ႐ုတ္ႏိုင္ငံအပါအဝင္ ကမာၻႏိုင္ငံေပါင္းအနည္းဆုံး ၆၀ ကို ကုန္သြယ္ခြန္ပိုမိုေကာက္ခံသြားဖြယ္ရွိေနရာကုန္သြယ္ေရးနဲ႔ပတ္သက္ၿပီး သက္ေရာက္မႈေတြ ပိုမိုျဖစ္လာ ဖြယ္ရွိေနပါတယ္။ အေမရိကန္ႏိုင္ငံမွာ ေဒၚနယ္ထရမ့္ သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ကုန္သြယ္ခြန္ေကာက္ခံမယ့္အစီအစဥ္ေတြကိုလုပ္ေဆာင္ခဲ့ရာကမာၻႏိုင္ငံေတြနဲ႔တင္းမာမႈအရွိန္ျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္သမၼတက ကုန္သြယ္ခြန္ေကာက္ခံျခင္းဟာအေမရိကန္ႏိုင္ငံရဲ႕စီးပြားေရးကို
ပိုမိုေကာင္းမြန္လာမယ္လို႔ ေျပာဆိုထားေပမယ့္ စီးပြားေရးပညာရွင္ေတြကေတာ့ ကုန္ေဈးႏႈန္းေတြ ပိုမိုျမင့္တက္လာဖြယ္ရွိတယ္လို႔ ဆိုပါတယ္။ ကုန္သြယ္ခြန္တိုးျမႇင့္ေကာက္ခံမယ့္အစီအစဥ္ဟာ အေမရိကန္ေဈးကြက္အတြင္းေရာင္းခ်လိုတဲ့ တ႐ုတ္ကုန္သည္ေတြကို ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာဖြယ္ရွိေနပါတယ္။ တ႐ုတ္အစိုးရကလည္း အေမရိကန္ႏိုင္ငံရဲ႕ကုန္သြယ္ခြန္ေကာက္ခံျခင္းကို တုံ႔ျပန္မယ္လို႔ေျပာဆိုထားၿပီးလက္ရွိအခ်ိန္မွာ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ တ႐ုတ္အစိုးရက ၎တို႔ဟာအင္အားႀကီးႏိုင္ငံျဖစ္တဲ့အတြက္ အႏိုင္က်င့္ခံမွာမဟုတ္ဘူးလို႔ဆိုပါတယ္။ကုန္သြယ္ခြန္ေကာက္ခံျခင္းနဲ႔ပတ္သက္ၿပီး ဂ်ပန္၊ ဥေရာပသမဂၢ နဲ႔ ကေနဒါႏိုင္ငံတို႔ဟာလည္း အေမရိကန္ႏိုင္ငံနဲ႔အျငင္းပြားမႈေတြရွိေနတယ္လို႔ သိရပါတယ္။အေမရိကန္သမၼတ က ေၾကညာထားတဲ့ အခြန္စည္းၾကပ္မႈ ပစ္မွတ္ထားခံရတဲ့ ႏိုင္ငံနဲ႔ေဒသေတြဟာ စည္းၾကပ္ေကာက္ခံမႈကေန ထြက္လမ္းရွာႏိုင္ေရး ညႇိႏႈိင္းဖို႔ အေလာတႀကီး လုပ္ေဆာင္ေနပါတယ္။အေမရိကန္သမၼတ က "အျပန္အလွန္အေကာက္ခြန္ေတြ" လို႔ေခၚတာဟာ ဗုဒၶဟူးေန႔မွာ အသက္ဝင္လာမွာပါ။ ဂ်ပန္အပါအဝင္ အေမရိကန္ကုန္သြယ္ဖက္ ၆၀ ေလာက္ဟာ အေမရိကန္နဲ႔ သူတို႔အၾကား ကုန္သြယ္ေရးပိုေငြျပမႈ ပမာဏအေပၚ အေျခခံတဲ့ အခြန္စည္းၾကပ္မႈကို ခံရမွာျဖစ္ပါတယ္။" လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.