စင်ကာပူနိုင်ငံ၊ ဟောင်ဂန်မှာ လူတစ်ဦးကို ဓားနဲ့ထိုးပြီး ရဲဝန်ထမ်းတွေကို ဒဏ်ရာရစေခဲ့တဲ့ ကိုယ်လုံးတီး အမျိုးသား တရားစွဲခံရ

 571

ရောင်နီ (NP News) - ဧပြီ ၂ဝ

စင်ကာပူနိုင်ငံ၊ ဟောင်ဂန်မှာ လူတစ်ဦးကို ဓားနဲ့ထိုးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ဒဏ်ရာရစေခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဆန္ဒအလျောက် ထိခိုက်နာကျင်စေမှုနဲ့ ဧပြီ ၁၉ ရက်မှာ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။
ယာဉ်ရပ်နားစခန်း ၆၇၆၊ ၆၇၇ Hougang Avenue 8 အနီးတစ်ဝိုက်မှာ ဝတ်လစ်စလစ် လူတစ်ဦးက လူမြင်ကွင်းမှာ တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်ကို ရဲတပ်ဖွဲ့ ဧပြီ ၁၇ ရက်မှာ ရရှိခဲ့ပါတယ်။ ပဏာမ စုံစမ်း စစ်ဆေးမှုတွေအရ အဆိုပါအမျိုးသားဟာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကို ဓားနဲ့တိုက်ခိုက်ခဲ့ပြီး သံချောင်းတွေပါဝင်တဲ့ သစ်သားပျဉ်ပြားတစ်ချောင်းကို ကိုင်ကာ ဟောင်ဂန် Avenue 4 မှာ ရပ်ထားတဲ့ ဘတ်စ်ကားတစ်စီးကိုလည်း ဖျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားရာကို ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာချိန်မှာ အဆိုပါအမျိုးသားက ပျဉ်ချပ်နဲ့ ခုခံတိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဒါကြောင့် အသက် (၂၂) နှစ်အရွယ် အဆိုပါအမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၁၈၇၁ ပုဒ်မ ၃၂၄၊ စိတ်ဆန္ဒအလျှောက် နာကျင်စေမှု နဲ့ တရားစွဲဆိုမယ်လို့ သိရပါတယ်။

Zawgyi Version:
စင္ကာပူႏိုင္ငံ၊ ေဟာင္ဂန္မွာ လူတစ္ဦးကို ဓားနဲ႔ထိုးၿပီး ရဲဝန္ထမ္းေတြကို ဒဏ္ရာရေစခဲ့တဲ့ ကိုယ္လုံးတီး အမ်ိဳးသား တရားစြဲခံရ
ေရာင္နီ (NP News) - ဧၿပီ ၂ဝ

စင္ကာပူႏိုင္ငံ၊ ေဟာင္ဂန္မွာ လူတစ္ဦးကို ဓားနဲ႔ထိုးခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္ေတြကိုလည္း ဒဏ္ရာရေစခဲ့တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ဆႏၵအေလ်ာက္ ထိခိုက္နာက်င္ေစမႈနဲ႔ ဧၿပီ ၁၉ ရက္မွာ တရားစြဲဆိုခဲ့တယ္လို႔ သိရပါတယ္။
ယာဥ္ရပ္နားစခန္း ၆၇၆၊ ၆၇၇ Hougang Avenue 8 အနီးတစ္ဝိုက္မွာ ဝတ္လစ္စလစ္ လူတစ္ဦးက လူျမင္ကြင္းမွာ တိုက္ခိုက္မႈ ျပဳလုပ္ခဲ့တယ္ဆိုတဲ့ တိုင္ၾကားခ်က္ကို ရဲတပ္ဖြဲ႕ ဧၿပီ ၁၇ ရက္မွာ ရရွိခဲ့ပါတယ္။ ပဏာမ စုံစမ္း စစ္ေဆးမႈေတြအရ အဆိုပါအမ်ိဳးသားဟာ အသက္ ၃၀ အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ဓားနဲ႔တိုက္ခိုက္ခဲ့ၿပီး သံေခ်ာင္းေတြပါဝင္တဲ့ သစ္သားပ်ဥ္ျပားတစ္ေခ်ာင္းကို ကိုင္ကာ ေဟာင္ဂန္ Avenue 4 မွာ ရပ္ထားတဲ့ ဘတ္စ္ကားတစ္စီးကိုလည္း ဖ်က္စီးခဲ့တယ္လို႔ ဆိုပါတယ္။
အခင္းျဖစ္ပြားရာကို ရဲတပ္ဖြဲ႕ဝင္ေတြ ေရာက္ရွိလာခ်ိန္မွာ အဆိုပါအမ်ိဳးသားက ပ်ဥ္ခ်ပ္နဲ႔ ခုခံတိုက္ခိုက္ခဲ့တာ ေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ၃ ဦး ဒဏ္ရာ ရရွိခဲ့ၾကတယ္လို႔ သိရပါတယ္။
ဒါေၾကာင့္ အသက္ (၂၂) ႏွစ္အ႐ြယ္ အဆိုပါအမ်ိဳးသားကို ရာဇသတ္ႀကီး ပုဒ္မ ၁၈၇၁ ပုဒ္မ ၃၂၄၊ စိတ္ဆႏၵအေလွ်ာက္ နာက်င္ေစမႈ နဲ႔ တရားစြဲဆိုမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.