မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် အနောက်တိုင်းပြက္ခဒိန် ဧပြီ ၁၇ ရက်နေ့ အမြဲဖြစ်ပါသလား။

 3314

Htay Oung (NP News) – ဧပြီ ၁၈
ပထမဆုံး သတိပြုရမယ့်အချက်က မြန်မာ့ရိုးရာပြက္ခဒိန်နဲ့ အစိုးရရုံးသုံး (ဂရေဂိုရီ ပြက္ခဒိန်) တို့ မတူညီခြင်း ဖြစ်ပါတယ်။
အနောက်တိုင်း ဂရေဂိုရီပြက္ခဒိန်မှာ ကမ္ဘာက နေကို တစ်ပတ်ပြည့်လှည့်ပတ်ချိန်ကို မူတည်တွက်ချက်ခြင်းဖြစ်ပြီး မြန်မာပြက္ခဒိန်မှာ “လ” နဲ့ “နေ”ကို မူတည်တွက်ချက်ခြင်း Lunisolar Calender ဖြစ်ပါတယ်။
မြန်မာနှစ်ဆန်း တစ်ရက်နေ့ဆိုတာက မြန်မာတို့ရဲ့တစ်နှစ်တာကုန်ဆုံးပြီး နောက်နှစ်သစ် စတင်ရက် လုံး၀ မဟုတ်ပါ။ နက္ခတ်ရာသီ ၁၂ ခွင်အနက် နောက်ဆုံး မိန်ရာသီမှ ပထမဆုံးအစ မိဿရာသီသို့ စတင် ကူးပြောင်းချိန် ဖြစ်ပါတယ်။ များသောအားဖြင့် အကြို-အကျ-အကြတ်-အတက် သင်္ကြန်ရက်များအပြီး နက္ခတ် ရာသီကူးပြောင်း ချိန်ဖြစ်ခြင်းကြောင့် “အတာသင်္ကြန်” လို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။ တန်ခူးလအတွင်း ဖြစ်နိုင်သလို ကဆုန်လမှာ လည်း ဖြစ်နိုင်ပါတယ်။
အနောက်တိုင်းပြက္ခဒိန်နဲ့ မြန်မာ့ရိုးရာပြက္ခဒိန် မတူညီခြင်းကြောင့် နှစ်ဆန်းတစ်ရက်ဟာ များသောအားဖြင့် ဧပြီ ၁၇ ရက်ဖြစ်လေ့ရှိပေမယ့် ဧပြီ ၁၆ ရက်လည်းဖြစ်နိုင်ပြီး ဧပြီ ၁၈ ရက်လည်း ဖြစ်နိုင်ပါတယ်။ ၁၉၀၀ ပြည့်လွန် နှစ်များအတွက် မြန်မာနှစ်ဆန်းတစ်ရက်ဟာ ဧပြီ ၁၆ ရက်အဖြစ်များပါတယ်။
မြန်မာတို့ရဲ့ သမိုင်းဝင် နှစ်ဆန်း ၁-ရက်နေ့ဟာ (၁၂၃၃ ခုနှစ် တန်ခူးလပြည့်ကျော် ၁၁ ရက်) ၁၈၇၁ ခုနှစ် ဧပြီ လ ၁၅-ရက် မင်းတုန်းမင်းလက်ထက်ဖြစ်ပြီး အဲဒီနေ့မှာ “ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပွဲ” စတင်ခြင်းကြောင့် ဖြစ်ပါ တယ်။ ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီးအရ ဧပြီ ၁၅ ရက်နေ့ဖြစ်တယ်ဆိုပေမယ့် အနောက်တိုင်း ပြက္ခဒိန် မှာ ဧပြီ ၁၆ ရက်ကျရောက်ပါတယ်။
မြန်မာရှင်ဘုရင်တို့ရဲ့ နောက်ဆုံး အတာသင်္ကြန်ပွဲအပြီး နှစ်ဆန်းတစ်ရက်နေ့ဟာ ၁၂၄၇ ခုနှစ် ကဆုန်လဆုတ် ၂ ရက် (၁၄ ဧပြီ ၁၈၈၅ ခုနှစ်) သီပေါမင်းလက်ထက်ဖြစ်ပါတယ်။
ယနေ့ထိ ကြုံတွေ့ခဲ့ရသမျှ “မြန်မာနှစ်ဆန်းတစ်ရက်နေ့” ကတော့ ဧပြီလ ၁၇ ရက် ချည့်အဖြစ်များနေခဲ့တာ ပြက္ခဒိန်မှာ တွေ့ရပါလိမ့်မယ်။
အဲဒါ အနောက်တိုင်း ဂရေဂိုရီပြက္ခဒိန်ကို အစိုးရသုံးအဖြစ် သတ်မှတ်ထားတဲ့အတွက် မြန်မာပြက္ခဒိန်ပါ “အတာကူးချိန်” ကို ရုံးပိတ်ရက် အစားထိုး သတ်မှတ်ခြင်းကြောင့် ဖြစ်ပါတယ်။
မဟာသင်္ကြန်စာကို ဖတ်ကြည့်ရင် သိကြားမင်းဆင်းတယ်လို့ ဘယ်တုန်းကမှ မပါခဲ့ဝင်ခဲ့ပါ။
ဘယ်ဂြိုလ်မင်းဟာ ဘယ်အချိန် ဘယ်ကို ကူးဝင်ကြောင်းသာ ပါပါတယ်။
တကယ်တော့ အဲဒါဟာ ကောင်းကင်နက္ခတ်တာရာများ နရီစီးချက်သီအိုရီ Biorhythm Theory အရ တွက်ချက်ခြင်း ဖြစ်ပြီး ယနေ့ ဥရောပနိုင်ငံများတိုင် လက်ခံယုံကြည်သူ အများအပြား ရှိနေပါတယ်။
မဟာသင်္ကြန်စာ မြန်မာတောင်သူလယ်သမားကြီးများ စိုက်ရေးပျိုးရေးနဲ့ ဘယ်သီးနှံ ဘယ်အချိန် စတင်စိုက်ပျိုး ရမှာဖြစ်ကြောင်း အားထားရာ မိုးလေဝသခန့်မှန်းရာလည်း ဖြစ်ပါတယ်။
ယူနက်စကို အသိအမှတ်ပြု ပုဂံခေတ်တည်းက မြန်မာတို့ရဲ့ "အတာသင်္ကြန်" ဟာ ခေတ်မီတယ်လို့တောင် ဆိုရမှာပါ။
အတိုချုပ်ပြောရလျှင် #မြန်မာနှစ်ဆန်း_၁_ရက်နေ့သည် #ဧပြီ_၁၇_ရက်_အမြဲမဟုတ်
#ဘိုးဘေးတို့ရဲ့ #အတာသင်္ကြန်နဲ့ _မြန်မာနှစ်ဆန်း_၁_ရက်သည်
#တစ်ဖက်ပိတ်_လူပေါများက_တီထွင်ခဲ့ခြင်း_မဟုတ်ပါ
#HtayOung #OungMarine
#အတာသင်္ကြန် #မြန်မာ့ရိုးရာပြက္ခဒိန် #မြန်မာနှစ်ဆန်းတစ်ရက် #Biorhythm_Theory

Zawgyi Version:
ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔သည္ အေနာက္တိုင္းျပကၡဒိန္ ဧၿပီ ၁၇ ရက္ေန႔ အၿမဲျဖစ္ပါသလား။
Htay Oung (NP News) – ဧၿပီ ၁၈
ပထမဆုံး သတိျပဳရမယ့္အခ်က္က ျမန္မာ့႐ိုးရာျပကၡဒိန္နဲ႔ အစိုးရ႐ုံးသုံး (ဂေရဂိုရီ ျပကၡဒိန္) တို႔ မတူညီျခင္း ျဖစ္ပါတယ္။
အေနာက္တိုင္း ဂေရဂိုရီျပကၡဒိန္မွာ ကမာၻက ေနကို တစ္ပတ္ျပည့္လွည့္ပတ္ခ်ိန္ကို မူတည္တြက္ခ်က္ျခင္းျဖစ္ၿပီး ျမန္မာျပကၡဒိန္မွာ “လ” နဲ႔ “ေန”ကို မူတည္တြက္ခ်က္ျခင္း Lunisolar Calender ျဖစ္ပါတယ္။
ျမန္မာႏွစ္ဆန္း တစ္ရက္ေန႔ဆိုတာက ျမန္မာတို႔ရဲ႕တစ္ႏွစ္တာကုန္ဆုံးၿပီး ေနာက္ႏွစ္သစ္ စတင္ရက္ လုံး၀ မဟုတ္ပါ။ နကၡတ္ရာသီ ၁၂ ခြင္အနက္ ေနာက္ဆုံး မိန္ရာသီမွ ပထမဆုံးအစ မိႆရာသီသို႔ စတင္ ကူးေျပာင္းခ်ိန္ ျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ အႀကိဳ-အက်-အၾကတ္-အတက္ သၾကၤန္ရက္မ်ားအၿပီး နကၡတ္ ရာသီကူးေျပာင္း ခ်ိန္ျဖစ္ျခင္းေၾကာင့္ “အတာသၾကၤန္” လို႔ ေခၚဆိုျခင္းျဖစ္ပါတယ္။ တန္ခူးလအတြင္း ျဖစ္ႏိုင္သလို ကဆုန္လမွာ လည္း ျဖစ္ႏိုင္ပါတယ္။
အေနာက္တိုင္းျပကၡဒိန္နဲ႔ ျမန္မာ့႐ိုးရာျပကၡဒိန္ မတူညီျခင္းေၾကာင့္ ႏွစ္ဆန္းတစ္ရက္ဟာ မ်ားေသာအားျဖင့္ ဧၿပီ ၁၇ ရက္ျဖစ္ေလ့ရွိေပမယ့္ ဧၿပီ ၁၆ ရက္လည္းျဖစ္ႏိုင္ၿပီး ဧၿပီ ၁၈ ရက္လည္း ျဖစ္ႏိုင္ပါတယ္။ ၁၉၀၀ ျပည့္လြန္ ႏွစ္မ်ားအတြက္ ျမန္မာႏွစ္ဆန္းတစ္ရက္ဟာ ဧၿပီ ၁၆ ရက္အျဖစ္မ်ားပါတယ္။
ျမန္မာတို႔ရဲ႕ သမိုင္းဝင္ ႏွစ္ဆန္း ၁-ရက္ေန႔ဟာ (၁၂၃၃ ခုႏွစ္ တန္ခူးလျပည့္ေက်ာ္ ၁၁ ရက္) ၁၈၇၁ ခုႏွစ္ ဧၿပီ လ ၁၅-ရက္ မင္းတုန္းမင္းလက္ထက္ျဖစ္ၿပီး အဲဒီေန႔မွာ “ဆ႒မအႀကိမ္ သဂၤါယနာတင္ပြဲ” စတင္ျခင္းေၾကာင့္ ျဖစ္ပါ တယ္။ ကုန္းေဘာင္ဆက္မဟာရာဇဝင္ေတာ္ႀကီးအရ ဧၿပီ ၁၅ ရက္ေန႔ျဖစ္တယ္ဆိုေပမယ့္ အေနာက္တိုင္း ျပကၡဒိန္ မွာ ဧၿပီ ၁၆ ရက္က်ေရာက္ပါတယ္။
ျမန္မာရွင္ဘုရင္တို႔ရဲ႕ ေနာက္ဆုံး အတာသၾကၤန္ပြဲအၿပီး ႏွစ္ဆန္းတစ္ရက္ေန႔ဟာ ၁၂၄၇ ခုႏွစ္ ကဆုန္လဆုတ္ ၂ ရက္ (၁၄ ဧၿပီ ၁၈၈၅ ခုႏွစ္) သီေပါမင္းလက္ထက္ျဖစ္ပါတယ္။
ယေန႔ထိ ႀကဳံေတြ႕ခဲ့ရသမွ် “ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔” ကေတာ့ ဧၿပီလ ၁၇ ရက္ ခ်ည့္အျဖစ္မ်ားေနခဲ့တာ ျပကၡဒိန္မွာ ေတြ႕ရပါလိမ့္မယ္။
အဲဒါ အေနာက္တိုင္း ဂေရဂိုရီျပကၡဒိန္ကို အစိုးရသုံးအျဖစ္ သတ္မွတ္ထားတဲ့အတြက္ ျမန္မာျပကၡဒိန္ပါ “အတာကူးခ်ိန္” ကို ႐ုံးပိတ္ရက္ အစားထိုး သတ္မွတ္ျခင္းေၾကာင့္ ျဖစ္ပါတယ္။
မဟာသၾကၤန္စာကို ဖတ္ၾကည့္ရင္ သိၾကားမင္းဆင္းတယ္လို႔ ဘယ္တုန္းကမွ မပါခဲ့ဝင္ခဲ့ပါ။
ဘယ္ၿဂိဳလ္မင္းဟာ ဘယ္အခ်ိန္ ဘယ္ကို ကူးဝင္ေၾကာင္းသာ ပါပါတယ္။
တကယ္ေတာ့ အဲဒါဟာ ေကာင္းကင္နကၡတ္တာရာမ်ား နရီစီးခ်က္သီအိုရီ Biorhythm Theory အရ တြက္ခ်က္ျခင္း ျဖစ္ၿပီး ယေန႔ ဥေရာပႏိုင္ငံမ်ားတိုင္ လက္ခံယုံၾကည္သူ အမ်ားအျပား ရွိေနပါတယ္။
မဟာသၾကၤန္စာ ျမန္မာေတာင္သူလယ္သမားႀကီးမ်ား စိုက္ေရးပ်ိဳးေရးနဲ႔ ဘယ္သီးႏွံ ဘယ္အခ်ိန္ စတင္စိုက္ပ်ိဳး ရမွာျဖစ္ေၾကာင္း အားထားရာ မိုးေလဝသခန႔္မွန္းရာလည္း ျဖစ္ပါတယ္။
ယူနက္စကို အသိအမွတ္ျပဳ ပုဂံေခတ္တည္းက ျမန္မာတို႔ရဲ႕ "အတာသၾကၤန္" ဟာ ေခတ္မီတယ္လို႔ေတာင္ ဆိုရမွာပါ။
အတိုခ်ဳပ္ေျပာရလွ်င္ #ျမန္မာႏွစ္ဆန္း_၁_ရက္ေန႔သည္ #ဧၿပီ_၁၇_ရက္_အၿမဲမဟုတ္
#ဘိုးေဘးတို႔ရဲ႕ #အတာသၾကၤန္နဲ႔ _ျမန္မာႏွစ္ဆန္း_၁_ရက္သည္
#တစ္ဖက္ပိတ္_လူေပါမ်ားက_တီထြင္ခဲ့ျခင္း_မဟုတ္ပါ
#HtayOung #OungMarine
#အတာသၾကၤန္ #ျမန္မာ့႐ိုးရာျပကၡဒိန္ #ျမန္မာႏွစ္ဆန္းတစ္ရက္ #Biorhythm_Theory

Related news

© 2021. All rights reserved.