ငလျင်ဘေးသင့် ပြည်သူများကို ကူညီပံ့ပိုးရေးအတွက် နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလသမဂ္ဂအထူးသံတမန်တို့ဆွေးနွေး

1086
Pearl (NP News) - ဧပြီ ၁၀
ငလျင်ဘေးသင့် ပြည်သူများကို ကူညီပံ့ပိုးရေးအတွက် နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလသမဂ္ဂအထူး သံတမန်တို့ဆွေးနွေးခဲ့ကြောင်းနိုင်ငံခြားရေးဝန်ကြီး ဌာန၏ အချက်အလက်များအရ သိရသည်။
ယမန်နေ့ (ဧပြီလ ၉)ရက်နေ့က ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Julie Bishop တို့ နေပြည်တော်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ငလျင်ဘေးသင့် ပြည်သူများကို ကူညီပံ့ပိုးပေးနိုင်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အထူးကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးမှုများအတွက် ဝမ်းနည်းပါကြောင်းနှင့် စာနာထောက်ထားမိ ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

Zawgyi Version:
ငလ်င္ေဘးသင့္ ျပည္သူမ်ားကို ကူညီပံ့ပိုးေရးအတြက္ ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ ကုလသမဂၢအထူးသံတမန္တို႔ေဆြးေႏြး
Pearl (NP News) - ဧၿပီ ၁၀
ငလ်င္ေဘးသင့္ ျပည္သူမ်ားကို ကူညီပံ့ပိုးေရးအတြက္ ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ ကုလသမဂၢအထူး သံတမန္တို႔ေဆြးေႏြးခဲ့ေၾကာင္းႏိုင္ငံျခားေရးဝန္ႀကီး ဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ယမန္ေန႔ (ဧၿပီလ ၉)ရက္ေန႔က ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြႏွင့္ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Ms. Julie Bishop တို႔ ေနျပည္ေတာ္ရွိႏိုင္ငံျခားေရးဝန္ႀကီးဌာန၌ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ငလ်င္ေဘးသင့္ ျပည္သူမ်ားကို ကူညီပံ့ပိုးေပးႏိုင္ေရးႏွင့္ တုံ႔ျပန္ ေဆာင္႐ြက္ေရး ႀကိဳးပမ္းေဆာင္႐ြက္မႈမ်ားတြင္ ျမန္မာႏိုင္ငံႏွင့္ ကုလသမဂၢအၾကား ေပါင္းစပ္ ညႇိႏႈိင္းေဆာင္႐ြက္သြားမည့္ကိစၥရပ္မ်ားအေပၚ ႏွစ္ဖက္အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
အထူးကိုယ္စားလွယ္ကလည္း ျမန္မာႏိုင္ငံတြင္ လႈပ္ခတ္ခဲ့သည့္ မႏၲေလးငလ်င္ႀကီးေၾကာင့္ အသက္အိုးအိမ္စည္းစိမ္ပ်က္စီးဆုံးရႈံးမႈမ်ားအတြက္ ဝမ္းနည္းပါေၾကာင္းႏွင့္ စာနာေထာက္ထားမိ ေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရသည္။