ဆီးရီးယားကနေ တပ်ဖွဲ့ဝင်တွေရုတ်သိမ်းမှုကို အမေရိကန်အစိုးရ စတင်

542

Pika (NP News) - ဧပြီ ၁၉
ဆီးရီးယားအစိုးရရဲ့သဘောတူညီချက်တွေမပါဘဲ (၂၀၁၄)ခုနှစ်ကတည်းက တပ်စွဲထားခဲ့တဲ့တပ်ဖွဲ့တွေကို ဆီးရီးယားကနေ ပြန်လည်ရုတ်သိမ်းမှုကို အမေရိကန်က စတင်ခဲ့တယ်လို့ အစိုးရရဲ့သတင်းရင်းမြစ်တွေကို ကိုးကား ပြီး New York Times နဲ့ Associated Press သတင်းဌာနတို့က ရေးသားဖော်ပြခဲ့ပါတယ်။
အမေရိကန်ဟာ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ၎င်းရဲ့စစ်ဆင်ရေးအခြေစိုက်စခန်း(၈)ခုအနက် (၃)ခုကို ပိတ်ပစ်ပြီး တပ်ဖွဲ့ဝင်အင်အားကို(၂၀၀၀)ကနေ (၁၄၀၀)ကိုလျှော့ချဖို့ စီစဉ်ထားတယ်လို့ NYT ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ပိတ်ပစ်ဖို့စီစည်ထားတဲ့ အခြေစိုက်စခန်းတွေဟာ Mission Support Site Green Village၊ M.S.S. Euphrates နဲ့ အမည်မဖော်လိုတဲ့ အဆောက်အဦးငယ်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်စစ်တပ်အရာရှိ တွေဟာ အချိန်(၂)လအကြာမှာ နောက်ထပ်ဖြတ်တောက်မှုတွေ လုပ်ဆောင်ဖို့ လို/မလို ဆိုတာကို ဆုံးဖြတ်သွားနိုင် ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။
ပြီးတော့ ဆီးရီးယားမှာ တပ်ဖွဲ့ဝင်အနည်းဆုံး(၅၀၀)လောက် ဆက်လက်ထားရှိဖို့ အမေရိကန်စစ်ဘက်အရာရှိတွေ က အကြံပြုထားတယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ဆီးရီးယားမှာ အမေရိကန် တပ်ဖွဲ့ဝင်(၁၀၀၀)အောက်သာကျန်ရှိနိုင်ခြေရှိတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး AP သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ ဆီးရီးယားမှာ ကျန်ရှိနေခဲ့မယ့် အမေရိကန်တပ်ဖွဲ့တွေဟာ အကြမ်းဖက်မှုနှိမ်နှင်ရေး စစ်ဆင်ရေးတွေမှာ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(SDF)ကို ကူညီပံ့ပိုးပေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဆီးရီးယားကေန တပ္ဖြဲ႕ဝင္ေတြ႐ုတ္သိမ္းမႈကို အေမရိကန္အစိုးရ စတင္
Pika (NP News) - ဧၿပီ ၁၉
ဆီးရီးယားအစိုးရရဲ႕သေဘာတူညီခ်က္ေတြမပါဘဲ (၂၀၁၄)ခုႏွစ္ကတည္းက တပ္စြဲထားခဲ့တဲ့တပ္ဖြဲ႕ေတြကို ဆီးရီးယားကေန ျပန္လည္႐ုတ္သိမ္းမႈကို အေမရိကန္က စတင္ခဲ့တယ္လို႔ အစိုးရရဲ႕သတင္းရင္းျမစ္ေတြကို ကိုးကား ၿပီး New York Times နဲ႔ Associated Press သတင္းဌာနတို႔က ေရးသားေဖာ္ျပခဲ့ပါတယ္။
အေမရိကန္ဟာ ဆီးရီးယားႏိုင္ငံ အေရွ႕ေျမာက္ပိုင္းက ၎ရဲ႕စစ္ဆင္ေရးအေျခစိုက္စခန္း(၈)ခုအနက္ (၃)ခုကို ပိတ္ပစ္ၿပီး တပ္ဖြဲ႕ဝင္အင္အားကို(၂၀၀၀)ကေန (၁၄၀၀)ကိုေလွ်ာ့ခ်ဖို႔ စီစဥ္ထားတယ္လို႔ NYT ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
ပိတ္ပစ္ဖို႔စီစည္ထားတဲ့ အေျခစိုက္စခန္းေတြဟာ Mission Support Site Green Village၊ M.S.S. Euphrates နဲ႔ အမည္မေဖာ္လိုတဲ့ အေဆာက္အဦးငယ္တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္စစ္တပ္အရာရွိ ေတြဟာ အခ်ိန္(၂)လအၾကာမွာ ေနာက္ထပ္ျဖတ္ေတာက္မႈေတြ လုပ္ေဆာင္ဖို႔ လို/မလို ဆိုတာကို ဆုံးျဖတ္သြားႏိုင္ ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။
ၿပီးေတာ့ ဆီးရီးယားမွာ တပ္ဖြဲ႕ဝင္အနည္းဆုံး(၅၀၀)ေလာက္ ဆက္လက္ထားရွိဖို႔ အေမရိကန္စစ္ဘက္အရာရွိေတြ က အႀကံျပဳထားတယ္လို႔လည္း သတင္းရင္းျမစ္ေတြက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ဆီးရီးယားမွာ အေမရိကန္ တပ္ဖြဲ႕ဝင္(၁၀၀၀)ေအာက္သာက်န္ရွိႏိုင္ေျခရွိတယ္လို႔ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး AP သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။ ဆီးရီးယားမွာ က်န္ရွိေနခဲ့မယ့္ အေမရိကန္တပ္ဖြဲ႕ေတြဟာ အၾကမ္းဖက္မႈႏွိမ္ႏွင္ေရး စစ္ဆင္ေရးေတြမွာ ဆီးရီးယားဒီမိုကရက္တစ္တပ္ဖြဲ႕(SDF)ကို ကူညီပံ့ပိုးေပးမႈေတြ ဆက္လက္လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။