ဒီအာကွန်ဂိုနိုင်ငံမှာ သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၁၄၃)ဦး သေဆုံး

434

Pika (NP News) - ဧပြီ ၂ဝ
ဒီအာကွန်ဂိုနိုင်ငံ အနောက်မြောက်ပိုင်းမှာ လောင်စာဆီတွေတင်ဆောင်လာတဲ့ သင်္ဘောတစ်စီး မီးလောင်ကျွမ်းကာ တိမ်းမှောက်ခဲ့ပြီးနောက် အနည်းဆုံးလူ(၁၄၃)ဦး သေဆုံးခဲ့ပြီး အခြားလူဒါဇင်ချီပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
Equateur ပြည်နယ် Mbandaka မြို့အနီးက ကွန်ဂိုမြစ်အတွင်းမှာ သွားလာနေတဲ့သင်္ဘောပေါ်မှာ ရာနဲ့ချီတဲ့ ခရီးသည်တွေ လိုက်ပါလာခဲ့တာဖြစ်ပြီး ဟင်းချက်မီးကနေ စတင်လောင်ကျွမ်းခဲ့ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွား ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
တာဝန်ရှိသူတစ်ဦးက ”ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပထမဆုံးရုပ်အလောင်း(၁၃၁)လောင်းကို ပြန်လည် တွေ့ရှိခဲ့ပါတယ်။ ပြီးတော့ နောက်ထပ်ရုပ်အလောင်း(၁၂)လောင်းကို ထပ်မံတွေ့ရှိခဲ့ပါတယ်။သူတို့တွေထဲက အများအပြားဟာ မီးလောင်ကျွမ်းဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီသင်္ဘောပေါ်မှာလိုက်ပါလာတဲ့ခရီးသည်အရေအတွက် အတိအကျကို မသိရှိရသေးကြောင်းနဲ့ ရာနဲ့ချီလိုက်ပါ လာတယ်ဆိုတာကိုပဲသိရှိရသေးကြောင်း အဲ့ဒီတာဝန်ရှိသူက ထပ်မံပြောကြားခဲ့ပါတယ်။ ကျယ်ပြန့်တဲ့ ဒီအာကွန်ဂို နိုင်ငံမှာ တိကျပြီး လက်တွေ့ကျတဲ့လမ်းတွေမရှိတာကြောင့် လူအသေအပျောက်များတဲ့ မတော်တဆမှုများစွာကို ကြုံတွေ့နေရလျက်ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဒီအာကြန္ဂိုႏိုင္ငံမွာ သေဘၤာတစ္စီးတိမ္းေမွာက္ခဲ့ၿပီး အနည္းဆုံးလူ(၁၄၃)ဦး ေသဆုံး
Pika (NP News) - ဧၿပီ ၂ဝ
ဒီအာကြန္ဂိုႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာ ေလာင္စာဆီေတြတင္ေဆာင္လာတဲ့ သေဘၤာတစ္စီး မီးေလာင္ကြၽမ္းကာ တိမ္းေမွာက္ခဲ့ၿပီးေနာက္ အနည္းဆုံးလူ(၁၄၃)ဦး ေသဆုံးခဲ့ၿပီး အျခားလူဒါဇင္ခ်ီေပ်ာက္ဆုံးေနတယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။
Equateur ျပည္နယ္ Mbandaka ၿမိဳ႕အနီးက ကြန္ဂိုျမစ္အတြင္းမွာ သြားလာေနတဲ့သေဘၤာေပၚမွာ ရာနဲ႔ခ်ီတဲ့ ခရီးသည္ေတြ လိုက္ပါလာခဲ့တာျဖစ္ၿပီး ဟင္းခ်က္မီးကေန စတင္ေလာင္ကြၽမ္းခဲ့ၿပီးေနာက္ ေပါက္ကြဲမႈျဖစ္ပြား ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
တာဝန္ရွိသူတစ္ဦးက ”ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ ပထမဆုံး႐ုပ္အေလာင္း(၁၃၁)ေလာင္းကို ျပန္လည္ ေတြ႕ရွိခဲ့ပါတယ္။ ၿပီးေတာ့ ေနာက္ထပ္႐ုပ္အေလာင္း(၁၂)ေလာင္းကို ထပ္မံေတြ႕ရွိခဲ့ပါတယ္။သူတို႔ေတြထဲက အမ်ားအျပားဟာ မီးေလာင္ကြၽမ္းဒဏ္ရာေတြနဲ႔ ေသဆုံးသြားခဲ့တာပါ” လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲဒီသေဘၤာေပၚမွာလိုက္ပါလာတဲ့ခရီးသည္အေရအတြက္ အတိအက်ကို မသိရွိရေသးေၾကာင္းနဲ႔ ရာနဲ႔ခ်ီလိုက္ပါ လာတယ္ဆိုတာကိုပဲသိရွိရေသးေၾကာင္း အဲ့ဒီတာဝန္ရွိသူက ထပ္မံေျပာၾကားခဲ့ပါတယ္။ က်ယ္ျပန႔္တဲ့ ဒီအာကြန္ဂို ႏိုင္ငံမွာ တိက်ၿပီး လက္ေတြ႕က်တဲ့လမ္းေတြမရွိတာေၾကာင့္ လူအေသအေပ်ာက္မ်ားတဲ့ မေတာ္တဆမႈမ်ားစြာကို ႀကဳံေတြ႕ေနရလ်က္ရွိတယ္လို႔လည္း သိရပါတယ္။