မန္တလေးငလျင်ကြီးကြောင့် သေဆုံး(၃၆၄၉)ဦးနှင့် ပျောက်ဆုံး(၁၄၅)ဦးအထိရှိလာ

613

သန့်ဇင် (NP News) – ဧပြီ ၉
မန္တလေးငလျင်ကြီးကြောင့် သေဆုံး(၃၆၄၉)ဦး၊ ထိခိုက်ဒဏ်ရာရသူ (၅၀၁၈)ဦး နှင့် ပျောက်ဆုံး(၁၄၅)ဦးအထိရှိလာပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အဆိုပါစာရင်းသည် ယနေ့(ဧပြီလ ၉ ရက်) ညနေ ၆ နာရီအချိန်ထိ ကောက်ယူရရှိထားသော စာရင်းဖြစ်ကြောင်း သိရသည်။
“ငလျင်ဒဏ်ကြောင့် သေဆုံးသူ(၃၆၄၉)ဦး၊ ဒဏ်ရာရသူ စုစုပေါင်း(၅၀၁၈)ဦး၊ ပျောက်ဆုံးသူ စုစုပေါင်း(၁၄၅)ဦးရှိပါတယ်။ ဒီသေဆုံးဒဏ်ရာရ ပျောက်ဆုံးသူတွေအတွက် နိုင်ငံတော်အစိုးရအနေနဲ့လည်း မိသားစုများနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် ပြည်ပနိုင်ငံများ၏ ကူညီမှုများအဖြစ် နိုင်ငံ(၂၂)နိုင်ငံမှ လေယာဉ်အခေါက်ရေ (၁၀၆)ခေါက်အထိ ကူညီထားပြီး ကယ်ဆယ်ရေးဝန်ထမ်း (၁၇၃၈)ဦး လာရောက်ကူညီခဲ့ရာ ထောက်ပံ့ရေးပစ္စည်း (၁၄၇၂)တန်လည်း ထောက်ပံ့မှုရရှိထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“ကူညီထောက်ပံ့မူအနေနဲ့လည်း နိုင်ငံ(၂၂)နိုင်ငံက လေယာဉ်ခေါက်ရေ (၁၀၆)ခေါက်ရောက်ပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်း (၁၇၃၈)ဦး ထောက်ပံ့ရေးပစ္စည်း (၁၄၇၂)တန်ကျော် ကယ်ဆယ်ရေးပစ္စည်း (၁၁၀၀)တန်ကျော်ရောက်ရှိခဲ့ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လက်ရှိအချိန်ထိ ငလျင်ဘေးလာရောက်ကူညီထားသော ပြည်နိုင်ငံ (၂၂)နိုင်ရှိပြီး ရုရှား၊ တရုတ်၊ တရုတ်(ဟောင်ကောင်)၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘီလာရုဇ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖိလစ်ပိုင်၊ ဂျပန်၊ နီပေါ၊ ပါကစ္စတန်၊တူကီရက်၊ အမေရိကန်၊ သီရိလင်္ကာ၊ ဩစတေးလျနှင့် အဇာဘိုင်ဂျန်တို့ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးငလ်င္ႀကီးေၾကာင့္ ေသဆုံး(၃၆၄၉)ဦးႏွင့္ ေပ်ာက္ဆုံး(၁၄၅)ဦးအထိရွိလာ
သန႔္ဇင္ (NP News) – ဧၿပီ ၉
မႏၲေလးငလ်င္ႀကီးေၾကာင့္ ေသဆုံး(၃၆၄၉)ဦး၊ ထိခိုက္ဒဏ္ရာရသူ (၅၀၁၈)ဦး ႏွင့္ ေပ်ာက္ဆုံး(၁၄၅)ဦးအထိရွိလာၿပီျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
အဆိုပါစာရင္းသည္ ယေန႔(ဧၿပီလ ၉ ရက္) ညေန ၆ နာရီအခ်ိန္ထိ ေကာက္ယူရရွိထားေသာ စာရင္းျဖစ္ေၾကာင္း သိရသည္။
“ငလ်င္ဒဏ္ေၾကာင့္ ေသဆုံးသူ(၃၆၄၉)ဦး၊ ဒဏ္ရာရသူ စုစုေပါင္း(၅၀၁၈)ဦး၊ ေပ်ာက္ဆုံးသူ စုစုေပါင္း(၁၄၅)ဦးရွိပါတယ္။ ဒီေသဆုံးဒဏ္ရာရ ေပ်ာက္ဆုံးသူေတြအတြက္ ႏိုင္ငံေတာ္အစိုးရအေနနဲ႔လည္း မိသားစုမ်ားနဲ႔အတူ ထပ္တူဝမ္းနည္းေၾကကြဲရပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ထို႔ျပင္ ျပည္ပႏိုင္ငံမ်ား၏ ကူညီမႈမ်ားအျဖစ္ ႏိုင္ငံ(၂၂)ႏိုင္ငံမွ ေလယာဥ္အေခါက္ေရ (၁၀၆)ေခါက္အထိ ကူညီထားၿပီး ကယ္ဆယ္ေရးဝန္ထမ္း (၁၇၃၈)ဦး လာေရာက္ကူညီခဲ့ရာ ေထာက္ပံ့ေရးပစၥည္း (၁၄၇၂)တန္လည္း ေထာက္ပံ့မႈရရွိထားေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“ကူညီေထာက္ပံ့မူအေနနဲ႔လည္း ႏိုင္ငံ(၂၂)ႏိုင္ငံက ေလယာဥ္ေခါက္ေရ (၁၀၆)ေခါက္ေရာက္ပါတယ္။ ကယ္ဆယ္ေရးဝန္ထမ္း (၁၇၃၈)ဦး ေထာက္ပံ့ေရးပစၥည္း (၁၄၇၂)တန္ေက်ာ္ ကယ္ဆယ္ေရးပစၥည္း (၁၁၀၀)တန္ေက်ာ္ေရာက္ရွိခဲ့ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
လက္ရွိအခ်ိန္ထိ ငလ်င္ေဘးလာေရာက္ကူညီထားေသာ ျပည္ႏိုင္ငံ (၂၂)ႏိုင္ရွိၿပီး ႐ုရွား၊ တ႐ုတ္၊ တ႐ုတ္(ေဟာင္ေကာင္)၊ အိႏၵိယ၊ ထိုင္း၊ စင္ကာပူ၊ မေလးရွား၊ ဘဂၤလားေဒ့ရွ္၊ ဗီယက္နမ္၊ ယူေအအီး၊ လာအို၊ ဘီလာ႐ုဇ္၊ အင္ဒိုနီးရွား၊ ဘူတန္၊ ဖိလစ္ပိုင္၊ ဂ်ပန္၊ နီေပါ၊ ပါကစၥတန္၊တူကီရက္၊ အေမရိကန္၊ သီရိလကၤာ၊ ဩစေတးလ်ႏွင့္ အဇာဘိုင္ဂ်န္တို႔ျဖစ္ေၾကာင္း သိရသည္။