ပြီးခဲ့တဲ့လမှာစတင်ခဲ့တဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးတွေကြောင့် ဟူသီလက်နက်ကိုင်အဖွဲ့ဝင်(၅၀၀)ကျော်သေဆုံး

 172

Pika (NP News) - ဧပြီ ၂၃

ပြီးခဲ့တဲ့လကစတင်ခဲ့တဲ့ ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် အမေရိကန်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုစစ်ဆင်ရေးတွေကြောင့် အကြီးတန်းအရာရှိတွေအပါအဝင် ဟူသီလက်နက်ကိုင်အဖွဲ့ဝင်(၅၀၀)ကျော်သေဆုံးခဲ့တယ်လို့ ထောက်လှမ်းရေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အ ရ သိရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်(၅)ပတ်ကျော်အတွင်း အမေရိကန်ဟာ ဟူသီလက်နက်ကိုင်အဖွဲ့အ‌ပေါ် လေကြောင်းနဲ့ ရေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကို နေ့စဉ်နီးပါးလုပ်ဆောင်ခဲ့ပေမယ့်လည်း ရလဒ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့တော့ သိရပါတယ်။ ဒါပေမဲ့လည်းနောက်ဆုံးရသတင်းအချက်အလက်တွေအရ အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကြောင့် ဟူသီလက်နက်ကိုင်အဖွဲ့ဝင်(၅၀၀)ကနေ(၆၀၀)ကြားသေဆုံးခဲ့ပြီး အများစုဟာ ဒုံးကျည်စနစ်အော်ပရေတာတွေနဲ့ ဒရုန်းကျွမ်းကျင်သူတွေအပါအဝင် အဆင့်မြင့်အရာရှိတွေဖြစ်တယ်လို့သိရပါတယ်။

ဒါ့ပြင် ယီမင်ရဲ့ဒေသအသစ်တွေဆီကို အမေရိကန်ရဲ့စစ်ဆင်ရေးတိုးချဲ့လာမှုတွေကြောင့် သေဆုံးသူအရေအတွက်က မြင့်တက်လာနိုင်ခြေရှိတယ်လို့ အဆိုပါကိစ္စနဲ့ရင်းနှီးတဲ့ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။အမေရိကန်ရဲ့လေကြောင်းနဲ့ရေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ လေ့ကျင့်ရေးစခန်းအများအပြားပျက်စီးခဲ့ပြီး တိုက်ခိုက်ခံရတဲ့နေရာတွေမှာ အသက်ရှင်ကျန်ရစ်သူတွေမရှိဘူးလို့ အဆိုပါသတင်းရင်းမြစ်ကပြောကြားခဲ့ပါတယ်။

zawgyi version
ၿပီးခဲ့တဲ့လမွာစတင္ခဲ့တဲ့ အေမရိကန္ရဲ႕စစ္ဆင္ေရးေတြေၾကာင့္ ဟူသီလက္နက္ကိုင္အဖြဲ႕ဝင္(၅၀၀)ေက်ာ္ေသဆုံး
Pika (NP News) - ဧၿပီ ၂၃

ၿပီးခဲ့တဲ့လကစတင္ခဲ့တဲ့ ယီမင္အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕အေပၚ အေမရိကန္စစ္တပ္ရဲ႕ေလေၾကာင္းတိုက္ခိုက္မႈစစ္ဆင္ေရးေတြေၾကာင့္ အႀကီးတန္းအရာရွိေတြအပါအဝင္ ဟူသီလက္နက္ကိုင္အဖြဲ႕ဝင္(၅၀၀)ေက်ာ္ေသဆုံးခဲ့တယ္လို႔ ေထာက္လွမ္းေရးနဲ႔နီးစပ္တဲ့သတင္းရင္းျမစ္ေတြရဲ႕ ေျပာၾကားခ်က္အ ရ သိရပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္(၅)ပတ္ေက်ာ္အတြင္း အေမရိကန္ဟာ ဟူသီလက္နက္ကိုင္အဖြဲ႕အ‌ေပၚ ေလေၾကာင္းနဲ႔ ေရေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္မႈေတြကို ေန႔စဥ္နီးပါးလုပ္ေဆာင္ခဲ့ေပမယ့္လည္း ရလဒ္ေတြနဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ေတာ့ သိရပါတယ္။ ဒါေပမဲ့လည္းေနာက္ဆုံးရသတင္းအခ်က္အလက္ေတြအရ အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ ဟူသီလက္နက္ကိုင္အဖြဲ႕ဝင္(၅၀၀)ကေန(၆၀၀)ၾကားေသဆုံးခဲ့ၿပီး အမ်ားစုဟာ ဒုံးက်ည္စနစ္ေအာ္ပေရတာေတြနဲ႔ ဒ႐ုန္းကြၽမ္းက်င္သူေတြအပါအဝင္ အဆင့္ျမင့္အရာရွိေတြျဖစ္တယ္လို႔သိရပါတယ္။

ဒါ့ျပင္ ယီမင္ရဲ႕ေဒသအသစ္ေတြဆီကို အေမရိကန္ရဲ႕စစ္ဆင္ေရးတိုးခ်ဲ႕လာမႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္က ျမင့္တက္လာႏိုင္ေျခရွိတယ္လို႔ အဆိုပါကိစၥနဲ႔ရင္းႏွီးတဲ့ သတင္းရင္းျမစ္တစ္ခုက ေျပာၾကားခဲ့ပါတယ္။အေမရိကန္ရဲ႕ေလေၾကာင္းနဲ႔ေရေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္မႈေတြေၾကာင့္ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ ေလ့က်င့္ေရးစခန္းအမ်ားအျပားပ်က္စီးခဲ့ၿပီး တိုက္ခိုက္ခံရတဲ့ေနရာေတြမွာ အသက္ရွင္က်န္ရစ္သူေတြမရွိဘူးလို႔ အဆိုပါသတင္းရင္းျမစ္ကေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.