နေပြည်တော်ရှိ ရုံးအဆောက်အအုံများကို ပြန်လည်တည်ဆောက်ရာတွင် မြေစမ်းသပ်ပြီးမှသာ ဆောင်ရွက်မည်

 1380

စော(NP News)- ဧပြီ ၁၉

နေပြည်တော်ရှိ ရုံးအဆောက်အအုံများကို ပြန်လည်တည်ဆောက်ရာတွင် မြေစမ်းသပ်မှုဆောင်ရွက်ပြီးမှသာ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အဆိုပါစကားကို ယမန်နေ့ (ဧပြီလ၁၈ရက်)က ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရရုံးဌာနများနှင့် ပတ်သက်၍ နေပြည်တော်တွင် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် အဆောက်အအုံများအနက် ဖို့မြေပေါ်တွင် တည်ဆောက်ထားသော အဆောက်အအုံများမှာ ပိုမိုထိခိုက်ပျက်စီးသည်ကို တွေ့ရကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

ထို့ကြောင့် ရုံးအဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် မြေစမ်းသပ်မှု (Soil Test) များ ဆောင်ရွက်ပြီးမှသာ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး တွက်ချက်၍ရသည့် ငလျင်ကြောပေါ်တွင် တည်ရှိနေသည့် အဆောက်အအုံများကို ပြောင်းရွှေ့နေရာချထားရေးအတွက် ဆောင်ရွက်သွားရန်လည်း လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် နေပြည်တော်၏ မြို့အကွက်ချမှုပုံစံကိုလည်း ပြန်လည်တွက်ချက်ရေးဆွဲသွားရန် စီစဉ်နေပြီး ငလျင်မကြာခဏလှုပ်ခတ်လျက်ရှိသည့် နိုင်ငံများမှ အဆောက်အအုံများ တည်ဆောက်ထားရှိမှုများကို နမူနာယူ၍ တည်ဆောက်မှုများ ဆောင်ရွက်သွားရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ရုံးဌာနအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အနည်းငယ်သာထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများကို ဦးစားပေးအနေဖြင့် ပြုပြင်ဆောင်ရွက်သွားရန်လိုပြီး အင်ဂျင်နီယာများက စမ်းသပ်ပြီးမှသာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း နစကဥက္ကဋ္ဌ ကဆိုသည်။

ထိုသို့ ဝန်ထမ်းအိမ်ရာများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရစ်ချ်တာစကေး (၈) အထိခံနိုင်သည့် အဆောက်အအုံများဖြစ်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version:
ေနျပည္ေတာ္ရွိ ႐ုံးအေဆာက္အအုံမ်ားကို ျပန္လည္တည္ေဆာက္ရာတြင္ ေျမစမ္းသပ္ၿပီးမွသာ ေဆာင္႐ြက္မည္

ေစာ(NP News)- ဧၿပီ ၁၉

ေနျပည္ေတာ္ရွိ ႐ုံးအေဆာက္အအုံမ်ားကို ျပန္လည္တည္ေဆာက္ရာတြင္ ေျမစမ္းသပ္မႈေဆာင္႐ြက္ၿပီးမွသာ အသစ္တည္ေဆာက္ျခင္းႏွင့္ ျပဳျပင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားသည္။

အဆိုပါစကားကို ယမန္ေန႔ (ဧၿပီလ၁၈ရက္)က ျပည္ေထာင္စုအစိုးရအဖြဲ႕ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

အစိုးရ႐ုံးဌာနမ်ားႏွင့္ ပတ္သက္၍ ေနျပည္ေတာ္တြင္ ထိခိုက္မႈျဖစ္ေပၚခဲ့သည့္ အေဆာက္အအုံမ်ားအနက္ ဖို႔ေျမေပၚတြင္ တည္ေဆာက္ထားေသာ အေဆာက္အအုံမ်ားမွာ ပိုမိုထိခိုက္ပ်က္စီးသည္ကို ေတြ႕ရေၾကာင္း နစကဥကၠ႒က ဆိုသည္။

ထို႔ေၾကာင့္ ႐ုံးအေဆာက္အအုံမ်ား ျပန္လည္တည္ေဆာက္ရာတြင္ ေျမစမ္းသပ္မႈ (Soil Test) မ်ား ေဆာင္႐ြက္ၿပီးမွသာ အသစ္တည္ေဆာက္ျခင္းႏွင့္ ျပဳျပင္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္သြားရမည္ျဖစ္ၿပီး တြက္ခ်က္၍ရသည့္ ငလ်င္ေၾကာေပၚတြင္ တည္ရွိေနသည့္ အေဆာက္အအုံမ်ားကို ေျပာင္းေ႐ႊ႕ေနရာခ်ထားေရးအတြက္ ေဆာင္႐ြက္သြားရန္လည္း လိုေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။

ထို႔ျပင္ ေနျပည္ေတာ္၏ ၿမိဳ႕အကြက္ခ်မႈပုံစံကိုလည္း ျပန္လည္တြက္ခ်က္ေရးဆြဲသြားရန္ စီစဥ္ေနၿပီး ငလ်င္မၾကာခဏလႈပ္ခတ္လ်က္ရွိသည့္ ႏိုင္ငံမ်ားမွ အေဆာက္အအုံမ်ား တည္ေဆာက္ထားရွိမႈမ်ားကို နမူနာယူ၍ တည္ေဆာက္မႈမ်ား ေဆာင္႐ြက္သြားရန္လိုေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

႐ုံးဌာနအေဆာက္အအုံမ်ား ျပန္လည္ျပဳျပင္တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ အနည္းငယ္သာထိခိုက္ပ်က္စီးခဲ့သည့္ အေဆာက္အအုံမ်ားကို ဦးစားေပးအေနျဖင့္ ျပဳျပင္ေဆာင္႐ြက္သြားရန္လိုၿပီး အင္ဂ်င္နီယာမ်ားက စမ္းသပ္ၿပီးမွသာ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္သြားရန္လိုေၾကာင္း နစကဥကၠ႒ ကဆိုသည္။

ထိုသို႔ ဝန္ထမ္းအိမ္ရာမ်ား ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ ရစ္ခ်္တာစေကး (၈) အထိခံႏိုင္သည့္ အေဆာက္အအုံမ်ားျဖစ္ေအာင္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.