ယူကရိန်းစွမ်းအင်ဆိုင်ရာ ပစ်မှတ်တွေကို မတိုက်ခိုက်ဖို့ အမိန့်က သက်တမ်းကုန်ဆုံးသွားပြီလို့ ရုရှားအစိုးရပြော

753

Pika (NP News) - ဧပြီ ၁၉
ပြီးခဲ့တဲ့လမှာ ရုရှားသမ္မတပူတင်က အမိန့်ပေးခဲ့တဲ့ ယူကရိန်းစွမ်းအင်အခြေခံအဆောက်အဦးတွေအပေါ် တိုက်ခိုက် မှုကို ရက်ပေါင်း(၃၀)ကြာရပ်ဆိုင်းထားမှုဟာ သက်တမ်းကုန်ဆုံးသွားပြီဖြစ်တယ်လို့ ရုရှားအစိုးရက ဧပြီလ (၁၈) ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့ကြား ဖုန်းခေါ်ဆိုမှုလုပ်ဆောင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ မတ်လ(၁၈)ရက်မှာ ရုရှားအစိုးရဟာ စွမ်းအင်အခြေခံအဆောက်အဦးတွေအပေါ်တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ အမိန့်ထုတ်ခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း နောက်ပိုင်းမှာ နှစ်နိုင်ငံစလုံးက အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်တယ်လို့ အပြန်အလှန်စွပ်စွဲပြောဆိုမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စကော့ဗ်က “ယူကရိန်းစွမ်းအင်အခြေခံအဆောက်အဦးတွေအပေါ်တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားဖို့ ထုတ်ထားခဲ့တဲ့အမိန့်က သက်တမ်းကုန်ဆုံးသွားပါပြီ။ အခုအချိန်အထိတော့ ပူတင်က နောက်ထပ်ညွှန်ကြားမှုတွေ ကို လုပ်ဆောင်တာမျိုးတော့ မရှိသေးပါဘူး” လို့ ပြောခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်းကြား ရရှိခဲ့တဲ့ ရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဟာ ရုရှား-ယူကရိန်း ပဋိပက္ခနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းနေတဲ့ ဒေါ်နယ်ထရမ့်ရဲ့ကြိုးပမ်းမှုတွေထဲက တစ်ခုဖြစ် တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းစြမ္းအင္ဆိုင္ရာ ပစ္မွတ္ေတြကို မတိုက္ခိုက္ဖို႔ အမိန႔္က သက္တမ္းကုန္ဆုံးသြားၿပီလို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ဧၿပီ ၁၉
ၿပီးခဲ့တဲ့လမွာ ႐ုရွားသမၼတပူတင္က အမိန႔္ေပးခဲ့တဲ့ ယူကရိန္းစြမ္းအင္အေျခခံအေဆာက္အဦးေတြအေပၚ တိုက္ခိုက္ မႈကို ရက္ေပါင္း(၃၀)ၾကာရပ္ဆိုင္းထားမႈဟာ သက္တမ္းကုန္ဆုံးသြားၿပီျဖစ္တယ္လို႔ ႐ုရွားအစိုးရက ဧၿပီလ (၁၈) ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ႐ုရွားသမၼတပူတင္တို႔ၾကား ဖုန္းေခၚဆိုမႈလုပ္ေဆာင္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ မတ္လ(၁၈)ရက္မွာ ႐ုရွားအစိုးရဟာ စြမ္းအင္အေျခခံအေဆာက္အဦးေတြအေပၚတိုက္ခိုက္မႈေတြကို ရပ္တန႔္ဖို႔ အမိန႔္ထုတ္ခဲ့တာလည္းျဖစ္ပါတယ္။
ဒါေပမယ့္လည္း ေနာက္ပိုင္းမွာ ႏွစ္ႏိုင္ငံစလုံးက အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္လို႔ အျပန္အလွန္စြပ္စြဲေျပာဆိုမႈေတြ ရွိခဲ့တယ္လို႔လည္း သိရပါတယ္။ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီ ပက္စေကာ့ဗ္က “ယူကရိန္းစြမ္းအင္အေျခခံအေဆာက္အဦးေတြအေပၚတိုက္ခိုက္မႈေတြကို ရပ္ဆိုင္းထားဖို႔ ထုတ္ထားခဲ့တဲ့အမိန႔္က သက္တမ္းကုန္ဆုံးသြားပါၿပီ။ အခုအခ်ိန္အထိေတာ့ ပူတင္က ေနာက္ထပ္ၫႊန္ၾကားမႈေတြ ကို လုပ္ေဆာင္တာမ်ိဳးေတာ့ မရွိေသးပါဘူး” လို႔ ေျပာခဲ့ပါတယ္။
႐ုရွားနဲ႔ ယူကရိန္းၾကား ရရွိခဲ့တဲ့ ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ဟာ ႐ုရွား-ယူကရိန္း ပဋိပကၡနဲ႔ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရးရရွိေအာင္ႀကိဳးပမ္းေနတဲ့ ေဒၚနယ္ထရမ့္ရဲ႕ႀကိဳးပမ္းမႈေတြထဲက တစ္ခုျဖစ္ တယ္လို႔လည္း သိရပါတယ္။