နယ်မြေတွေသိမ်းထားတိုင်း အောင်နိုင်သူများမဟုတ်ကြပါ

2911

စစ်မုန်း (NP News)
(၂၀ဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်း ချက်များကိုခုတုံးလုပ်၍ နိုင်ငံတော်အာဏာကိုရယူနိုင် ခဲ့သော်လည်း (၂၀ဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်ကျင်းပခဲ့သောရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပြီး မဲမသမာ မှုများဖြင့် နိုင်ငံတော်အာဏာကို မတရားရယူသိမ်း ပိုက်ရန်ကြိုးစားခဲ့သော နိုင်ငံရေးပါတီကြီးတစ်ခု၏ မဆင်မခြင်လုပ်ရပ်များကြောင့် တိုင်းပြည်အတွင်း ပဋိပက္ခများဖြစ်ပွားခဲ့ရကာ တိုင်းရင်းသားပြည်သူတို့ အတိဒုက္ခရောက်ခဲ့ကြရသည်။ အဆိုပါနိုင်ငံရေးပါတီကြီးမှာ ပြည်သူများ ကို လက်နက်ကိုင်လမ်းစဉ်သို့ ဆွဲခေါ်သွားသည့်တိုင် ၎င်းတို့မှာ တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက် ရေရာသောနိုင်ငံရေး ရည်မှန်း ချက်များမရှိခဲ့။ မိမိတို့အာဏာလက်လွတ်ဆုံးရှုံးခဲ့ရမှုအပေါ် မကျေနပ်နိုင်ခြင်း၊ တပ်မတော်ကို မုန်းတီး ခြင်းအာဃာတတရား နှင့်အတူ တပ်မတော်ပြိုကွဲစေပြီး နိုင်ငံအာဏာကို ပြန်လည်ရယူလိုခြင်းတည်း ဟူသော ဆန္ဒတစ်ခုတည်းသာရှိခဲ့သည်။
အဆိုပါ ပါတီကြီးမှဆင့်ပွားဖြစ်လာခဲ့သော NUG ၏လက်အောက်ခံ PDF အဖွဲ့ဆိုသည်များ မှာလည်း တစ်တောတစ်ကြက်ဖ ဗိုလ်လုပ်ကာ နေရာ ဒေသအနှံ့တွင် ဒေသစစ်ဘုရင်များပေါ်ပေါက်လာ ခဲ့ပြီး ထိန်းချုပ်မနိုင်ဖြစ်နေခဲ့သည်။ PDF ဆိုသည့် အဖွဲ့များမှာ တိုင်းရင်းသားနယ်မြေများတွင်ပါ ယခင် ရှိရင်းစွဲ တိုင်းရင်းသားလက်နက်ကိုင်များနှင့်အပြိုင် ပေါ်ထွန်းလာခဲ့သည်။
နိုင်ငံရေးပါတီကြီးတစ်ခု၏မဆင်မခြင်လုပ် ရပ်များကြောင့်ဖြစ်ပေါ်လာခဲ့သော လက်နက်ကိုင် ပဋိပက္ခသည် ပိုမိုကျယ်ပြန့်လာကာ တိုင်းရင်းသား လက်နက်ကိုင်များကို ပိုမိုအင်အားကြီးမားအောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။ သို့ဖြင့် လက်နက်ကိုင် ပဋိပက္ခများသည် မြေပြန့်ဒေသများ(မကွေး၊ စစ် ကိုင်း၊ မန္တလေး) နယ်မြေများတွင်သာမက တိုင်းရင်းသားနယ်မြေများအထိပါကျယ်ပြန့်ခဲ့သည်။အဆိုး ဆုံးကား (၂၀၂၃)ခုနှစ်တွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ ကျားဖျန့်နှိမ်နင်းရေး (၁၀၂၇) စစ်ရေးပဋိပက္ခ ဖြစ်ပြီး အဆိုပါစစ်ရေးပဋိပက္ခတွင် နယ်မြေအမြောက်အမြားဆုံးရှုံးခဲ့ရသည်။ ကျေးလက်များ သာမက မြို့နယ်မြို့များ၊ ခရိုင်မြို့များပါ ဆုံးရှုံးခဲ့ရသ လို နိုင်ငံတော်မှတာဝန်ပေးထားသည့် ဌာနဝန်ထမ်းများ လည်း မိမိလုပ်ငန်းများကို ထမ်းဆောင်နိုင်ခြင်း မရှိကြတော့။
ယာယီအပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေး
စကားဝိုင်း
ယနေ့ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများတွင်ပါဝင်နေကြသောအဖွဲ့အစည်းများအနက် အဓိကအဖွဲ့အစည်းများဖြစ်သော MNDAA , TNLA , AA တို့ကို ငြိမ်းချမ်းရေးစကားဝိုင်းသို့ လာရောက်ရန် နိုင်ငံတော်က လမ်းဖွင့်ဖိတ်ခေါ်လျက်ရှိ သည်။ သောင်းကျန်းသူအဖွဲ့အစည်းများအနေဖြင့် လက်နက် များကိုစွန့်လွှတ်ကြရန်နှင့် ၎င်းတို့၏တောင်းဆို ချက်များကို လက်နက်ကိုင်တောင်းဆိုခြ င်းဖြင့်ရမည် မဟုတ်ဘဲ၊ ငြိမ်းချမ်းရေးစကားဝိုင်းတွင် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာရယူရန်ဖြစ်ကြောင်းလည်း နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီက အတိအလင်း လက်ရှိအနေ အထားတွင် MNDAA အဖွဲ့နှင့်သာ အတိုင်း အတာတစ်ခုအထိ သဘောတူညီချက်ရပြီး အပစ်အခတ် ရပ်စဲခဲ့ကြောင်းသိရသည်။ ယေဘုယျအားဖြင့် ၎င်းတို့ သိမ်းပိုက်ထားသောနယ်မြေ(လာရှိုး)မှ ဆုတ်ခွာပေမည်ဆိုသည့် သတင်းမျှလောက် သာသိရ သည်။ သို့ရာတွင် လက်နက်စွန့်လွှတ်မည့်အကြောင်းတော့ ပါခြင်းမရှိ။ ဆက်လက်ပြီး ဖေဖော် ဝါရီ (၁၆၊ ၁၇) ရက်များက ကူမင်းမြို့တွင်ပြုလုပ်ခဲ့သည့် TNLA နှင့် ဆွေးနွေးပွဲတွင်မူ သဘောတူညီ ချက်များမရခဲ့။ TNLA အဖွဲ့က (၁)နှစ်ဖက်တပ်ရောက်ရှိနေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်၊ (၂) နှစ်ဖက် စလုံးထိုးစစ်ပြု လုပ်ခြင်း၊ ဒရုန်းနှင့်တိုက်ခိုက်ခြင်း၊ လေယာဉ်ဗုံးကြဲခြင်း စသည့်စစ်ရေး လှုပ်ရှားမှု အားလုံးရပ်တန့်ရန်၊ (၃) နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည် သူလူထု၏ စားဝတ်နေ ရေးနှင့် ဆေးဝါးများသယ်ဆောင်နိုင်ရေး ဖြတ်သန်းခွင့်ပြုရန်ဆိုသည့်အချက်များ ပါဝင်ခဲ့ ကြောင်းသိရ သည့်အပြင် TNLA သိမ်းယူထားသည့် မြို့(၁၂)မြို့အပါအဝင် မူဆယ်၊ မိုင်းရယ်၊ တန့်ယန်း၊ မဘိမ်း စသည် များပါဝင်သည့် စုစုပေါင်း (၁၆)မြို့နယ်ကို ပလောင်ပြည်နယ်အဖြစ်သတ်မှတ်ပေးရန် တောင်းဆိုသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့ သည်။ AA အဖွဲ့နှင့်လည်း မတ်လအတွင်း တွေ့ဆုံ ဆွေးနွေးရန်ရှိ ကြောင်း သတင်းများထွက်ပေါ်လျက်ရှိ သည်။ သို့ရာတွင် မသေချာသေး။ AA အဖွဲ့အနေဖြင့်လည်း ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွင် TNLA အဖွဲ့ထက် မလျော့သောတောင်းဆိုမှုများကို တောင်းဆိုလာနိုင် သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် (သူတို့အဆို) ဗမာလက်နက်ကိုင် တပ်ဖွဲ့များ လုံးဝမရှိစေရဆိုသည့်တောင်းဆိုချက်များ ပါဝင်လာမည်မှာ မလွဲမသွေဖြစ်ပင်ဖြစ်သည်။ ဆိုရလျှင် သောင်းကျန်းသူအဖွဲ့များသည် မဖြစ်နိုင်သည်များကိုတောင်းဆိုနေကြသည့်အပြင် သောင်းကျန်းသူ များအနေဖြင့် လက်နက်များကိုစွန့်လွှတ်ရေးဆိုသည်မှာ မဖြစ်နိုင်သေးသောလုပ်ရပ်တစ်ခုပင်ဖြစ် ကြောင်း သာမန်အားဖြင့် သုံးသပ်ရနိုင်သည်။
ဒေသတွင်း အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အလားအလာ
သို့ရာတွင် နိုင်ငံတော်အစိုးရ၏သဘောထားကြီးမှုဖြင့် ယခင်ကဲ့သို့ လက်နက်များကိုကိုင် ဆောင်ထားပြီး ငြိမ်းချမ်းရေးစကားဝိုင်းကိုစတင်မည် ဆိုပါက ယာယီအပစ်အခတ်ရပ်စဲရေးကို လုပ် ဆောင်ရန် မလွဲမသွေလိုအပ်ပေလိမ့်မည်။ ယာယီအပစ်အခတ်ရပ်စဲသည့်အခါ လက်နက်ကိုင် အဖွဲ့ အစည်းအသီးသီးသည် လက်ရှိ မိမိတို့သိမ်းပိုက်ရယူထားသော နယ်မြေများတွင် တရားဝင်လှုပ်ရှား ဆောင်ရွက်ခွင့်ရရှိရန် တောင်းဆိုကြမည်ဖြစ်သည်။ ခွင့်ပြုပေးလိုက်ပါက လက်နက်ကိုင်အဖွဲ့အစည်းများ ၏ ပထမဆုံးရလိုက်သောအမြတ်ဖြစ်သည်။ ထိုမှဆက်လက်၍ နယ် မြေအတွင်းအုပ်ချုပ်ရေးယန္တရားထူ ထောင်ခြင်း၊ စည်းရုံးရေးလုပ်ငန်းများတိုးချဲ့လုပ်ဆောင်ခြင်း၊ အခွန် များကောက်ခံခြင်း၊ လူသူစုဆောင်း ခြင်း၊လေ့ကျင့်ခြင်း စသည်များကိုလည်း အနှောင့်အယှက်ကင်းစွာလုပ် ကိုင်ဆောင်ရွက်သွားနိုင်ကြမည် ဖြစ်သည်။
ဤအခွင့်အရေးများမှာ လက်နက်ကိုင်အဖွဲ့အစည်းများအတွက်ရရှိသွားခြင်းသာဖြစ်သော်လည်း ဒေသနေပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုး ရေး၊ စစ်ကြောင့်ပျက်စီးခဲ့ရသည်များကို ပြန်လည်ထူထောင် ရေး စသည့် ပြည်သူများအကျိုးစီးပွားအတွက် လုပ်ဆောင်ခြင်းပေးနိုင်စွမ်းမရှိသည်ကို တွက်ဆရမည် ဖြစ်သည်။ လက်နက်ကိုင်သောင်းကျန်းသူများ အနေဖြင့် ၎င်းတို့ထိန်းချုပ်ခဲ့သည့်နယ်မြေများတွင် ဒေသ ဖွံ့ဖြိုးရေးအတွက် လမ်းတစ်လမ်း၊ တံတား တစ်စင်း၊ ကျောင်းတစ်ကျောင်း၊ ဆေးရုံတစ်ရုံ ဆောက်လုပ် ပေးနိုင်ခြင်းမရှိခဲ့ကြသည်မှာလည်း အထင်အရှားပင်ဖြစ်သည်။
ဤသို့ဖြင့် သောင်းကျန်းသူများသည် ၎င်းတို့အကျိုးစီးပွားအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မဖြစ်နိုင်သည်များကိုတောင်းဆိုရင်း မကြန့်ကြာသင့် ဘဲကြန့်ကြာအောင် အချိန်ဆွဲလုပ်ဆောင်သည့်နည်း လမ်းများကိုလည်း ကျင့်သုံးလာနိုင်သည်။ ဤသို့ ကြန့် ကြာနေမည်ဆိုပါ ၎င်းတို့သိမ်းပိုက်ထားသော ဒေသအတွင်း ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးအပါအဝင် အခြားစီမံခန့်ခွဲရေးလုပ်ငန်းများကို မည်သို့ဆောင်ရွက်သွားကြမည်နည်း။ မေးခွန်းထုတ်စရာများဖြစ် သည်။ သောင်းကျန်းသူအဖွဲ့အစည်းများအနေဖြင့် နယ်မြေတွေသိမ်းပိုက်ထားနိုင်သည်ထားဦး။ အထက် တွင်ဖော်ပြခဲ့သည့်ဒေသနေပြည်သူများ၏ အကျိုးစီးပွားဆိုင်ရာလုပ်ငန်းများကို အစိုးရတစ်ရပ်ကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် မဟုတ်သည်ကား သေချာပေသည်။
မြို့တွေသိမ်းသော်လည်း ဘယ်လိုထိန်းကြမလဲ
လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် လက်ရှိအနေအထားတွင် နယ်မြေအမြောက်အ မြားကို သိမ်းပိုက်ထားနိုင်သည်ကိုတွေ့ရသည်။ ကျေးလက်ဒေသများသာမက မြို့ငယ်များကိုပါ သိမ်းယူ သွားနိုင်ခဲ့သည်။ မြို့နယ်မြို့များသာမက ခရိုင်မြို့ကြီးများကိုလည်း သိမ်းယူနိုင်ခဲ့ကြသည်။ နိုင်ငံတော် အစိုးရ၏ စီမံခန့်ခွဲရန်တာဝန်ပေးအပ်ထားသည့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ရုံးများအားလုံး ဖျက်ဆီးခံခဲ့ ရသည်။ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများလည်း စစ်ဘေးရှောင်နေကြရသည်။ စီမံခန့်ခွဲရေးဝန်ထမ်းများ ပါသည်။ တရားရေးဝန်ထမ်းများ ပါသည်။ ပညာရေးဝန်ထမ်းများ ပါသည်။ ကျန်းမာရေး ဝန်ထမ်းများ ပါသည်။ ယခင်တစ်ချိန်တုန်းက သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာဌာနများရှိသည့်မြို့များ၊ ကျေးရွာကြီးများကို သိမ်းပိုက်နိုင်ခြင်းမရှိခဲ့။ ကျေးလက်ကိုသာ သိမ်းပိုက်ထားခြင်းဖြင့် နိုင်ငံတာ်၏အုပ်ချုပ်ရေးယန္တရားကို ခြိမ်းခြောက်ထားခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် မြို့နယ်အတွင်း ကျေးလက်ဒေသများကို (သောင်းကျန်း သူများသိမ်းပိုက်ထားသည့်တိုင်)ကျေးလက်ဒေသများ၏ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ် ရေး၊ စီးပွားရေးလုပ်ငန်းများကို မြို့ပေါ်မှနေ၍ အထိုက်အလျောက် စီမံခန့်ခွဲ လုပ်ဆောင်ပေးနိုင်ခဲ့သည်။ ဒေသနေပြည်သူများလည်း ထိုက်သင့်သော ကျန်းမာရေးစောင့်ရှောက်ခံရမှု၊ ပညာသင်ကြားနိုင်မှု၊ စီးပွား ကုန်သွယ်လုပ်ကိုင်နိုင်မှု အခွင့်အလမ်းများကိုရရှိခဲ့ကြသည်။ အထူးသဖြင့် နယ်စပ်ဒေသကုန်သွယ်ရေး လုပ်ငန်းများကိုလည်း တရားဝင်ကုန်သွယ် လုပ်ဆောင်ခွင့်ရခဲ့ကြသည်။
ပြည်ထောင်စုနယ်မြေအတွင်း ဒေသအသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေးကို တာဝန်ယူဆောင်ရွက် ပေးနိုင်သည်မှာ နိုင်ငံတော်အစိုးရသာဖြစ်သည်။ ပညာရေး၊ ကျန်းမာရေးအပါအဝင်ကဏ္ဍအသီးသီးရှိ ကျွမ်းကျင်ဝန်ထမ်းများ ခန့်အပ်တာဝန်ပေးခြင်း၊ ဖွံ့ဖြိုးရေးအသုံးစရိတ်များခွဲဝေပေးခြင်း၊ လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးပေးခန်း၊ ကျောင်း စသည်များ ဆောက်လုပ်ပေးခြင်း စသည်များအတွက် ဘဏ္ဍာရေးဆိုင်ရာ အသုံးစရိတ်များကို တာဝန်ယူရသည်။ ဤလုပ်ငန်းများကို လုပ်ဆောင်ရာတွင် အဓိကစီမံအုပ်ချုပ်ရသည့် ဌာနဆိုင်ရာအသီးသီး၏ဝန်ထမ်းများကို မြို့နယ်၊ ခရိုင် မြို့များရှိရုံးများမှ ကြီးကြပ်ဆောင်ရွက်ပေးခြင်းဖြစ် သည်။ လက်ရှိအနေအထားအရ သောင်းကျန်းသူများ သိမ်းယူရရှိထားသည့် မြို့နယ်၊ ခရိုင်များရှိ နိုင်ငံ တော် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ရပ်တန့်နေသည် ဖြစ်ရာ သောင်းကျန်းသူများနှင့် ငြိမ်းချမ်းရေး ရယူ ဆွေးနွေးသည့်အချိန်တွင် နိုင်ငံတော်အစိုးရမှ တာဝန်ယူနိုင်ခြင်းမရှိသကဲ့သို့ သောင်းကျန်းသူအဖွဲ့ များကလည်း တာဝန်ယူနိုင်မည်မဟုတ်ပေ။ သို့ဖြစ်လျှင် ဒေသခံပြည်သူများအဖို့ နစ်နာမှုများသာဖြစ်လာ ပေမည်။
ပြည်သူများ၏မျှော်လင့်ချက်
အထက်တွင်ပြောခဲ့သကဲ့သို့ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်း တောင်ပေါ်၊ မြေပြန့် မကျန် နယ်မြေအသီးသီး၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်ပြည်သူ များ၏လူမှုဘဝတိုးတက်ရေးအတွက် တာဝန်ယူလုပ်ဆောင်ပေးနေသည်။ ဤသို့လုပ်ဆောင်ရန်အတွက် အဆိုပါလုပ်ငန်းများကို ကြီးကြပ်ဦးဆောင်ပေးရမည့် မြို့နယ်၊ ခရိုင်ရုံးနှင့် ကျွမ်းကျင်ဝန်ထမ်းများ ကြပ် ပေးရန်လည်း လိုအပ်သည်။ သို့ရာတွင် သောင်းကျန်းသူများ၏ သိမ်းယူမှုအောက်တွင်ရှိနေသည့်မြို့နယ်၊ ခရိုင်များအနေဖြင့် နိုင်ငံတော်၏စီမံအုပ်ချုပ်မှု နှင့်အထောက်အပံ့ကို ရယူနိုင်ခြင်းကား ရှိမည်မဟုတ် ပေ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်သည့်အချိန် တွင် သောင်းကျန်းသူများအနေဖြင့် အဆိုပါအချက်များ ကိုလည်း သိရှိထားကြရန်လိုအပ်ပေမည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး စသည့် တာဝန်အရေးသုံးပါးကိုလက်ကိုင်ထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲလမ်းကြောင်းကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဘောင်အတိုင်း လုပ်ဆောင် နေခြင်းဖြစ်သည်ဆိုခြင်းကိုလည်း ငြိမ်းချမ်းရေးလမ်း ကြောင်းပေါ်တက်လာသူများအနေဖြင့် အလေးအနက်သိရှိထားကြရန်လိုအပ်ပေသည်။
ထို့အတူ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှပေးထားချက်အတိုင်းသာ လုပ်ဆောင် ခွင့်ရှိနေသည်ဆိုခြင်းကိုလည်း နားလည်ထားကြရန်လိုသည်။ (၂၀ဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက် ကွယ်ပြု၍ လုပ်ဆောင်ချက်၊ တောင်းဆိုချက်များကို နိုင်ငံတော်မှ လိုက်လျောနိုင်မည် မဟုတ်ကြောင်းကို လည်း သောင်းကျန်းသူများအနေဖြင့် နားလည်ကြရန်လို သည်။ ထိုသို့မဟုတ်ဘဲ မိမိတို့၏လိုအင်ဆန္ဒ တစ်ခုတည်းကိုသာ မျက်စိစုံမှိတ်တောင်းဆိုနေကြမည်ဆိုလျှင် ဖြစ်ပေါ်လာမည့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများသည်လည်း အရာမရောက်၊ အကျိုးမထင်ဖြစ်နေပေလိမ့်မည်။
တိုင်းရင်းသားပြည်သူများအနေဖြင့်မူ ငြိမ်းချမ်းရေးကို မျှော်လင့်စောင့်စားနေကြသည်။ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးစကားဝိုင်းဖြင့်အဖြေရှာစေလိုကြသည်။ ငြိမ်းချမ်းရေးစကားဝိုင်းများတွင် ဆွေး နွေးကြရာတွင်လည်း မိမိတို့ဖြစ်လိုသည်များထက်ဖြစ် နိုင်သည်များကိုသာဆွေးနွေးပြောဆိုကြရန်လိုကြ မည်။ မိမိတို့ဖြစ်လိုသည်များကိုသာ တစ်ဖက်သတ် ပြောဆိုနေခြင်းက အဖြေတစ်ခုမဟုတ်ကြောင်းလည်း နားလည်ပေးကြရပေမည်။ လက်နက်ကိုင်သောင်း ကျန်းသူများအနေဖြင့် နယ်မြေတွေအမြောက်အမြား ကိုသိမ်းထားနိုင်ခဲ့ပြီးဖြစ်သည့်တိုင် ပြည်သူလူထု၏အကျိုးစီးပွားအတွက် မည်သို့မျှဆောင်ရွက်ပေးနိုင် ခြင်းမရှိသည်မှာ ထင်ရှားသည်။ သောင်းကျန်းသူများ သိမ်းထားသည့်နယ်မြေများတွင် ပညာသင်ကြား ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ မပေးနိုင်တော့။ လမ်း ပန်းဆက်သွယ်ရေးတွင်မူ နိုင်ငံတော်က တည်ဆောက်ပေးထားခဲ့သော လမ်း၊ တံတားများကို အသုံးပြုနိုင်သည့်တိုင် အပျက်အစီးများကို ပြန်လည် တည်ဆောက်ခြင်းမပြုနိုင်တော့။ ထို့အတူ စိုက်ပျိုးရေး၊ ကုန်သွယ်ရေးလုပ်ငန်းများတွင်လည်း ပြည်သူ များ ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ပြည်သူများ၏လူမှုစီးပွားဘဝ နိမ့်ကျကုန်သည်။
သောင်းကျန်းသူအဖွဲ့အစည်းများအနေဖြင့် နယ်မြေအမြောက်အမြားကို သိမ်းထားနိုင်ခြင်းက မိမိတို့၏အောင်ပွဲဟုယူဆနေကြသော် အမှားကြီးမှား ကြပေလိမ့်မည်။ ပြည်သူလူထု၏အကျိုးစီးပွားကို မဆောင်ပေးနိုင်သမျှ ၎င်းတို့၏အောင်ပွဲဆိုသည်က ယာယီမျှသာဖြစ်ကြောင်းရေးသားရပေသည်။

Zawgyi Version:
နယ္ေျမေတြသိမ္းထားတိုင္း ေအာင္ႏိုင္သူမ်ားမဟုတ္ၾကပါ
စစ္မုန္း (NP News)
(၂၀ဝ၈)ဖြဲ႕စည္းပုံအေျခခံဥပေဒပါျပ႒ာန္း ခ်က္မ်ားကိုခုတုံးလုပ္၍ ႏိုင္ငံေတာ္အာဏာကိုရယူႏိုင္ ခဲ့ေသာ္လည္း (၂၀ဝ၈)ဖြဲ႕စည္းပုံအေျခခံဥပေဒျဖင့္က်င္းပခဲ့ေသာေ႐ြးေကာက္ပြဲကို ျပဳလုပ္ခဲ့ၿပီး မဲမသမာ မႈမ်ားျဖင့္ ႏိုင္ငံေတာ္အာဏာကို မတရားရယူသိမ္း ပိုက္ရန္ႀကိဳးစားခဲ့ေသာ ႏိုင္ငံေရးပါတီႀကီးတစ္ခု၏ မဆင္မျခင္လုပ္ရပ္မ်ားေၾကာင့္ တိုင္းျပည္အတြင္း ပဋိပကၡမ်ားျဖစ္ပြားခဲ့ရကာ တိုင္းရင္းသားျပည္သူတို႔ အတိဒုကၡေရာက္ခဲ့ၾကရသည္။ အဆိုပါႏိုင္ငံေရးပါတီႀကီးမွာ ျပည္သူမ်ား ကို လက္နက္ကိုင္လမ္းစဥ္သို႔ ဆြဲေခၚသြားသည့္တိုင္ ၎တို႔မွာ တိုင္းျပည္အတြက္၊ ျပည္သူလူထုအတြက္ ေရရာေသာႏိုင္ငံေရး ရည္မွန္း ခ်က္မ်ားမရွိခဲ့။ မိမိတို႔အာဏာလက္လြတ္ဆုံးရႈံးခဲ့ရမႈအေပၚ မေက်နပ္ႏိုင္ျခင္း၊ တပ္မေတာ္ကို မုန္းတီး ျခင္းအာဃာတတရား ႏွင့္အတူ တပ္မေတာ္ၿပိဳကြဲေစၿပီး ႏိုင္ငံအာဏာကို ျပန္လည္ရယူလိုျခင္းတည္း ဟူေသာ ဆႏၵတစ္ခုတည္းသာရွိခဲ့သည္။
အဆိုပါ ပါတီႀကီးမွဆင့္ပြားျဖစ္လာခဲ့ေသာ NUG ၏လက္ေအာက္ခံ PDF အဖြဲ႕ဆိုသည္မ်ား မွာလည္း တစ္ေတာတစ္ၾကက္ဖ ဗိုလ္လုပ္ကာ ေနရာ ေဒသအႏွံ႔တြင္ ေဒသစစ္ဘုရင္မ်ားေပၚေပါက္လာ ခဲ့ၿပီး ထိန္းခ်ဳပ္မႏိုင္ျဖစ္ေနခဲ့သည္။ PDF ဆိုသည့္ အဖြဲ႕မ်ားမွာ တိုင္းရင္းသားနယ္ေျမမ်ားတြင္ပါ ယခင္ ရွိရင္းစြဲ တိုင္းရင္းသားလက္နက္ကိုင္မ်ားႏွင့္အၿပိဳင္ ေပၚထြန္းလာခဲ့သည္။
ႏိုင္ငံေရးပါတီႀကီးတစ္ခု၏မဆင္မျခင္လုပ္ ရပ္မ်ားေၾကာင့္ျဖစ္ေပၚလာခဲ့ေသာ လက္နက္ကိုင္ ပဋိပကၡသည္ ပိုမိုက်ယ္ျပန႔္လာကာ တိုင္းရင္းသား လက္နက္ကိုင္မ်ားကို ပိုမိုအင္အားႀကီးမားေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ၾကသည္။ သို႔ျဖင့္ လက္နက္ကိုင္ ပဋိပကၡမ်ားသည္ ေျမျပန႔္ေဒသမ်ား(မေကြး၊ စစ္ ကိုင္း၊ မႏၲေလး) နယ္ေျမမ်ားတြင္သာမက တိုင္းရင္းသားနယ္ေျမမ်ားအထိပါက်ယ္ျပန႔္ခဲ့သည္။အဆိုး ဆုံးကား (၂၀၂၃)ခုႏွစ္တြင္ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕မ်ား၏ က်ားဖ်န႔္ႏွိမ္နင္းေရး (၁၀၂၇) စစ္ေရးပဋိပကၡ ျဖစ္ၿပီး အဆိုပါစစ္ေရးပဋိပကၡတြင္ နယ္ေျမအေျမာက္အျမားဆုံးရႈံးခဲ့ရသည္။ ေက်းလက္မ်ား သာမက ၿမိဳ႕နယ္ၿမိဳ႕မ်ား၊ ခ႐ိုင္ၿမိဳ႕မ်ားပါ ဆုံးရႈံးခဲ့ရသ လို ႏိုင္ငံေတာ္မွတာဝန္ေပးထားသည့္ ဌာနဝန္ထမ္းမ်ား လည္း မိမိလုပ္ငန္းမ်ားကို ထမ္းေဆာင္ႏိုင္ျခင္း မရွိၾကေတာ့။
ယာယီအပစ္အခတ္ရပ္စဲေရးႏွင့္ၿငိမ္းခ်မ္းေရး
စကားဝိုင္း
ယေန႔ျဖစ္ပြားေနေသာ လက္နက္ကိုင္ပဋိပကၡမ်ားတြင္ပါဝင္ေနၾကေသာအဖြဲ႕အစည္းမ်ားအနက္ အဓိကအဖြဲ႕အစည္းမ်ားျဖစ္ေသာ MNDAA , TNLA , AA တို႔ကို ၿငိမ္းခ်မ္းေရးစကားဝိုင္းသို႔ လာေရာက္ရန္ ႏိုင္ငံေတာ္က လမ္းဖြင့္ဖိတ္ေခၚလ်က္ရွိ သည္။ ေသာင္းက်န္းသူအဖြဲ႕အစည္းမ်ားအေနျဖင့္ လက္နက္ မ်ားကိုစြန႔္လႊတ္ၾကရန္ႏွင့္ ၎တို႔၏ေတာင္းဆို ခ်က္မ်ားကို လက္နက္ကိုင္ေတာင္းဆိုျခ င္းျဖင့္ရမည္ မဟုတ္ဘဲ၊ ၿငိမ္းခ်မ္းေရးစကားဝိုင္းတြင္ ေတြ႕ဆုံေဆြးေႏြးျခင္းျဖင့္သာရယူရန္ျဖစ္ေၾကာင္းလည္း ႏိုင္ငံ ေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီက အတိအလင္း လက္ရွိအေန အထားတြင္ MNDAA အဖြဲ႕ႏွင့္သာ အတိုင္း အတာတစ္ခုအထိ သေဘာတူညီခ်က္ရၿပီး အပစ္အခတ္ ရပ္စဲခဲ့ေၾကာင္းသိရသည္။ ေယဘုယ်အားျဖင့္ ၎တို႔ သိမ္းပိုက္ထားေသာနယ္ေျမ(လာရႈိး)မွ ဆုတ္ခြာေပမည္ဆိုသည့္ သတင္းမွ်ေလာက္ သာသိရ သည္။ သို႔ရာတြင္ လက္နက္စြန႔္လႊတ္မည့္အေၾကာင္းေတာ့ ပါျခင္းမရွိ။ ဆက္လက္ၿပီး ေဖေဖာ္ ဝါရီ (၁၆၊ ၁၇) ရက္မ်ားက ကူမင္းၿမိဳ႕တြင္ျပဳလုပ္ခဲ့သည့္ TNLA ႏွင့္ ေဆြးေႏြးပြဲတြင္မူ သေဘာတူညီ ခ်က္မ်ားမရခဲ့။ TNLA အဖြဲ႕က (၁)ႏွစ္ဖက္တပ္ေရာက္ရွိေနရာတြင္ ရပ္တန႔္ထားၿပီး အပစ္အခတ္ရပ္စဲရန္၊ (၂) ႏွစ္ဖက္ စလုံးထိုးစစ္ျပဳ လုပ္ျခင္း၊ ဒ႐ုန္းႏွင့္တိုက္ခိုက္ျခင္း၊ ေလယာဥ္ဗုံးႀကဲျခင္း စသည့္စစ္ေရး လႈပ္ရွားမႈ အားလုံးရပ္တန႔္ရန္၊ (၃) ႏွစ္ဖက္ထိန္းခ်ဳပ္နယ္ေျမေဒသမ်ားတြင္ ေဒသခံျပည္ သူလူထု၏ စားဝတ္ေန ေရးႏွင့္ ေဆးဝါးမ်ားသယ္ေဆာင္ႏိုင္ေရး ျဖတ္သန္းခြင့္ျပဳရန္ဆိုသည့္အခ်က္မ်ား ပါဝင္ခဲ့ ေၾကာင္းသိရ သည့္အျပင္ TNLA သိမ္းယူထားသည့္ ၿမိဳ႕(၁၂)ၿမိဳ႕အပါအဝင္ မူဆယ္၊ မိုင္းရယ္၊ တန႔္ယန္း၊ မဘိမ္း စသည္ မ်ားပါဝင္သည့္ စုစုေပါင္း (၁၆)ၿမိဳ႕နယ္ကို ပေလာင္ျပည္နယ္အျဖစ္သတ္မွတ္ေပးရန္ ေတာင္းဆိုသည့္ သတင္းမ်ားလည္း ထြက္ေပၚလာခဲ့ သည္။ AA အဖြဲ႕ႏွင့္လည္း မတ္လအတြင္း ေတြ႕ဆုံ ေဆြးေႏြးရန္ရွိ ေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိ သည္။ သို႔ရာတြင္ မေသခ်ာေသး။ AA အဖြဲ႕အေနျဖင့္လည္း ၿငိမ္း ခ်မ္းေရးေဆြးေႏြးပြဲတြင္ TNLA အဖြဲ႕ထက္ မေလ်ာ့ေသာေတာင္းဆိုမႈမ်ားကို ေတာင္းဆိုလာႏိုင္ သည္။ အထူးသျဖင့္ ရခိုင္ျပည္နယ္အတြင္း ၿမိဳ႕နယ္အသီးသီးတြင္ (သူတို႔အဆို) ဗမာလက္နက္ကိုင္ တပ္ဖြဲ႕မ်ား လုံးဝမရွိေစရဆိုသည့္ေတာင္းဆိုခ်က္မ်ား ပါဝင္လာမည္မွာ မလြဲမေသြျဖစ္ပင္ျဖစ္သည္။ ဆိုရလွ်င္ ေသာင္းက်န္းသူအဖြဲ႕မ်ားသည္ မျဖစ္ႏိုင္သည္မ်ားကိုေတာင္းဆိုေနၾကသည့္အျပင္ ေသာင္းက်န္းသူ မ်ားအေနျဖင့္ လက္နက္မ်ားကိုစြန႔္လႊတ္ေရးဆိုသည္မွာ မျဖစ္ႏိုင္ေသးေသာလုပ္ရပ္တစ္ခုပင္ျဖစ္ ေၾကာင္း သာမန္အားျဖင့္ သုံးသပ္ရႏိုင္သည္။
ေဒသတြင္း အုပ္ခ်ဳပ္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား အလားအလာ
သို႔ရာတြင္ ႏိုင္ငံေတာ္အစိုးရ၏သေဘာထားႀကီးမႈျဖင့္ ယခင္ကဲ့သို႔ လက္နက္မ်ားကိုကိုင္ ေဆာင္ထားၿပီး ၿငိမ္းခ်မ္းေရးစကားဝိုင္းကိုစတင္မည္ ဆိုပါက ယာယီအပစ္အခတ္ရပ္စဲေရးကို လုပ္ ေဆာင္ရန္ မလြဲမေသြလိုအပ္ေပလိမ့္မည္။ ယာယီအပစ္အခတ္ရပ္စဲသည့္အခါ လက္နက္ကိုင္ အဖြဲ႕ အစည္းအသီးသီးသည္ လက္ရွိ မိမိတို႔သိမ္းပိုက္ရယူထားေသာ နယ္ေျမမ်ားတြင္ တရားဝင္လႈပ္ရွား ေဆာင္႐ြက္ခြင့္ရရွိရန္ ေတာင္းဆိုၾကမည္ျဖစ္သည္။ ခြင့္ျပဳေပးလိုက္ပါက လက္နက္ကိုင္အဖြဲ႕အစည္းမ်ား ၏ ပထမဆုံးရလိုက္ေသာအျမတ္ျဖစ္သည္။ ထိုမွဆက္လက္၍ နယ္ ေျမအတြင္းအုပ္ခ်ဳပ္ေရးယႏၲရားထူ ေထာင္ျခင္း၊ စည္း႐ုံးေရးလုပ္ငန္းမ်ားတိုးခ်ဲ႕လုပ္ေဆာင္ျခင္း၊ အခြန္ မ်ားေကာက္ခံျခင္း၊ လူသူစုေဆာင္း ျခင္း၊ေလ့က်င့္ျခင္း စသည္မ်ားကိုလည္း အေႏွာင့္အယွက္ကင္းစြာလုပ္ ကိုင္ေဆာင္႐ြက္သြားႏိုင္ၾကမည္ ျဖစ္သည္။
ဤအခြင့္အေရးမ်ားမွာ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအတြက္ရရွိသြားျခင္းသာျဖစ္ေသာ္လည္း ေဒသေနျပည္သူမ်ား၏လူမႈစီးပြားဘဝဖြံ႕ၿဖိဳး ေရး၊ စစ္ေၾကာင့္ပ်က္စီးခဲ့ရသည္မ်ားကို ျပန္လည္ထူေထာင္ ေရး စသည့္ ျပည္သူမ်ားအက်ိဳးစီးပြားအတြက္ လုပ္ေဆာင္ျခင္းေပးႏိုင္စြမ္းမရွိသည္ကို တြက္ဆရမည္ ျဖစ္သည္။ လက္နက္ကိုင္ေသာင္းက်န္းသူမ်ား အေနျဖင့္ ၎တို႔ထိန္းခ်ဳပ္ခဲ့သည့္နယ္ေျမမ်ားတြင္ ေဒသ ဖြံ႕ၿဖိဳးေရးအတြက္ လမ္းတစ္လမ္း၊ တံတား တစ္စင္း၊ ေက်ာင္းတစ္ေက်ာင္း၊ ေဆး႐ုံတစ္႐ုံ ေဆာက္လုပ္ ေပးႏိုင္ျခင္းမရွိခဲ့ၾကသည္မွာလည္း အထင္အရွားပင္ျဖစ္သည္။
ဤသို႔ျဖင့္ ေသာင္းက်န္းသူမ်ားသည္ ၎တို႔အက်ိဳးစီးပြားအတြက္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲတြင္ မျဖစ္ႏိုင္သည္မ်ားကိုေတာင္းဆိုရင္း မၾကန႔္ၾကာသင့္ ဘဲၾကန႔္ၾကာေအာင္ အခ်ိန္ဆြဲလုပ္ေဆာင္သည့္နည္း လမ္းမ်ားကိုလည္း က်င့္သုံးလာႏိုင္သည္။ ဤသို႔ ၾကန႔္ ၾကာေနမည္ဆိုပါ ၎တို႔သိမ္းပိုက္ထားေသာ ေဒသအတြင္း ျပည္သူမ်ား၏ က်န္းမာေရး၊ ပညာေရး၊ စီးပြားေရးႏွင့္ လမ္းပန္းဆက္သြယ္ေရးအပါအဝင္ အျခားစီမံခန႔္ခြဲေရးလုပ္ငန္းမ်ားကို မည္သို႔ေဆာင္႐ြက္သြားၾကမည္နည္း။ ေမးခြန္းထုတ္စရာမ်ားျဖစ္ သည္။ ေသာင္းက်န္းသူအဖြဲ႕အစည္းမ်ားအေနျဖင့္ နယ္ေျမေတြသိမ္းပိုက္ထားႏိုင္သည္ထားဦး။ အထက္ တြင္ေဖာ္ျပခဲ့သည့္ေဒသေနျပည္သူမ်ား၏ အက်ိဳးစီးပြားဆိုင္ရာလုပ္ငန္းမ်ားကို အစိုးရတစ္ရပ္ကဲ့သို႔ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္မည္ မဟုတ္သည္ကား ေသခ်ာေပသည္။
ၿမိဳ႕ေတြသိမ္းေသာ္လည္း ဘယ္လိုထိန္းၾကမလဲ
လက္နက္ကိုင္ေသာင္းက်န္းသူမ်ားအေနျဖင့္ လက္ရွိအေနအထားတြင္ နယ္ေျမအေျမာက္အ ျမားကို သိမ္းပိုက္ထားႏိုင္သည္ကိုေတြ႕ရသည္။ ေက်းလက္ေဒသမ်ားသာမက ၿမိဳ႕ငယ္မ်ားကိုပါ သိမ္းယူ သြားႏိုင္ခဲ့သည္။ ၿမိဳ႕နယ္ၿမိဳ႕မ်ားသာမက ခ႐ိုင္ၿမိဳ႕ႀကီးမ်ားကိုလည္း သိမ္းယူႏိုင္ခဲ့ၾကသည္။ ႏိုင္ငံေတာ္ အစိုးရ၏ စီမံခန႔္ခြဲရန္တာဝန္ေပးအပ္ထားသည့္ ခ႐ိုင္အဆင့္၊ ၿမိဳ႕နယ္အဆင့္ ႐ုံးမ်ားအားလုံး ဖ်က္ဆီးခံခဲ့ ရသည္။ ခ႐ိုင္အဆင့္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားလည္း စစ္ေဘးေရွာင္ေနၾကရသည္။ စီမံခန႔္ခြဲေရးဝန္ထမ္းမ်ား ပါသည္။ တရားေရးဝန္ထမ္းမ်ား ပါသည္။ ပညာေရးဝန္ထမ္းမ်ား ပါသည္။ က်န္းမာေရး ဝန္ထမ္းမ်ား ပါသည္။ ယခင္တစ္ခ်ိန္တုန္းက ေသာင္းက်န္းသူမ်ားအေနျဖင့္ ႏိုင္ငံေတာ္ အစိုးရ၏ အုပ္ခ်ဳပ္ေရးပိုင္း ဆိုင္ရာဌာနမ်ားရွိသည့္ၿမိဳ႕မ်ား၊ ေက်း႐ြာႀကီးမ်ားကို သိမ္းပိုက္ႏိုင္ျခင္းမရွိခဲ့။ ေက်းလက္ကိုသာ သိမ္းပိုက္ထားျခင္းျဖင့္ ႏိုင္ငံတာ္၏အုပ္ခ်ဳပ္ေရးယႏၲရားကို ၿခိမ္းေျခာက္ထားခဲ့ျခင္း ျဖစ္သည္။ သို႔ျဖစ္၍ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ၿမိဳ႕နယ္အတြင္း ေက်းလက္ေဒသမ်ားကို (ေသာင္းက်န္း သူမ်ားသိမ္းပိုက္ထားသည့္တိုင္)ေက်းလက္ေဒသမ်ား၏ က်န္းမာေရး၊ ပညာေရး၊ လမ္းပန္းဆက္သြယ္ ေရး၊ စီးပြားေရးလုပ္ငန္းမ်ားကို ၿမိဳ႕ေပၚမွေန၍ အထိုက္အေလ်ာက္ စီမံခန႔္ခြဲ လုပ္ေဆာင္ေပးႏိုင္ခဲ့သည္။ ေဒသေနျပည္သူမ်ားလည္း ထိုက္သင့္ေသာ က်န္းမာေရးေစာင့္ေရွာက္ခံရမႈ၊ ပညာသင္ၾကားႏိုင္မႈ၊ စီးပြား ကုန္သြယ္လုပ္ကိုင္ႏိုင္မႈ အခြင့္အလမ္းမ်ားကိုရရွိခဲ့ၾကသည္။ အထူးသျဖင့္ နယ္စပ္ေဒသကုန္သြယ္ေရး လုပ္ငန္းမ်ားကိုလည္း တရားဝင္ကုန္သြယ္ လုပ္ေဆာင္ခြင့္ရခဲ့ၾကသည္။
ျပည္ေထာင္စုနယ္ေျမအတြင္း ေဒသအသီးသီး၏ ဖြံ႕ၿဖိဳးတိုးတက္ေရးကို တာဝန္ယူေဆာင္႐ြက္ ေပးႏိုင္သည္မွာ ႏိုင္ငံေတာ္အစိုးရသာျဖစ္သည္။ ပညာေရး၊ က်န္းမာေရးအပါအဝင္က႑အသီးသီးရွိ ကြၽမ္းက်င္ဝန္ထမ္းမ်ား ခန႔္အပ္တာဝန္ေပးျခင္း၊ ဖြံ႕ၿဖိဳးေရးအသုံးစရိတ္မ်ားခြဲေဝေပးျခင္း၊ လမ္း၊ တံတား၊ ေဆး႐ုံ၊ ေဆးေပးခန္း၊ ေက်ာင္း စသည္မ်ား ေဆာက္လုပ္ေပးျခင္း စသည္မ်ားအတြက္ ဘ႑ာေရးဆိုင္ရာ အသုံးစရိတ္မ်ားကို တာဝန္ယူရသည္။ ဤလုပ္ငန္းမ်ားကို လုပ္ေဆာင္ရာတြင္ အဓိကစီမံအုပ္ခ်ဳပ္ရသည့္ ဌာနဆိုင္ရာအသီးသီး၏ဝန္ထမ္းမ်ားကို ၿမိဳ႕နယ္၊ ခ႐ိုင္ ၿမိဳ႕မ်ားရွိ႐ုံးမ်ားမွ ႀကီးၾကပ္ေဆာင္႐ြက္ေပးျခင္းျဖစ္ သည္။ လက္ရွိအေနအထားအရ ေသာင္းက်န္းသူမ်ား သိမ္းယူရရွိထားသည့္ ၿမိဳ႕နယ္၊ ခ႐ိုင္မ်ားရွိ ႏိုင္ငံ ေတာ္ အစိုးရ၏ အုပ္ခ်ဳပ္ေရးယႏၲရားမ်ား ရပ္တန႔္ေနသည္ ျဖစ္ရာ ေသာင္းက်န္းသူမ်ားႏွင့္ ၿငိမ္းခ်မ္းေရး ရယူ ေဆြးေႏြးသည့္အခ်ိန္တြင္ ႏိုင္ငံေတာ္အစိုးရမွ တာဝန္ယူႏိုင္ျခင္းမရွိသကဲ့သို႔ ေသာင္းက်န္းသူအဖြဲ႕ မ်ားကလည္း တာဝန္ယူႏိုင္မည္မဟုတ္ေပ။ သို႔ျဖစ္လွ်င္ ေဒသခံျပည္သူမ်ားအဖို႔ နစ္နာမႈမ်ားသာျဖစ္လာ ေပမည္။
ျပည္သူမ်ား၏ေမွ်ာ္လင့္ခ်က္
အထက္တြင္ေျပာခဲ့သကဲ့သို႔ ႏိုင္ငံေတာ္ အစိုးရအေနျဖင့္ ႏိုင္ငံတစ္ဝန္း ေတာင္ေပၚ၊ ေျမျပန႔္ မက်န္ နယ္ေျမအသီးသီး၏ က်န္းမာေရး၊ ပညာေရး၊ စီးပြားေရး၊ လမ္းပန္းဆက္သြယ္ေရး စသည့္ျပည္သူ မ်ား၏လူမႈဘဝတိုးတက္ေရးအတြက္ တာဝန္ယူလုပ္ေဆာင္ေပးေနသည္။ ဤသို႔လုပ္ေဆာင္ရန္အတြက္ အဆိုပါလုပ္ငန္းမ်ားကို ႀကီးၾကပ္ဦးေဆာင္ေပးရမည့္ ၿမိဳ႕နယ္၊ ခ႐ိုင္႐ုံးႏွင့္ ကြၽမ္းက်င္ဝန္ထမ္းမ်ား ၾကပ္ ေပးရန္လည္း လိုအပ္သည္။ သို႔ရာတြင္ ေသာင္းက်န္းသူမ်ား၏ သိမ္းယူမႈေအာက္တြင္ရွိေနသည့္ၿမိဳ႕နယ္၊ ခ႐ိုင္မ်ားအေနျဖင့္ ႏိုင္ငံေတာ္၏စီမံအုပ္ခ်ဳပ္မႈ ႏွင့္အေထာက္အပံ့ကို ရယူႏိုင္ျခင္းကား ရွိမည္မဟုတ္ ေပ။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား စတင္သည့္အခ်ိန္ တြင္ ေသာင္းက်န္းသူမ်ားအေနျဖင့္ အဆိုပါအခ်က္မ်ား ကိုလည္း သိရွိထားၾကရန္လိုအပ္ေပမည္။ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ တိုင္းရင္းသား စည္းလုံးညီၫြတ္မႈမၿပိဳကြဲေရး၊ အခ်ဳပ္ အျခာအာဏာတည္တံ့ခိုင္ၿမဲေရး၊ ျပည္ေထာင္စု မၿပိဳကြဲေရး စသည့္ တာဝန္အေရးသုံးပါးကိုလက္ကိုင္ထားၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲလမ္းေၾကာင္းကို တစ္ႏိုင္ငံလုံး အပစ္အခတ္ရပ္စဲေရးေဘာင္အတိုင္း လုပ္ေဆာင္ ေနျခင္းျဖစ္သည္ဆိုျခင္းကိုလည္း ၿငိမ္းခ်မ္းေရးလမ္း ေၾကာင္းေပၚတက္လာသူမ်ားအေနျဖင့္ အေလးအနက္သိရွိထားၾကရန္လိုအပ္ေပသည္။
ထို႔အတူ ႏိုင္ငံေတာ္အေနျဖင့္ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွေပးထားခ်က္အတိုင္းသာ လုပ္ေဆာင္ ခြင့္ရွိေနသည္ဆိုျခင္းကိုလည္း နားလည္ထားၾကရန္လိုသည္။ (၂၀ဝ၈)ဖြဲ႕စည္းပုံအေျခခံဥပေဒကို မ်က္ ကြယ္ျပဳ၍ လုပ္ေဆာင္ခ်က္၊ ေတာင္းဆိုခ်က္မ်ားကို ႏိုင္ငံေတာ္မွ လိုက္ေလ်ာႏိုင္မည္ မဟုတ္ေၾကာင္းကို လည္း ေသာင္းက်န္းသူမ်ားအေနျဖင့္ နားလည္ၾကရန္လို သည္။ ထိုသို႔မဟုတ္ဘဲ မိမိတို႔၏လိုအင္ဆႏၵ တစ္ခုတည္းကိုသာ မ်က္စိစုံမွိတ္ေတာင္းဆိုေနၾကမည္ဆိုလွ်င္ ျဖစ္ေပၚလာမည့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြး ပြဲမ်ားသည္လည္း အရာမေရာက္၊ အက်ိဳးမထင္ျဖစ္ေနေပလိမ့္မည္။
တိုင္းရင္းသားျပည္သူမ်ားအေနျဖင့္မူ ၿငိမ္းခ်မ္းေရးကို ေမွ်ာ္လင့္ေစာင့္စားေနၾကသည္။ ႏိုင္ငံေရး ျပႆနာမ်ားကို ႏိုင္ငံေရးစကားဝိုင္းျဖင့္အေျဖရွာေစလိုၾကသည္။ ၿငိမ္းခ်မ္းေရးစကားဝိုင္းမ်ားတြင္ ေဆြး ေႏြးၾကရာတြင္လည္း မိမိတို႔ျဖစ္လိုသည္မ်ားထက္ျဖစ္ ႏိုင္သည္မ်ားကိုသာေဆြးေႏြးေျပာဆိုၾကရန္လိုၾက မည္။ မိမိတို႔ျဖစ္လိုသည္မ်ားကိုသာ တစ္ဖက္သတ္ ေျပာဆိုေနျခင္းက အေျဖတစ္ခုမဟုတ္ေၾကာင္းလည္း နားလည္ေပးၾကရေပမည္။ လက္နက္ကိုင္ေသာင္း က်န္းသူမ်ားအေနျဖင့္ နယ္ေျမေတြအေျမာက္အျမား ကိုသိမ္းထားႏိုင္ခဲ့ၿပီးျဖစ္သည့္တိုင္ ျပည္သူလူထု၏အက်ိဳးစီးပြားအတြက္ မည္သို႔မွ်ေဆာင္႐ြက္ေပးႏိုင္ ျခင္းမရွိသည္မွာ ထင္ရွားသည္။ ေသာင္းက်န္းသူမ်ား သိမ္းထားသည့္နယ္ေျမမ်ားတြင္ ပညာသင္ၾကား ေရး၊ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား မေပးႏိုင္ေတာ့။ လမ္း ပန္းဆက္သြယ္ေရးတြင္မူ ႏိုင္ငံေတာ္က တည္ေဆာက္ေပးထားခဲ့ေသာ လမ္း၊ တံတားမ်ားကို အသုံးျပဳႏိုင္သည့္တိုင္ အပ်က္အစီးမ်ားကို ျပန္လည္ တည္ေဆာက္ျခင္းမျပဳႏိုင္ေတာ့။ ထို႔အတူ စိုက္ပ်ိဳးေရး၊ ကုန္သြယ္ေရးလုပ္ငန္းမ်ားတြင္လည္း ျပည္သူ မ်ား ေဆာင္႐ြက္ႏိုင္ျခင္းမရွိသျဖင့္ ျပည္သူမ်ား၏လူမႈစီးပြားဘဝ နိမ့္က်ကုန္သည္။
ေသာင္းက်န္းသူအဖြဲ႕အစည္းမ်ားအေနျဖင့္ နယ္ေျမအေျမာက္အျမားကို သိမ္းထားႏိုင္ျခင္းက မိမိတို႔၏ေအာင္ပြဲဟုယူဆေနၾကေသာ္ အမွားႀကီးမွား ၾကေပလိမ့္မည္။ ျပည္သူလူထု၏အက်ိဳးစီးပြားကို မေဆာင္ေပးႏိုင္သမွ် ၎တို႔၏ေအာင္ပြဲဆိုသည္က ယာယီမွ်သာျဖစ္ေၾကာင္းေရးသားရေပသည္။