ဗြိတိန်တော်ဝင်မင်းသားငယ် လူးဝစ်ရဲ့ ဓာတ်ပုံသစ် (၇) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ထွက်ရှိလာ

384
ရောင်နီ (NP News) - ဧပြီ ၂၅
ဗြိတိန်တော်ဝင်မင်းသားငယ် လူးဝစ်ရဲ့ ဓာတ်ပုံသစ် ဗုဒ္ဓဟူးနေ့(ဧပြီလ ၂၃ ရက်) မင်းသားရဲ့ အသက် ၇ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ထွက်ရှိလာခဲ့ပါတယ်။
လူးဝစ်ဟာ တော်ဝင်မင်းသား ဝီလီယံနဲ့ ကတ်သရင်းတို့ရဲ့ သားအငယ်ဆုံးဖြစ်ပြီး အဆိုပါဓာတ်ပုံကိုလည်း မင်းသား ဝီလီယံနဲ့ ကတ်သရင်းရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ "မင်းသားလေး လူးဝစ်၊ ပျော်ရွင်ရတဲ့ ၇ နှစ် ပြည့်မွေးနေ့လေးဖြစ်ပါစေ" ဆိုတဲ့ ဆုတောင်းနဲ့အတူ post တင်ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံကို ဗြိတိန်ဓာတ်ပုံဆရာ ဂျိုးဇက်ရှင်းနား က ရိုက်ကူးထားတာဖြစ်ပြီး ဓာတ်ပုံထဲမှာ လူးဝစ်က ကော်လာရှပ်အင်္ကျီ၊ အစိမ်းရောင် V shape ဆွယ်တာနဲ့ ဂျင်းဘောင်းဘီကို ၀တ်ဆင်ကာ သစ်လုံးပေါ်မှာ ထိုင်နေတာတွေ့ရပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေတာကြောင့် ကျိုးနေတဲ့ ရှေ့သွားနှစ်ချောင်းကို သိသာ ထင်ရှားစွာမြင်ရပါတယ်။
လူးဝစ်ဟာ ဝီလီယံနဲ့ ကက်သရင်းရဲ့ သားသမီး သုံးဦးမှာ အငယ်ဆုံးဖြစ်ပြီး ဗြိတိန်ရဲ့ ထီးနန်းဆက်ခံမယ့် စတုတ္တမြောက်မင်းသားလည်း ဖြစ်ပါတယ်။
Zawgyi Version:
ၿဗိတိန္ေတာ္ဝင္မင္းသားငယ္ လူးဝစ္ရဲ႕ ဓာတ္ပုံသစ္ (၇) ႏွစ္ေျမာက္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ထြက္ရွိလာ
ေရာင္နီ (NP News) - ဧၿပီ ၂၅
ၿဗိတိန္ေတာ္ဝင္မင္းသားငယ္ လူးဝစ္ရဲ႕ ဓာတ္ပုံသစ္ ဗုဒၶဟူးေန႔(ဧၿပီလ ၂၃ ရက္) မင္းသားရဲ႕ အသက္ ၇ ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ထြက္ရွိလာခဲ့ပါတယ္။
လူးဝစ္ဟာ ေတာ္ဝင္မင္းသား ဝီလီယံနဲ႔ ကတ္သရင္းတို႔ရဲ႕ သားအငယ္ဆုံးျဖစ္ၿပီး အဆိုပါဓာတ္ပုံကိုလည္း မင္းသား ဝီလီယံနဲ႔ ကတ္သရင္းရဲ႕ ဆိုရွယ္မီဒီယာအေကာင့္ေတြမွာ "မင္းသားေလး လူးဝစ္၊ ေပ်ာ္႐ြင္ရတဲ့ ၇ ႏွစ္ ျပည့္ေမြးေန႔ေလးျဖစ္ပါေစ" ဆိုတဲ့ ဆုေတာင္းနဲ႔အတူ post တင္ခဲ့တာျဖစ္ပါတယ္။
ဓာတ္ပုံကို ၿဗိတိန္ဓာတ္ပုံဆရာ ဂ်ိဳးဇက္ရွင္းနား က ႐ိုက္ကူးထားတာျဖစ္ၿပီး ဓာတ္ပုံထဲမွာ လူးဝစ္က ေကာ္လာရွပ္အက်ႌ၊ အစိမ္းေရာင္ V shape ဆြယ္တာနဲ႔ ဂ်င္းေဘာင္းဘီကို ၀တ္ဆင္ကာ သစ္လုံးေပၚမွာ ထိုင္ေနတာေတြ႕ရပါတယ္။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးေနတာေၾကာင့္ က်ိဳးေနတဲ့ ေရွ႕သြားႏွစ္ေခ်ာင္းကို သိသာ ထင္ရွားစြာျမင္ရပါတယ္။
လူးဝစ္ဟာ ဝီလီယံနဲ႔ ကက္သရင္းရဲ႕ သားသမီး သုံးဦးမွာ အငယ္ဆုံးျဖစ္ၿပီး ၿဗိတိန္ရဲ႕ ထီးနန္းဆက္ခံမယ့္ စတုတၱေျမာက္မင္းသားလည္း ျဖစ္ပါတယ္။