ဗြိတိန်က ဖောက်ခွဲရေးပစ္စည်းတွေကို သိသိသာသာ တိုးမြှင့်ထုတ်လုပ်သွားမယ်

243

Pika (NP News) - ဧပြီ ၂၃
ဗြိတိန်အစိုးရဟာ အမေရိကန်အပေါ် မှီခိုအားထားမှုကို လျှော့ချဖို့အတွက် ဖောက်ခွဲရေးပစ္စည်းတွေထုတ်လုပ်မှုကို သိသိသာသာတိုးမြှင့်သွားလိမ့်မယ်လို့ The Times သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။
အမေရိကန် စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေရဲ့ ယုံကြည်စိတ်ချရမှုအပေါ် စိုးရိမ်မှုတွေ ကြီးထွားလာနေတာကို ကိုးကားပြီး The Times သတင်းစာက ယခုလိုရေးသားဖော်ပြခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အစီရင်ခံစာအရ (၁၅၅)မီလီမီတာအမြောက်ကျည်တွေနဲ့ အခြားဗြိတိန်စစ်လက်နက်ပစ္စည်းတွေမှာ အသုံးပြုတဲ့ အဓိကဖောက်ခွဲရေးပစ္စည်းဖြစ်တဲ့ RDX ကို နိုင်ငံတစ်ဝန်းက နေရာအများအပြားမှာ ထုတ်လုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် BAE Systems ကုမ္ပဏီကလည်း ဖောက်ခွဲရေးပစ္စည်းတွေထုတ်လုပ်မှုကို တိုးမြှင့်ဖို့အတွက် နေရာအသစ်(၃)ခုကို တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ကုမ္ပဏီ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဒါရိုက်တာ စတိဗ်ကာဒရုးကပြောကြားခဲ့ပါတယ်။
စတိဗ်ကာဒရူးက "ကြီးမားတဲ့အဆောက်အအုံတစ်ခုက လုံခြုံရေး ခြိမ်းခြောက်မှုကြီးတစ်ခုဆိုတာ သိသာထင်ရှားပါတယ်။ သေးငယ်ပြီး နေရာအနှံ့အပြားမှာ ဖြန့်ကျက်ချထားတဲ့ အဆောက်အအုံတွေက ပိုပြီးလုံခြုံလိမ့်မယ်ဆိုတာ ကျွန်တော်တို့အားလုံးနားလည်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရုရှားအပြင်အခြားရန်လိုနေတဲ့နိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့က အရေးကြီးတယ်လို့ စတိဗ်ကာဒရူးကပြောကြားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားမြင့်တက်လာမှုတွေက ဖောက်ခွဲရေးပစ္စည်းတွေထုတ်လုပ်မှုကို တိုးမြှင့်ဖို့အတွက် BAE Systems ကုမ္ပဏီကို တွန်းအားပေးခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
zawgyi version
ၿဗိတိန္က ေဖာက္ခြဲေရးပစၥည္းေတြကို သိသိသာသာ တိုးျမႇင့္ထုတ္လုပ္သြားမယ္
Pika (NP News) - ဧၿပီ ၂၃
ၿဗိတိန္အစိုးရဟာ အေမရိကန္အေပၚ မွီခိုအားထားမႈကို ေလွ်ာ့ခ်ဖို႔အတြက္ ေဖာက္ခြဲေရးပစၥည္းေတြထုတ္လုပ္မႈကို သိသိသာသာတိုးျမႇင့္သြားလိမ့္မယ္လို႔ The Times သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။
အေမရိကန္ စစ္ဘက္ဆိုင္ရာ အေထာက္အပံ့ေတြရဲ႕ ယုံၾကည္စိတ္ခ်ရမႈအေပၚ စိုးရိမ္မႈေတြ ႀကီးထြားလာေနတာကို ကိုးကားၿပီး The Times သတင္းစာက ယခုလိုေရးသားေဖာ္ျပခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အစီရင္ခံစာအရ (၁၅၅)မီလီမီတာအေျမာက္က်ည္ေတြနဲ႔ အျခားၿဗိတိန္စစ္လက္နက္ပစၥည္းေတြမွာ အသုံးျပဳတဲ့ အဓိကေဖာက္ခြဲေရးပစၥည္းျဖစ္တဲ့ RDX ကို ႏိုင္ငံတစ္ဝန္းက ေနရာအမ်ားအျပားမွာ ထုတ္လုပ္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ BAE Systems ကုမၸဏီကလည္း ေဖာက္ခြဲေရးပစၥည္းေတြထုတ္လုပ္မႈကို တိုးျမႇင့္ဖို႔အတြက္ ေနရာအသစ္(၃)ခုကို တည္ေဆာက္ဖို႔ စီစဥ္ေနတယ္လို႔ ကုမၸဏီ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈဒါ႐ိုက္တာ စတိဗ္ကာဒ႐ုးကေျပာၾကားခဲ့ပါတယ္။
စတိဗ္ကာဒ႐ူးက "ႀကီးမားတဲ့အေဆာက္အအုံတစ္ခုက လုံၿခဳံေရး ၿခိမ္းေျခာက္မႈႀကီးတစ္ခုဆိုတာ သိသာထင္ရွားပါတယ္။ ေသးငယ္ၿပီး ေနရာအႏွံ႔အျပားမွာ ျဖန႔္က်က္ခ်ထားတဲ့ အေဆာက္အအုံေတြက ပိုၿပီးလုံၿခဳံလိမ့္မယ္ဆိုတာ ကြၽန္ေတာ္တို႔အားလုံးနားလည္ပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ႐ုရွားအျပင္အျခားရန္လိုေနတဲ့ႏိုင္ငံေတြနဲ႔ ယွဥ္ၿပိဳင္ႏိုင္ဖို႔က အေရးႀကီးတယ္လို႔ စတိဗ္ကာဒ႐ူးကေျပာၾကားခဲ့ၿပီး ကမာၻလုံးဆိုင္ရာဝယ္လိုအားျမင့္တက္လာမႈေတြက ေဖာက္ခြဲေရးပစၥည္းေတြထုတ္လုပ္မႈကို တိုးျမႇင့္ဖို႔အတြက္ BAE Systems ကုမၸဏီကို တြန္းအားေပးခဲ့တယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။