ပါကစ္စတန်နိုင်ငံမှာ ဒုတိယအကြိမ်မြောက် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမှုကမ်းပိန်းကို စတင်

119

Pika (NP News) - ဧပြီ ၂၂
ပါကစ္စတန်နိုင်ငံမှာ ကလေးငယ်(၄၅)သန်းကို ပိုလီယိုရောဂါကူးစက်ခံရမှုကနေ ကာကွယ်ဖို့အတွက် ရည်ရွယ်တဲ့ ဒုတိယအကြိမ်မြောက်နိုင်ငံလုံးဆိုင်ရာ ကာကွယ်ဆေးတိုက်ကျွေးမှုကမ်ပိန်းကို ဧပြီလ(၂၁)ရက်မှာ စတင်ခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအဖွဲ့(WHO)ရဲ့အဆိုအရ ပါကစ္စတန်နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့ဟာ အသက်ဆုံးရှုံးနိုင်ခြေရှိတဲ့ ပိုလီယိုရော ဂါကို ရပ်တန့်နိုင်တာမျိုးမရှိသေးတဲ့ နိုင်ငံတွေဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကနေစတင်ပြီး ပါကစ္စတန်နိုင်ငံမှာ ပိုလီယိုရောဂါဖြစ်ပွားသူ ခြောက်ဦးကို အစီရင်ခံခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက ပါကစ္စတန်နိုင်ငံဟာ ပိုလီယိုရောဂါဖြစ်ပွားမှု မြင့်တက်လာခဲ့ပြီး ရောဂါဖြစ်ပွားသူ(၇၄)ဦးအထိရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီကိန်းဂဏန်းဟာ ပါကစ္စတန်နိုင်ငံမှာ (၂၀၂၁)ခုနှစ်က ပိုလီယိုရောဂါဖြစ်ပွားတဲ့သူတစ်ဦးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အများကြီးမြင့်တက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ကလေးငယ်တွေကို ပိုလီယိုကာကွယ်ဆေးထိုးဖို့အတွက် လာရောက်ကြမယ့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ မိဘတွေအားလုံးကို ပါကစ္စတန်ကျန်းမာရေးဝန်ကြီး Mustafa Kamal က တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။

zawgyi version
ပါကစၥတန္ႏိုင္ငံမွာ ဒုတိယအႀကိမ္ေျမာက္ ပိုလီယိုကာကြယ္ေဆးတိုက္ေကြၽးမႈကမ္းပိန္းကို စတင္
Pika (NP News) - ဧၿပီ ၂၂
ပါကစၥတန္ႏိုင္ငံမွာ ကေလးငယ္(၄၅)သန္းကို ပိုလီယိုေရာဂါကူးစက္ခံရမႈကေန ကာကြယ္ဖို႔အတြက္ ရည္႐ြယ္တဲ့ ဒုတိယအႀကိမ္ေျမာက္ႏိုင္ငံလုံးဆိုင္ရာ ကာကြယ္ေဆးတိုက္ေကြၽးမႈကမ္ပိန္းကို ဧၿပီလ(၂၁)ရက္မွာ စတင္ခဲ့တယ္လို႔ တာဝန္ရွိသူေတြကေျပာၾကားခဲ့ပါတယ္။ ကမာၻလုံးဆိုင္ရာက်န္းမာေရးအဖြဲ႕(WHO)ရဲ႕အဆိုအရ ပါကစၥတန္နဲ႔ အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ အာဖဂန္နစၥတန္ႏိုင္ငံတို႔ဟာ အသက္ဆုံးရႈံးႏိုင္ေျခရွိတဲ့ ပိုလီယိုေရာ ဂါကို ရပ္တန႔္ႏိုင္တာမ်ိဳးမရွိေသးတဲ့ ႏိုင္ငံေတြျဖစ္တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလကေနစတင္ၿပီး ပါကစၥတန္ႏိုင္ငံမွာ ပိုလီယိုေရာဂါျဖစ္ပြားသူ ေျခာက္ဦးကို အစီရင္ခံခဲ့တယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ႏွစ္တုန္းက ပါကစၥတန္ႏိုင္ငံဟာ ပိုလီယိုေရာဂါျဖစ္ပြားမႈ ျမင့္တက္လာခဲ့ၿပီး ေရာဂါျဖစ္ပြားသူ(၇၄)ဦးအထိရွိခဲ့တယ္လို႔ သိရပါတယ္။ အဲဒီကိန္းဂဏန္းဟာ ပါကစၥတန္ႏိုင္ငံမွာ (၂၀၂၁)ခုႏွစ္က ပိုလီယိုေရာဂါျဖစ္ပြားတဲ့သူတစ္ဦးနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ အမ်ားႀကီးျမင့္တက္လာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ကေလးငယ္ေတြကို ပိုလီယိုကာကြယ္ေဆးထိုးဖို႔အတြက္ လာေရာက္ၾကမယ့္ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ မိဘေတြအားလုံးကို ပါကစၥတန္က်န္းမာေရးဝန္ႀကီး Mustafa Kamal က တိုက္တြန္းထားတယ္လို႔လည္း သိရပါတယ္။